သစ္ထူးလြင္ |
- Nancy Pelosi ကို ကန်အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဒီမိုကရက်အမတ်တွေ အဆိုပြု
- NLD ရဲ့ငြိမ်းချမ်းရေး ကမ်းလှမ်းမှု တိုင်းရင်းပါတီတချို့ အပြုသဘောနဲ့ တုံ့ပြန်
- အေအေ ဖမ်းထားတဲ့ တောင်ကုတ်အမတ်လောင်းသုံးဦး အမြန်ဆုံးပြန်လွှတ်ပေးဖို့ NLD တောင်းဆို
- ကလေးခိုးမှုနဲ့ ပတ်သက်တဲ့ ကျန်းမာရေးဝန်ထမ်းသုံးဦးကို ကင်ညာအစိုးရဖမ်း
- ကန်ပြည်နယ်အသီးသီး ကိုဗစ်ကူးစက်မှုတိုး၊ ကန့်သတ်ချက်သစ်များပြန်ချမှတ်
- ယူနန်ပြည်နယ်တွင်း တရားမဝင်မြန်မာနိုင်ငံသားလက်ခံသူတွေကို တရုတ်အရေးယူမည်
- အမေရိကန် ကိုဗစ် ကာကွယ်ဆေး အသက် ၆၅ အထက်တွေမှာ ၉၄ ရာနှုန်း ထိရောက်တယ်လို့ဆို
- ကိုဗစ် ကာကွယ်ဆေး- တရုတ်ကိုဗစ်ကာကွယ်ဆေး အောင်မြင်မှုတွေ့ရ
- မြန်မာကိုဗစ်ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၇၃,၃၂၂ဦး၊ သေဆုံး ၁,၆၅၀ ဦး
- ကိုဗစ်ကူးစက်မှုတိုးလာလို့ ကန့်သတ်ချက်သစ်များထပ်မံ ထုတ်ပြန်ဖို့ရှိ
- ပုသိမ်မြို့က ဈေးဆိုင်ပိုင်ရှင်တချို့ အခက်တွေ့နေ
- ဧရာဝတီတိုင်းနဲ့ မန္တလေးမှာ ပိုးတွေ့လူနာ သိသိသာသာတိုးလာ
Nancy Pelosi ကို ကန်အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဒီမိုကရက်အမတ်တွေ အဆိုပြု Posted: 18 Nov 2020 06:42 PM PST အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosiအမေရိကန်အောက်လွှတ်တော် ဒီမိုကရက်အမတ်တွေက လက်ရှိအောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi ကို ဥက္ကဋ္ဌအဖြစ်ဆက်ပြီး နောက် ၂ နှစ်သက်တမ်း တာဝန်ယူနိုင်ဖို့ပြန်လည် အဆိုပြုလိုက်ပါတယ်။ ဇန်နဝါရီလမှာ ကျင်းပမယ့် အောက်လွှတ်တော်သက်တမ်းအသစ် စတင်တဲ့အခါဒီအဆိုပြုချက်ကို တရားဝင်အတည်ပြုမှာဖြစ်ပါတယ်။ဒါပေမဲ့ ရွေးကောက်ခံသမ္မတ Joe Biden ရည်ရွယ်ထားတဲ့ အစီအစဉ်တွေ အတည်ပြုနိုင်ရေး ပဲ့ကိုင်ရာမှာ |
NLD ရဲ့ငြိမ်းချမ်းရေး ကမ်းလှမ်းမှု တိုင်းရင်းပါတီတချို့ အပြုသဘောနဲ့ တုံ့ပြန် Posted: 18 Nov 2020 06:40 PM PST NLD ပါတီရုံးချုပ်ရှေ့တွင် အောင်ပွဲခံနေသည့် ထောက်ခံသူများ။ (၉ နိုဝင်ဘာ ၂၀၂၀)NLD ပါတီအနေနဲ့ ခေတ်အဆက်ဆက် ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ ဆုံးဖြတ်ထားကြောင်း အဖွဲ့ချုပ်က ထုတ်ပြန်လိုက်သလို ပြည်တွင်းငြိမ်းချမ်းရေးအတွက် အားလုံးပါဝင်ကြဖို့ တိုင်းရင်းသားပါတီ တခုချင်းဆီကို စာပေးပို့ထားပြီး ဒီအပေါ်မှာ အပြုသဘောဆောင်တဲ့ သဘောထားတွေနဲ့ တုံ့ပြန်လိုက်တဲ့ တိုင်းရင်းသားပါတီတချို့ |
