သစ္ထူးလြင္ |
- အာဏာရှင်ဆန့်ကျင်ရေးမှာပါဝင်သူ လူငယ်တချို့ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ ခိုလှုံဖို့ ပြင်ဆင်နေကြ
- ဖိနှိပ်မှု ပုံစံအမျိုးမျိုး နေ့ရောညပါ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ပြုမူ
- မြန်မာနိုင်ငံမှာ ဆန်နဲ့ဆီ စားသောက်ကုန်စျေးတွေ တရိပ်ရိပ် တက်နေတယ်လို့ WFP ပြော
- မြန်မာ့အရေး ချက်ခြင်းတုန့်ပြန်ဆောင်ရွက်ဖို့ အတွင်းရေးမှူးချုပ်ထံ ကုလအထူးအကြံပေးကောင်စီ တောင်းဆို
- ရှေ့နေနဲ့ လူချင်းတွေ့ခွင့်ရဖို့ ရုံးချိန်းနေ့မှာ အတိုင်ပင်ခံပုဂ္ဂိုလ် တောင်းဆို
- ကလေးမြို့က တာဟန်း တူမီးတိုက်ပွဲ
- ဒေါ်အောင်ဆန်းစုကြည်ကို နောက်တစ်မှု ထပ်တိုးတရားစွဲ
- မြန်မာနိုင်ငံမှာ ရှေ့နေတွေအပေါ် အကြမ်းဖက်နေမှုကို သြစတြေးလျ ဘားကောင်စီနဲ့ ရှေ့နေများအသင်း ရှုတ်ချ
- တရုတ်ဆန့်ကျင်ရေးအမြင်နဲ့ ဖရဲသီးသပိတ်
- တရုတ်နိုင်ငံအား အိမ်နီးချင်းအဖြစ်မှ သင်္ဂြုလ်လိုက်ကြောင်း စစ်ကိုင်းမြို့ရှိတက်ကြွလူငယ်များမှ စျာပနအခမ်းအနားပြုလုပ်
- လွိုင်ကော်မြို့၊ နောင်ယား(က)ရပ်ကွက်မှာ ''လိုရင်ယူ၊ ပိုရင်လှူ" အစီအစဥ်ပြုလုပ်
- မိုးမောက်မှာ လက်နက်ကြီးကျည် ရွာထဲကျလို့ ၂ ဦး သေဆုံးမှု ဖြစ်ပွား
- မနက်၆နာရီမှနေ့လည်၁နာရီအထိတမူးမြို့ရပ်ကွက်များအတွင်းရှိခံတပ်အတားအဆီးအများစုကိုစစ်ကောင်စီတပ်များဖြိုခွင်းရှင်းလင်းခဲ့
- တောင်ကြီးမြို့စစ်ကောင်စီ မှ လမ်းသွား၊လမ်းလာသူများကို စစ်ဆေးမှု တင်းကြပ်နေ
- မိုးမောက်တိုက်ပွဲ စစ်ကောင်စီလက်နက်ကိုင်များ ကျရှုံးမှုများဟုဆို
- မိုးမောက်မြို့နယ်၊ မြို့သစ်၊ကုန်းလောရွာမှ တပ်စခန်းနှစ်ခုအား KIA မှ သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ
- CDM ကိုပံ့ပိုးမယ့် မြန်မာတို့ရဲ့ ဗဂျီးနီးယားပြည်နယ် စျေးရောင်းပွဲ
- တိုင်းရင်းသားတပ်တွေဆီ ခိုလှုံလာသူ CDM ဝန်ထမ်းတချို့ရဲ့ ရင်ဖွင့်သံ
- ပဲခူးမှာ အလောင်းပြန်လာယူတဲ့ မိသားစုတွေဆီကနေ ငွေကျပ် တစ်သိန်းနှစ်သောင်း စစ်တပ်နဲ့ ရဲတောင်းနေ
- ပဲခူးမှာ အလောင်းပြန်လာယူတဲ့ မိသားစုတွေဆီကနေ ငွေကျပ် တစ်သိန်းနှစ်သောင်း စစ်တပ်နဲ့ ရဲတောင်းနေ
- မိုးမောက်ကတိုက်ပွဲတွေကြောင့် အရပ်သား ၅ ဦး သေဆုံး
- သတ်ဖြတ်ဖမ်းဆီးမှုတွေ ပဲခူးမှာ ဆက်လက် ဖြစ်ပွား
- အင်တာနက်ပိတ်ပင်မှုတွေအကြား သတင်းစီးဆင်းမှုမပြတ်အောင် လူငယ်တွေ ကြိုးစားနေ
