Monday, May 10, 2021

သစ်ထူးလွင်

သစ်ထူးလွင်


တန့်ဆည်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ် စကစ တပ်ဖွဲ့၀င် အနည်းဆုံး (၃)ဦး သေဆုံး

Posted: 10 May 2021 07:44 AM PDT

ပုံ-မတ်လအတွင်းက တန့်ဆည်မြို့နယ် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှုမြင်ကွင်းတန့်ဆည်၊မေ ၁၀စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF -Taze)နဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ ဒီကနေ့  မေလ(၁၀)ရက် ညနေ(၇)နာရီ၀န်းကျင်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၀င် အနည်းဆုံး(၃)ယောက် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ မဟာမြိုင်ရဲဘက်

ဖားကန့် ဆန်းကြွယ် အုပ်ချုပ်​ရေးမှူး သတ်ခံရ

Posted: 10 May 2021 07:40 AM PDT

May 10- kachinwavesကချင်ပြည်နယ် ဖားကန့်မြို့နယ်  ဆန်းကြွယ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်မောင် ယနေ့ည ၇ နာရီခန့်က ​နေအိမ်တွင် ​သေနတ်ဖြင့်   ပစ်သတ်ခံရ​ကြောင်း  သတင်းရရှိသည်။လူ ၃ ​ယောက်​ယောက်က ​နေအိမ်ထဲဝင်ပြီး ​သေနတ်ပစ်ပြီး  ဓါးဖြင့်ခုတ် ထိုးကာ  သတ်သွားတာဖြစ်​ကြောင်း ​ဒေသခံ ဖြစ်​ကြောင်း သိရသည်။အဆိုပါ အုပ်ချုပ်​ရေးမှူးသည်  စစ်တပ်ထွက် ဖြစ်ကာ ပြည်ခိုင်ဖြိုး ပါတီကိုလည်း အား​ပေးသူဖြစ်သလို ဒလန် ဟု

KNU ဥက္ကဋ္ဌ က မြန်မာ့အရေး တွေ့ဆုံဆွေးနွေးသင့်ကြောင်းပြော

Posted: 10 May 2021 07:29 AM PDT

KNU ဥက္ကဋ္ဌ က မြန်မာ့အရေး တွေ့ဆုံဆွေးနွေးသင့်ကြောင်းပြောလက်ရှိ မြန်မာနိုင်ငံက နိုင်ငံရေး အပြောင်းအလဲ အချိန်မှာ နှစ်ဖက် တွေ့ဆုံဆွေးနွေးရေး လမ်းစဥ်ကို သွားသင့်တယ်လို့ ကေအန်ယူ ကရင့် အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ စောမူတူးဆေးဖိုးကပြောပါတယ်။နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြစ်တဲ့ တွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့သာ အဖြေရှာသွားမယ်လို့ ကရင် အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေး

ဘဏ်ကနေ ငွေထုတ်ပေးတဲ့ ဝန်ဆောင်‌မူ တစ်သိန်းကို ရှစ်ထောင်အထိစျေးတက်

Posted: 10 May 2021 07:27 AM PDT

ဘဏ်တွေကနေ ငွေသားထုတ်ယူဖို့ ခက်ခဲလာတဲ့ အချိန်မှာ လိုအပ်တဲ့ ငွေသားပမာဏကို ရာခိုင်နှုန်းပေးပြီး လဲလှယ်ရတဲ့ တရားမဝင် ဈေးကွက်ကြီးက ပိုပြီးအားကောင်းလာပါတယ်။ဒီကနေ့ မေလ ၁၀ ရက်နေ့ဆိုရင် အဲဒီဈေးကွက်မှာ လဲလှယ်ခက ၈ ရာခိုင်နှုန်း အထိဖြစ်လာပါတယ်။သဘောကတော့ ဘဏ်စာရင်းကနေ ငွေကျပ် တစ်သိန်းလဲရင် လဲလှယ်ခ ကျပ်၈၀၀၀ပေးရတာဖြစ်ပါတယ်။လူတွေ အနေနဲ့ ပုဂ္ဂလိကဘဏ်တွေမှာ သူတို့ အပ်နှံထားတဲ့ငွေတွေကို ပြန်ထုတ်ဖို့ခက်လာတဲ့ အချိန်မှာ

