သစ္ထူးလြင္ |
- မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို ယူကေ ပိတ်ဆို့အရေးယူ
- ဝိုင်ဖိုင်အင်တာနက်ဝန်ဆောင်မှုတွေ ပိတ်ဖို့ ဆက်သွယ်ရေးကုမ္ပဏီတွေကို ညွှန်ကြားထား
- အမေရိကန်တပ်မတော်က ချင်းလူငယ်ရဲ့ စိန်ခေါ်သံ
- မြန်မာနိုင်ငံက အထည်မှာယူမှု ဗြိတိန်ကုမ္ပဏီ ဆိုင်းငံ့
- စစ်ကောင်စီကိုအံတုနေတဲ့ကလေးမြို့ပင်မသပိတ်စခန်းမှ ယနေ့ထိတိုင်အံတုလျက်ရှိ
- ကလေးမြို့နယ်နှင့် ချင်းပြည်နယ် နယ်စပ်နှင့် ကလေး-ဂန့်ဂေါလမ်းမဘေး ရွာတခုဖြစ်သော ချင်းလူမျိုးများနေထိုင်သည့် ချောင်းခွရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် နှစ်ဦး ကျဆုံး
- ပြစ်မှုကျူးလွန်သူမှ အပ ပြည်ပရောက် မြန်မာနိုင်ငံသားများ မြန်မာပြည်ပြန်လာမည်ဆိုပါ အကြမ်းဖက် စစ်ကောင်စီမှ အရေးယူမည်မဟုတ်
- အင်တာနက်ဝိုင်ဖိုင်လိုင်းများ ရက်အကန့်အသတ်မရှိ ပိတ်မည်ဟုဆို
- ကူညီကယ်ဆယ်ရေးလုပ်သားတွေ အဟန့်အတားမရှိ ကူညီခွင့်ပြုဖို့ IFRC တောင်းဆို
- ပြည်သူကို မထိခိုက်စေတဲ့နည်းနဲ့ မြန်မာနိုင်ငံကို အရေးယူသင့် - ကုလကိုယ်စားလှယ် Tom Andrews
- ကော့ကရိတ်မှာ လက်ပစ်ဗုံးပေါက်ကွဲပြီး ရဲတစ်ဦးသေ
- မန္တလေးစိန်ပန်း ပစ်ခတ်မှု နှစ်ဦးသေဆုံး
- မြို့ မုံရွာမြဝတီရပ်ကွက် ဒေါင်းကျောင်းအနီး ယခုညနေ ၃နာရီ ၄၅မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားနေသည်။
- မုံရွာမြဝတီရပ်အတွင်းပစ်ခတ်မှု ခေါင်းထိမှန်သူ သေဆုံး
- သွေးထွက်လွန်တာကြောင့် သေဆုံးမှုအများဆုံးဖြစ်ပေါ်နေ
- ကလေးမြို့နယ်အတွင်း ကမ်းပါးနီ၊ စည်သာ၊ နတ်ချောင်းပစ်ခတ်မှုများ
- KNU တပ်မဟာ-၃တွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်နှင့်ဗုံးကြဲ၍ ၁၁ဦး သေဆုံး၊ ၅ဦး ဒဏ်ရာရ
- ဖမ်းဆီးခံတွေ ဥပဒေအရ အကာအကွယ် ရယူခွင့် အတားအဆီးရှိ ( တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေး)
- အာဏာသိမ်း ၂ လ ပြည့် ရန်ကုန်က ဆန့်ကျင်ကန့်ကွက်မှုများ
- အာဏာသိမ်း စစ်ခေါင်းဆောင်တွေ တာဝန်ခံမှုရှိစေရေး တရုတ်သြဇာသုံးဖို့ ကန်တောင်းဆို
- ကန် နဲ့ မလေးရှား ဝန်ကြီး ၂ဦး မြန်မာ့အရေး ဆွေးနွေး
- မြန်မာစစ်ကောင်စီကို လုံခြုံရေးကောင်စီက ဒဏ်ခတ်အရေးယူဖို့ တရုတ်ကန့်ကွက်
- တရုတ်ရောက် အာဆီယမ်နိုင်ငံခြားရေးဝန်ကြီးများ
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ဆန္ဒပြုကြောင်း ကုလ အထူးကိုယ်စားလှယ်ပြောကြား
- မြန်မာ့ပြည်တွင်းစစ်ကိုတားဆီးနိုင်အောင် အရေးယူဖို့ ကုလကိုယ်စားလှယ်တိုက်တွန်း
မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို ယူကေ ပိတ်ဆို့အရေးယူ Posted: 01 Apr 2021 09:34 AM PDT မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)ကို ယူကေက ပိတ်ဆို့အရေးယူလိုက်တယ်လို့ ဒီကနေ့ ဧပြီ ၁ ရက်မှာ ကြေညာခဲ့ပါတယ်။ဒီလိုအရေးယူမှု ပြုလုပ်တာဟာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်နေမှုကြောင့်လို့ ဆိုပါတယ်။ယူကေရဲ့ အခုနောက်ဆုံး အရေးယူ ပိတ်ဆို့မှုဟာ မြန်မာတပ်မတော်ရဲ့ အဓိက ငွေကြေးအထောက်အပံ့တွေထဲက တစ်ခုကို ပစ်မှတ်ထားခဲ့တာဖြစ်တယ်လို့ နိုင်ငံခြားရေး၀န်ကြီး ဒေါမနစ်ရပ်ဘ်က အဲဒီကြေညာချက်ထဲမှာ |
ဝိုင်ဖိုင်အင်တာနက်ဝန်ဆောင်မှုတွေ ပိတ်ဖို့ ဆက်သွယ်ရေးကုမ္ပဏီတွေကို ညွှန်ကြားထား Posted: 01 Apr 2021 09:33 AM PDT မြန်မာနိုင်ငံမှာ ဝိုင်ဖိုင် အင်တာနက် ဝန်ဆောင်မှုတွေကို နောက်ထပ်တစ်စုံတစ်ရာ အကြောင်းမကြားမချင်း ပိတ်ထားဖို့ အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီတွေကို စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ အဲဒီကုမ္ပဏီတွေက ပြောပါတယ်။ဝိုင်ဖိုင် အင်တာနက် ဝန်ဆောင်မှုတွေ ပိတ်ထားဖို့ ညွှန်ကြားချက်ကို ကုမ္ပဏီတစ်ခုက သက်ဆိုင်ရာ ကုမ္ပဏီဝန်ထမ်းတွေကို အီးမေးက တစ်ဆင့်ပေးပို့တာကို ရိုက်တာသတင်းဌာနက သိရှိခဲ့ရတယ်လို့လည်း ဆိုပါတယ်။ ဘာကြောင့် |
အမေရိကန်တပ်မတော်က ချင်းလူငယ်ရဲ့ စိန်ခေါ်သံ Posted: 01 Apr 2021 09:21 AM PDT ဖက်ဒရယ်တပ်မတော်အတွက်အသင့်ဖြစ်နေတယ်ပြည်သူကိုလက်နက်နဲ့ အကြမ်းဖက်သတ်တဲ့ကောင်တွေ သတိထားမအလ မင်းကို ငါကိုယ်တိုင် လာပစ်သတ်မယ်(အမေရိကန်တပ်မတော်က ချင်းလူငယ်ရဲ့ စိန်ခေါ်သံ )Burma News Networkhttps://www.facebook.com/burmanewsnetwork/videos/476580900252853 |
မြန်မာနိုင်ငံက အထည်မှာယူမှု ဗြိတိန်ကုမ္ပဏီ ဆိုင်းငံ့ Posted: 01 Apr 2021 09:15 AM PDT (၁-၄-၂၀၂၁)မြန်မာနိုင်ငံကနေ အဝတ်အထည်မှာယူမှုကို ဆိုင်းငံ့ထားလိုက်ပြီလို့ ဗြိတိန်ရှိ နာမည်ကြီး ဖက်ရှင်ကုမ္ပဏီ Next က ဒီနေ့ပြောဆိုပါတယ်။ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက်အဖြစ် မြန်မာနိုင်ငံက တင်ပို့မှုကို အခုလိုရပ်ဆိုင်းလိုက်တာဖြစ်ပြီး အခြားနိုင်ငံတွေဆီ အစားထိုးမှာယူနိုင်ဖို့ ကြိုးစားနေတယ်လို့ Next ရဲ့ အမှုဆောင်အရာရှိချုပ် ကပြောပါတယ်။"အခု လောလောဆယ် မြန်မာနိုင်ငံဆီ ဘာမှ ထပ်မမှာပဲ ရပ်ဆိုင်းထားပါ |
စစ်ကောင်စီကိုအံတုနေတဲ့ကလေးမြို့ပင်မသပိတ်စခန်းမှ ယနေ့ထိတိုင်အံတုလျက်ရှိ Posted: 01 Apr 2021 09:12 AM PDT စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ဖြိုခွင်းမှုကို ကြံ့ကြံ့ခံရင်ဆိုင်နေတဲ့ ကလေးမြို့ ပင်မသပိတ်စခန်း မတ်လ (၂၈) ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖြိုခွင်းမှုကြောင့် သပိတ်စခန်းက ဆန္ဒဖော်ထုတ်သူ (၄) ဦးကျဆုံးခဲ့ပေမယ့်လည်း မတ်လ (၂၉) ရက်နေ့မှာ သပိတ်စခန်းကို အခိုင်အမာပြန်တည်ဆောက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ယနေ့ထိတိုင်အံတုလျက်ရှိပါတယ်။စစ်ကောင်စီကိုအံတုနေတဲ့ကလေးမြို့ပင်မသပိတ်စခန်းမှပါ၀င်လှုပ်ရှားတချို့ကို |
