သစ္ထူးလြင္ |
- အိန္ဒိယက ကိုဗစ်ကာကွယ်ဆေး မကြာခင်ရက်ပိုင်းမှာ မြန်မာနိုင်ငံ ရောက်လာတော့မယ်
- အိန္ဒိယက ကိုဗစ်ကာကွယ်ဆေး အခမဲ့ပေးမယ့်ထဲ မြန်မာနိုင်ငံလည်း ပါဝင်
- မြန်မာအမျိုးသမီးကို အဓမ္မပြုကျင့်တဲ့ ထိုင်းရဲကို အလုပ်မှထုတ်ပယ်ပြီး ပုဒ်မ ၃ ခုဖြင့်အမှုဖွင့်ထား
- လေယာဥ်မယ် အဓမ္မကျင့်အသတ်ခံရမှု ကိုင်တွယ်ပုံ "ညံ့ဖျင်း"လို့ ဖိလစ်ပိုင် ရဲမှူးကြီး အလုပ်ပြုတ်
- မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၃ဝဝဝ ကျော်ပြီ
- လုပ်သားအခွင့်အရေး တောင်းဆိုခဲ့သူတွေ အလုပ်ထုတ်ခံရလို့ အလုပ်သမားတစ်ရာကျော် ဆန္ဒပြ
- လမ်းဘေး၌ ရပ်တန့်ထားသော ၁၂ ဘီးယာဥ်အား နောက်မှလာသည့် (၁၂)ဘီးယာဥ်ကဝင်ရောက်တိုက်မိရာ ယာဥ်မောင်းသေဆုံး
အိန္ဒိယက ကိုဗစ်ကာကွယ်ဆေး မကြာခင်ရက်ပိုင်းမှာ မြန်မာနိုင်ငံ ရောက်လာတော့မယ် Posted: 21 Jan 2021 11:52 AM PST ရန်ကုန်တိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (သုဝဏ္ဏ)၊ ကိုဗစ်-၁၉ ရောဂါအထူးကြပ်မတ်ကုသဆောင် (ICU) မှာ ရောဂါပြင်းထန်စွာခံစားနေရသူကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။(ဓာတ်ပုံ -Ministry of Health and Sports, Myanmar - ဒီဇင်ဘာ ၃၁၊ ၂၀၂၀)အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ရောဂါကာကွယ်ဆေး လာမယ့် ရက်အနည်းငယ်အတွင်းမှာ မြန်မာနိုင်ငံကို ရောက်ရှိလာတော့မယ့်အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ |
အိန္ဒိယက ကိုဗစ်ကာကွယ်ဆေး အခမဲ့ပေးမယ့်ထဲ မြန်မာနိုင်ငံလည်း ပါဝင် Posted: 21 Jan 2021 11:49 AM PST အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်တဲ့ AstraZeneca ကိုဗစ်ကာကွယ်ဆေး။ (ဇန်နဝါရီ ၁၆၊ ၂၀၂၁)မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေအတွက် ကိုဗစ်ကာကွယ်ဆေး သန်းပေါင်းများစွာကို အိန္ဒိယက လာမယ့်သီတင်းပတ်တွေအတွင်း လှူဒါန်းမယ်လို့ အိန္ဒိယအစိုးရ သတင်းရင်းမြစ်တွေက ဒီကနေ့ပြောပါတယ်။ ဒီအပေါ် အိန္ဒိယရဲ့ အိမ်နီးချင်းနိုင်ငံတွေက ကြိုဆိုကြပြီး ဒေသတွင်းမှာ တရုတ်ရဲ့လွှမ်းမိုးမှုကို တန်ပြန်တဲ့သဘော ရှုမြင်ကြပါတယ်။ကမ္ဘာမှာ ကာကွယ်ဆေး |
မြန်မာအမျိုးသမီးကို အဓမ္မပြုကျင့်တဲ့ ထိုင်းရဲကို အလုပ်မှထုတ်ပယ်ပြီး ပုဒ်မ ၃ ခုဖြင့်အမှုဖွင့်ထား Posted: 21 Jan 2021 11:40 AM PST ထိုင်းနိုင်ငံက အချုပ်ခန်းတစ်ခုအတွင်း ဖြစ်ပွားခဲ့တဲ့ မြန်မာအမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်တဲ့ ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦးကို ရဲတပ်ဖွဲ့မှ ထုတ်ပယ်ခဲ့ပြီး ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုထားတယ်လို့ ဘန်ကောက်ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်ပါတယ်။ ထိုင်းရဲတပ်ဖွဲ့ရဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဦးဆောင်တဲ့အဖွဲ့ဟာ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးကို ဇန်နဝါရီ ၁၉ ရက်မှာ လာရောက်တွေ့ဆုံပြီး အမှုနဲ့ပတ်သက်တဲ့ အရေးယူထားမှု |
