Sunday, January 3, 2021

သစ်ထူးလွင်

သစ်ထူးလွင်


အမေရိကန် ကိုဗစ်ကူးစက်မှု သန်း ၂၀ ကျော်ပြီ

Posted: 02 Jan 2021 09:41 AM PST

လော့စ်အိန်ဂျလိစ်က ဆေးရုံတခုမှာ ကိုဗစ်လူနာကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (နိုဝင်ဘာ ၁၉၊ ၂၀၂၀)၂၀၂၁ နှစ်သစ်ထဲ ဝင်လာချိန်မှာပဲ အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ အရေအတွက် သောကြာနေ့ကထိဆိုရင် သန်း ၂၀ ကျော်သွားပြီဆိုတာ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Johns Hopkins တက္ကသိုလ်ရဲ့ အချက်အလက်တွေမှာ တွေ့ရပါတယ်။ကမ္ဘာပေါ်က တခြားနိုင်ငံအားလုံးထက်

ကိုဗစ်တားဆီးရေးအတွက် Pfizer-BioNTech ထိုးဆေးကို WHO အရေးပေါ်ခွင့်ပြုလိုက်ပြီ

Posted: 02 Jan 2021 09:39 AM PST

Pfizer-BioNTech ကာကွယ်ဆေးကမ္ဘာတလွှားက နိုင်ငံအသီးသီးကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အမြန်ဖြန့်ဝေပေး နိုင်ဖို့အတွက် ရည်ရွယ်ပြီး WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြာသပတေးနေ့မှာ Pfizer-BioNTech ထုတ် ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့် ချပေးလိုက်ပါတယ်။မနှစ်က တရုတ်နိုင်ငံက စတင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွါးချိန်ကစပြီး အမေရိကန်နဲ့ ဂျာမဏီ ပူူးတွဲထုတ်လုပ်တဲ့ ဒီဆေးဟာ အရေးပေါ်အသုံးပြုခွင့် ပထမဆုံး

NLD ပါတီဝင်တွေ နိုင်ငံရေးလိုအပ်ချက်အရ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဖမ်းဆီးခံနေရစဉ်အခက်အခဲတွေမရှိခဲ့ဘူးလို့ဆို

Posted: 02 Jan 2021 09:37 AM PST

NLD ပါတီဝင်တွေ နိုင်ငံရေးလိုအပ်ချက်အရ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ဆိုအေအေက ဖမ်းဆီးထားရာက ဇန်နဝါရီလ ၁ ရက် မှာ ပြန်လည်လွတ်မြောက်လာတဲ့ NLD ပါတီ လွှတ်ကိုယ်စားလှယ်လောင်းသုံးဦး စစ်တွေမြို့ကို မနေ့က ညနေပိုင်းမှာရောက်ရှိလာခဲ့ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဆီကို တပ်မတော်ဘက်က ဆက်လက် လွှဲပြောင်းခဲ့ပေးပါတယ်။အဲ့ဒီကိုယ်စားလှယ်လောင်းသုံးဦးတို့ဟာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၄ ရက် မနက်ပိုင်းမှာ အေအေရဲ့ဖမ်းဆီးခြင်းခံ

ကိုဗစ်ကာကွယ်ဆေး- အောက်စဖို့ဒ် ကိုဗစ်ကာကွယ်ဆေး အိန္ဒိယ အတည်ပြု

Posted: 02 Jan 2021 09:33 AM PST

ဇင်ဘာဘွေမှာဆိုရင် ကိုဗစ်ကာကွယ်ဆေး ဘယ်တော့ရမလဲဆိုတာ အခုထိ မသေချာသေးအောက်စဖို့ဒ်တက္ကသိုလ်နဲ့ အက်စထရာဇန်နကာ ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးကို အိန္ဒိယနိုင်ငံမှာ အသုံးပြုဖို့ အိန္ဒိယက အတည်ပြုလိုက်ပါတယ်။ဒါဟာ ကမ္ဘာ့လူဦးရေ ဒုတိယ အများဆုံးနိုင်ငံကြီးအတွက် ကာကွယ်ဆေးထိုးလုပ်ငန်း စတင်နိုင်ဖို့ဖြစ်လာပါတယ်။ဒီဆေးကို အိန္ဒိယနိုင်ငံမှာလည်း ထုတ်လုပ်ဖို့ သဘောတူထားတဲ့ ဆေးဖြစ်ပြီး မြန်မာနိုင်ငံက

မြန်မာ ကိုဗစ်ဓာတ်ခွဲအတည်ပြု ၁၂၅,၆၁၆ ဦး၊ သေဆုံး ၂,၇၁၁ ဦး

Posted: 02 Jan 2021 09:30 AM PST

မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ COVID-19 ရောဂါ အထူးကြပ်မတ်ကုသဆောင်မှာ ရောဂါပြင်းထန်စွာ ခံစားရနေသူတွေကို ကုသစောင့်ရှောက်မှု ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဒီဇင်ဘာ ၂၄၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၅၇၄ ယောက် ထပ်တိုးပြီး သေဆုံးသူက ၁၄ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။သေဆုံးသူတွေထဲမှာ ၁၂

