Monday, November 16, 2020

သစ်ထူးလွင်

သစ်ထူးလွင်


၂၀၂၀ ရွေးကောက်ပွဲရလဒ် ဘာတွေထူးခြားလဲ

Posted: 16 Nov 2020 06:11 AM PST

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီထောက်ခံသူများ မန္တလေးမြို့တွင်အောင်ပွဲခံနေကြစဥ်၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို တစ်ပတ်အတွင်းမှာပဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကထုတ်ပြန်ကြေညာနိုင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပဲ လွှတ်တော် သုံးရပ်မှာ ကိုယ်စားလှယ်လောင်း ၁၁၀၆ ဦး ဝင်ပြိုင်ပြီး ၉၂၀ ဦးအထိ စံချိန်တင် အနိုင်ရခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကိုNLD ဆူနာမီ လို့ အမည်တပ်ခဲ့ကြပြီး ၂၀၂၀ ရွေးကောက်ပွဲကိုတော့ တောင်

ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးစာချုပ် RCEP မြန်မာအတွက် ဘာအကျိုးရှိမလဲ

Posted: 16 Nov 2020 06:04 AM PST

ဈေးကွက်စဖွင့်မယ့် အချိန်ကစပြီး မြန်မာပို့ကုန်တွေထဲက ၆၅ရာခိုင်နှုန်းကို အခွန်လွတ်ပို့နိုင်မှာဖြစ်လို့ ကိုဗစ်ကာလအလွန် အကျိုးသက်ရောက်မှုအများအပြားဖြစ်လာမယ်လို့လည်း ဦးသန်းအောင်ကျော်က ပြောပါတယ်။ဈေးကွက်စဖွင့်မယ့် အချိန်ကစပြီး မြန်မာပို့ကုန်တွေထဲက ၆၅ရာခိုင်နှုန်းကို အခွန်လွတ်ပို့နိုင်မှာဖြစ်လို့ ကိုဗစ်ကာလအလွန် အကျိုးသက်ရောက်မှုအများအပြားဖြစ်လာမယ်လို့လည်း ဦးသန်းအောင်ကျော်က ပြောပါတယ်။အာဆီယံ ၁၀နိုင်ငံနဲ့

ကမ္ဘာတလွှား လူပေါင်း ၅၄ သန်းကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ

Posted: 16 Nov 2020 06:02 AM PST

နယူးဒေလီမြို့မှာ COVID-19 စစ်ဆေးဖို့ Swab နမူနာယူနေတဲ့ ကျန်းမာရေးဝန်ထမ်း။ (အောက်တိုဘာ ၂၉၊ ၂၀၂၀)ကိုရိုနာဗိုင်းရပ်စ်ရောဂါဆိုင်ရာ စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Johns Hopkins တက္ကသိုလ် စစ်တမ်းအရ တနင်္ဂနွေနေ့မှာ ကမ္ဘာတလွှား ဒီရောဂါ ကူးစက်ခံရသူ ၅၄ သန်းကျော်သွားပြီ ဖြစ်ပါတယ်။အမေရိကန်၊ အိန္ဒိယနဲ့ ဘရာဇီးလ်နိုင်ငံတွေမှာ ကူးစက်မှု အများဆုံး ဖြစ်ပါတယ်။ အမေရိကန်မှာ ကူးစက်သူ ၁၁ သန်းနီးပါးရှိပြီး အိန္ဒိယက ၈.၈