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် အာဏာသိမ်းမှု ဆန့်ကျင်ပွဲ ကမ္ဘာအနှံ့ ဆက်လက်နွှဲ

Posted: 10 May 2021 07:25 AM PDT

မေလ ၉ ရက် တနင်္ဂနွေနေ့မှာ ကျရောက်တဲ့ အမေများနေ့ အထိမ်းအမှတ်အဖြစ် မြန်မာပြည်ရဲ့ မိခင်လို့ခေါ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံနေရာကနေ လွတ်မြောက်စေဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုကို ပြည်ပရောက် မြန်မာနွယ်ဖွားတွေ ပါဝင်တဲ့ Support the Democracy Movements in Burma အဖွဲ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့က ဝါရှင်တန်ရင်ပြင်မှာ ပြုလုပ်ခဲ့ကြပါတယ်။ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး အဖမ်းခံနေရတဲ့

ဆန္ဒပြသူတွေကို နှိမ်နင်းရာမှာ တရုတ်လုပ် ဒရုန်းယာဉ်တွေကို စစ်ကောင်စီအသုံးပြု

Posted: 10 May 2021 07:22 AM PDT

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ဆန္ဒပြပြည်သူတွေကို ဖြိုခွဲဖို့အတွက် မြန်မာစစ်တပ်က တရုတ်လုပ် ဒရုန်းယာဉ်တွေကို သုံးနေတယ်လို့ ANI သတင်းမှာ ဖော်ပြထားပါတယ်။မကြာသေးခင်က မန္တလေးမြို့ပေါ်တဝိုက်မှာ တွေ့နေရတဲ့ ဒရုန်းယာဉ်တွေဟာ မြေပြင်က ဆန္ဒပြလှုပ်ရှားသူတွေရဲ့ အနေထားကိုသိဖို့ သုံးတာဖြစ်နိုင်ကြောင်း Asia Time သတင်းကို ကိုးကားဖော်ပြထားသလို မြန်မာစစ်တပ်သုံးနေတဲ့ ဒရုန်းတွေဟာ တရုတ်လုပ် CH-3A တွေဖြစ်ကြောင်း

ရန်ကုန်ရွှေစျေး ၁၆ သိန်းနားကပ်

Posted: 10 May 2021 07:21 AM PDT

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်အသင်း YGEAက ဒီကနေမေလ ၁၀ ရက်နေ့ ညနေပိုင်း စျေးအပိတ် ထုတ်ပြန်တဲ့ သတင်းအရ ရန်ကုန်ရွှေစျေး အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို ကျပ် ၁၅ သိန်း ၉သောင်း ငါးထောင် နဲ့ စျေးဖွင့်ခဲ့ပြီး ၁၆ သိန်းနားအထိကပ်လာပြီဖြစ်တယ်လို့ ရန်ကုန်ဒေသခံတွေကပြောပါတယ်။ဒါဟာ မြန်မာနိုင်ငံမှာ အခုရက်ပိုင်းမှာ ဖြစ်လာတဲ့ အမြင့်ဆုံး‌ရွှေစျေးဖြစ်ပြီးတော့ ထပ်ပြီးတက်နိုင်တဲ့ အလားအလာတွေရှိနေတယ်လို့ လည်းသူ