Posted: 01 Apr 2021 09:08 AM PDT ကလေးမြို့နယ်နှင့် ချင်းပြည်နယ် နယ်စပ်နှင့် ကလေး-ဂန့်ဂေါလမ်းမဘေး ရွာတခုဖြစ်သော ချင်းလူမျိုးများနေထိုင်သည့် ချောင်းခွရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် U Ram Hlur (Nai Mengpa) နှင့် ဦးအောင်ဆန်းဝင်းတို့ နှစ်ဦး ကျဆုံးခဲ့ရသည်ဟု ရွာသားများမှ သတင်းပေးပို့သည်။ အလောင်းတခုကိုမူ မကောက်နိုင်သေးဟု သိရသည်။Chin Worldhttps://www.facebook.com/Chin-World-167011980026853 |
Posted: 01 Apr 2021 08:59 AM PDT လက်ရှိနိုင်ငံရေးဖြစ်စဉ်များကြောင့် အကြောင်းမျိုးမျိုးကြောင့် ပြည်ပရောက်နေသည့် မြန်မာနိုင်ငံသားများ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ (EAOs) နေရာရောက်နေသူများ ၊ နေရပ်များကိုစွန့်ခွါတိမ်းရှောင်ရောက်ရှိနေသူတွေ မြန်မာပြန်လာရေး စီမံဆောင်ရွက်ပေးမည်ဟု အကြမ်းဖက် စစ်ကောင်စီက ယနေ့ (ဧပြီ ၁)ရက် ည ၈နာရီ သတင်းတွင် ကြေညယခဲ့သည်။ထို ပြည်ပရောက် မြန်မာနိုင်ငံသားများ မြန်မာပြည်သို့ ပြန်လာပါက ပြစ်မှုကျူးလွန်ထားသူများ |
အင်တာနက်ဝိုင်ဖိုင်လိုင်းများ ရက်အကန့်အသတ်မရှိ ပိတ်မည်ဟုဆို Posted: 01 Apr 2021 08:56 AM PDT အင်တာနက် ဝိုင်ဖိုင်လိုင်းများကို ယနေ့ (ဧပြီ ၁)ရက် ည နောက်ဆုံးထားပြီး ပိတ်ရန် အကြမ်းဖက် စစ်ကောင်စီ က ညွှန်ကြားထားကြောင်း သိရသည်။အင်တာနက် ဝိုင်ဖိုင်ကို မနက်ဖြန်မ စပြီး ပိတ်ကာ ရက်အကန့်အသတ် မရှိ ပိတ်ရန် ညွှန်ကြားထားကြောင်း သိရသည်။လက်ရှိမှာ ဖုန်း အင်တာနက်ဒေတာများကို အသုံးပြုလို့မရတော့ဘဲ ဝိုင်ဖိုင်များ၊ ဖိုက်ဘာများ က တဆင့်သာ အင်တာနက်ကို အသုံးပြုနေကြသည်။SHAN News (Burmese Version)https:// |
ကူညီကယ်ဆယ်ရေးလုပ်သားတွေ အဟန့်အတားမရှိ ကူညီခွင့်ပြုဖို့ IFRC တောင်းဆို Posted: 01 Apr 2021 08:51 AM PDT ဆန္ဒပြစဉ် ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူတဦး ကြက်ခြေနီအဖွဲ့က ကုသနေစဉ် (ဓါတ်ပုံ IFRC website)မြန်မာစစ်တပ်နဲ့ရဲတပ်ဖွဲ့ရဲ့အကြမ်းဖက်နှိမ်နှင်းမှုကြောင့် သေဆုံးဒဏ်ရာရသူတွေ တိုးလာနေတာနဲ့အမ ျှ သူတို့ကို ပြုစုကုသပေးဖို့ကြိုးစားတဲ့ ရှေ့တန်းက မြန်မာကြက်ခြေနီအဖွဲ့ဝင်တွေလည်း ခြိမ်းချောက်ခံရတာတွေ၊ အဖမ်းအဆီးခံရတာတွေ ရှိနေတယ်လို့ နိုင်ငံတကာကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့ (IFRC) က ပြောပါတယ်။စစ်တပ်ကအာဏာသိမ်းပြီး ၂ လအတွင်း |
