Thursday, January 7, 2021

သစ်ထူးလွင်

သစ်ထူးလွင်


အာဏာလွှဲပြောင်းရေး ချောမွေ့စေပါမယ်လို့ သမ္မတထရမ့်ပ် အာမခံ

Posted: 07 Jan 2021 07:40 AM PST

မြို့တော် ဝါရှင်တန်ဒီစီ သမ္မတအိမ်ဖြူတော်နားမှာ ထောက်ခံသူတွေကို မိန့်ခွန်းပြောကြားနေတဲ့ သမ္မတ Donald Trump။ (ဇန်နဝါရီ ၀၆၊ ၂၀၂၁)ဇန်နဝါရီလ ၂၀ ရက်နေ့ကျရင် အမေရိကန်အစိုးရအဖွဲ့ အာဏာလွှဲပြောင်းရေး ချောမွေ့စေရပါမယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ပြောလိုက်ပါတယ်။အမေရိကန်သမ္မတရွေးကောက်ပွဲမှာ Joe Biden အနိုင်ရကြောင်း လွှတ်တော်က တရားဝင် အတည်ပြုခဲ့ပြီး မိနစ်ပိုင်းအကြာမှာပဲ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ

ကန်သမ္မတရွေးကောက်ပွဲ Joe Biden အနိုင်ရသူအဖြစ် ကွန်ဂရက်လွှတ်တော် အတည်ပြု ကြေညာ

Posted: 07 Jan 2021 07:38 AM PST

လွှတ်တော်နှစ်ရပ်ပေါင်း ကွန်ဂရက်လွှတ်တော်ရဲ့ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဒုသမ္မတ Mike Pence (ဝဲ) နဲ့ ကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi (ယာ) ။ (ဇန်နဝါရီ ၀၆၊ ၂၀၂၁)၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီက Joe Biden အနိုင်ရတဲ့အကြောင်း လွှတ်တော်က အတည်ပြု ကြေညာလိုက်ပါပြီ။သမ္မတရွေးချယ်ရေးအဖွဲ့ ကိုယ်စားလှယ်မဲတွေမှာ Joe Biden က ၃၀၆ မဲရပြီး Donald

မြောက်ဦး စစ်ရှောင်စခန်းတွေကို လူဦးရေစစ်မယ်

Posted: 07 Jan 2021 07:36 AM PST

စစ်ဆေးတွေ့ရှိတဲ့ လူဦးရေစာရင်းအရပဲ ရိက္ခာထောက်ပံ့ ကူညီမှုတွေ ဆက်လုပ်မယ်လို့ အကြောင်းကြားထားရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေကို စစ်ဆေးဖို့ရှိတယ်လို့ ဇန်နဝါရီ ၂ ရက်နေ့ က သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီကို အကြောင်းကြားထားပါတယ်။ဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေကို စစ်ဆေးပြီး စစ်ဆေးတွေ့ရှိတဲ့ လူဦးရေစာရင်းအရပဲ ရိက္ခာထောက်ပံ့ ကူညီမှုတွေ ဆက်လက်ပြုလုပ်သွားမှာဖြစ်တယ်

ထရမ့် ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာမှာ အပိတ်ခံရ

Posted: 07 Jan 2021 07:33 AM PST

ဒေါ်နယ်ထရမ့်အမေရိကန် လွှတ်တော် အဆောက်အအုံထဲကို သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူတွေ အကြမ်းဖက် ဝင်ရောက်ခဲ့ပြီးနောက် တွစ်တာနဲ့ ဖေ့စ်ဘွတ်ခ်တို့မှာ ထရမ့်ကို ပိတ်ထားခံရပါတယ်။ဆိုရှယ်မီဒီယာ ပို့စ်တစ်ခုမှာ ဆန္ဒပြသူတွေကို အိမ်ကို ပြန်ကြဖို့ မပြောခင် "ခင်ဗျားတို့ကို ချစ်ပါတယ် "လို့ ထရမ့်က ပြောခဲ့ပါတယ်။ ဒါ့အပြင် သူက ရွေးကောက်ပွဲ မသမာမှုတွေ ရှိတယ်လို့ ယုံမှားဖွယ်ရာတွေကို ထပ်ပြီး ပြောခဲ့ပါတယ်။"လူမှုအဖွဲ့အစည်း

