Tuesday, July 28, 2020

သစ်ထူးလွင်

သစ်ထူးလွင်


မ​လေးရှားဝန်ကြီးချုပ်ဟောင်း ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ချမှတ်ခံရ

Posted: 28 Jul 2020 07:56 AM PDT

မလေးရှား ဝန်ကြီးချုပ်ဟောင်း Najib Razak မလေးရှား ဝန်ကြီးချုပ်ဟောင်း Najib Razak ကို 1MDB ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေကို အလွဲသုံးစား လုပ်မှုနဲ့ ဆက်နွယ်တဲ့ ပြစ်မှုတွေနဲ့ လာဘ်စားမှုနဲ့ အာဏာအလွဲသုံးစားမှုအပါအဝင် စွဲချက်တင်ထားတဲ့ ရာဇဝတ်မှုတွေအတွက် ထောင်ဒဏ် ၁၂ နှစ် ကျခံဖို့နဲ့ ငွေဒဏ် အမေရိကန် ဒေါ်လာ ၄၉.၃ သန်းပေးဆောင်ဖို့ မလေးရှား တရားရုံးချုပ်က ဒီကနေ့ အင်္ဂါနေ့ ချမှတ်လိုက်ပါတယ်။ဒါ့အပြင် ယုံကြည်

အီးစီးကရက် သုံးစွဲမှုတားမြစ်ရေး လွှတ်တော်မှာ အတည်ပြု

Posted: 28 Jul 2020 07:54 AM PDT

ဆေးလိပ်နဲ့ ဆေးရွက်ကြီးမှာပါဝင်တဲ့ ဓာတုပစ္စည်း နီကိုတင်းကို အပူပေးကာ ရှူရတဲ့ အီးစီးကရက်နဲ့ ရေပြောင်း လို့ခေါ်တဲ့ ရှီရှားတွေကို လူငယ်တွေကြား လွယ်ကူတွင်ကျယ်စွာ ဝယ်ယူအသုံးပြုနေလို့ ရနေတဲ့အတွက် နောက် ဆက်တွဲ ကျန်းမာရေးဆိုးကျိုးအန္တရာယ်တွေရှိနေလို့  နိုင်ငံတော်အနေနဲ့ ဒါတွေကို ထိန်းချုပ်တားမြစ်ပိတ်ပင်ပေးဖို့ အဆိုကို ပြည်သူ့လွှတ်တော်က ဒီနေ့ ကန့်ကွက်သူမရှိ သဘောတူလိုက်ပါတယ်။ ဆေးလိပ်နဲ့ ဆေးရွက်ကြီးတွေမှာ

ဖာပွန်မြို့က တပ်စခန်းတွေ ရုပ်သိမ်းပေးဖို့ ဒေသခံတွေ တောင်းဆို

Posted: 28 Jul 2020 07:50 AM PDT

ဖာပွန်မြို့နယ် ပိုလိုးထာကျေးရွာသူ နော်မုနော်ကို တပ်မတော်သားနှစ်ဦး သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ကြောင့် မကျေနပ် တဲ့ ဒေသခံတွေဟာ သေဆုံးသွားသူတွေအတွက် တရားမျှတမှုရရှိဖို့၊ အလားတူဖြစ်ရပ်တွေ နောင်မဖြစ်ပေါ်ဖို့နဲ့ သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကို စိုးရိမ်တာကြောင့် သူတို့ဒေသမှာရှိနေတဲ့ တပ်မတော်ရဲ့စခန်းလေးခု ကို ဖျက်သိမ်းပေးဖို့ ဒေသခံ ၄၆၀၀ ကျော်က ဒါဒုတိယအကြိမ် ဆန္ဒပြတောင်းဆိုတာ ဖြစ်ပါတယ်။ ဇူလိုင် ၂၂

NASA ရဲ့ စက်ရုပ်ကားက အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိတွေ ရှိခဲ့သလားဆိုတာ ဘယ်လိုရှာမှာလဲ