အေအေ ဖမ်းထားတဲ့ တောင်ကုတ်အမတ်လောင်းသုံးဦး အမြန်ဆုံးပြန်လွှတ်ပေးဖို့ NLD တောင်းဆို Posted: 18 Nov 2020 09:33 AM PST ဒီသုံးဦးမှာ အခုဆို အေအေလက်ထဲမှာ တစ်လကျော် ရှိနေတာဖြစ်ပါတယ်။အေအေက ဖမ်းဆီးသွားတဲ့ တောင်ကုတ်ကိုယ်စားလှယ်လောင်း သုံးဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ NLD ပါတီက တောင်းဆိုလိုက်ပါတယ်။ရွေးကောက်ပွဲမတိုင်ခင် တစ်လအလို မဲဆွယ်စည်းရုံးရေးကာလ အောက်တိုဘာ ၁၅ ရက်က ဖမ်းဆီးခံရတဲ့ ဒီသုံးဦးမှာ အခုဆို အေအေလက်ထဲမှာ တစ်လကျော် ရှိနေတာဖြစ်ပါတယ်။၂၀၂၀ ရွေးကောက်ပွဲအပြီးနောက်တစ်ရက်မှာ ရခိုင်မှာ ကြားဖြတ်ရွေးကောက်ပွဲ ပြန်ကျင်းပ |
ကလေးခိုးမှုနဲ့ ပတ်သက်တဲ့ ကျန်းမာရေးဝန်ထမ်းသုံးဦးကို ကင်ညာအစိုးရဖမ်း Posted: 18 Nov 2020 09:30 AM PST နိုင်ရိုဘီမှာ ငါးလ သမီးလေး အခိုးခံလိုက်ရတယ်လို့ ယူဆရကင်ညာနိုင်ငံမှာ ကလေး မှောင်ခိုအရောင်းအဝယ်ဂိုဏ်း လုပ်နေတယ်လို့ စွပ်စွဲခံရတဲ့ အဆင်မြင့် ကျန်းမာရေး ဝန်ထမ်းသုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။မွေးကင်းစကလေးတွေ အပါအဝင် ကလေးခိုးမှုနဲ့ ရောင်းဝယ်မှုတွေ လုပ်နေတာကို ဘီဘီစီက စုံစမ်းဖော်ထုတ်ခဲ့ပြီးနောက် အခုလို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ကလေးတွေကို တရားမဝင် ဆေးခန်းတွေနဲ့ ကင်ညာနိုင်ငံ နိုင်ရိုဘီ အစိုးရ |
ကန်ပြည်နယ်အသီးသီး ကိုဗစ်ကူးစက်မှုတိုး၊ ကန့်သတ်ချက်သစ်များပြန်ချမှတ် Posted: 18 Nov 2020 09:27 AM PST မီရှီဂန်ပြည်နယ်အုပ်ချုပ်ရေးမှူးGretchen WhitmerCOVID-19 ရောဂါ ပျံ့နှံ့ကူးစက်နှုန်းနဲ့ သေဆုံးနှုန်း အရှိန်မြင့်နေဆဲဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးမှာ ရောဂါပိုးပျံ့နှံ့မှု ရပ်တန်ဖို့ကြိုးစားတဲ့အနေနဲ့ ပိတ်ပင်ကန့်သတ်ချက်တွေ ပြန်ပြီး ချမှတ်လာကြပါတယ်။ဒီထဲမှာ မီရှီဂန်ပြည်နယ်လည်း အပါအဝင်ဖြစ်ပြီး ဒီကနေ့ကစပြီးတော့ အထက်တန်းကျောင်းတွေနဲ့ ကောလိပ်တွေမှာ ကျောင်းသူကျောင်းသားတွေ စာသင်ခန်းထဲ ကိုယ်တိုင် |