- မြန်မာစစ်တပ် အကြမ်းဖက်နဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ကန်သံရုံး တိုက်တွန်း
- ပဲခူးမြို့ ပစ်ခတ်မှု ဖြစ်စဉ်များနှင့် ပတ်သက်၍ ကုလသမဂ္ဂမှ စောင့်ကြည့်လျက်ရှိကြောင်း ထုတ်ပြန် နိုင်ငံတစ်ချို့မှပြည်သူများပဲခူးနှင့်အတူရပ်တည်ကြောင်းပြသ
အာဏာရှင်ဆန့်ကျင်ရေးမှာပါဝင်သူ လူငယ်တချို့ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ ခိုလှုံဖို့ ပြင်ဆင်နေကြ Posted: 12 Apr 2021 07:14 AM PDT စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ဆင်နွှဲနေတဲ့လူငယ်များ။စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ တက်တက်ကြွကြွပါဝင်နေကြတဲ့ လူငယ် ကျောင်းသားတွေကို အာဏာပိုင်တွေဘက်က ဖမ်းဆီးမှုတွေ အရှိန်မြှင့် လုပ်နေချိန်မှာ တချို့က တိမ်းရှောင်နေရသလို တချို့လည်း တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိရာနေရာတွေအထိ သွားရောက် တိမ်းရှောင်ဖို့ ကြိုးစားလာကြပါတယ်။ZAWGYI/UNICODE စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ တက်တက်ကြွကြွပါဝင်နေကြတဲ့ လူငယ် ကျောင်းသားတွေကို |
ဖိနှိပ်မှု ပုံစံအမျိုးမျိုး နေ့ရောညပါ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ပြုမူ Posted: 12 Apr 2021 07:12 AM PDT အရင်နှစ်က ကိုဗစ်ကြောင့်၊ ဒီနှစ်တော့ စစ်ကောင်စီကြောင့် ၂ နှစ်ဆက် သင်္ကြန်မကျတော့တဲ့ မြန်မာပြည်ရန်ကုန်မှာ စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ မြို့နယ်တွေမှာသာမက နေရာအနှံ့မှာ စစ်ကောင်စီ တပ်ဖွဲ့တွေက လမ်းသွားလမ်းလာတွေကို ရှောင်တခင် စစ်ဆေးမေးမြန်းတာ၊ ဖုန်းတွေကို စစ်တာ၊ နှာခေါင်းစည်း မျက်နှာဖုံး mask မတပ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒဏ်ရိုက်တယ်ဆိုပြီး ငွေကြေးတောင်းတာတွေ ပြုလုပ်နေတယ်လို့ ကိုယ်တွေ့ကြုံကြ ရသူ |
မြန်မာနိုင်ငံမှာ ဆန်နဲ့ဆီ စားသောက်ကုန်စျေးတွေ တရိပ်ရိပ် တက်နေတယ်လို့ WFP ပြော Posted: 12 Apr 2021 07:09 AM PDT WORLD FOOD PROGRAMME / ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မြန်မာနိုင်ငံမှာ ဆန်နဲ့ဆီ အပါအဝင် စားသောက်ကုန်စျေးနှုန်းတွေ တရိပ်ရိပ် တက်လာနေတယ်လို့ WFP ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။ဆန်စျေးဟာလည်း ဇန်နဝါရီလကစလို့ ၅ ရာခိုင်နှုန်း တက်သွားခဲ့ပြီး ရခိုင်ပြည်နယ် အလယ်ပိုင်းမှာ ၇ ရာခိုင်နှုန်း၊ ချင်းပြည်နယ်မှာ ၈ ရာခိုင်နှုန်း၊ ကချင်ပြည်နယ်မှာ ၁၁ ရာခိုင်နှုန်းအထိ တက်သွားတယ်လို့ ဆိုပါ |