ရန်ကုန်မှာ အေတီအမ်ကနေ ငွေထုတ်ဖို့ တန်းစီသူတွေပိုများလာ

Posted: 10 May 2021 07:20 AM PDT

ရန်ကုန်က အေတီအမ်စက် တစ်ခုမှာ တန်းစီနေတဲ့လူတန်းကိုတွေ့ရဘဏ်အချို့က အေတီအမ်ကနေ‌ငွေသားထုတ်ယူနိုင်တဲ့ ပမာဏကို ပြီးခဲ့တဲ့ရက်ပိုင်းက ထပ်မံလျှော့ချလိုက်ပြီးနောက်မှာ ရန်ကုန်မှာ ‌ငွေထုတ်ဖို့ တန်းစီသူတွေပိုများနေသလို ငွေထုတ်ဖို့ ခက်ခဲနေဆဲ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ပြီးခဲ့တဲ့ မေလ ၈ရက်နေ့က ကမ္ဘောဇဘဏ်ကနေ အေတီအမ် တစ်ကဒ်ကို နှစ်သိန်းနဲ့k pay က နှစ်သိန်း စုစုပေါင်း တစ်ပတ်ကို ၄ သိန်းသာ ထုတ်ယူခွင့်ပြုမယ်လို့

ဖမ်းဆီးခံကဗျာဆရာ ရုပ်အလောင်းပဲ ပြန်ထွက်လာ

Posted: 10 May 2021 07:17 AM PDT

AAPP က ထုတ်ပြန်တဲ့ ဖမ်းဆီးခံထားရသူတွေနဲ့ ကျဆုံးသူစာရင်းမှာ ဖော်ပြထားတဲ့ ကဗျာဆရာ ခက်သီ။ (ဓာတ်ပုံ - AAPP)စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့မှာ စစ်တပ်နဲ့ရဲတွေ စနေနေ့ညက ဖမ်းဆီးတာခံခဲ့ရတဲ့ ကဗျာဆရာ ခက်သီ (အမည်ရင်း ဦးဇော်ထွန်း) ဟာ တနင်္ဂနွေနေ့မှာ သေဆုံးသွားတယ်လို့ သူ့မိသားစုဝင်တွေက ပြောပါတယ်။အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ ကဗျာဆရာ ခက်သီဟာ ပုလဲမြို့ဇာတိဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့်

ကချင်ပြည်နယ် မိုးမောက်နဲ့ ဒေါ့ဖုန်းယန်မှာ စစ်ကောင်စီတပ်အင်အား ဖြည့်တင်း

Posted: 10 May 2021 07:16 AM PDT

စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ကချင်ပြည်နယ် မိုးမောက်နဲ့ ဒေ့ါဖုန်းယန်မြို့နယ်တွေအတွင်းမှာ စစ်ကောင်စီဘက်က တပ်အင်အားတွေ အလုံးအရင်းနဲ့ ဖြည့်တင်းလာတာကြောင့် မကြာမီ ရက်တွေအတွင်းမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ကြုံတွေ့ရနိုင်တယ်လို့ ဒေသခံတချို့နဲ့ KIA ဘက်က သုံးသပ်ကြပါတယ်။ ကချင်ပြည်နယ်အတွင်း တိုက်ပွဲနောက်ဆုံးအခြေအနေ ရန်ကုန်ကနေသတင်းပေးပို့ထားတာကို ကိုသားညွန့်ဦး က ပြောပြထားပါတယ်။ကချင်ပြည်နယ် မိုးမောက်မြို့နယ်၊

RCSS က ဖမ်းဆီးခဲ့တဲ့ နမ္မတူမြို့နယ်ထဲက ရွာသားတွေ ပြန်လွှတ်ပေးဖို့တောင်းဆို

Posted: 10 May 2021 07:14 AM PDT

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း ဧပြီလဆန်းပိုင်းကနေစပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အချင်းချင်းတို့ရဲ့ တိုက်ပွဲအတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့က ဖမ်းဆီးသွားတယ်ဆိုတဲ့ မန်ဆာနဲ့ ရေအိုးရွာက ကျေးရွာသား ငါးဦးကို ပြန်လွှတ်ပေးဖို့ တအာင်း အရပ်ဖက် အဖွဲ့နဲ့ မိသားစုဝင်တွေက တောင်းဆိုလိုက်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ချောင်းဆာကျေးရွာအုပ်စုနဲ့ပန်လုံ

အလော့ဘွမ်တောင်တိုက်ဖို့ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ KIA တိုက်ပွဲဖြစ်