မလေးရှားရောက်တရားမဝင် မြန်မာလုပ်သားများ ဒဏ်ကြေးပေးပြီး တရားဝင်အလုပ်လုပ်နိုင်မည်

Posted: 16 Nov 2020 06:01 AM PST

နေရပ်ပြန်ပို့ခဲ့တဲ့ မလေးရှား ထိန်းသိမ်းရေးစခန်းက လွတ်ရက်စေ့ မြန်မာအကျဉ်းသားများ။ (နိုဝင်ဘာ ၁၊ ၂၀၂၀။ ဓာတ်ပုံ - မြန်မာလူမှုကူညီရေးအသင်း - မလေးရှား)မြန်မာနိုင်ငံသားတွေအပါအဝင် မလေးရှားနိုင်ငံမှာ တရားမဝင် ရောက်ရှိနေသူတွေ ဒီကနေ့ကစပြီး ဒဏ်ကြေးငွေ ပေးဆောင်ကာ တရားဝင်အလုပ်လုပ်ခွင့် လျှောက်ထားနိုင်ပြီ ဖြစ်တဲ့အကြောင်း မအေးအေးမာ က တင်ပြထားပါတယ်။ကိုဗစ်ကပ်ဘေးကာလ မလေးရှားနိုင်ငံမှာ တရားမဝင် ရောက်ရှိနေသူတွေ၊

ပါတီသစ်တွေထဲ တိုင်းရင်းသားပါတီတွေသာ ရွေးကောက်ပွဲ အောင်နိုင်

Posted: 16 Nov 2020 05:59 AM PST

2020 ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသားပါတီတချို့ကို တွေ့ရစဉ်Photo: RFA၂၀၂၀ အထွေထွေရွေးကောက်ပွဲမီအောင် ၂၀၁၈ နှစ်ကုန်ပိုင်းကနေ ၂၀၂၀ နှစ်ဆန်းပိုင်း အထိ အသစ်ဖွဲ့စည်းခဲ့တဲ့ နိုင်ငံရေးပါတီ ၂၀ နီးပါးမှာ ပြည်မအခြေစိုက် နိုင်ငံရေးပါတီ တွေက ရွေးကောက်ပွဲမှာ နေရာတစ်နေရာမှ အနိုင်မရခဲ့ပေမယ့် ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတော်တော်များများက ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ နေရာတွေ ရှိခဲ့ပါတယ်။၁။ ပြည်သူ့

တနင်္သာရီတိုင်း အစိုးရသစ်အတွက် ပြည်သူတွေရဲ့ မျှော်မှန်းချက်

Posted: 16 Nov 2020 05:57 AM PST

တိုင်းလုံးကျွတ် NLD ပါတီက အနိုင်ရခဲ့တဲ့ တနင်္သာရီတိုင်းမှာ ၂၀၂၁ ခုနှစ်မှာ တက်လာမယ့် အစိုးရအဖွဲ့သစ်အနေနဲ့ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရမယ့် အရေးကြီးအချက်တွေ ရှိနေတယ်လို့ ဒေသခံတချို့နဲ့ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေက ပြောကြပါတယ်။လက်ရှိအစိုးရသက်တမ်းအတွင်း တနင်္သာရီတိုင်းမှာ အစိုးရအဖွဲ့ကို ဝေဖန်ပြောဆိုသံတချို့ ရှိခဲ့ပေမယ့် နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ NLD ပါတီကိုယ်စားလှယ်လောင်းတွေက ဒေသခံ

NLD အစိုးရသစ် ဘာတွေကို ဦးတည် ဖွဲ့စည်းမလဲ

Posted: 16 Nov 2020 05:55 AM PST

NLD ဟာ နေရာအများဆုံးနဲ့ ရာခိုင်နှုန်းအားဖြင့် ၈၀ ကျော်အနိုင်ရရှိထားလက်ရှိအစိုးရအဖွဲ့နဲ့ နောက်သက်တမ်း ၅ နှစ်ကို ဦးဆောင်မယ့် အစိုးရအဖွဲ့က တစ်ထပ်တည်းမတူနိုင်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်က ဘီဘီစီကို နိုဝင်ဘာ ၁၅ ရက်နေ့ကပြောခဲ့ပါ တယ်။"တစ်ထပ်တည်းတော့ မတူနိုင်ဘူးပေါ့ဗျာ၊ သို့သော်ဘာတွေကွဲပြားမယ်ဆိုတာကို အသေးစိတ်ဆွေးနွေးရဦး မှာဖြစ်လို့ မှတ်ချက်မပေးလို