မြန်မာ COVID-19 ကူးစက်သူ ၁၂၈,၇၇၂ ယောက်၊ သေဆုံးသူ ၂,၇၉၉ ယောက်

Posted: 07 Jan 2021 07:30 AM PST

ကိုဗစ်-၁၉ အထူးကြပ်မတ်ကုသဆောင် (ICU) မှာ လူနာတွေကို ကုသမှုပေးနေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - Ministry of Health and Sports - နိုဝင်ဘာ ၃၀ ၊ ၂၀၂၀)မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ဒီနေ့ ၅၉၄ ယောက်တိုးပါတယ်။ နောက်ထပ် သေဆုံးသူကတော့ ၁၄ ယောက်ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီထုတ်ပြန်ချက်အရ သေဆုံးသူ ၁၂ ယောက်ဟာ ရောဂါအခံ ရှိကြသူတွေဖြစ်ကြပါတယ်။ ဒီနေ့အတွက် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာကတော့

ကိုဗစ်ကာကွယ်ဆေးထိုးဖို့ မြန်မာ ပြင်ဆင်နေချိန် ဆက်ပြီး သတိထားဖို့လို

Posted: 07 Jan 2021 07:29 AM PST

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပြည်သူ့ဆေးရုံကြီး၊ ကိုဗစ်-၁၉ ရောဂါအထူးကြပ်မတ်ကုသဆောင် (ICU)မှာ ရောဂါပြင်းထန်စွာခံစားနေရသူကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။(ဓာတ်ပုံ -Ministry of Health and Sports, Myanmar - ဒီဇင်ဘာ ၂၄၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကာကွယ်ဆေး အစောဆုံး ရှေ့လထဲမှာ စတင်ထိုးနှံနိုင်ဖို့ ပြင်ဆင်နေချိန်မှာပဲ၊ ရောဂါကာကွယ်ရေး အစီအစဉ်တွေကိုလည်း ဆက်လက်လိုက်နာဖို့ ကျန်းမာရေးပညာရှင်

လွှတ်တော်သစ်ပြန်မစခင် အမြန်ဆုံး ရွေးကောက်ပွဲကျင်းပဖို့ တပ်မတော်တောင်းဆို

Posted: 07 Jan 2021 07:26 AM PST

လွှတ်တော်သစ်ပြန်မစခင် အမြန်ဆုံး ရွေးကောက်ပွဲကျင်းပဖို့ တပ်မတော်တောင်းဆို ၂ဝ၂ဝ ရွေးကောက်ပွဲအတွင်း မဲရလဒ်ရေတွက်နေသည့် မြင်ကွင်းတခု။ Photo: AFPလုံခြုံရေး အခြေအနေကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲက မြို့နယ်တွေမှာ အမြန်ဆုံး ရွေးကောက်ပွဲပြန်ကျင်းပဖို့ တပ်မတော်က ဒီကနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။လာမယ့် ဖေဖော်ဝါရီလ တစ်ရက်နေ့မှာ ရွေးကောက်ခံ ကိုယ်စားလှယ်သစ်

အစိုးရသစ်ဖွဲ့ဖို့ ဖေဖော်ဝါရီလမှာ လွှတ်တော်သစ်တွေ စတင်မည်

Posted: 07 Jan 2021 07:22 AM PST

အစိုးရသစ်ဖွဲ့ဖို့ ဖေဖော်ဝါရီလမှာ လွှတ်တော်သစ်တွေ စတင်မည် နေပြည်တော်က ပြည်သူ့လွှတ်တော် အစည်းအဝေးကို တက်ရောက်လာတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ၂ဝ၂ဝ မေ ၁၈ ရက်နေ့က တွေ့ရစဉ် / Photo: Thiha Tun/RFAအစိုးရသစ်ဖွဲ့စည်းရေး၊ လွှတ်တော်အကြီးအကဲတွေ ရွေးချယ်ရေး လုပ်ငန်းတွေ ပါဝင်မယ့် တတိယအကြိမ်မြောက် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေကို လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ကျင်းပတော့မှာပါ။ဒီ