ပြည်သူကို မထိခိုက်စေတဲ့နည်းနဲ့ မြန်မာနိုင်ငံကို အရေးယူသင့် - ကုလကိုယ်စားလှယ် Tom Andrews Posted: 01 Apr 2021 08:49 AM PDT ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrewsမြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ နဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီက အရေးယူနိုင်ဖို့ အခက်အခဲရှိတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews က ဗွီအိုအေကိုပြောပါတယ်။ အရေးယူမှုတွေ ချမှတ်ဆောင်ရွက်ရင်လဲ မြန်မာပြည်သူတွေကို မထိခိုက်စေဖို့ လိုတယ် လို့လည်းသူကပြောပါတယ်။ မအင်ကြင်းနိုင်က ဆက်သွယ် |
ကော့ကရိတ်မှာ လက်ပစ်ဗုံးပေါက်ကွဲပြီး ရဲတစ်ဦးသေ Posted: 01 Apr 2021 08:10 AM PDT ကော့ကရိတ်မှာ လက်ပစ်ဗုံးပေါက်ကွဲပြီး ရဲတစ်ဦးသေ ကရင်ပြည်နယ် ကော့ကရိတ်မြို့အဝင်မှာ ၂၀၂၁ မတ်လ ၆ ရက်နေ့က ဆန္ဒပြသူတွေကို အဝင်မခံဘဲ တားဆီးထားတဲ့ စစ်ကောင်စီတပ်သားတွေကို တွေ့ရစဉ် / Photo: Thoo Lei Newsကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ မတ် ၃၁ ရက်၊ မနေ့ည ၇ နာရီလောက်က လက်ပစ်ဗုံးပေါက်ကွဲပြီး ရဲ တစ်ဦးသေဆုံးကာ စစ်သား နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ကော့ကရိတ်မြို့ထဲမှာ စစ်ကောင်စီတပ်တွေက လှည့်လည်နေစဉ် |
မန္တလေးစိန်ပန်း ပစ်ခတ်မှု နှစ်ဦးသေဆုံး Posted: 01 Apr 2021 08:08 AM PDT မန္တလေးစိန်ပန်း ပစ်ခတ်မှု နှစ်ဦးသေဆုံး သေဆုံးသူ သေနတ်ကျည်ထိမှန်ခဲ့တဲ့နေရာPhoto: RFAမန္တလေး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်ထဲမှာ ဒီကနေ့ ညနေပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လို့ နှစ်ဦး နေရာမှာတင်ပွဲချင်းပြီး သေဆုံးသွားပါတယ်။ဦးခေါင်းကို သေနတ်ကျည်ထိမှန် သေဆုံးသွားတဲ့ သေဆုံးသူတစ်ဦးရဲ့ ရုပ်အလောင်းကို စစ်တပ်က သိမ်းယူသွားတယ်လို့ မျက်မြင်တွေ့သူတွေက ဆိုပါတယ်။နောက်ထပ် ဝမ်းဗိုက်ကိုကျည်ထိမှန်ပြီး |
မြို့ မုံရွာမြဝတီရပ်ကွက် ဒေါင်းကျောင်းအနီး ယခုညနေ ၃နာရီ ၄၅မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားနေသည်။ Posted: 01 Apr 2021 07:58 AM PDT ဧပြီ-၁▪️မြို့ မုံရွာမြဝတီရပ်ကွက် ဒေါင်းကျောင်းအနီး ယခုညနေ ၃နာရီ ၄၅မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားနေသည်။မီးလောင်မှုကြောင့်နေအိမ် ၄လုံးဆုံးရှုံးခဲ့ပြီး ပြည်သူများ ခက်ခဲစွာ မီးငြှိမ်းသတ်ခဲ့ရကြောင်းသတင်းရရှိသည်။Monywa Gazettehttps://www.facebook.com/monywagazette |
