သစ္ထူးလြင္ |
- မြောက်ဦး စစ်ဘေးရှောင်တွေ အအေးပိုလာချိန် စောင်မရှိတဲ့ အခက်ကြုံ
- အိန္ဒိယထုတ် ကိုဗစ်ကာကွယ်ဆေး အတည်ပြုပြီး ၂ပတ်အကြာမှာ နိုင်ငံခြား တင်ပို့နိုင်မယ်
- မြန်မာကိုဗစ်ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၁၂၆,၉၃၅ ဦး၊ သေဆုံး ၂,၇၄၄ ဦး
- ကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ပြန်အရွေးချယ်ခံရ
- အမေရိကန် ရွေးကောက်ပွဲ - သမ္မတထရမ့်က အနိုင်မဲတွေ ရအောင် ‘ရှာဖို့’ ဖုန်းပေါ်က ပြောကြားမှု ထွက်ပေါ်လာ
- ဦးညီပု - တာဝန်ပေးရင် ရခိုင်ဝန်ကြီးချုပ် ဆက်လုပ်မယ်
- မြန်မာ့အသေးစားနဲ့ အလတ်စား စီးပွားရေးတွေ ပြန်စဖို့ ပြင်ဆင်
- မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် စီစစ်မှုတွေ မြန်မာလုပ်ဆောင်နေ
- တပ်မတော် အာဏာသိမ်းလိုက်ပြီလို့ ပြောခဲ့သူ ဆက်သွယ်ရေးဥပဒေနဲ့ အမှုဖွင့်ခံရ
- ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ စည်သူဘွဲ့ရ
- ဖမ်းဆီးခံရပြီးအလောင်းဖျောက်ဖျက်ခံရသည့်ကျောက်တော်မြို့မှ ဦးကျော်လိူင်အတွက် ရဲဦးထုပ်ကိုသက်သေခံပစ္စည်းအဖြစ်တင််သွင်း
- ရခိုင်ပြည်နယ်ဂွမြို့နယ် ကျွန်းနံ့သာအနီး ပင်လယ်ထဲမှ ရွ့ံမီးတောင်ဟု ယူဆရသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့
မြောက်ဦး စစ်ဘေးရှောင်တွေ အအေးပိုလာချိန် စောင်မရှိတဲ့ အခက်ကြုံ Posted: 05 Jan 2021 07:50 AM PST လူ ၄၀၀၀ နီးပါးရှိတဲ့ စစ်ဘေးရှောင်စခန်းက မိသားစုတွေအတွက် ခြုံစောင်အကူအညီလိုအပ်နေရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းမှာရှိတဲ့ စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းမှာနေထိုင်တဲ့ စစ်ဘေးရှောင်တွေဟာ ဆောင်းတွင်းကာလ စောင်မရှိလို့ မီးဖိုပြီးနေကြရတယ်လို့ ဒုက္ခသည်တွေနဲ့ စခန်းတာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။အဲ့ဒီစစ်ဘေးရှောင်စခန်းဟာ မြောက်ဦးမြို့ရဲ့အရှေ့ဘက် ၁၀ မိုင်ခန့်အကွာ လေးမြို့မြစ်အထက်ပိုင်း စင်းဘောကိုင်း |
အိန္ဒိယထုတ် ကိုဗစ်ကာကွယ်ဆေး အတည်ပြုပြီး ၂ပတ်အကြာမှာ နိုင်ငံခြား တင်ပို့နိုင်မယ် Posted: 05 Jan 2021 07:45 AM PST ကာကွယ်ဆေး ၂ မျိုးကို အရေးပါ် အသုံးပြုဖို့ ခွင့်ပြုပေးထားအိန္ဒိယ ထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို အတည်ပြုပြီး ရက်သတ္တပတ် ၂ ပတ်အကြာမှာ နိုင်ငံရပ်ခြားကို တင်ပို့ နိုင်မှာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။ဒေသတွင်း လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ အိန္ဒိယ ကာကွယ်ဆေးကို နိုင်ငံရပ်ခြား တင်ပို့မှု တားမြစ်လိမ့်မယ် ဆိုတဲ့ ပြောဆိုချက်တွေကိုလည်း အဆိုပါ အရာရှိက |
မြန်မာကိုဗစ်ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၁၂၆,၉၃၅ ဦး၊ သေဆုံး ၂,၇၄၄ ဦး Posted: 04 Jan 2021 08:39 AM PST ရန်ကုန်မြို့ရှိ Quarantine စင်တာတခုမှာ ကိုဗစ်ရောဂါပိုး ရှိ၊မရှိ စစ်ဆေးပေးနေတဲ့ မြင်ကွင်း။ (အောက်တိုဘာ ၀၈၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ဒီနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ ၅၉၀ ယောက် ထပ်အတည်ပြုခဲ့တာကြောင့် ကူးစက်သူစုစုပေါင်း ၁၂၆,၉၃၅ ရှိသွားပါပြီ။ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇန်နဝါရီ ၄ ရက် ညထုတ်ပြန်ချက်အရ၊ ဓာတ်ခွဲနမူနာပေါင်း ၁၆,၉၉၀ ခု စစ်ခဲ့ကာ၊ ပိုးတွေ့နှုန်း ၃.၅% အဖြစ်၊ ၄% အောက်၊ မနေ့ကလွဲလို့၊ အရင် |
ကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ပြန်အရွေးချယ်ခံရ Posted: 04 Jan 2021 08:38 AM PST အမေရိကန်အောက်လွှတ်တော် လက်ရှိဥက္ကဋ္ဌ Nancy Pelosi။ (ဒီဇင်ဘာ ၃၀၊ ၂၀၂၀)အမေရိကန်အောက်လွှတ်တော် လက်ရှိဥက္ကဋ္ဌ Nancy Pelosi ကို ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခဲ့ကြပါတယ်။ သူဟာ ၂၀၁၉ ခုနှစ်ကတည်းက အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ခဲ့သူပါ။ လက်ရှိမှာတော့ အောက်လွှတ်တော်ထဲမှာ ဒီမိုကရက်ပါတီက အရေအတွက် ကပ်သာပြီး အများစုဖြစ်နေတာပါ။အခုလို ဒီမိုကရေစီ ထွန်းကားရေး အဆောက်အအုံကြီးထဲမှာ ၁၁၇ ကြိမ်မြောက် ကွန်ကရက် |
အမေရိကန် ရွေးကောက်ပွဲ - သမ္မတထရမ့်က အနိုင်မဲတွေ ရအောင် ‘ရှာဖို့’ ဖုန်းပေါ်က ပြောကြားမှု ထွက်ပေါ်လာ Posted: 04 Jan 2021 08:35 AM PST သမ္မတထရမ့်ဟာ ပြီးခဲ့တဲ့အမေရိကန်ရွေးကောက်ပွဲမှာ ဂျော်ဂျီယာပြည်နယ်က ရလဒ်နဲ့ပတ်သက်ပြီး ဂျိုးဘိုင်ဒန်နိုင်နေတဲ့ ရလဒ်ကို ပြောင်းပြန်လှန်နိုင်မယ့် မဲတွေ 'ရအောင်ရှာဖို့'ဂျော်ဂျီယာရဲ့ ပြည်နယ်ရွေးကောက်ပွဲအရာရှိကို ပြောကြားခဲ့တဲ့ ဖုန်းစကားပြောသံ ထွက်ပေါ်လာပါတယ်။''ကျွန်တော်ကတော့ မဲ ၁၁,၇၈၀ ရဖို့ပဲ ရှာချင်တယ်'' လို့ သမ္မတထရမ့်က ရီပတ်ဘလီကန် ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဘရက် ရက်ဖင်စပါဂျာကို ပြောထားတဲ့အသံဖိုင်ကို |
ဦးညီပု - တာဝန်ပေးရင် ရခိုင်ဝန်ကြီးချုပ် ဆက်လုပ်မယ် Posted: 04 Jan 2021 08:31 AM PST ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတာဝန်ပေးရင် ဆက်လုပ်သွားမယ်လို့ ဆိုရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက မကြာခင်ဖွဲ့စည်းမယ့် အစိုးရသစ်လက်ထက်မှာ ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်လို့ ရှိရင် သူ့အနေနဲ့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက် ဒီကနေ့ ကျရောက်တဲ့ ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားမှာ နိုင်ငံတော်သမ္မတက ပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး အခမ်းအနားအပြီး |
မြန်မာ့အသေးစားနဲ့ အလတ်စား စီးပွားရေးတွေ ပြန်စဖို့ ပြင်ဆင် Posted: 04 Jan 2021 08:28 AM PST ရန်ကုန်မြို့က စျေးဝယ်စင်တာတခုမှာ တွေ့ရတဲ့ အဝတ်အထည်ဆိုင်တချို့။ (မေ ၁၇၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို မကြာသေးခင်လတွေကစလို့ လျှော့ပေါ့ပေးခဲ့တာကြောင့် အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ပြန်လည်စတင်ဖို့ ပြင်ဆင်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက ပြောပြပါမယ်။ကပ်ရောဂါကာလ ယာယီရပ်နားထားခဲ့တာကြောင့် ထိခိုက်မှုတွေ ကြုံခဲ့ရတဲ့ အသေးစားနဲ့ |
မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် စီစစ်မှုတွေ မြန်မာလုပ်ဆောင်နေ Posted: 04 Jan 2021 08:26 AM PST ကိုဗစ်-၁၉ ရောဂါအထူးကြပ်မတ်ကုသဆောင် (ICU) မှာ ရောဂါပြင်းထန်စွာခံစားရနေသူများကို ကုသစောင့်ရှောက်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (မှတ်တမ်းဓာတ်ပုံ -Ministry of Health and Sports, Myanmar)ဗြိတိန်နိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီး အာရှနိုင်ငံတချို့မှာပါ ပျံ့နှံ့လာတဲ့ အသွင်ပြောင်း ကိုရိုနာဗိုင်းရပ်ကြောင့် စိုးရိမ်မှုတွေ တိုးလာနေချိန်မှာပဲ မြန်မာနိုင်ငံမှာလည်း ကြိုတင်ကာကွယ်နိုင်အောင် ကြိုးပမ်းနေတဲ့အကြောင်း |
တပ်မတော် အာဏာသိမ်းလိုက်ပြီလို့ ပြောခဲ့သူ ဆက်သွယ်ရေးဥပဒေနဲ့ အမှုဖွင့်ခံရ Posted: 04 Jan 2021 08:24 AM PST တပ်မတော် အာဏာသိမ်းလိုက်ပြီလို့ ပြောခဲ့သူ ဆက်သွယ်ရေးဥပဒေနဲ့ အမှုဖွင့်ခံရ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈ (က) နဲ့ တရားစွဲဆိုခံရတဲ့ ဒေါ်တင်တင်စိုး ကို တွေ့ရစဉ် / Photo: TTS's FBတပ်မတော်က အာဏာသိမ်းလိုက်ပြီဆိုပြီး လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ ရန်ကုန်တိုင်း ဒလမြို့နယ် ကျန်စစ်သားရပ်ကွက်မှာ နေထိုင်တဲ့ ဒေါ်တင်တင်စိုးကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၈ (က) နဲ့ မနေ့က တရားစွဲဆို အမှုဖွင့်ထား |
ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ စည်သူဘွဲ့ရ Posted: 04 Jan 2021 08:22 AM PST ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ စည်သူဘွဲ့ရ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ကို ရှမ်းပြည်နယ်ခရီးစဉ် တစ်ခုမှာ တွေ့ရစဉ် / ဓာတ်ပုံ - မောင်သိန်း (ဒဿနိက)ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ကို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့တွေထဲက စည်သူဘွဲ့ကို ချီးမြှင့်လိုက်ပါတယ်။ |
Posted: 04 Jan 2021 08:21 AM PST (ဓာတ်ပုံများ- ဦးကျော်လှမြင့်) နိရဉ်စရာ၊ ဇနျနဝါရီ၄/၂၀၂၁ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ပိုက်သည််ရပ်ကွက်မှ ဖမ်းဆီးခံရပြီး အလောင်းဖျောက်ဖျက်ခံရသည်ဟု မိသားစုများက ယုံကြည်ထားသူ ဦးကျော်လိူင်၏ အမှုအတွက် သက်သေခံပစ္စည်းဖြစ်သည့် ရဲဦးထုပ်ကို ဇန်နဝါရီ ၃ ရက်နေ့က ကျောက်တော်မြို့မရဲစခန်းတွင် သက်သေခံ အဖြစ်တင်သွင်းလိုက်သည်ဟု အမှုမှန် ပေါ်ပေါက်ရေး အတွက် လိုက်ပါကူညီပေးနေသူ ဦးကျော်လှမြင့်က ပြောကြားသည်။ " ဟုတ်ပါတယ်။ |
Posted: 04 Jan 2021 08:17 AM PST နိရဉ်စရာ၊ ဇနျနဝါရီ ၄/၂၀၂၁ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့မှ မိုင် ၃၀၊ ၄၀ ခန့် ဝေးသော ကျွန်းနံ့သာအနီးတွင် လွန်ခဲ့သော ဒီဇင်ဘာလက ပင်လယ်ထဲတွင် ရွှံ့မီးတောင်ဟု ယူဆရသော မီးတောင်တစ်ခု ပေါက်ကွွဲမှု ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။အဆိုပါ ရုပ်သံဖိုင်အား တင်ခဲ့သူ ကျိန္တလီမြို့မှ ကိုရန်နောင်စိုးအား ဆက်သွယ်ရာ ၎င်းက " လွန်ခဲ့တဲ့ ၁၂ လပိုင်းကလို့ ပြောပါတယ်။ ကျွန်တော်သူငယ်ချင်း တစ်ယောက်က ရိုက်ပြီ ယူလာတဲ့အခါ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.