သစ္ထူးလြင္ |
- အေအေကို ရိက္ခာထောက်ပံ့တယ်လို့ စွပ်စွဲခံရသူ ဆန်စက်ပိုင်ရှင်ကို တပ်မတော် ထပ်မံခေါ်ဆောင်
- ရုရှားနဲ့တရုတ် ဦးဆောင်တဲ့ စစ်ရေးလေ့ကျင့်မှုမှာ မြန်မာပါမည်
- ကိုဗစ်အသိပညာပေးလုပ်ငန်းတွေအတွက် Speaker drone သုံးနိုင်ဖို့ မြန်မာအင်ဂျင်နီယာတွေ ကူညီ
- ဇေယျာသီရိမြို့နယ်မှာ NLD မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံရ
- စစ်တွေမှာ ဆန္ဒပြသူတွေကို အာမခံ မရနိုင်တဲ့ပုဒ်မနဲ့ အမှုဖွင့်
- ရသေ့တောင်မြို့နယ်တွင် ၇ နှစ်အရွယ်ကလေးတစ်ဦး လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိ
- (၁၁-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၁၁၅) ဦးတွေ့ရှိ
- ပြည်တွင်းပြည်ပကုမ္ပဏီတွေ ဦးပိုင်ကုမ္ပဏီနဲ့ စီးပွားရေးမလုပ်ဖို့ AI အဖွဲ့တိုက်တွန်း
- မြန်မာနယ်စပ် ရွှေလီမြို့မှာ ကိုဗစ်ကာကွယ်ရေး လုံခြုံရေးတိုးမြှင့်
- ကျန်းမာရေးနဲ့ အရေးပေါ်ကလွဲလို့ ပြည်တွင်းခရီးမသွားကြဖို့ ကိုဗစ်ဗဟိုကော်မတီ ထုတ်ပြန်
- မင်းပြားမှာ ရဲအရာရှိတစ်ဦး ပစ်ခတ်ခံရ
- ကိုဗစ်ကာကွယ်ရေး ကိုယ်တိုင်လိုက်နာလုပ်ဆောင်ဖို့ ကျန်းမာရေးပညာရှင်တွေ တိုက်တွန်း
- ကိုဗစ်ကာကွယ်ကုသရေး ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းတွေပါခေါ်ဖို့ တိုက်တွန်း
- မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းဘုရင်အစီအစဉ်နဲ့ ဗိုင်းရပ်စ်ရှိမရှိစစ်ဆေး
- ရသေ့တောင်မြို့နယ်မှာ မုဒိမ်းမှုကျူးလွန်ခဲ့ကြောင်း တပ်မတော်သား သုံးဦး ဝန်ခံ
အေအေကို ရိက္ခာထောက်ပံ့တယ်လို့ စွပ်စွဲခံရသူ ဆန်စက်ပိုင်ရှင်ကို တပ်မတော် ထပ်မံခေါ်ဆောင် Posted: 11 Sep 2020 05:02 AM PDT ဆန်စက်ရက္ခိုင့်တပ်တော်အေအေကို ရိက္ခာထောက်ပံ့တယ်ဆိုပြီး စစ်တွေ အမှတ် ၁ရဲစခန်းမှာ ထိန်းသိမ်းခံနေရတဲ့ ဆန်စက်ပိုင်ရှင် ဦးရဲကျော်ထွန်းကို ရဲစခန်းကနေ မနေ့ စက်တင်ဘာ ၁၀ ရက် ညနေပိုင်းမှာ တပ်မတော်က ထပ်မံ ခေါ်ဆောင်သွားတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။သူ့ကို ဖမ်းဆီးသွားပြီး စက်တင်ဘာ ၂ ရက်မှာ စစ်တွေမြို့ အမှတ် ၁ ရဲစခန်းကို တပ်မတော်က လာရောက်အပ်နှံခဲ့ပြီးနောက် ၁၀ ရက်နေ့မှာ ပြန်လည်ခေါ်ဆောင်သွားတာဖြစ်တယ်လို့ သူ့ |
ရုရှားနဲ့တရုတ် ဦးဆောင်တဲ့ စစ်ရေးလေ့ကျင့်မှုမှာ မြန်မာပါမည် Posted: 11 Sep 2020 04:59 AM PDT ရုရှားနိုင်ငံ တောင်ပိုင်းမှာ ဒီလ နှောင်းပိုင်းမှာ ကျင်းပဖို့ ရှိတဲ့ ရုရှားနဲ့ တရုတ်တပ်တွေ ဦးဆောင်တဲ့ ပူးတွဲ စစ်ရေး လေ့ကျင့်မှုမှာ မြန်မာ အပါအဝင် တခြား နိုင်ငံ အများအပြားလည်း ပါဝင်လိမ့်မယ်လို့ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာက ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။Caucuses 2020 လို့ အမည်ပေးထားတဲ့ ဒီ စစ်ရေး လေ့ကျင့်မှုမှာ ပါဝင်မယ့် ဘီးတပ် စစ်သုံးယာဉ်တွေနဲ့ အပေါ့စား လက်နက်တွေ ကို တရုတ်နိုင်ငံရဲ့ နောက်ဆုံးပေါ် |