မြိတ်တွင် သမီးရည်းစားချင်း အခြေအတင်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား

Posted: 07 Jan 2021 07:18 AM PST

မြိတ်မြို့၊အထက်ကန်ဖျားရပ် ၊အေးရိပ်ငြိမ်လမ်း တွင် ဇန္နဝါရီလ ၇ ရက်နေ့၊ည ၈ နာရီခန့်က လူသတ်မှုဖြစ်ပွားကြောင်းသိရပါတယ်။အထက်ကန်ဖျားရပ် ၊အေးရိပ်ငြိမ်လမ်း တိုက်ခန်းတန်းတွင်နေထိုင်တဲ့ စန္ဒာဖြူဝင်း ၂၇ နှစ် ၊အခန်းတွင် ၎င်းရဲ့ ချစ်သူ""သူရကိုကို ""  (ကျွန်းစုမြို့) နှင့်တူ ရှိနေစဥ်  အချင်းများပြီး သူရကိုကိုမှ စန္ဒာဖြူဝင်းအား ဓါးဖြင့်ထိုးသတ်ပြီး ၎င်းဖာသာသတ်သေသွားကြောင်းသိရပါတယ်။ဖြစ်စဥ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့မှ

ဂျော်ဂျီယာ ပြည်နယ်ကိုယ်စားပြု အထက်လွတ်တော်ရွေးကောက်ပွဲ ဒီမိုကရက်တွေ အလေးသာ

Posted: 06 Jan 2021 03:50 PM PST

ဒီမိုကရက်ပါတီ ကိုယ်စားပြု ယှဉ်ပြိင်သူ Raphael Warnock နှင့် Jon Ossoffဂျော်ဂျီယာ ပြည်နယ်ကိုယ်စားပြု အမေရိကန် အထက်လွှတ်တော် အမတ် နှစ်နေရာအတွက် ရွေးကောက်ပွဲတွေကို မနေ့ ဗုဒ္ဓဟူး နေ့က ကျင်းပပြီးတဲ့နောက် ဒီမိုကရက်ပါတီ ကိုယ်စားပြု ယှဉ်ပြိင်သူ Raphael Warnock က လက်ရှိ ရစ်ပတ်ဘလင်ကန် အမတ် Kelly Loeffler ကို အနိုင်ရလိုက်ပြီ ဖြစ်ပါတယ်။ဒါကြောင့် Raphael Warnock က ကျွန်စနစ်ကို ထောက်ခံခဲ့တဲ့ တောင်ပိုင်း ကွန်

Donald Trump ထောက်ခံဆန္ဒပြသူတွေ ကွန်ဂရက်အဆောက်အဦးကို ဝင်ရောက်စီးနင်း

Posted: 06 Jan 2021 03:47 PM PST

အမေရိကန် လွှတ်တော်အဆောက်အဦးကို ဆန္ဒပြသူတွေ ဇန်နဝါရီ ၆ ရက်နေ့က ဝင်စီးနေစဉ်သမ္မတ ဒေါ်နယ် ထရမ့်ကို ထောက်ခံသူတွေက အမေရိကန်ကွန်ဂရက်လွှတ်တော်အဆောက်အအုံထဲ အဓမ္မဝင်ရောက်ဆန္ဒပြဖို့ကြိုးစား တာကြောင့် ကွန်ဂရက် လွှတ်တော် ရဲတပ်ဖွဲ့က လုံခြုံရေး အကြောင်းပြချက်နဲ့ လွှတ်တော် ပရဝုဏ်အတွင်း အသွားအလာ အားလုံးကို ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ ပိတ်ပင်လိုက်ပါတယ်။ဆန္ဒပြသူတွေ လွှတ်တော်အတွင်း အတင်း ဝင်ရောက်တဲ့အချိန်မှာ အထက်