ယူနန်ပြည်နယ်တွင်း တရားမဝင်မြန်မာနိုင်ငံသားလက်ခံသူတွေကို တရုတ်အရေးယူမည် Posted: 18 Nov 2020 09:25 AM PST မြန်မာ ယူနန်နယ်စပ်ဂိတ်မြင်ကွင်း (နိုဝင်ဘာလ ၁၈၊၂ဝ၂ဝ)မြန်မာနိုင်ငံနဲ့နယ်စပ် ယူနန်ပြည်နယ်မှာ ကိုဗစ်ကပ်ရောဂါကာလ တရားမဝင်ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို လက်ခံထားသူတွေကို ကြီးလေးတဲ့ ဒဏ်ငွေပေးဆောင်ရမှာဖြစ်ကြောင်း တရုတ်အာဏာပိုင်တွေ သတိပေးလိုက်တဲ့အကြောင်း ကိုဇော်ထက် သတင်းပေးပို့ထားပါတယ်။မြန်မာနိုင်ငံသား အများအပြားရှိတဲ့ ရွှေလီနဲ့ ကျယ်ဂေါင်မြို့တွေ အပါအဝင် ယူနန်ပြည်နယ်ထဲမှာ တရားဝင်နေထိုင်ခွင့် |
အမေရိကန် ကိုဗစ် ကာကွယ်ဆေး အသက် ၆၅ အထက်တွေမှာ ၉၄ ရာနှုန်း ထိရောက်တယ်လို့ဆို Posted: 18 Nov 2020 09:24 AM PST အမေရိကန် ကုမ္ပဏီ ဖိုင်ဇာနဲ့ ဂျာမန် ကုမ္ပဏီ ဘိုင်အွန်တက်တို့ ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးဟာ အသက် ၆၅ နှစ်အထက်တွေမှာ ၉၄ ရာခိုင်နှုန်း ကာကွယ်နိုင်တာတွေ့ရတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။စမ်းသပ်ဆဲ အချက်အလက်တွေကို ကုမ္ပဏီတွေက ထပ်ထုတ်ပြန်ချက်အရ အဲဒီဆေးဟာ မတူတဲ့ အသက်နဲ့ လူမျိုး အုပ်စု တွေကြားမှာ ကာကွယ်ပေးနိုင်မှု အတူတူပဲလို့ သိရပါတယ်။အခုအခါမှာ ဒီဆေးကို အမေရိကန် နိုင်ငံတွင်း အသုံးပြုနိုင်ဖို့ အရေးပေါ် |
ကိုဗစ် ကာကွယ်ဆေး- တရုတ်ကိုဗစ်ကာကွယ်ဆေး အောင်မြင်မှုတွေ့ရ Posted: 18 Nov 2020 09:22 AM PST A Covid-19 vaccineတရုတ်နိုင်ငံမှာ ထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်ခုဟာ ဆေးစပ်သပ်မှု အလယ်ပိုင်းအဆင့်မှာ အောင်မြင်မှုတွေ့ရတယ်လို့ သုတေသီတွေက ပြောပါတယ်။တရုတ်နိုင်ငံမှာ ကာကွယ်ဆေးတွေ စမ်းသပ်ထုတ်လုပ်နေပြီး အဲဒီထဲက တချို့ကို လူနာတွေမှာ သုံးစွဲနေပြီ ဖြစ်ပါတယ်။ဆိုင်နိုဗက် ဘိုင်အိုတက် Sinovac Biotech ကာကွယ်ဆေးဟာ ကိုယ်ထဲက ခုခံအား မြန်မြန်ဆန်ဆန် ထွက်လာစေတယ်ဆိုတာကို လူ ၇၀၀ လောက် နဲ့ စမ်းသပ်မှုမှာ တွေ့ခဲ့ရ |