ကိုဗစ်အသိပညာပေးလုပ်ငန်းတွေအတွက် Speaker drone သုံးနိုင်ဖို့ မြန်မာအင်ဂျင်နီယာတွေ ကူညီ Posted: 11 Sep 2020 04:58 AM PDT မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါဆိုင်ရာ အသိပညာပေး လုပ်ငန်းတွေအတွက် Speaker drone သုံးနိုင်ဖို့ မြန်မာအင်ဂျင်နီယာတွေ အကူအညီပေးနေတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလေကြောင်းနဲ့ အာကာသပညာ တက္ကသိုလ် (MAEU) က မောင်းသူမဲ့လေယာဉ် သုတေသနဌာန ပါမောက္ခဌာနမှုး ဒေါက်တာသဲမောင်မောင်ကို ဒေါ်ခင်မျိုးသက် ဆက်သွယ်မေးမြန်းတဲ့ အခါ အခုလို စေပြောပါတယ်။ဒေါက်တာသဲမောင်မောင်။ ။ ဒီ COVID-19 ရောဂါ ဝူဟန်မှာဖြစ်နေတယ်။ သူများနိုင်ငံ |
ဇေယျာသီရိမြို့နယ်မှာ NLD မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံရ Posted: 11 Sep 2020 04:54 AM PDT နေပြည်တော် ဇေယျာသီရိမဲဆန္ဒနယ်မှာ စိုက်ထူထားတဲ့ NLD ပါတီ မဲဆွယ်ဆိုင်းဘုတ် မနေ့ညက ဖျက်ဆီးခံလိုက် ရပါတယ်။ အဲဒီ မဲဆန္ဒနယ်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ် လည်းဖြစ်ပါတယ်။နေပြည်တော် ဇေယျာသီရိမြို့နယ် သစ်တပ်အုပ်စု ကြို့ပင်ရွာမှာ ထောင်ထားတဲ့ NLD ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်၊ ဒီနေ့ စက်တင်ဘာလ (၁၁) ရက် မနက် (၁) နာရီ ဝန်းကျင်လောက်က ဖျက်ဆီးခံလိုက်ရတယ်လို့ |
စစ်တွေမှာ ဆန္ဒပြသူတွေကို အာမခံ မရနိုင်တဲ့ပုဒ်မနဲ့ အမှုဖွင့် Posted: 11 Sep 2020 04:52 AM PDT ရခိုင်ပြည်နယ် အစိုးရရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ ကျောင်းသား သုံးဦးကို မနေ့ညနေပိုင်းက သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်ခံရပါတယ်။ငြိမ်းချမ်းစွာဆန္ဒပြသူကို အာမခံ မရတဲ့ ဒီဥပဒေနဲ့တရားစွဲတဲ့အတွက် ရှေ့နေတွေက ဝေဖန်နေကြပါတယ်။ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်အစိုးရရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ ရက္ခိုင်ပြည် ကျောင်းသား သမဂ္ဂက ကိုတိုးတိုးအောင်၊ ကိုကျောင်နိုင်ဌေး၊ ကိုဦးသန်း |
ရသေ့တောင်မြို့နယ်တွင် ၇ နှစ်အရွယ်ကလေးတစ်ဦး လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိ Posted: 11 Sep 2020 04:50 AM PDT နိရဥၥရာ၊ စက္တင္ဘာ ၁၁/၂ဝ၂ဝရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မယူကမ်း၊ အောင်စည်ကုန်ကျေးရွာမှ အသက်(၇) နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ ယနေ့ နေ့လယ် ၂ နာရီခွဲခန့်တွင် လက်နက်ကြီးကျည်စထိမှန်၍ ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း သတင်းရရှိသည်။ဒဏ်ရာရရှိသူ ကလေးငယ်မှာ မောင်ပြည့်စုံမောင်(၇)နှစ်ဖြစ်ပြီး ၎င်းတို့ နေအိမ်ဘေး သစ်ပင်အား လက်နက်ကြီးကျည်ထိမှန်ကာ ယင်းမှ တစ်ဆင့် အိမ်ပေါ်ရှိကလေးငယ်၏ ဘယ်ဖက်လက်မောင်းရင်းအား ကျည်စ လာ |