Posted: 10 May 2021 07:12 AM PDT

ကချင်ပြည်နယ်၊ ဗန်းမော် - လိုင်ဇာ ကားလမ်းအရှေ့ဘက်နားက အလော့ဘွမ်တောင် စခန်းဘက်ကို ချီတက် လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ် KIA တို့ မေလ ၁၀ ရက် ဒီနေ့ မနက်အစောပိုင်းက တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်အကျဆုံးတွေရှိခဲ့ပါတယ်။KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မနက်အစောပိုင်း စစ်ကောင်စီဘက်က တက်လာ လို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး အကျအဆုံးစာရင်းကိုတော့ မသိရသေးဘူး

နမ့်ခမ်းမြို့ ကမ္ဘောဇဘဏ်ရှေ့မှာ ငွေထုတ်ဖို့အတွက် မနက် မိုးမလင်းခင်ကတည်းက ရာချီပြည်သူတွေ သွားရောက်စောင့်ဆိုင်းနေကြ

Posted: 10 May 2021 06:38 AM PDT

Photo by ရွှေဖီမြေနမ့်ခမ်းမြို့ ကမ္ဘောဇဘဏ်ရှေ့မှာ ငွေထုတ်ဖို့အတွက် မနက် မိုးမလင်းခင်ကတည်းက ရာချီပြည်သူတွေ သွားရောက်စောင့်ဆိုင်းနေကြပါတယ်။လူတဦးလျှင် တရက်  ငွေကျပ် ၅သိန်းတာထုတ်ပေးပြီး၊ လူအကန့်အသတ်နဲ့သာ ထုတ်ပေးနေတဲ့အတွက်  ဘဏ်တွေရှေ့မှာ ငွေထုတ်ဖို့ တိုးဝှေ့နေရပါတယ်။SHAN News (Burmese Version) https://www.facebook.com/shannewsburmese

အလော့ဘွမ်သို့ ပြန်လည်ချီတက်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရကာ ထိခိုက်ကျဆုံးမှုများ

Posted: 10 May 2021 06:35 AM PDT

May 10, 2021/ Kachin News Groupအလောဘွမ့် (Alaw Bum) တောင်ဘက်သို့ စစ်ကူအဖြစ် ချီတက်လာသည့် အာဏာသိမ်းစစ်တပ်၏ အင်အား ၂၀၀ ခန့်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်းခွဲတိုက်ခိုက်လိုက်သောကြောင့် ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။မေလ ၁၀ ရက်နေ့ ယနေ့ နံနက် ၄နာရီခွဲအချိန်က အဆိုပါ အာဏာသိမ်းစစ်တပ် အင်အား ၂၀၀ခန့်သည် လမ်းတွင် ၅ကြိမ်ထက်မနည်း မိုင်းခွဲခံလိုက်ရသည်ဟု အမည်မဖော်လိုသူ

KIA ကို တိုက်ခိုက်ရန်နှင့် NLD ကို ဖမ်းဆီးရန် ပူတာအို USDP ပါတီဝင်များက လက်နက်တောင်းဆိုထား

Posted: 10 May 2021 06:33 AM PDT

May 10, 2021/ Kachin News Groupပူတာအိုခရိုင် နောင်မွန်ဒေသတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို ပြန်လည်တိုက်ခိုက်ရန်အတွက် အိမ်ထောင်စုတိုင်း လက်နက်ရရှိရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP က ဌာနေပြည်သူ့စစ်အဖွဲ့ထံ တောင်းဆိုထားသည်ဟု သတင်းရရှိသည်။မေလဆန်းပိုင်းကပင် USDP ပါဝင်တီအချို့နှင့် ရဝမ်ရိုးရာယဉ်ကျေးမှုအဖွဲ့၏ နာယက ဦးထုံဖူးဒဂုဏ်က နောင်မွန်မြို့မှ ၈မိုင်ခန့်ဝေးသည့် ဌာနေပြည်သူ့စစ်

