Monday, January 25, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ရွေးကောက်ပွဲရလဒ် ကန့်ကွက်မှုတွေနဲ့ ပတ်သက်လို့ NLD တုံ့ပြန်

Posted: 25 Jan 2021 04:13 AM PST

NLD ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်၂၀၂၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲ ရလဒ်တွေနဲ့ ပတ်သက်လို့ နယ်မြေတချို့မှာ မဲမသမာမှုတွေနဲ့ မဲစာရင်းမှားယွင်းမှုတွေ ရှိတယ်ဆိုတဲ့ တပ်မတော်နဲ့ အတိုက်အခံပါတီတွေဘက်က ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး NLD ပါတီဘက်က တုံ့ပြန်လိုက်ပါတယ်။ဒီပြောကြားချက်တွေနဲ့ ပတ်သက်လို့ ဘာမှ ဝေဖန်စရာမရှိကြောင်း ဇန်နဝါရီလ ၂၄ ရက်က ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး အပြီးမှာ ပါတီရဲ့

ဂျိုးဘိုင်ဒန် ဦးစားပေး ဆောင်ရွက်မယ့် ကိစ္စတွေ

Posted: 25 Jan 2021 04:11 AM PST

ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ဂျိုးဘိုင်ဒန်ဟာ အမေရိကန်သမ္မတအဖြစ် စတာဝန်ယူတဲ့ ပထမဆုံး ၁၀ ရက်ကို အမိန့်ညွှန်ကြားချက်တွေ တသီတတန်းကြီး ထုတ်ပြန်ရင်းနဲ့ စရဖို့ ရှိပါတယ်။ ဒီအမိန့်ညွှန်ကြားချက်တွေဟာ ကွန်ဂရက်လွှတ်တော်ဆီက အတည်ပြုစရာ မလိုဘဲ သမ္မတက တိုက်ရိုက် ထုတ်ပိုင်ခွင့် ရှိတဲ့ အမိန့်တွေ ဖြစ်ပါတယ်။ဒီဦးစားပေး စာရင်းမှာ ထိပ်ဆုံးက ပါတဲ့ ကိစ္စတွေကတော့ အရင်သမ္မတ ထရမ့်က လုံခြုံရေး အန္တရာယ်ပေးနိုင်တယ်လို့ ယူဆထား

အမေရိကန်ပြည်ထောင်စုတွင်း ကိုဗစ်အတည်ပြုလူနာ သန်း ၂၅ သန်းကျော်ပြီ

Posted: 25 Jan 2021 04:02 AM PST

California ပြည်နယ် Los Angeles မြို့က ကိုဗစ်ရောဂါစစ်ဆေးပေးတဲ့နေရာတခု။ (နိုဝင်ဘာ ၂၃၊ ၂၀၂၀)အမေရိကန်ပြည်ထောင်စုမှာ COVID-19 အတည်ပြုလူနာ တနင်္ဂနွေနေ့က ၂၅ သန်းကျော်သွားပါပြီ။ ဒီအခြေအနေမှာပဲ ပြည်သူသန်းနဲ့ချီအတွက် ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ အစိုးရသစ်ရဲ့ ဆောင်ရွက်မှုတွေ နှောင့်နှေးနေသေးတယ်လို့ သမ္မတသစ် Joe Biden အစိုးရက တနင်္ဂနွေနေ့က ပြောကြားပါတယ်။ ဒါပေမဲ့ ကိုဗစ်တိုက်ဖျက်ရေး ဆောင်ရွက်မှုတွေကြောင့် ရှေ့ ၃

Joe Biden ရဲ့ ဘဝပုံရိပ် တစိတ်တပိုင်း

Posted: 25 Jan 2021 04:00 AM PST

 အေမရိကန္သမၼတ Joe Biden. (ဇန္နဝါရီ ၂၂၊ ၂၀၂၁)အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံရေးအရ ကွဲပြားမှုတွေနဲ့ရော ကမ္ဘာ့ကပ်ရောဂါဒဏ်နဲ့ပါ အလူးအလဲ ရင်ဆိုင်နေရချိန်မှာပဲ သမ္မတ Joe Biden နိုင်ငံခေါင်းဆောင် ဖြစ်လာပါတယ်။ အသက် ၇၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သမ္မတ Biden ဟာ အမေရိကန်ပြည်ထောင်စုကြီးကို လာမယ့် ၄ နှစ်တာ ဦးဆောင်တော့မှာပါ။ ဗွီအိုအေသတင်းထောက် Carolyn Presutti ရဲ့ သတင်းလွှာကို နန်းလောင်ဝ် တင်ပြထားပါတယ်။နိုဝင်ဘာ ၃

လက်ပံတောင်း မြေယာလျော်ကြေးညှိနှိုင်းမှု မပြေလည်သေးကြောင်း တောင်သူတွေပြော

Posted: 25 Jan 2021 03:55 AM PST

လက်ပံတောင်း မြေယာလျော်ကြေးညှိနှိုင်းမှု မပြေလည်သေးကြောင်း တောင်သူတွေပြော ဆည်တည်းကျေးရွာဟောင်းအနီးမှာ မြေယာလျော်ကြေးယူမထားတဲ့ ဒေသခံတောင်သူတွေ ၂၀၂၁ ဇန်နဝါရီ ၂၅ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် / Photo: Khaymani Win / RFAတရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်နေတဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာထဲ

ပြည်ထောင်စု လွှတ်တော်တက်မယ့် အမတ်လေးဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိ

Posted: 25 Jan 2021 03:53 AM PST

 ပြည်ထောင်စု လွှတ်တော်တက်မယ့် အမတ်လေးဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံ အရေးပေါ်ဌာနကို တွေ့ရစဉ် / ဓာတ်ပုံ - သီဟထွန်း/ RFAကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ လွှတ်တော်အမတ် လေးဦးအနက် သုံးဦးက ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေဖြစ်ပြီး၊ ကျန်တစ်ဦးကတော့ ရခိုင်ပြည်နယ်က ANP ပါတီ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါတယ်။

မြိတ်တွင် ယောက်ဖဖြစ်သူအား မကျေနပ်ဖြစ်ကာ ဓါးထိုးမှုဖြစ် ဓါးထိုးခံရသူသေဆုံး

Posted: 25 Jan 2021 03:47 AM PST

 မြိတ်မြို့၊ ကန်ကြီးနယ်မြေ ၊သာကေတရပ်တွင် ဇန်နဝါရီလ ၂၄ ရက်၊ ည ၁၀ နာရီခန့်က ယောက်ဖဖြစ်သူအား မကျေနပ်တာကြောင့် ဓါးထိုးမှုဖြစ်ကာ ဓါးထိုးခံရသူ သေဆုံးသွားကြောင်းသိရပါတယ်။သာကေတရပ်၊ ၅ လမ်းတွင်နေထိုင်တဲ့ ဦးထွန်းနိုင်(၆၃)နှစ်၊ ဆိုသူက နေအိမ်နောက်ခန်း၌ ၎င်းရဲ့ သားသမီးများနှင့်အိပ်ပျော်နေစဥ် ယောက်ဖဖြစ်သူ ဦးတင်ဇော်(၅၆)နှစ်၊ မှ ၎င်းရဲ့တူမ(ဦးထွန်းနိုင်၏သမီး)ဖြစ်သူ မယု အား ဆေးလိပ်မီးဖြင့်တို့တဲ့အတွက် မယု ရဲ့ ထ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.