မြန်မာ့အရေး ချက်ခြင်းတုန့်ပြန်ဆောင်ရွက်ဖို့ အတွင်းရေးမှူးချုပ်ထံ ကုလအထူးအကြံပေးကောင်စီ တောင်းဆို Posted: 12 Apr 2021 07:06 AM PDT ပဲခူးမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ သပိတ်ခံတပ် (ဧပြီ ၉ ၊၂၀၂၁) (Photo း း HANTARWADI MEDIA via AFPTV "/ AFP)ပဲခူးမြို့က ပင်မသပိတ်စခန်းတခုကို မြန်မာစစ်တပ်က ဝင်ရောက်ဖြိုခွင်းတဲ့အချိန်မှာ ပြည်သူ ၈၂ ဦးထက်မနည်းသေဆုံးခဲ့ရတဲ့အပြင် ထိတ်လန့်စရာအခြေအနေတွေပေါ်ပေါက်နေတဲ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေနဲ့ ချက်ချင်းတုန့်ပြန်ဆောင်ရွက်ဖို့ မြန်မာ့အရေး အထူးအကြံပေးကောင်စီအဖွဲ့ SAC-M ကတိုက်တွန်း တောင်းဆို |
ရှေ့နေနဲ့ လူချင်းတွေ့ခွင့်ရဖို့ ရုံးချိန်းနေ့မှာ အတိုင်ပင်ခံပုဂ္ဂိုလ် တောင်းဆို Posted: 12 Apr 2021 07:04 AM PDT နေပြည်တော်မှာ ဖမ်းဆီးတရားစွဲခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ အမှုတခု တပ်တိုး တရားစွဲလိုက်တဲ့အတွက် သူရင်ဆိုင်နေရတဲ့ အမှု စုစုပေါင်း ၆ မှု ရှိသွားပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေနဲ့ တွေ့ဆုံဖို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တရားရုံးမှာ ထပ်ပြီး တောင်းဆိုခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုခင်မောင်စိုးမင်းကဆက်ပြီးပြောပြပါမယ်။ဖမ်းဆီး |
ကလေးမြို့က တာဟန်း တူမီးတိုက်ပွဲ Posted: 12 Apr 2021 07:02 AM PDT ကလေးမြို့က တာဟန်း တူမီးတိုက်ပွဲ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ၂၀၂၁၊ ဧပြီ ၁၂ ရက်နေ့က စစ်အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒပြသူတွေကို တွေ့ရစဉ် / Photo: Citizen Journalistစစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြတဲ့ လူငယ်တွေဟာ ရဲနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကို ခုခံကာကွယ်ဖို့အတွက်၊ တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ်မှာ ပင်မခံတပ် စခန်းကို မတ်၂၇ ရက် တပ်မတော်နေ့ကတည်းက တည်ဆောက်ခဲ့ |