မုံရွာမြဝတီရပ်အတွင်းပစ်ခတ်မှု ခေါင်းထိမှန်သူ သေဆုံး Posted: 01 Apr 2021 07:56 AM PDT မုံရွာ၊ဧပြီ-၁မုံရွာမြို့ မြဝတီရပ်ကွက် လမ်းသွယ်များအတွင်း ယနေ့မွန်းလွဲ ၃နာရီကျော်က ထိတွေ့ပစ်ခတ်မှုဖြစ်ရာ လူငယ်တစ်ဦး ဦးခေါင်းဗယ်ဘက် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့်ကျဆုံးသည်။ယနေ့တွင်နံနက် ၉နာရီမှစ၍ ထန်းတော၊မြဝတီရပ်ကွက်လမ်းများအတွင်း ရဲနှင့်စစ်တပ်က လမ်းအတွင်းရှင်းလင်းဝင်ရောက်ရာ ထိတွေ့ပစ်ခတ်မှုများဖြစ်နေသည်။ဦးခေါင်းထိမှန်ကျဆုံးသူမှာ မြဝတီရပ်မှ အသက်၃၁နှစ်အရွယ်လူငယ်ဖြစ်သည်။မုံရွာ၌ ယနေ့ပစ်ခတ်မှုတွင် လတ်တလော ၆ဦး |
သွေးထွက်လွန်တာကြောင့် သေဆုံးမှုအများဆုံးဖြစ်ပေါ်နေ Posted: 01 Apr 2021 07:54 AM PDT ဧပြီလ ၁ ရက်နေ့က ဒဏ်ရာရလူနာတစ်ဦးကို သယ်ယူလာစဥ်မြန်မာနိုင်ငံအနှံ့အပြားက ဆန္ဒပြသူတွေကို စစ်တပ်က ပစ်ခတ်နှိမ်နင်းတဲ့အခါ ဒဏ်ရာရသူတွေဟာ ဆေးရုံကို အချိန်မီမရောက်နိုင်ကြတာကများပါတယ်။ သူနာပြုကားတွေကလည်း အချိန်မီရောက်လာဖို့ ခက်ခဲပါတယ်။ဆေးရုံကိုသွားဖို့ပဲဖြစ်ဖြစ်၊ သူနာပြုကားတွေလာဖို့ပဲဖြစ်ဖြစ် ကားနဲ့သွားလာရတာဟာလည်း အတားအဆီးအပိတ်အဆို့တွေကြောင့်ရော၊ စစ်တပ်နဲ့ရဲအဖွဲ့ရဲ့ ပစ်ခတ်မှုတွေကြောင့်ပါ အချိန်ပိုပြီး ကြန့် |
ကလေးမြို့နယ်အတွင်း ကမ်းပါးနီ၊ စည်သာ၊ နတ်ချောင်းပစ်ခတ်မှုများ Posted: 01 Apr 2021 07:51 AM PDT တာဟန်းသပိတ်ကို စစ်တပ်ကဖြိုခွင်းနေစဥ်ကလေး၊ဂန့်ဂေါလမ်းပေါ်က တောင်ခင်ရန်းနဲ့ နတ်ချောင်းတို့မှာ (မတ်လ ၃၁ ရက်) တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။စည်သာနဲ့ ကမ်းပါးနီတို့မှာတော့ (မတ်လ ၃၀ ရက်) တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ဒီတိုက်ပွဲတွေဟာ မတ်လ ၂၉ ရက်နေ့ စည်သာတိုက်ပွဲနဲ့ မတ်လ ၂၈ ရက်နေ့ ကလေးမြို့တာဟန်းသပိတ်ဖြိုခွင်းမှုတွေရဲ့ နောက်ဆက်တွဲတွေလည်း ဖြစ်ကြပါတယ်။တာဟန်းသပိတ်ကစတင်မတ်လ ၂၈ ရက်က ကလေးမြို့ပေါ်က တာဟန်းရပ်ကွက်မှာ သပိတ် |
KNU တပ်မဟာ-၃တွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်နှင့်ဗုံးကြဲ၍ ၁၁ဦး သေဆုံး၊ ၅ဦး ဒဏ်ရာရ Posted: 31 Mar 2021 05:11 PM PDT မတ်လ ၃၁ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီKNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၃ ထိန်းချုပ်နယ်မြေ ဆောထိ(ရွှေကျင်)မြို့နယ်ရှိ မယ်ဒမတ်ချောင်းဖျား၊ လေချိုတောင်အနီးတွင် မတ်လ ၃၀ရက်၊ ယမန်နေ့ မွန်းလွှဲ ၃နာရီခန့်၌ စစ်ကောင်စီတပ်ဖွဲ့မှ ဂျက်တိုက်လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် သေဆုံးသူ ၁၁ဦးနှင့် ဒဏ်ရာရရှိသူ ၅ဦး ရှိသည်ဟု သိရသည်။အဆိုပါ ဗုံးကြဲသည့်နေရာမှာ ဆောထိ(ရွှေကျင်)မြို့နယ် KNU-လက်အောက်ခံ KNLA တပ်ရင်း |