ဒေါ်အောင်ဆန်းစုကြည်ကို မေ ၂၄ ရက်မှာ ပထမဆုံးအကြိမ် လူတွေ့ စစ်ဆေးမယ်

Posted: 10 May 2021 06:31 AM PDT

နေပြည်တော်၊ မေ ၁၀၊ ၂၀၂၁ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လာမယ့် မေ ၂၄ ရက် ရုံးချိန်းမှာ ပထမဆုံး အကြိမ် လူတွေ့ စစ်ဆေးမယ် ဆိုပြီး တရားသူကြီးက အမိန့်ချလိုက်တယ်လို့ ရှေ့နေကပြောကြောင်း AFP သတင်းမှာ ဒီနေ့ ဖော်ပြပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်က ဖေဖော်ဝါရီ ၁ ရက် နိုင်ငံ့ အာဏာ လွှဲပြောင်းရယူ ထိန်းသိမ်းချိန်မှာ ဖမ်းဆီးပြီး ကတည်းက အများပြည်သူ ရှေ့မှာ

တာချီလိတ်မှာ ဖျော်ဖြေရေး နေရာတွေ ပြန်ဖွင့်လို့ ထိုင်း နယ်စပ် လုံခြုံရေး ပိုတင်းကျပ်လာလို့ ဆို

Posted: 10 May 2021 06:30 AM PDT

ထိုင်း နယ်ခြားစောင့် တပ်ဖွဲ့တွေ ကင်းလှည့်နေတာ တွေ့ရစဉ်။ချင်းရိုင်၊ မေ ၁၀၊ ၂၀၂၁ထိုင်း - မြန်မာ နယ်စပ် တာချီလိတ်မြို့မှာ ဖျော်ဖြေရေး လုပ်ငန်းတွေ ပြန်လည် ဖွင့်လှစ်ပြီးနောက် ထိုင်း နယ်ခြားစောင့် အထူးတပ်ဖွဲ့ဟာ ချင်းရိုင်ခရိုင် နယ်စပ်တလျှောက်က ထိုင်း - မြန်မာနယ်စပ်ကို ပိုမိုတင်းကျပ်စွာ ကင်းလှည့် စောင့်ကြည့် နေတယ်လို့ The Nation သတင်းက ဖော်ပြပါတယ်။အထူးသဖြင့် COVID-19 ပြန့်ပွားမှု အန္တရာယ်ကြောင့် ထိုင်း

ချင်းမိုင်ရောက် DVB သတင်းသမားတချို့ ထိုင်းကဖမ်း

Posted: 10 May 2021 06:21 AM PDT

(၁၀/၅/၂၀၂၁)ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ရောက်ရှိနေတဲ့ DVB ဝန်ထမ်းတချိုု့ကို ထိုင်း လဝက ရဲက ဒီကနေ့ဖမ်းဆီးခဲ့ကြောင်း ထိုင်းမီဒီယာတွေက ဖေါ်ပြပါသည်။တရားမဝင်နေထိုင်မှု နဲ့ ခွင့်ပြုချက်မရပဲ သတင်းတွေထုတ်လွှင့်တဲ့အတွက် ဖမ်းဆီးခဲ့တာလို့ သတင်းတွေက ဆိုပါသည်။မြန်မာသံရုံးဖိအားပေးမှု ပါဝင်ပတ်သက်ခြင်းရှိမရှိ တော့ သတင်းမှာ ဖေါ်ပြမထားပါဘူး။ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ ရပ်တည်လို့မရတော့တဲ့ သတင်းဌာနတွေ

ကျိုင်းတုံ ဈေးသည်အမျိုးသမီး သေနတ်ပစ်သတ်ခံရ

Posted: 10 May 2021 06:19 AM PDT

ပုံစာ သေနတ်ပစ်ခံရသည့် ဈေးသည်အမျိုးသမီး စီးနင်းလာသည့် ဆိုင်ကယ်မေ ၁၀ရက် ၂၀၂၁သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ယမန်နေ့ (မေ ၉ )ရက် မနက် ၄နာရီ တွင် ဈေးသည် အမျိုးသမီးတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ကျိုင်တုံမြို့ ယမန်နေ့ မနက် ၄နာရီ ခွဲခန့်တွင် ကျိုင်းတုံမြို့-မိုင်းယန်းလမ်းတွင် အသက် (၅၁)နှဏ် အရွယ်ရှိ အမျိုးသမီး တဦး သေနတ်ပစ်ခံရပြီး ၊ဝဲဘက် ရင်ဘတ်ဘေး နှင့် ဝမ်းဗိုက် ဒဏ်ရာရရှိ