ဒေါ်အောင်ဆန်းစုကြည်ကို နောက်တစ်မှု ထပ်တိုးတရားစွဲ Posted: 12 Apr 2021 06:59 AM PDT ဒေါ်အောင်ဆန်းစုကြည်ကို နောက်တစ်မှု ထပ်တိုးတရားစွဲ ဆန္ဒပြသူတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံ ကိုင်ဆောင်ထားစဉ်။ Photo- Reutersနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ နောက်တစ်မှု ထပ်တိုးတရားစွဲလိုက်တယ်လို့ အမှုလိုက်ရှေ့နေ ဒေါ်မင်းမင်းစိုးက RFA ကိုပြောပါတယ်။ဒီပုဒ်မနဲ့ အရင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲတရားစွဲထားပြီး ဖြစ်ပေမယ့် |
မြန်မာနိုင်ငံမှာ ရှေ့နေတွေအပေါ် အကြမ်းဖက်နေမှုကို သြစတြေးလျ ဘားကောင်စီနဲ့ ရှေ့နေများအသင်း ရှုတ်ချ Posted: 12 Apr 2021 06:57 AM PDT The Law Council of Australia / သြစတြေးလျ ဘားကောင်စီမြန်မာနိုင်ငံမှာ ရှေ့နေတွေနဲ့ တရားသူကြီးတွေကို အာဏာသိမ်းစစ်ကောင်စီက ခြိမ်းခြောက် နှောင့်ယှက်၊ မတရား ဖမ်းဆီး ထိန်းသိမ်းနေတာတွေနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း သြစတြေးလျ ဘားကောင်စီနဲ့ သြစတြေးလျ ရှေ့နေများအသင်းက ထုတ်ပြန်လိုက်ပါတယ်။စစ်တပ်ရဲ့ ထိန်းသိမ်းခံထားရတဲ့ သူတို့ရဲ့ အမှုသည်တွေဘက်က ကိုယ်စားပြု အမှုရင်ဆိုင်ခဲ့တဲ့အတွက် ရှေ့နေတွေကို |
တရုတ်ဆန့်ကျင်ရေးအမြင်နဲ့ ဖရဲသီးသပိတ် Posted: 12 Apr 2021 06:55 AM PDT မူဆယ်ကနေ တရုတ်ပြည် ရွှေလီဘက်သွားမယ့် ဖရဲကားတွေ (ပုံဟောင်း)မြန်မာ အာဏာသိမ်း စစ်ကောင်စီကို နိုင်ငံတကာ အရေးယူမှုတွေကနေ ကင်းလွတ်နေအောင် တရုတ်၊ ရုရှားတို့က အကာအကွယ်ပြု ပေးနေတယ်ဆိုပြီး ပြည်တွင်း ပြည်ပ ၀ေဖန်သူတွေ၊ အကဲခတ်တွေက ပိုပြီး ပြောလာကြပါတယ်။မြန်မာစစ်တပ်ရဲ့ အဓိက ကျောထောက်နောက်ခံဟာ တရုတ် ပြည်မကြီး အစိုးရဖြစ်တယ်၊ မြန်မာ စစ်တပ်ဟာ တရုတ်နဲ့ နီးစပ်တယ်ဆိုတဲ့ အမြင်တွေကို ပြောင်းနိုင်ဖို့ စစ်ကောင်စီက ကနေဒါ |
Posted: 12 Apr 2021 06:51 AM PDT စစ်ကိုင်း၊ ဧပြီ ၁၂စစ်ကိုင်းမြို့ ဘော်ဂါကျောက်ပုတီးဝိုင်းတွင် ယနေ့နံနက်ပိုင်းက တရုတ်နိုင်ငံအား အိမ်နီးချင်းနိုင်ငံအဖြစ်မှ ပယ်ဖျက်ပြီး သင်္ဂြိုလ်ခြင်းအခမ်းအနားကို တရုတ်ရိုးရာစျာပနအတိုင်းပြုလုပ်ခဲ့သည်။ပြီးခဲ့သည့် ဖေဖော်ဝါရီ၁ရက်နေ့က မြန်မာစစ်တပ်မှ နိုင်ငံတော်အာဏာကိုသိမ်းယူပြီးသည့်နောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ပြီး ရက်ပေါင်း ၇၁ ရက်အတွင်း နိုင်ငံတစ်ဝှမ်းတွင် ကျဆုံးသူ |