ထိုင်းရောက် မြန်မာအလုပ်သမားတွေကြား ကိုဗစ်ကူးစက်မှု မြင့်တက်

Posted: 06 Jan 2021 03:45 PM PST

 ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်မှာ ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်ခံရတဲ့ မြန်မာအလုပ်သမား တရက်ကို အယောက် ၂၀၀ နှုန်းလောက် တွေ့နေပြီး အခု သုံးရက်အတွင်း အယောက် ၇၀၀ ကျော် ရှိနေပါပြီ။ သူတို့ကို သီးခြားထားတဲ့ နေရာတွေဆီ ပို့နေပါတယ်။ ပြီးခဲ့တဲ့ရက်က ပိုးတွေ့ထားတဲ့ အမျိုးသမီးနဲ့ ကလေး အယောက် ၂၀ ကို ထိုင်းအာဏာပိုင်တွေက အဲဒီနေရာကို ပြန်ပို့လို့ ဆန္ဒပြတဲ့အတွက်လဲ သူတို့ကို ယာယီဆေးရုံမှာ ပို့ထားတယ်လို့သိရပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်လာပြီး ငါးလအကြာ ကိုကိုးကျွန်းမှာ ၂၄ နာရီ လျှပ်စစ်မီးရ

Posted: 06 Jan 2021 03:43 PM PST

အတိုင်ပင်ခံပုဂ္ဂိုလ်လာပြီး ငါးလအကြာ ကိုကိုးကျွန်းမှာ ၂၄ နာရီ လျှပ်စစ်မီးရ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုကိုးကျွန်းမြို့နယ်ကို ၂၀၂၀ သြဂုတ်လအတွင်း သွားရောက်ခဲ့စဉ်Myanmar State Counsellor officeအစိုးရဝန်ထမ်းတွေ အများစုနေထိုင်ပြီး လူဦးရေတစ်ထောင်ကျော်ရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်မှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ကစပြီး အစိုးရ ကပေးတဲ့ လျှပ်စစ်မီး ၂၄ နာရီ

ဘန်ကောက်အနီးစက်ရုံတွေမှာ ကိုဗစ်ပိုးစစ်ဆေးမှု တိုးလုပ်နေ

Posted: 06 Jan 2021 11:12 AM PST

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ရတဲ့ ကျန်းမာရေးဝန်ထမ်းတချို့။ (အောက်တိုဘာ ၁၂၊ ၂၀၂၀)ထိုင်းနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ လူနာသစ် ၃၆၀ ကျော်နဲ့ သေဆုံးသူ ၁ ယောက်ရှိတာကြောင့် ဘန်ကောက်မြို့နဲ့ အနီးတဝိုက် ထောင်နဲ့ ချီပြီးရှိတဲ့ စက်ရုံတွေမှာ ရောဂါပိုးစစ်ဆေးမှုတွေ ထပ်တိုးပြီး လုပ်သွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ရောဂါကူးစက်မှု အများဆုံးဖြစ်နေတဲ့ Samut Sakhon ခရိုင်တွင်း ရွှေ့ပြောင်း

မြန်မာသဘောင်္သားတွေအပါအဝင် ရေနံတင်သင်္ဘော ကို အီရန်ပြန်လွှတ်ရေး တောင်ကိုရီးယား သံတမန်နည်းသုံးမည်

Posted: 06 Jan 2021 11:11 AM PST

Hankuk Chemi ရေနံတင် သဘောင်္အီရန် ဖမ်းထားတဲ့ ကိုရီးယား ရေနံတင် သဘောင်္နဲ့ သဘောင်္ဝန်ထမ်းတွေကို ပြန်လွှတ်ပေးရေး အီရန် သံအမတ်ကို ဆင့်ခေါ်ပြီး တောင်ကိုရီးယား အစိုးရက တောင်းဆိုလိုက်ပါတယ်။ မြန်မာ သဘောင်္သား အများစုပါတဲ့ MT Hankuk Chemi ရေနံတင် သဘောင်္ ဖမ်းဆီးခံရမှုကို သံတမန်ရေး နည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေး တောင်ကိုရီးယား အစိုးရက ကြိုးစားနေသလို Hormuz ရေလက်ကြား အနီးကိုလည်း ဖျက်သဘောင်္နဲ့ တပ်ဖွဲ့ဝင်တွေ