အမတ်လောင်း ၃ ဦး ကို AA လွှတ်ပေးမှု NLD အပြုသဘော တုံ့ပြန်

Posted: 02 Jan 2021 09:28 AM PST

AA ရခိုင်လက်နက်ကိုင်အဖွဲ့ ပြန်လွှတ်ပေးခဲ့တဲ့ ဖမ်းဆီးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်သုံးဦးနှင့် တပ်မတော်သားသုံးဦး။ (ဓာတ်ပုံ -တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ - ဇန်နဝါရီ ၀၁၊ ၂၀၂၁)ရွေးကောက်ပွဲအနိုင်ရ အစိုးရပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့၊ ရခိုင်ပြည်နယ် တောင်ကုတ်မြို.က လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးကို၊ အခုနှစ်သစ်မှာ AA ရခိုင်တပ်ဖက်က ပြန်လွှတ်ပေးလိုက်တာကို၊ NLD ဘက်က အပြုသဘောတုံ့ပြန်လိုက်ပါ

သဘာဝပတ်ဝန်းကျင်အရေး အစိုးရ ကတိပေးလာတဲ့ ၂၀၂၀ ပြည့်နှစ်

Posted: 02 Jan 2021 09:26 AM PST

UNESCO အသိအမှတ်ပြု အာဆီယံအမွေအနှစ်စာရင်းဝင်၊ အရှေ့တောင်အာရှမှာ တတိယအကြီးဆုံး ရေတိမ်ကန်လို့ သတ်မှတ်ခံထားရတဲ့ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်က အင်းတော်ကြီးရေအိုင်ဟာ ဒီနှစ် ၂၀၂၀ မှာ ရေလျော့နည်းခဲ့ပါတယ်။အကြောင်းရင်းကတော့ ဒီနှစ်မှာ မိုးနည်းခဲ့တဲ့အပြင် ကန်ထဲကိုစီးဝင်တဲ့ ချောင်းတွေမှာ ဗေဒါတွေ ပိတ်ဆို့နေတာ၊ ကန်ဝန်းကျင်မှာ တရားမဝင် ရွှေတူးဖော်တာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေ ကြောင့်လို့ ကချင်ပြည်နယ်

ဖမ်းဆီးခံထားရတဲ့ ALP အဖွဲ့ဝင်တစ်ဦး ပြန်လွတ်လာ

Posted: 02 Jan 2021 09:22 AM PST

ဖမ်းဆီးခံထားရတဲ့ ALP အဖွဲ့ဝင်တစ်ဦး ပြန်လွတ်လာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်  / Photo: ALPခုနစ်လကျော်ကြာ ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော် (ALP) က ပြည်ပဆက်ဆံရေးကော်မတီဝင် တစ်ဦးဖြစ်တဲ့ ခိုင်ဝင်းလှိုင်ဟာ ဇန်နဝါရီ ၁ ရက် မနေ့က ပြန်လွတ်လာတယ်လို့ ALP က ကြေညာချက်ထုတ်ပါတယ်။ခိုင်ဝင်းလှိုင်ဟာ ပြီးခဲ့တဲ့နှစ် ၂၀၂၀ မေလ ၃၁ ရက်နေ့က နေအိမ်

မူဆယ်မြို့နယ်တွင် တရုတ်နိုင်ငံသားတဦး သေနတ်ပစ်သတ်ခံရ

Posted: 02 Jan 2021 09:20 AM PST

သျှမ်းပြည်မြောက်ပိုင်းမူဆယ်မြို့နယ် ခိုဝိန်းကျေးရွာတွင် ယမန်နေ့ (ဒီဇင်ဘာ ၁)ရက်၌ အမျိုးသားတဦး သေနတ်ပစ်သတ်ခံရကြောင်း စုံစမ်းသိရသည်။အဆိုပါ သေနတ်ပစ်ခံရသည့် အမျိုးသားသည် အသက် ၂၅နှစ်အရွယ်ရှိပြီး၊ ခိုဝိန်းကျေးရွာ နမ့်ပေါချောင်းဘေး နမ့်ပေါ့စက္ကူစက်ရုံအနီးတွင် သေနတ်ပစ်သတ်ခံရကြောင်း မူဆယ်မြို့ ဂရုဏာလူမှုကူညီရေးအသင်းမှ ဦးသောင်းထွန်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။" သေနတ်ပစ်ခံရပြီး သေသွားသူက တရုတ်နိုင်ငံသား