လွိုင်ကော်မြို့၊ နောင်ယား(က)ရပ်ကွက်မှာ ''လိုရင်ယူ၊ ပိုရင်လှူ" အစီအစဥ်ပြုလုပ် Posted: 12 Apr 2021 06:43 AM PDT ကန္တာရဝတီတိုင်း(မ်)ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့၊ နောင်ယား(က) ရပ်ကွက်တွင်း ပြည်သူအချင်းချင်းအပြန်အလှန်ကူညီတဲ့အနေနဲ့ ''လိုရင်ယူ၊ ပိုရင်လှူ''အစီအစဥ်ကို ဧပြီလ ၁၁ ရက်နေ့ ညနေပိုင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။ရပ်ကွက်တွင်း ကားများဖြင့် လှည့်လည်ပြီး ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ/ဖြူ၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်စတဲ့ အခြေခံစားသောက်ဖွယ်ရာတွေကို လိုအပ်နေတဲ့ ရပ်ကွက်နေပြည်သူတွေဆီ မျှဝေပြီး ပိုနေသူတဲ့ ပြည်သူတွေဆီကလည်း |
မိုးမောက်မှာ လက်နက်ကြီးကျည် ရွာထဲကျလို့ ၂ ဦး သေဆုံးမှု ဖြစ်ပွား Posted: 12 Apr 2021 06:39 AM PDT ရန်ကုန်၊ ဧပြီ ၁၂၊ ၂၀၂၁ကချင်ပြည်နယ် မိုးမောက်မြို့နယ်ထဲမှာ တပ်မတော်နဲ့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး ဧပြီ ၁၁ ရက်ညက လက်နက်ကြီးကျည် ရွာထဲကျပေါက်ကွဲတာကြောင့် လူ ၂ ဦးသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သတင်းရပါတယ်။မိုးမောက်မြို့နယ် နတ်မိုးကျေးရွာက အမျိုးသမီး ၁ ဦးနဲ့ ရွှေမြောင်း ကျေးရွာက အမျိုးသား ၁ ဦး သေဆုံးပြီး အခြား ၁ ဦး ခြေထောက်မှာ ကျည်မှန်ခဲ့တယ်လို့ ဒေသခံတွေက |
Posted: 12 Apr 2021 07:29 AM PDT တမူးမြို့တွင်းရှိ ရပ်ကွက် ၃ ခု ရှိခံတပ်အတားအဆီးများကိုစစ်ကောင်စီတပ်ဖွဲ့၀င်များက မနက် ၆ နာရီကစကာ နေ့လည် ၁ နာရီလိုက်လံဖြိုခွင်းရှင်းလင်းခြင်းကြောင့်ခံတပ်စခန်းအတားအဆီးအများစုကိုရှင်းလင်းခဲ့ကြောင်းသိရသည်။စစကောင်စီတပ်ဖွဲ့၀င်များ၏အင်အားအဆမတန်များပြားခြင်းကြောင့်တမူးမြို့လုံခြုံရေးအဖွဲ့အနေဖြင့်နောက်ဆုတ်ခဲ့ရသည်ဟု၄င်းတို့၏လူမူကွန်ရက်တွင်ဖော်ပြထားသည်။ဆေးရုံ၊စျေးဆိုင်တန်းများအတွင်း၀င်ရောက်လုယက်နှိပ်စက်ခြင်း |
တောင်ကြီးမြို့စစ်ကောင်စီ မှ လမ်းသွား၊လမ်းလာသူများကို စစ်ဆေးမှု တင်းကြပ်နေ Posted: 12 Apr 2021 06:29 AM PDT သျှမ်းသံတော်ဆင့်၊ ဧပြီ ၁၂ရက် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့အတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ မှ ဖုန်းစစ်ဆေးမှု ပြုလုပ်ပြီး ပိုက်ဆံတောင်းမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။ယခုရက်ပိုင်း တောင်ကြီးမြို့ ရပ်ကွက်လမ်းများတွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့က စောင့်ဆိုင်းနေပြီး လမ်းသွား၊ လမ်းလာများကို လိုက်လံတားဆီးကာ ဖုန်းများ စစ်ဆေးမှု ပြုလုပ်ပြီး၊ ဖုန်းမပါရှိပါက ပိုက်ဆံတောင်း |