ဘိုင်ဒန်အနိုင်ရတယ်လို့ ထရမ့်ပြော ၊ ဒါပေမဲ့ အရှုံးကို ဝန်ခံဖို့ ငြင်းဆန်ဆဲ

Posted: 16 Nov 2020 05:53 AM PST

အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ပြိုင်ဘက် ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒန်အနိုင်ရတယ်ဆိုတာကို ဒေါ်နယ်ထရမ့် ပထမဆုံးအကြိမ် အသိအမှတ်ပြု လက်ခံတဲ့ အရိပ်အယောင် တွေ့ခဲ့ရပေမဲ့ ရွေးကောက်ပွဲမှာ သူရှုံးနိမ့်ကြောင်းကိုတော့ ဝန်ခံဦးမှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။"ရွေးကောက်ပွဲ မသမာမှု ရှိခဲ့တဲ့အတွက်ကြောင့် သူနိုင်သွားခဲ့တယ်" လို့ တွစ်တာပေါ်မှာ မစ္စတာ ထရမ့် ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ မိနစ်ပိုင်း အကြာ

ဖမ်းဆီးခံထားရသူမချစ်ချစ်ချောအား ညီမတစ်ဦးကဲ့သို့ စောင့်ရှောက်ပေးရန်မိခင်ဖြစ်သူမေတ္တာရပ်ခံ

Posted: 16 Nov 2020 05:49 AM PST

နိရဥၥရာ၊ နိုဝင္ဘာ ၁၆ / ၂ဝ၂ဝတောင်ကုတ်မြို့မှ ဖမ်းဆီးခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်သုံးဦးအထဲမှ မချစ်ချစ်ချော၏ မိခင်ဖြစ်သူ ဒေါ်မေသီက သူမ၏ သမီးဖြစ်သူမချစ်ချစ်ချောအား ညီမတစ်ဦးကဲ့သို့ စောင့်ရှောက်ပေးရန် ရက္ခိုင့်တပ်တော် (AA) မှ တာဝန်ရှိသူများကို  မေတ္တာရပ်ခံ တောင်းဆိုလိုက်သည်။"အဒေါ်တို့မှာ သားမိနှစ်ယောက်နေကြတာပါ။ ဒီသမီးလေးကို အားကိုးပြီးနေခဲ့ရတာပါ။ သမီးလေးက အဖမ်းခံထားရတော့ စိတ်မကောင်းဖြစ်ရပါတယ်။ အေအေ

ကျောက်မဲရွေးကော်ဥက္ကဋ္ဌနေအိမ် ပစ်ခတ်ခံရ

Posted: 16 Nov 2020 05:45 AM PST

ပစ်ခတ်ခံခဲ့ရတဲ့ ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နေအိမ်။ (နိုဝင်ဘာ ၁၅၊ ၂၀၂၀။ ဓာတ်ပုံ - MOI)ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဖြစ်သူ နေအိမ်ကို နိုဝင်ဘာ ၁၄ ရက်ညက သေနတ်နဲ့ ပစ်ခံခဲ့ရပါတယ်။ အပြည့်အစုံကို မမေခ တင်ပြပေးထားပါတယ်။ပြည်ထောင်စုရွေးကေက်ပွဲကော်မရှင်ကနေ ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲရလဒ်တွေ အပြည့်အစုံ ဖော်ပြခဲ့တဲ့နေ့မှာပဲ အခုလို ဒေသ ကော်မရှင်

ရွေးကောက်ပွဲရလဒ် ကော်မရှင်ထုတ်ပြန်၊ NLD နေရာ ၉၀၀ ကျော် အနိုင်ရ

Posted: 16 Nov 2020 05:43 AM PST

နေပြည်တော် ဇေယျာသီရိမြို့နယ် မဲရုံတရုံမှာ မဲရေတွက်နေတဲ့ မြင်ကွင်း။ (နိုဝင်ဘာ ၈၊ ၂၀၂၀)ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အဖြေတွေ ဒီကနေ့ အပြီးသတ် ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။ လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ်ပေါင်း ၁,၁၀၀ ကျော်မှာ မဲဆန္ဒနယ်နေရာအများဆုံး ၉၀၀ ကျော် ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ လက်ရှိအာဏာရပါတီ NLD ဆက်အုပ်ချုပ်မယ့် ရှေ့အစိုးရသက်တမ်းအပေါ် အကြံပြုချက် အမြင်သဘောထားတွေ ဘယ်လိုရှိသလဲဆို