ဖမ်းဆီးခံတွေ ဥပဒေအရ အကာအကွယ် ရယူခွင့် အတားအဆီးရှိ ( တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေး) Posted: 31 Mar 2021 05:01 PM PDT မှတ်တမ်းဓါတ်ပုံ- ဖေဖော်ဝါရီ ၂၇ ရက်နေ့က ဆန္ဒပြသူများကို ရဲက ဖမ်းဆီးစဉ်စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသူတွေအနေနဲ့ မတရားဖမ်းဆီး ထိန်းသိမ်းခံရအပြီး၊ တရားရုံးကိစ္စတွေအပါအဝင် အခက်အခဲမျိုးစုံကြုံနေရတယ်လို့ လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ဆိုပါတယ်။တရားရုံးချိန်းနေရာ ကြိုမသိရတာ၊ ရှေ့နေအာဏာ (Power) လွှဲ လက်မှတ်အချိန်မီ မရတာတွေအပြင်၊ ထိန်းသိမ်းခံထားရသူတွေရဲ့ မိသားစုတွေ သတင်းမသိရတာနဲ့ တွေ့ခွင့်မရတာတွေ |
အာဏာသိမ်း ၂ လ ပြည့် ရန်ကုန်က ဆန့်ကျင်ကန့်ကွက်မှုများ Posted: 31 Mar 2021 05:00 PM PDT မှတ်တမ်းဓါတ်ပုံ- မတ်လ ၃၀ ရက်နေ့က ရန်ကုန်သာကေတတွင် ဆန္ဒပြနေသူများစစ်ကောင်စီက အာဏာသိမ်းလိုက်တာ ၂လပြည့်ပြီးချိန်အထိ အာဏာရှင်ကျဆုံးရေးအတွက် ဆန့်ကျင်ဆန္ဒပြနေတာတွေ နေရာအနှံ့မှာ ပုံစံမျိုးစုံနဲ့ ရှိနေပါတယ်။ ဒီဆန္ဒပြမှုတွေမှာ ဖမ်းဆီးခံရတာတွေ၊ အကြမ်းဖက်ပစ်ခတ် ခံရတာတွေကြောင့် နောက်ပိုင်းမှာ ထိပ်တိုက်မတွေ့တော့ဘဲ အာဏာရှင်စနစ်ကို တော်လှန်နေကြတာပါ။ ရန်ကုန်ကလာတဲ့သတင်း အပြည့်အစုံကို နန်လဖိုင် က ပြောပြပေးပါမယ်။ |
အာဏာသိမ်း စစ်ခေါင်းဆောင်တွေ တာဝန်ခံမှုရှိစေရေး တရုတ်သြဇာသုံးဖို့ ကန်တောင်းဆို Posted: 31 Mar 2021 04:51 PM PDT အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရ Ned Priceမြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံအနေနဲ့ သူ့သြဇာကိုသုံးပြီး မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ပေးသင့်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောလိုက်ပါတယ်။" မြန်မာစစ်အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေကို တာဝန်ခံမှုရှိလာစေဖို့ တရုတ်က သူ့သြဇာသုံးပြီးဆောင်ရွက်ပေးဖို့ အမေရိကန်က ဆက်ပြီးတိုက်တွန်းနေပါတယ်။ မြန်မာနိုင်ငံတွင်း အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေဟာ အမေရိကန်ပြည်ထောင်စု |
ကန် နဲ့ မလေးရှား ဝန်ကြီး ၂ဦး မြန်မာ့အရေး ဆွေးနွေး Posted: 31 Mar 2021 04:49 PM PDT အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Hishammuddin Husseinအမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Hishammuddin Hussein တို့ ဗုဒ္ဓဟူးနေ့က တယ်လီဖုန်းဆက်ပြီး အာဆီယံအဖွဲ့အပါအဝင် အင်ဒိုပစိဖိတ်ဒေသနဲ့ အမေရိကန်ပြည်ထောင်စုကြား ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။တောင်တရုတ်ပင်လယ် |