(၁၁-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၁၁၅) ဦးတွေ့ရှိ Posted: 11 Sep 2020 04:44 AM PDT ၁။ (၁၀-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲ နမူနာ (၁,၀၀၅) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး) မှ ဓာတ်ခွဲနမူနာ (၁၁၉) ခု၊- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၈၁) ခု၊- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၅၈) ခု၊- နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) |
ပြည်တွင်းပြည်ပကုမ္ပဏီတွေ ဦးပိုင်ကုမ္ပဏီနဲ့ စီးပွားရေးမလုပ်ဖို့ AI အဖွဲ့တိုက်တွန်း Posted: 10 Sep 2020 08:59 AM PDT ရန်ကုန်မြို့ရှိ Inno City ဆောက်လုပ်ရေးနေရာရဲ့ အဝင်ပေါက် မြင်ကွင်း။ (စက်တင်ဘာ ၁၀၊ ၂၀၂၀)မြန်မာ့တပ်မတော်ပိုင် အကြီးဆုံးကုမ္ပဏီတချို့ကတဆင့် နိုင်ငံစီးပွားရေးကို ကျယ်ကျယ်ပြန့်ပြန့်ချုပ်ကိုင်ထားတာကြောင့် နိုင်ငံခြားနဲ့ ပြည်တွင်းစီးပွားရေးဖက်စပ်လုပ်ငန်းတွေဟာ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ တပ်ဖွဲ့တွေနဲ့ တပ်ခေါင်းဆောင်တွေကို ကူညီရာရောက်နိုင်တယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။Amnesty International အပြည်ပြည်ဆိုင်ရာ |
မြန်မာနယ်စပ် ရွှေလီမြို့မှာ ကိုဗစ်ကာကွယ်ရေး လုံခြုံရေးတိုးမြှင့် Posted: 10 Sep 2020 08:58 AM PDT ရွှေလီရှိ တရုတ်-မြန်မာ နယ်စပ် စစ်ဆေးရေးဂိတ်တခု။ (မေ ၂၅၊ ၂၀၁၂)မြန်မာပြည်တွင်း COVID-19 အတည်ပြုလူနာ မြန်မြန်ဆန်ဆန်တိုးလာသလို သေဆုံးသူတွေ ထပ်ရှိလာတဲ့အချိန် တရုတ်ဘက်က မြန်မာနဲ့ထိစပ်နေတဲ့ ရွှေလီမြို့ထဲမှာ လုံခြုံရေးတိုးမြှင့်ထားပြီး စစ်ဆေးမှုတွေလည်း ပိုပြီးလုပ်ဆောင်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးပါမယ်။ပြည်တွင်းမှာ ကိုဗစ်အတည်ပြုလူနာ အရေအတွက်ရော သေဆုံးတာပါ တိုးလာနေ |
ကျန်းမာရေးနဲ့ အရေးပေါ်ကလွဲလို့ ပြည်တွင်းခရီးမသွားကြဖို့ ကိုဗစ်ဗဟိုကော်မတီ ထုတ်ပြန် Posted: 10 Sep 2020 08:53 AM PDT ဓာတ်ပုံ-MPAကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို အချိန်မီတားဆီးနိုင်ရေးအတွက် ပြည်သူများအနေနဲ့ ကျန်းမာရေးနဲ့ အရေးပေါ်ကိစ္စကလွဲပြီး ပြည်တွင်းခရီးမသွားကြဖို့ အစိုးရက ထုတ်ပြန်လိုက်ပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီက အသိပေးပန်ကြားချက်ကို ဒီကနေ့စက်တင်ဘာ ၁၀ ရက်ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။ မဖြစ်မနေ ခရီးသွားရမယ်ဆိုရင် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ |
မင်းပြားမှာ ရဲအရာရှိတစ်ဦး ပစ်ခတ်ခံရ Posted: 10 Sep 2020 08:49 AM PDT ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မင်းပြားမြို့နယ်မှာ စက်တင်ဘာ ၁၀ ရက် ည ၈ နာရီဝန်းကျင်အချိန်က ရဲအရာရှိတစ်ဦး သေနတ်ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။အဲ့ဒီရဲအရာရှိဟာ မင်းပြားမြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ရဲအုပ်တစ်ဦး ဖြစ်ပြီး မင်းပြားမြို့ ရာမောင်ခန်းမရဲ့ လက်ဝဲဘက်မှာရှိတဲ့ စားသောက်ဆိုင်အတွင်းမှာ ပစ်ခတ်ခံလိုက်ရတယ်လို့ သတင်းကြားရကြောင်း မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် |