ကျောက်မဲ တွင် ခြင်ဆေးထွန်းရာမှ မီးလောင်မှုဖြစ်ပွား၊ အမျိုးသားတဦးသေဆုံး

Posted: 02 Jan 2021 09:17 AM PST

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့တွင် ယမန်နေ့ ( ဇန်နဝါရီလ ၁) ရက် ည ၉ နာရီ ဝန်းကျင်တွင် နေအိမ်တလုံး မီးလောင်မှု ဖြစ်ပွားကာ အသက် (၇၀)အရွယ်ရှိ အမျိုးသားတဦးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ဖြစ်စဉ်မှာ ကျောက်မဲမြို့ ရပ်ကွက် (၇)၊ နယ်မြေ(၁)ရှိ နေအိမ်တလုံးတွင် ယမန်နေ့ ည (၉ )နာရီခွဲအချိန်၌ ကုတင်ပေါ် ခြင်ဆေးထွန်းပြီး အိပ်ပျော်သွားရာမှ အိပ်ယာမီးလောင်ပြီး အသက်(၇၀) အရွယ်ရှိ အမျိုးသား တဦး ၏ နောက်ကျောတွင်

မြိတ်တွင် ယာဥ် ၄စီးဆက်တိုက်မှုဖြစ်ပွား ၁ ဦးသေဆုံး

Posted: 02 Jan 2021 09:12 AM PST

မြိတ်မြို့၊မရင်းငယ်ဖျားကျေးရွာ ၊ရင်ငေးရေတံခွန်အဝင်လမ်းအနီးတွင် ဇန်နဝါရီလ ၂ ရက်နေ့၊နံနက် ၈ နာရီခွဲခန့်က ယာဥ် ၄ စီးဆက်တိုက်မှုဖြစ်ပွားရာ ၁ ဦး သေဆုံးကြောင်းသိရပါတယ်။ကျောက်ဖြူတောင်ဘက်မှ ရွှေဒူးဘက်သို့ ယာဥ်မောင်း ချစ်စန်းမောင် မောင်းနှင်လာတဲ့ကား မရင်းငယ်ဖျားကျေးရွာ မိုင်တိုင်အမှတ် ၉/၅ အနီးအရောက်မှာ တဘက်ယာဥ်ကြောမှ ယာဥ်မောင်း စိုးပြည့်အောင် မောင်းနှင်လာတဲ့ ကမ်းရိုးတန်း(၂)ကားအားပွတ်တိုက်ပြီး Wave 110

နှစ်သစ်ကူးည ဆိုင်ကယ်တိမ်းမှောက်ပြီးမီးလောင်သေဆုံးမှုဖြစ်ပွား

Posted: 02 Jan 2021 09:42 AM PST

ပန်းတောင်း  ဇန်နဝါရီ    ၁ပဲခူးတိုင်းဒေသကြီး  ပန်းတောင်း မြို့နယ်   ရွှေဘုံသာကျေးရွာအုပ်စု   ညောင်ပင်သာကျေးရွာအနီး   ပြည်- ရွှေဘုံသာ ကားလမ်းဘေး ခုံးဆင်း အကွေ့၌ ယနေ့နံနက် ၅ နာရီခန့်က   ဆိုင်ကယ်တိမ်းမှောက်ပြီး  မီးလောင်‌ သေဆုံးမှုဖြစ်ပွားကြောင်း    သိရသည်။ဖြစ်စဉ်မှာ ယနေ့  နံနက် ၅ နာရီ ခန့်က  ပန်းတောင်းမြို့နယ် ရွှေဘုံသာ ကျေးရွာအုပ်စု  ညောင်ပင်သာကျေးရွာ အနီး ပြည်-ရွှေဘုံသာ ကားလမ်း ဘေး  ခုံးဆင်းအကွေ့၌

ဗိုလ်တစ်ထောင်မြို့နယ်တွင် ပိုက်ဆံအိတ် လုယူသူ(၂)ဦးကို အချိန်တိုအတွင်း ဖမ်းဆီးရမိ

Posted: 02 Jan 2021 09:02 AM PST

ရန်ကုန်   ဇန်နဝါရီ    ၂ ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၃၀ ရက် နံနက် ၆ နာရီခွဲတွင် တရားလို ဦး----သည် ကမ်းနားလမ်းအတိုင်း ၅၄ လမ်းဘက်မှ ၅၃-လမ်းဘက်သို့ လမ်းလျှောက်လာစဉ်  အမျိုးသား နှစ်ဦး ဆိုင်ကယ်ဖြင့် မောင်းနှင်လိုက်ပါလာပြီး ဆိုင်ကယ်နောက်ထိုင်လိုက်ပါလာသူက ၎င်း၏ဝဲလက် အတွင်းမှ I Phone 12 Pro Max တစ်လုံး၊ Samsung Note 20 တစ်လုံး၊ တစ်သိန်းကျပ်နှင့် TOYOTA RUSH ကားသော့တစ်ချောင်းပါ ပိုက်ဆံအိတ်အား လုယူထွက်ပြေးသွား

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.