ကြက်ငှက်တုပ်ကွေး စိုးရိမ်လို့ အိန္ဒိယမှာ ကြက်ဘဲတွေ သုတ်သင်

Posted: 06 Jan 2021 11:09 AM PST

အိန္ဒိယမှာ ရောဂါပိုး ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ ကြက်ဘဲတွေကို စတင်သုတ်သင်ရှင်းလင်းနေအိန္ဒိယနိုင်ငံတဝန်းက တောငန်းတွေ၊ ကျီးကန်းတွေနဲ့ ဘဲတွေမှာ အေဗီယန်တုပ်ကွေး ခေါ် ကြက်ငှက်တုပ်ကွေး ရောဂါပိုး ကူးစက်ခံထားရတယ် ဆိုတာကို ဓာတ်ခွဲ အတည်ပြု တွေ့ရှိခဲ့အပြီးမှာ ကြက်ဘဲ ထောင်သောင်းပေါင်းများစွာကို သုတ်သင်ရှင်းလင်းမှုတွေ စတင် လုပ်ဆောင်နေပါတယ်။ပြည်နယ်အတော်များများမှာ ငှက်တွေ အစုလိုက်အပြုံလိုက် သေနေတာ တွေ့ခဲ့

ဂျော်ဂျီယာ ရွေးကောက်ပွဲ - ဆီးနိတ်လွှတ်တော်ကို ဒီမိုကရက်တို့လွှမ်းမိုးတော့မယ်

Posted: 06 Jan 2021 11:05 AM PST

မဲရလဒ်တွေကို အတည်ပြုနိုင်ပါက  မစ္စတာ ဝေါနော့ခ် ဂျော်ဂျီယာပြည်နယ် ဆီးနိတ် အမတ်တွေထဲမှာ ဟာ ပထမဆုံးလူမည်း အမတ်ဖြစ်လာခြင်းဖြစ်ဂျော်ဂျီယာပြည်နယ်က ဆီးနိတ်အထက်လွှတ်တော် အမတ် ၂ နေရာအတွက် ရလဒ်တွေထွက်လာနေပြီး ရွေးချယ်တင်မြှောက်ခံ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ဒီမိုကရက်တစ်ပါတီက ဆီးနိတ်မှာ လွှမ်းမိုးနိုင်မယ့်အခြေအနေကို ရသွားနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ခရစ်ယာန်ဘာသာရေးဆရာ ရာဖီလ် ဝေါနော့ခ် က အမတ် တစ်နေရာ

ဂျော်ဂျီယာပြည်နယ် တကျော့ပြန်ရွေးကောက်ပွဲ နောက်ဆုံးအခြေအနေ

Posted: 06 Jan 2021 10:58 AM PST

ဒီမိုကရက်အမတ်လောင်း Raphael Warnock။ (ဇန်နဝါရီ ၀၅၊ ၂၀၂၁အမေရိကန်အထက်လွှတ်တော်၊ ဂျော်ဂျီယာပြည်နယ်ကိုယ်စားပြု အမတ်နေရာ ၂ နေရာအတွက် နောက်တကျော့ရွေးကောက်ပွဲတွေကို အင်္ဂါနေ့ကကျင်းပခဲ့တာမှာ အမတ်နေရာတနေရာကို ဒီမိုကရက်တစ်ပါတီကိုယ်စားပြု အမတ်လောင်းက အနိုင်ရတဲ့အကြောင်း အမေရိကန် သတင်းဌာနတွေက ခန့်မှန်း ကြေညာထားပါတယ်။ရီပတ်ဘလီကန်ပါတီက လက်ရှိအထက်လွှတ်တော်အမတ် Kelly Loeffler ကို ဒီမိုကရက်အမတ်လောင်း Raphael