မိုးမောက်တိုက်ပွဲ စစ်ကောင်စီလက်နက်ကိုင်များ ကျရှုံးမှုများဟုဆို Posted: 12 Apr 2021 06:27 AM PDT 12 April 2021 - Nmawkမိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်များ သေဆုံးမှုများပြီး စစ်တိုက်လေယာဥ်များ၊ လက်နက်ကြီးများဖြင့် လက်လွတ်စပယ်ပစ်ခတ်မှုများရှိနေသည်ဟု ဒေသခံများက ဆိုသည်။ စစ်သားသေဆုံးသူများနှင့် ဒဏ်ရာရသူများကို ကားဖြင့်သယ်ဆောင်သွားသွားသည်ကို တွေ့ရှိရကြောင်းဟုလည်း ဆိုသည်။ စစ်ကောင်စီတပ်၏ ပစ်ခတ်သော လက်နက်ကြီးများကြောင့် ကျေးရွာအချို့မှ လူနေအိမ်များ ထိခိုက်ပျက်စီးသွားသလို အရပ်သား |
Posted: 12 Apr 2021 06:22 AM PDT ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ရှိ မြို့သစ်ကုန်း၊ေလာရှိ စစ်ကောင်စီတပ်စခန်း(၂) ခု အား KIA တပ်ဖွဲ့မှ ယမန်နေ့ ဧပြီလ ၁၁ ရက်နေ့ ညက သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ရှေ့တန်းစခန်းက သိရသည်။ "KIA တပ်မဟာ ၅ တပ်ရင်း ၃၀ ရှေ့က တပ်စခန်းအနီးမှာ စစ်ကောင်စီက စစ်ကြောင်းတွေ တို့ချဲ့လာတဲ့အတွက်ကြောင့် တိုက်ပွဲတွေ ဆက်လက်ပြီးပြင်းထန်လာနိုင်တယ်" ဟုဆိုသည်။ ထို့ပြင်ဧပြီလ (၁၁) ရက်ညနေ (၇) နာရီအချိန်ခန့်ကနေ ဒေါ့ဖုန်းယန် |
CDM ကိုပံ့ပိုးမယ့် မြန်မာတို့ရဲ့ ဗဂျီးနီးယားပြည်နယ် စျေးရောင်းပွဲ Posted: 12 Apr 2021 05:56 AM PDT မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အကြမ်းမဖက် အာဏာဖီဆန်ရေး တိုက်ပွဲဝင်နေကြတဲ့ CDM လှုပ်ရှားသူတွေကို ကူညီထောက်ပံ့နိုင်ရေး ရန်ပုံငွေရှာတဲ့ စျေးရောင်းပွဲတခုကို Anti-Dictatorship in Burma (DC Metro Area)အဖွဲ့က ကမကထပြုပြီး အမေရိကန် အရှေ့ခြမ်း ဗာဂျီးနီးယားပြည်နယ်က "Taste of Burma" မြန်မာစားသောက်ဆိုင်ရှေ့မှာ အစားအသောက်နဲ့ ပစ္စည်းမျိုးစုံ ခင်းကျင်း ရောင်းချခဲ့ပါတယ်။" ဒီနေ့ ဗဂျီးနီးယားက |
တိုင်းရင်းသားတပ်တွေဆီ ခိုလှုံလာသူ CDM ဝန်ထမ်းတချို့ရဲ့ ရင်ဖွင့်သံ Posted: 12 Apr 2021 05:53 AM PDT မြန်မာနိုင်ငံအနှံ့ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲ တွေကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက် ဖြိုခွင်း ၊ ဖမ်းဆီးတာတွေ အဆက်မပြတ် လုပ်လာတာကြောင့် ဒီလိုစိုးရိမ်ဖွယ် အခြေအနေကေို ရှောင်ရှားဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရှိရာ နယ်စပ်ဒေသတွေကို တိမ်းရှောင်လာသူတွေလည်း အများအပြား ရှိနေပါတယ်။ စစ်အာဏာသိမ်းမှု ဆန့်ကျင်လှုပ်ရှားရင်း နယ်စပ်ဒေသတွေကို တိမ်းရှောင် လာကြရသူတွေ အကြောင်း AFP သတင်းကို အခြေခံပြီး |