ကိုဗစ်ကာကွယ်ရေး ကိုယ်တိုင်လိုက်နာလုပ်ဆောင်ဖို့ ကျန်းမာရေးပညာရှင်တွေ တိုက်တွန်း Posted: 10 Sep 2020 08:42 AM PDT မြန်မာနိုင်ငံတဝန်း ကိုဗစ်ကူးစက်မှုတွေ နေ့တိုင်းနဲ့အမျှပြင်းထန်လာနေပြီဖြစ်လို့ မိမိတို့်မှာလည်း ပိုးမဝင်အောင် ကိုယ်တိုင်တားဆီးရမယ်လို့ ဆရာဝန်တွေက တိုက်တွန်းလိုက်တဲ့အကြောင်း ပြောပြချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။မြန်မာနိုင်ငံအတွင်း တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ ကိုရိုနာဗိုင်းရပ်စ် ဆင့်ပွားကူးစက်မှုတွေ မြင့်တက်လာနေပါတယ်။ ကိုဗစ်ဓာတ်ခွဲနမူနာ စစ်ဆေးသူ ၁၀ ယောက် |
ကိုဗစ်ကာကွယ်ကုသရေး ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းတွေပါခေါ်ဖို့ တိုက်တွန်း Posted: 10 Sep 2020 08:40 AM PDT မြန်မာနိုင်ငံတွင်း ကိုဗစ်ရောဂါ ကုသရေးလုပ်ငန်းတွေမှာ ပုဂ္ဂလိက ကျန်းမာရေးပညာရှင်တွေရဲ့ အင်အားကိုပါယူပြီး အစိုးရ ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ လက်တွဲဆောင်ရွက်ဖို့ ပုဂ္ဂလိက ကျန်းမာရေးပညာရှင်တွေက တောင်းဆိုကြပါတယ်။ တနိုင်ငံလုံးမှာ ကိုဗစ်ကူးစက်မှု မြင့်တက်လာနေပြီး ကုသရေးပိုင်းလုပ်ဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကြား ထိခိုက်မှု များလာနေတာနဲ့အမ ျှ အခုလို တောင်းဆိုကြတာပါ။ ဒီအခြေအနေအပေါ် အစိုးရဘက်ကလည်း ပြင်ဆင် |
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းဘုရင်အစီအစဉ်နဲ့ ဗိုင်းရပ်စ်ရှိမရှိစစ်ဆေး Posted: 10 Sep 2020 08:37 AM PDT မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှု မြင့်တက်လာတာကြောင့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ အများအပြားနေထိုင်နေတဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ရောဂါပိုးစစ်ဆေးမှုတွေလုပ်နေပါတယ်။မြန်မာနိုင်ငံမှာ ကိုဗစ်၁၉ ရောဂါကူးစက်မှုတွေ များလာတဲ့အတွက် စင်တင်ဘာလ ၈ ရက်နေ့ကနေစပြီး တာခ်ခရိုင် မဲဆောက်မြို့နယ်မှာ ထိုင်းဘုရင်ရဲ့ အစီအစဉ်နဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ရှာဖွေစစ်ဆေးရေး မော်တော်ယာဉ်တွေ |
ရသေ့တောင်မြို့နယ်မှာ မုဒိမ်းမှုကျူးလွန်ခဲ့ကြောင်း တပ်မတော်သား သုံးဦး ဝန်ခံ Posted: 10 Sep 2020 08:34 AM PDT ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာက ရွာခံအမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့ကြောင်း ကာယကံရှင် တပ်မတော်သားတွေက ဝန်ခံထွက်ဆိုထားတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေး ဥက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို အတည်ပြုပြောလိုက်ပါတယ်။ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့မှာ ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာကိုရောက်နေတဲ့ တပ်မတော်စစ်ကြောင်းက တပ်မတော်သား သုံးဦးက အဲ့ဒီရွာမှာ နေထိုင်တဲ့ သားသမီးလေးယောက်မိခင်၊ အသက် ၃၆ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.