မန္တလေးတိုင်းကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်း ခုနှစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကူးခံရ

Posted: 16 Nov 2020 05:41 AM PST

မန္တ​လေးမြို့၊ ​အောင်​မြေသာစံမြို့နယ်က မဲရုံအမှတ် (၄)မှာ နိုဝင်ဘာ ၈ရက်နေ့က မဲ​ရေတွက်နေစဉ်။ Photo: Khaymani Win/ RFAမန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်း ခုနှစ်ဦး ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံထားရတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောပါတယ်။ရွေးကောက်ပွဲ ကျင်းပပြီးနောက် တစ်ရက်မှာ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲရလဒ်ကို ကြေညာပေးနိုင်ဖို့အတွက်

နေပြည်တော်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တိုးနေဆဲ

Posted: 16 Nov 2020 05:39 AM PST

ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ အဝင်အထွက်ဂိတ်တွေကို တင်းတင်းကြပ်ကြပ် ပိတ်ထားတဲ့ကြားက၊ ဒေသတွင်း ကူးစက်မှုပုံစံမျိုးနဲ့ မိသားစုတစ်တစ်စုထဲမှာတင် လူ လေးဦး ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့တာမျိုး ဖြစ်လာတဲ့အတွက် လူစုလူဝေးမလုပ်ဘဲ ကျန်းမာရေး စည်းကမ်းချက်တွေကို လိုက်နာကြဖို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောလိုက်ပါတယ်။အဝင်အထွက်ဂိတ်တွေကို တင်းတင်းကြပ်ကြပ်

ဗီတာမင် C နဲ့ ဘေဘီလေး ကျန်းမာရေး

Posted: 16 Nov 2020 05:36 AM PST

ဘေဘီလေးတွေ အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေဖို့အတွက် ဗီတာမင် နဲ့ သတ္တုဓာတ်တွေ လိုအပ်တယ် ဆိုတာကို မေမေဖေဖေတိုင်း သိထားပြီး ဖြစ်မှာပါ။ ငယ်စဉ်ကတည်းက ဗီတာမင်နဲ့သတ္တုဓာတ်တွေ ပြည့်ဝအောင် ဖြည့်ပေးနိုင်မှ ဘေဘီလေးက အကောင်းဆုံး ကြီးထွားနိုင်မှာပါ။ဒီလိုပြည့်စုံအောင် ဖြည့်ပေးရမယ့် ဗီတာမင်တွေထဲမှာမှ ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် ဗီတာမင် C ပြည့်ဝဖို့ လိုမယ်ဆိုတာကို မေမေတိုင်း သိထားပြီး ဖြစ်မှာပါ။ ဗီတာမင် C က

မင်္ဂလာတောင်ညွန့်မြို့နယ်၌ ဓားဖြင့်ဝိုင်းခုတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံး

Posted: 16 Nov 2020 05:32 AM PST

နေပြည်တော် ၁၆ နိုဝင်ဘာရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ နိုဝင်ဘာ ၁၄ ရက်က ဓားဖြင့်ဝိုင်းခုတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၄ ရက် ည ၁၁ နာရီ ၅၀ မိနစ်တွင် သန်လျင်မြို့နယ်၊ လက်ယက်စမ်းကျေးရွာနေ ဦးသန်းကို (၄၅)နှစ်၏ ညီဖြစ်သူ ရဲလင်းအောင် (ခ) ဒူးရှည် (၄၀)နှစ်သည် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ ဒေါနလမ်း၌ အရက်မူးယစ်ကာ အရှည် ၂ ပေခန့် ဓားတစ်

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.