ပဲခူးမှာ အလောင်းပြန်လာယူတဲ့ မိသားစုတွေဆီကနေ ငွေကျပ် တစ်သိန်းနှစ်သောင်း စစ်တပ်နဲ့ ရဲတောင်းနေ Posted: 12 Apr 2021 05:52 AM PDT ဧပြီလ ၉ ရက်နေ့က ပဲခူးမြို့မှာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုကြောင့် သေဆုံး သွားရတဲ့သူတွေရဲ့ အလောင်းတွေကို မိသားစုတွေက သဂြိုလ်ဖို့ ပြန်ထုတ်ယူချင်တယ်ဆိုရင် တစ်ယောက်ကို ငွေကျပ် တစ်သိန်း နှစ်သောင်းပေးရမယ်လို့ စစ်တပ်နဲ့ရဲက တောင်းခံလို့ ပေးလိုက်ရ တဲ့အကြောင်း သပိတ်ခေါင်းဆောင်တွေ၊ လူမှုကူညီရေးအဖွဲ့တွေက ပြောကြပါတယ်။ဒီလိုငွေတောင်းတဲ့အကြောင်း ပြန်မပြောဖို့ကိုလည်း မိသားစုတွေကို ခံဝန်ကတိထိုး |
ပဲခူးမှာ အလောင်းပြန်လာယူတဲ့ မိသားစုတွေဆီကနေ ငွေကျပ် တစ်သိန်းနှစ်သောင်း စစ်တပ်နဲ့ ရဲတောင်းနေ Posted: 12 Apr 2021 05:49 AM PDT ဧပြီလ ၉ ရက်နေ့က ပဲခူးမြို့မှာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုကြောင့် သေဆုံး သွားရတဲ့သူတွေရဲ့ အလောင်းတွေကို မိသားစုတွေက သဂြိုလ်ဖို့ ပြန်ထုတ်ယူချင်တယ်ဆိုရင် တစ်ယောက်ကို ငွေကျပ် တစ်သိန်း နှစ်သောင်းပေးရမယ်လို့ စစ်တပ်နဲ့ရဲက တောင်းခံလို့ ပေးလိုက်ရ တဲ့အကြောင်း သပိတ်ခေါင်းဆောင်တွေ၊ လူမှုကူညီရေးအဖွဲ့တွေက ပြောကြပါတယ်။ဒီလိုငွေတောင်းတဲ့အကြောင်း ပြန်မပြောဖို့ကိုလည်း မိသားစုတွေကို ခံဝန်ကတိထိုး |
မိုးမောက်ကတိုက်ပွဲတွေကြောင့် အရပ်သား ၅ ဦး သေဆုံး Posted: 12 Apr 2021 05:46 AM PDT တိုက်ပွဲကြောင့် လက်နက်ထိမှန်ပြီး ပျက်စီးသွားသည့် မြို့သစ်က နေအိမ်တစ်လုံးကချင်ပြည်နယ်ထဲက မိုးမောက်မြို့နယ်မှာပါတဲ့ မြို့သစ်၊ ကုန်းလော၊ မခွယ်၊ စီဟက်ရွာတွေမှာ ဧပြီလ ၁၁ ရက်တိုက်ပွဲတွေကြောင့် အနည်းဆုံးအရပ်သား ၅ ဦးသေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။သေဆုံးသူတွေထဲမှာ မြို့သစ်က ကလေးမိခင်တစ်ဦးနဲ့ မခွယ်က တစ်ဦး ပါဝင်တယ်လို့ ဒေသခံတွေက ဘီဘီစီကို အတည်ပြုပါတယ်။လက်နက်ကြီးတွေပါ ပါတဲ့တိုက်ပွဲ ဘယ်ကနေဘယ်လိုစဖြစ်တယ်ဆို |