မြန်မာကိုဗစ်ဓါတ်ခွဲအတည်ပြု စုစုပေါင်း ၁၂၈,၁၇၈ ဦး၊သေဆုံး ၂,၇၈၅ ဦး

Posted: 06 Jan 2021 10:54 AM PST

ရန်ကုန်တိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (သုဝဏ္ဏ)၊ အထူး ကြပ်မတ်ကုသဆောင်(ICU)မှာ ရောဂါပြင်းထန်စွာခံစားနေရသူကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။(ဓာတ်ပုံ -Ministry of Health and Sports, Myanmar - ဒီဇင်ဘာ ၃၁၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၅၉၆ ယောက် ထပ်တိုးပြီး သေဆုံးသူက ၁၉ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်

ပုဏ္ဏားကျွန်းမြို့နယ်တွင် နွားများခိုးယူခံရပြီး ပိုင်ရှင်ဖြစ်သူအသတ်ခံရကာ ကျန်တစ်ဦးမှာပျောက်ဆုံးနေ

Posted: 06 Jan 2021 10:48 AM PST

နိရဉ်စရာ၊ ဇနျနဝါရီ ၆/၂၀၂၁ရခိုင်ပြည်နယ်် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျော်ဇံရွာတွင် နွား ၁၀ ကောင်ခိုးယူခံရပြီး ပိုင်ရှင်ဖြစ်သူ  အသတ်ခံရကာ နောက််တစ်ဦးမှာ ပျောက်ဆုံးနေကြောင်း သတင်းရရှှိသည်။သေဆုံးသူမှာ ဦးထွန်းသိန်း (၅၂) နှစ်ဖြစ်ပြီး ပျောက်ဆုံးနေသူမှာ ၎င်း၏သမက်ဖြစ်သူ ဦးအောင်နိုင် (၃၀) နှစ်ခန့် ဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသူ ဦးတင်မောင်က ပြောကြားသည်။" အသတ်ခံရတဲ့ ဦးထွန်းသိန်းကို ကြိုးနဲ့

ကာကွယ်ဆေးဝယ်ဖို့ အလှူရှင်တွေ အစိုးရဖိတ်ခေါ်၊ လုပ်ငန်းရှင်တွေ ပါဝင်လာ

Posted: 06 Jan 2021 10:47 AM PST

ကာကွယ်ဆေးဝယ်ဖို့ အလှူရှင်တွေ အစိုးရဖိတ်ခေါ်၊ လုပ်ငန်းရှင်တွေ ပါဝင်လာ ပြင်သစ်နိုင်ငံမှာ ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးနေသူတစ်ဦးကို တွေ့ရစဉ် / AFP Photoကိုဗစ်ကာကွယ်ဆေး ဝယ်ယူဖို့ အစိုးရက ရန်ပုံငွေ အမေရိကန်ဒေါ်လာသန်း ၂၅၀ နဲ့ မြန်မာငွေကျပ်သန်း တစ်ထောင် မတည်ထူထောင်ထားပြီး ပြည်တွင်းပြည်ပက ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းနိုင်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ဇန်နဝါရီ ၅ရက် က ထုတ်ပြန်ကြေညာထားပါတယ်။

သမ္မတကို တရားစွဲဆိုတိုင်ကြားချက် လက်ခံသင့် မသင့် တရားရုံးဆုံးဖြတ်မည်

Posted: 06 Jan 2021 10:45 AM PST

သမ္မတကို တရားစွဲဆိုတိုင်ကြားချက် လက်ခံသင့် မသင့် တရားရုံးဆုံးဖြတ်မည် ၂ဝ၂ဝ သြဂုတ်လ ၂၁ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံ စတုတ္ထအကြိမ်မြောက် အစည်းအဝေးကို တက်ရောက်လာသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်။ Photo: AFPနိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းတို့ကို တရားစွဲဆို တိုင်ကြားချက် လက်ခံသင့်၊ မသင့်ကို လာမယ့် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ကြားနာ

မြေမြုပ်မိုင်းနင်းမိသည့်မြိုအမျိုးသမီး မျက်လုံးတစ်စုံလုံးဆုံးရှုံးလိုက်ရပြီး ခြေထောက်တစ်ဖက်လည်း ဖြတ်လိုက်ရ