မြန်မာကိုဗစ်ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၇၃,၃၂၂ဦး၊ သေဆုံး ၁,၆၅၀ ဦး Posted: 18 Nov 2020 09:18 AM PST လူနာတင်ယာဉ်များမြင်ကွင်းမြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၅၉၂ ဦး ထပ်တိုးပြီး သေဆုံးသူက ၂၅ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီကနေ့ထုတ်ပြန်ချက်ပါ သေဆုံးသူတွေထဲမှာ ၂၃ ဦးက နောက်ခံရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဓာတ်ခွဲနမူနာပေါင်း ၂၁,၂၃၂ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို |
ကိုဗစ်ကူးစက်မှုတိုးလာလို့ ကန့်သတ်ချက်သစ်များထပ်မံ ထုတ်ပြန်ဖို့ရှိ Posted: 18 Nov 2020 09:15 AM PST ကိုဗစ်ကြောင့်သေဆုံးသူကို သယ်လာသည့်မြင်ကွင်းမြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်သူတွေ တိုးလာနေတာနဲ့အမျှ ရောဂါကာကွယ်ထိန်းချုပ်ရေး အစီအစဉ်တွေ တိုးမြှင့်သွားဖို့ တာဝန်ရှိသူတွေ ပြင်ဆင်နေတာပါ။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ထားပါတယ်။ကပ်ရောဂါကာလ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ နောက်ဆက်တွဲ ရက်တွေမှာ လူစုလူဝေးနဲ့ ထိတွေ့ဆက်ဆံမှုတွေ ရှိခဲ့တဲ့အတွက် ရောဂါကူးစက်မှုတွေ တိုးလာမယ်လို့ |
ပုသိမ်မြို့က ဈေးဆိုင်ပိုင်ရှင်တချို့ အခက်တွေ့နေ Posted: 18 Nov 2020 09:11 AM PST Stay Home မြို့နယ် အဖြစ်သတ်မှတ်ထားတဲ့ ပုသိမ်မြို့ မှာရှိတဲ့ ရွှေပြည်သာစျေးမှာ ဆိုင်ခန်းတွေ ပိတ်ထားရလို့ ဆိုင်ခန်းပိုင်ရှင်တွေနဲ့ အလုပ်သမားတွေ အခက်အခဲတွေ့နေရတယ်လို့ သိရပါတယ်။ စျေးဆိုင်ခန်းပေါင်း ၅၀၀ကျော် ခန့်ရှိတဲ့ စျေးရဲ့ ဆိုင်ခန်းတွေကို ပိတ်ထားရတာလို့ ဆိုင်ခန်းပိုင်ရှင်တွေက ဆိုပါတယ်။ ရွှေပြည်သာစျေးက အဝတ်အထည်၊ စားသောက်ကုန်နဲ့ ရွှေပန်းထိမ်လုပ်ငန်းတွေ၊ အလှပြင်ဆိုင်လုပ်ငန်းတွေ၊ မျက်မှန်ဆိုင် |
ဧရာဝတီတိုင်းနဲ့ မန္တလေးမှာ ပိုးတွေ့လူနာ သိသိသာသာတိုးလာ Posted: 18 Nov 2020 09:08 AM PST ရွေးကောက်ပွဲပြီး နောက်ပိုင်းမှာ လူစုလူဝေးတွေ ဖြစ်ခဲ့တာကြောင့် မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုတွေတိုးလာတာကြောင့် သတိထားဖို့လိုတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၁၆ ရက်နေ့က ပြည်သူတွေကို မိန့်ခွန်းပြောကြားရာမှာ သတိပေးခဲ့တာပါ။ကိုဗစ် ၁၉ ရောဂါ ပြန့်ပွားမှုမရှိစေဖို့ နိုဝင်ဘာ ၂၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၅ ရက်နေ့အထိ ပြည်သူတွေ နေအိမ် |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.