သတ်ဖြတ်ဖမ်းဆီးမှုတွေ ပဲခူးမှာ ဆက်လက် ဖြစ်ပွား Posted: 12 Apr 2021 05:44 AM PDT အဖြိုခွဲမခံရမီ ပဲခူးမြို့ မဂ္ဂတစ်ခံတပ်မှာ ညသပိတ် ပြုလုပ်ခဲ့ကြဧပြီလ ၉ ရက်မနက်ခင်းက ပဲခူးမြို့မှာ ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူအများအပြား သေဆုံးခဲ့ပါတယ်။ ဆန္ဒပြသူတွေပြိုကွဲသွားပြီးနောက်မှာလည်း နောက်ထပ် သတ်ဖြတ်မှုတွေ၊ ရှာဖွေမှုတွေ၊ ဖမ်းဆီးမှုတွေ ဆက်လက်ဖြစ်ပေါ်ခဲ့ပါတယ်။ဆိုင်ကယ်နောက်မှာ ကြိုးနဲ့အဆွဲခံရတယ်ဆိုတဲ့ ကိုသီဟကိုသီဟဟာ ပုဏ္ဏားစုလမ်းမကြီးပေါ်က ခံတပ်တခုမှာ နေရာ ယူဆန္ဒပြနေသူဖြစ်ပါတယ်။ ပုဏ္ဏားစု |
အင်တာနက်ပိတ်ပင်မှုတွေအကြား သတင်းစီးဆင်းမှုမပြတ်အောင် လူငယ်တွေ ကြိုးစားနေ Posted: 11 Apr 2021 02:00 PM PDT မိုလိုတော့ဗ်စာစောင်လိုဂို။အင်တာနက် ဆက်သွယ်မှုတွေကို ပိတ်ပင်သလို သတင်းစီးဆင်းမှုကိုလည်း ကန့်သတ်ချုပ်ချယ်နေတဲ့ မြန်မာစစ်ကောင်စီကို ဆန့်ကျင်ပြီး မြန်မာလူငယ်တချို့က မြေအောက်သတင်းလွှာတွေကို ထုတ်ပြန်ပြီး လူထုအကြား စတင်ဖြန့်ဖြူးပေးနေပါတယ်။Molotov လို့ခေါ်တဲ့ သတင်းလွှာနဲ့ လူငယ်တွေကို စွဲဆောင်နိုင်အောင် ကြိုးပမ်းနေသလို တခြားသတင်းလွှာတွေလည်း ရှိနေပြီလို့ အသက် ၃၂ နှစ်အရွယ် အမည်ဝှက်နဲ့ ကိုလင်းသန့်က ပြောပါတယ် |
မြန်မာစစ်တပ် အကြမ်းဖက်နဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ကန်သံရုံး တိုက်တွန်း Posted: 11 Apr 2021 01:58 PM PDT ရန်ကုန်မြို့ အမေရိကန်သံရုံးရဲ့ ကြေညာချက်။ (ဧပြီ ၁၁၊ ၂၀၂၁။ ဓာတ်ပုံ - US Embassy Rangoon)မြန်မာနိုင်ငံမှာ စစ်တပ်က လက်နက်အင်အားသုံးပြီး ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွဲနေတာနဲ့ ပတ်သက်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံးက ဒီကနေ့ ညနေပိုင်းမှာ ကြေညာချက် ထုတ်ပြန်ခဲ့တာမှာ - ပဲခူးမြို့နဲ့ မြန်မာနိုင်ငံတဝန်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စစ်ဘက်တိုက်ခိုက်ရေးမှာသုံးတဲ့ လက်နက်တွေကို သုံးပြီး အရပ်သားတွေအပေါ် |
Posted: 11 Apr 2021 01:43 PM PDT ပဲခူး ဧပြီ ၁၁ ။ပဲခူးမြို့ ပစ်ခတ်မှု ဖြစ်စဉ်များနှင့် ပတ်သက်၍ ကုလသမဂ္ဂမှ စောင့်ကြည့်လျက်ရှိကြောင်း ဧပြီ ၁၀ ရက် ညပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးမှ ထုတ်ပြန်သည်။ပဲခူးမြို့တွင် အရပ်သားပြည်သူများအပေါ် လက်နက်ကြီးများအသုံးပြုကြောင်း၊ ဒဏ်ရာရသူများအား ဆေးကုသမှုကိုပိတ်ပင်နေကြောင်းသတင်းများနှင့် အကြမ်းဖက်မှုများ ဆက်လက်မြင့်တက်နေမှုကို မြန်မာနိုင်ငံ ဆိုင်ရာကုလသမဂ္ဂအဖွဲ့က စောင့်ကြည့်လျက်ရှိသည်။ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.