လေယာဥ်မယ် အဓမ္မကျင့်အသတ်ခံရမှု ကိုင်တွယ်ပုံ "ညံ့ဖျင်း"လို့ ဖိလစ်ပိုင် ရဲမှူးကြီး အလုပ်ပြုတ် Posted: 21 Jan 2021 11:24 AM PST နှစ်သစ်ကူးည ပါတီပွဲပြီးတဲ့နောက်ပိုင်း ခရစ္စတင်း ဒေစီယာ (Christine Dacera) သေဆုံးနေတာကိုတွေ့ခဲ့ကြရလေယာဉ်မယ်တစ်ယောက် မုဒိမ်းကျင့်ခံရ၊ သတ်ဖြတ်ခံရတဲ့အမှုကို ကိုင်တွယ်ဆောင်ရွက်ပုံနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံ၊ မနီလာ မြို့တော်အတွင်း ချမ်းသာသူအသိုင်းအဝိုင်းတွေ နေထိုင်ရာ ဧရိယာတစ်ခုမှာ တာဝန်ယူထားတဲ့ ရဲမှူးကြီးတစ်ယောက် ရာထူးကနေ ထွက်ပါဆိုတဲ့ အမိန့်စာထွက်လာပါတယ်။နှစ်သစ်ကူးည ပါတီပွဲအပြီး ဟိုတယ်ခန်း တစ်ခန်း |
မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၃ဝဝဝ ကျော်ပြီ Posted: 21 Jan 2021 11:21 AM PST ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ (၃၀၁၃) ယောက် ရှိသွားပါပြီ။ရောဂါကူးစက်ခံရတဲ့သူ (၁၃၆၁၆၆) ယောက် ရှိပြီးတော့ အဲ့ဒီထဲက (၁၁၉၉၇၃) ယောက်ကတော့ ရောဂါပြန်လည်သက်သာပြီး ဆေးရုံက ဆင်းခွင့်ရသွားပါပြီ။ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးနှုန်းနဲ့ ရောဂါကူးစက်ခံရတဲ့ လူနာသစ်နှုန်းတွေဟာ ပြီးခဲ့တဲ့နှစ်ကုန် ဒီဇင်ဘာလဆန်းပိုင်းကစပြီး |
လုပ်သားအခွင့်အရေး တောင်းဆိုခဲ့သူတွေ အလုပ်ထုတ်ခံရလို့ အလုပ်သမားတစ်ရာကျော် ဆန္ဒပြ Posted: 21 Jan 2021 11:19 AM PST လုပ်သားအခွင့်အရေး တောင်းဆိုခဲ့သူတွေ အလုပ်ထုတ်ခံရလို့ အလုပ်သမားတစ်ရာကျော် ဆန္ဒပြPhoto: RFAရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်မှာရှိတဲ့ ဟန်းမိန် အထည်ချုပ်စက်ရုံမှာ အလုပ်ထုတ် ခံလိုက်ရတဲ့ အလုပ်သမား ကိုးဦးကို ပြန်ခန့်ပေးဖို့ အလုပ်သမား ၁၃၀ ကျော်က စက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆို နေပါတယ်။ဇန်နဝါရီလ ၂၀ ရက် မနေ့က စတင်ပြီး အလုပ်သမားတွေက ဆန္ဒပြ တောင်းဆိုနေကြတာပါ။အလုပ်ထုတ်ခံရတဲ့ အလုပ်သမား |
လမ်းဘေး၌ ရပ်တန့်ထားသော ၁၂ ဘီးယာဥ်အား နောက်မှလာသည့် (၁၂)ဘီးယာဥ်ကဝင်ရောက်တိုက်မိရာ ယာဥ်မောင်းသေဆုံး Posted: 21 Jan 2021 11:12 AM PST ကျောက်တံခါး ဇန်နဝါရီ ၂၁ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်lကျောက်တံခါးမြို့မရဲစခန်းအပိုင် ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီ းမိုင်တိုင်အမှတ် ၁၀၁/၅ နှင့် ၆ အကြား ရင်းတိုက်ကုန်းကျေးရွာအုပ်စုအလယ်ကျွန်းကျေးရွာအနီး၌ ဇန်နဝါရီ ၂၁ ရက် နံနက် ၆ နာရီခန့်က လမ်းဘေး၌ရပ်တန့်ထားသည့် (၁၂)ဘီးယာဥ်အားနောက်မှလာသည့် (၁၂)ဘီးယာဥ်ကဝင်ရောက်တိုက်မိရာ ယာဥ်မောင်းတစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့သည်။ဖြစ်စဥ်မှာ ရန်ကုန်ဘက်မှ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.