Posted: 28 Jul 2020 07:39 AM PDT

လက်ရှိ နာဆာလွှတ်တင်မယ့် ပါစဗေးရန့် စက်ရုပ်ကားကတော့ ၁၉၇၀ ဗိုက်ကင်း စီမံကိန်းနောက်ပိုင်းမှာ ပထမဆုံးအကြိမ် အင်္ဂါဂြိုဟ်ပေါ်မှာ ဇီဝဗေဒ အထောက်အထား ရှာဖွေတာ ဖြစ် အမေရိကန် အာကာသ အေဂျင်စီ (NASA) နာဆာက ပါစဗေးရန့်လို့ အမည်ပေးထားတဲ့ စက်ရုပ်ကားကို ၂၀၂၀ ဇူလိုင်လ ကုန်ပိုင်းလောက်မှာ အင်္ဂါဂြိုဟ်ပေါ်ကို လွှတ်တင်ဖို့ ကနဦး စီစဉ်ထားပြီး ချိုင့်ဝှမ်းကြီးတစ်ခုကို အဓိကထားပြီး သက်ရှိတွေ ရှိခဲ့၊ မရှိခဲ့ စုံစမ်း

ဧရာဝတီမြစ်ရေကြီးလို့ လူလေးသောင်းလောက် ရေဘေးသင့်နေ

Posted: 28 Jul 2020 07:31 AM PDT

ဧရာဝတီမြစ်ရေတက်လာလို့ စစ်ကိုင်းမြို့ကရပ်ကွက် အချို့မှာ ရွှေ့ပြောင်းမှုတွေလုပ်ရ ကချင်ပြည်နယ်၊ စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးစတဲ့ တိုင်းနဲ့ပြည်နယ် လေးခုမှာ ဧရာတီမြစ်ရေတက်လာလို့ ရေကြီးရေလျှံတာတွေ ဖြစ်လာပြီး လူ လေးသောင်းဝန်းကျင်လောက် ရေဘေးသင့်ကာ ကယ်ဆယ်ရေး စခန်းတွေလည်း ၁၀၀ နီးပါးဖွင့်လှစ်ထားရတယ်လို့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနကနေ သိရပါတယ်။ ရေဘေးသင့်သူ လေးသောင်းဝန်းကျင်ထဲမှာ မန္တလေးတိုင်းတစ်ခု

ဒေါ်လာ ထရီလီယံချီသုံးမယ့် ကိုဗစ် ထောက်ပံ့အစီအစဉ်သစ် အမြန်ဆုံးသဘောတူညီမှုရဖို့ ကန် ဒီမိုကရက် ခေါင်းဆောင်တိုက်တွန်း

Posted: 28 Jul 2020 07:24 AM PDT

 ဒီမိုကရက် အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် အလုပ်လက်မဲ့ဖြစ်ခဲ့ရသူ ၁၆ သန်းကျော်အတွက် ဖက်ဒရယ်အစိုးရက ထောက်ပံ့ပေးနေတဲ့ အလုပ်လက်မဲ့ ခံစားခွင့် သက်တမ်းမကုန်ခင် ဒီခံစားခွင့် ဆက်ပေးနိုင်မယ့် ထောက်ပံ့ရေး အစီအစဉ်ကို အမြန်ဆုံး ညှိနှိုင်းကြဖို့ သမ္မတ အိမ်ဖြူတော်နဲ့ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ်တွေကို ဒီမိုကရက် အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy

ဂျပန်ရောက် မြန်မာနိုင်ငံသားအားလုံးမဲပေးခွင့်ရဖို့ စီစဉ်ပေးနေ

Posted: 27 Jul 2020 08:47 AM PDT

မြန်မာသံအမတ်ကြီးက ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနဲ့ လူငယ်ကိုယ်စားလှယ်များကို တွေ့ဆုံဆွေးနွေးခဲ့တဲ့ မြင်ကွင်း။ (ဓာတ်ပုံ - Embassy of the Republic of the Union of Myanmar, Tokyo - ဇူလိုင် ၂၆၊ ၂၀၂ ၂၀၂၀ ရွေးကောက်ပွဲမှာ ဂျပန်ရောက်မြန်မာနိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးနဲ့အညီ အားလုံး မဲပေးနိုင်ခွင့်ရဖို့ စီစဉ်နေတဲ့အကြောင်းကို မဆုမွန်က တင်ပြပေးပါမယ်။ မြန်မာနိုင်ငံမှာ လွှတ်တော်အသီးသီး

ဒုက္ခသည် ခြောက်ရာကျော်အတွက် အိမ်သာတစ်လုံးမှမရှိတဲ့ စစ်ရှောင်စခန်း

Posted: 27 Jul 2020 08:43 AM PDT

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ပေါ်က ဒုက္ခသည် ၆၀၀ ကျော်နေထိုင်နေတဲ့ စေတီတောင်အနောက်ခြမ်းစစ်ရှောင် စခန်းမှာ အိမ်သာတစ်လုံးမှမရှိ ဖြစ်နေပါတယ်။ "ကလေးက တအားများတယ်၊ အိမ်သာသွားရတဲ့နေရာကလည်း မရှိဘူး၊ မိန်းကလေးတွေကပိုပြီး အဆင်မပြေဖြစ်ပါတယ် ''လို့ စစ်ဘေးရှာင်အမျိုးသမီးတစ်ဦးဖြစ်တဲ့ မမေစုလှိုင်က ဘီဘီစီကို ပြောပါတယ်။ ဒီဒုက္ခသည်စခန်းမှာ ရသေ့တောင်မြို့နယ် အမျက်တောင်၊ ကျောက်တန်း၊ ဆောက်ခတ်၊ ကျောက်ရံသာစည်၊ ရေ