Posted: 06 Jan 2021 10:43 AM PST

နိရဉ်စရာ၊ ဇနျနဝါရီ ၆/ ၂ဝ၂၁မြေမြုပ်မိုင်းနင်းမိ၍ စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကျောက်တော်မြို့နယ်၊ ခဘော်ကျေးရွာမှ မြိုအမျိုးသမီးမှာ မျက်လုံးတစ်စုံလုံး ဆုံးရှုံးလိုက်ရပြီး ခြေတစ်ဖက်လည်း ဖြတ်လိုက်ရသည်ဟု သတင်းရရှိသည်။၄င်းမြိုအမျိုးသမီးမှာ ဒေါ်ခင်စံမေ (၄၃)နှစ်ဖြစ်သည်။ယမန်နေ့ မွန်းလွဲ ၃ နာရီ်အချိန်ခန့်က သူမအား စစ်တွေဆေးရုံကြီး၌ ခွဲစိပ်ကုသရာ မိုင်းထိ ဒဏ်ရာရရှိခဲ့သည့် မျက်လုံးနှစ်ဖက်ကို ဖောက်ထုတ်

ကျော်ဇံရွာမှ ပျောက်ဆုံးနေသူ ဦးအောင်နိုင်ကိုရှာဖွေမတွေ့သေး၊ စီကရက်ဗူးခွံများကို သက်သေအဖြစ် သိမ်းဆည်းရမိဟု ဇနီးဖြစ်သူဆို

Posted: 06 Jan 2021 10:38 AM PST

နိရဉ်စရာ၊ ဇနျနဝါရီ၆/၂၀၂၁ရခိုင်ပြည်နယ်် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျော်ဇံရွာမှ ပျောက်ဆုံးနေသူ ဦးအောင်နိုင်အား ယနေ့ ညနေ ၄ နာရီထိ ရှာဖွေမတွေ့သေးကြောင်း ဦးအောင်နိုင်ဇနီးဖြစ်သူ ဒေါ်မသန်းက ပြောသည်။" ကြှနျမယောကျြားကျို ရှာဖှမေတှေ့သေးပါဘူး။ ရှာဖှနေကွေတုနျးဖွစျပါတယျ" ဟု ဒေါျမသနျးက ယနေ့ ညနေ ၄ နာရီခှဲမှ ဆကျသှယျစဉျ နိဉ်စရာသတငျးဌာနသို့ ပွောကွားသညျ။ အသတ်ခံခဲ့ရသူ ဦးထွန်းသိန်း (၅၂) နှစ်မှာ ဒေါ်မသန်း၏ ဖခင်

ပုသိမ်မြို့ ငဝန်မြစ်အတွင်း၌ သင်္ဘောနှင့် ပဲ့ထောင်တိုက်မိ၍ ပဲ့ထောင်နစ်မြုပ် လူတစ်ဦးပျောက်ဆုံးနေ

Posted: 06 Jan 2021 10:35 AM PST

ပုသိမ် ဇန်နဝါရ ၆ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ငဝန်မြစ်ကြောင်းအတွင်း၌ ယနေ့ နံနက်ပိုင်းက ခရီးသည်တင်သင်္ဘောနှင့် ပဲ့ထောင်တိုက်မှုကြောင့် ပဲ့ထောင်နစ်မြုပ်ခဲ့ကြောင်းသိရှိရသည်။ဖြစ်စဥ်မှာ အသက် ၂၇ နှစ်အရွယ် ကျော်မျိုးသူမောင်းနှင်လာသည့် လူ ၈ဦး စီးနင်းလိုက်ပါလာသည့် ပဲ့ထောင်နှင့် ကျောက်ငူဆိပ်ဘက်မှ မောင်းနှင်လာစဥ် ငဝန်မြစ်ရဲ့ ၃ ပုံ ၁ ပုံအရောက်၌  အသက် ၆၇ နှစ်အရွယ် ဦးစိုးလွင် မောင်းနှင်လာတဲ့ အောင်စည်မြတ်

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.