မြန်မာစစ်ကောင်စီကို လုံခြုံရေးကောင်စီက ဒဏ်ခတ်အရေးယူဖို့ တရုတ်ကန့်ကွက် Posted: 31 Mar 2021 04:46 PM PDT မြန်မာစစ်ကောင်စီကို လုံခြုံရေးကောင်စီက ဒဏ်ခတ်အရေးယူဖို့ တရုတ်ကန့်ကွက် ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Jun။ File Photo/AFPစစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို တရုတ်နိုင်ငံက မြင်လိုပြီး၊ လုံခြုံရေးကောင်စီကနေ ဒဏ်ခတ်အရေးယူမှုကိုတော့ လက်မခံ ကန့်ကွက်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ တရုတ်သံအမတ်ကြီးက Zhang Jun က တံခါးပိတ်အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြထားပါ |
တရုတ်ရောက် အာဆီယမ်နိုင်ငံခြားရေးဝန်ကြီးများ Posted: 31 Mar 2021 04:43 PM PDT (၃၁/၃/၂၀၂၁)အာဆီယမ်အဖွဲ့ဝင်(၄) နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ တရုတ်နိုင်ငံကို ဒီကနေ့ရောက်လာပါတယ်။ အင်ဒိုနီးရှား မလေးရှား စင်ကာပူနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အဓိကထားဆွေးနွေးဖို့ဖြစ်ပါတယ်။ အာဆီယမ်ထိပ်သီးညီလာခံအမြန်ခေါ်ဖို့နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေရပ်ဆိုင်းဖို့ တရုတ်ရဲ့ သဘောထားကို လာရောက်ဆွေးနွေးတိုင်ပင်တာဖြစ်သလို အဓိက |
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ဆန္ဒပြုကြောင်း ကုလ အထူးကိုယ်စားလှယ်ပြောကြား Posted: 31 Mar 2021 04:41 PM PDT (၁-၄-၂၀၂၁)ဖမ်းဆီးခံနေရတာ ၂ လကြာနေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြန်ဆုံးတွေ့ဆုံခွင့်ရပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စ ဆွေးနွေးချင်သေးတယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Christine Schraner Burgener က တွစ်တာ ကနေ သတင်းထုတ်ပြန်ပါတယ်။စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ချက်ခြင်းလွှတ်အောင် အာဏာသိမ်း စစ် |
မြန်မာ့ပြည်တွင်းစစ်ကိုတားဆီးနိုင်အောင် အရေးယူဖို့ ကုလကိုယ်စားလှယ်တိုက်တွန်း Posted: 31 Mar 2021 04:39 PM PDT မြန်မာ့အရေး ဗုဒ္ဓဟူးနေ့ လုံခြုံရေးကောင်စီအရေးပေါ်အစည်းအဝေးမှာ - ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Burgener က - ထိရောက်တဲ့ အရေးယူမှုတွေလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံကနေ တံခါးပိတ်ဆွေးနွေးခဲ့ကြတာဖြစ်ပြီး၊ အထူးကိုယ်စားလှယ် Christine Burgener အစီရင်ခံခဲ့တာဖြစ်ပါတယ်။ ဒီမိုကရေစီ လိုလားတဲ့ ဆန္ဒပြသူတွေအပေါ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဥပဒေမဲ့ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.