မီဒီယာရဲ့ထိုးနှက်မှုကို ရင်ဆိုင်နေရတယ်လို့ တပ်မတော် စွပ်စွဲ

Posted: 27 Jul 2020 08:34 AM PDT

ရခိုင်ပြည်နယ် လုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်မတော်ဟာ ချုံခိုတိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရရုံသာမက သတင်းမီဒီယာတွေကလည်း အလစ်ချောင်း ထိုးနှက်နေကြတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောလိုက်ပါတယ်။ လေ့လာသူတွေကတော့ တပ်မတော်ရဲ့ စွပ်စွဲပြောဆိုချက်တွေကို ငြင်းဆိုလိုက်ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေက တပ်မတော်ကို ချုံခိုတိုက်ခိုက်ကြသလို သတင်းမီဒီယာတွေကလည်း တပ်ကို ထိုးနှက်နေကြတယ်လို့ တပ်မတော် သတင်းမှန်

စံချိန်တင်ပူပြင်းတဲ့ နေရာ ၁၄ ခုနဲ့ မြစ်ရေကြီးမှာစိုးရိမ်ရတဲ့ မြို့နယ် ၁၁ ခုရှိနေ

Posted: 27 Jul 2020 08:29 AM PDT

ရာသီဥတုဆိုးရွားမှုကြောင့် ဇူလိုင်ထဲမှာ အပူချိန် အမြင့်ဆုံး စံချိန်တင်တဲ့ နေရာ ၁၄ ခုရှိခဲ့ပြီး မြို့နယ် ၁၁ ခုမှာတော့ မြစ်ရေ စိုးရိမ်ရေမှတ် ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ဇူလိုင်ဆိုတာ မိုးတွေရွာပြီး ရာသီဥတု အပူချိန်လျော့တတ်တဲ့ ကာလဖြစ်ပေမယ့် ဒီနှစ် ဇူလိုင် ၂၅ ရက်နေ့မှာတော့ အပူချိန် အမြင့်ဆုံး စံချိန်တင်တဲ့ မြို့နယ် ၁၂ ခု နဲ့ မိုးလေဝသစခန်း

ရခိုင်ပဋိပက္ခအတွင်း ကိုယ်အင်္ဂါဆုံးရှုံးတဲ့ အရပ်သားတွေ များလာ

Posted: 27 Jul 2020 08:13 AM PDT

ရခိုင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခအတွင်း ကိုယ်အင်္ဂါဆုံးရှုံးခဲ့သူတဦး။ ရခိုင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ဒေသခံတွေ မကြာခဏ သေကြေထိခိုက်နေကြရတဲ့အကြောင်း ကိုယ်တိုင်ကြုံရသူတွေရဲ့ ပြောပြချက်တွေကို တင်ပြပေးချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ကြား တိုက်ပွဲတွေကြား မြေမြှုပ်မိုင်းနဲ့ လက်နက်ကြီးဒဏ်ကြောင့် သေဆုံး

ဝပြည်နယ်ဖွဲ့စည်းပုံ တပ်မတော်လက်မခံ

Posted: 27 Jul 2020 08:09 AM PDT

ဝဒေသငြိမ်းချမ်းရေး နှစ် (၃၀) ပြည့်အခမ်းအနား သတင်းဓာတ်ပုံ။ (ဓာတ်ပုံ - ချယ်ရီမြေ-ရှမ်းမြောက်) ၀ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA ထိန်းချုပ်နယ်မြေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင်စမ်းသပ်ကျင့်သုံးနေတဲ့အပေါ် တပ်မတော်နဲ့ အခြားတိုင်းရင်းသားခေါင်းဆောင်တွေရဲ့အမြင်ကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြပေးပါမယ်။ အစိုးရရဲ့ အုပ်ချုပ်မှုကနေ သီးခြားကင်းလွတ်နေတဲ့ ၀ပြည်သွေးစည်းညီညွှတ်ရေး

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.