တောင်ကြီးမြို့ စစ်ကောင်စီမှ အကြမ်းဖက်ရိုက်နှက် ငွေများသိမ်းယူ

Posted: 10 May 2021 06:15 AM PDT

မေ ၁၀ရက် ၂၀၂၁သျှမ်းပြည်တောင်ပိုင်း  တောင်ကြီးမြို့တွင် စစ်ကောင်စီ မှ  ညအချိန်လမ်းသွားလာသူများကို လိုက်လံစစ်ဆေးပြီး အကြောင်းမဲ့ ရိုက်နှက်ခြင်း၊ ငွေများသိမ်းယူခြင်းများလည်း ပြုလုပ်နေကြောင်း ကြုံတွေ့နေရသည့် တောင်ကြီး ပြည်သူများက ပြောသည်။စစ်ကောင်စီ မှ အာဏာသိမ်းပြီးနောက် မနက် ၄နာရီမှ ည ၈နာရီ အထိ ည မထွက်ရ အမိန့် ထုတ်ပြန်ခဲ့ပြီး၊ ဧပြီ လဆန်းပိုင်းမှ စတင်းကာ မနက် ၄နာရီမှ ည ၁၀နာရီထိ ည မထွက်ရ အမိန့်

ဖားကန့်မြို့တွင် လာဖမ်းသူကိုမ​တွေ့သဖြင့် မိန်းမနှင့် က​လေးနှစ်​ယောက်အပါအဝင် ၁၀ဦးကိုဖမ်းဆီးသွား

Posted: 10 May 2021 06:11 AM PDT

May 10 - Kachinwaves ဖားကန့်မြို့နယ်ရှိ မမုံတွင် သပိတ်တက်ကြွလှုပ်ရှားသူဟုဆိုပြီး အမျိုးသားတစ်ဦးကို စစ်ကောင်စီလက်နက်ကိုင်တပ်များက  လာရောက်ဖမ်းဆီးချိန်တွင် ထိုသူကို မတွေ့သည့်အတွက်  မိန်းမနှင့် ကလေးနှစ်ဦး အပါအဝင်အခြားဆယ်ဦးကို ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ သပိတ် လှုပ်ရှားသူများ၏ နေအိမ် ၃အိမ်ကို ဝင်စီးသွားပြီး  ပြည်သူ ၁၀ယောက်ကို ဖမ်းဆီးသွားခြင်းဖြစ်သည်။ အဆိုပါ ကလေးနှစ်ဦးသည် အသက် ၁၄နှစ်နှင့်

ပဲခူးတိုင်းအတွင်းလစ်လပ်ပညာရေးဝန်ထမ်းများအတွက်နေစားဝန်ထမ်းခေါ်ယူ

Posted: 10 May 2021 06:05 AM PDT

ပဲခူး မေ ၁၀ ။ပဲခူးတိုင်အတွင်း CDM ပြုလုပ်လျှက်ရှိသော ပညာရေးဝန်ထမ်းများနေရာတွင်အစားထိုးခန့်အပ်ရန်ဟုဆိုကာ ပဲခူးတိုင်းပညာရေးမှူးရုံးမှနေစားဝန်ထမ်းများခေါ်ယူသည်။ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယခုကဲ့သို့နေစားဝန်ထမ်းများခေါ်ယူရခြင်းဖြစ်သည်ဟုပဲခူးတိုင်းပညာရေးရုံးမှတာဝန်ရှိသူတစ်ဦးကဆိုသည်။တိုင်းပညာရေးမှူးရုံးမှတဆင့် ပြည်၊ ပေါက်ခေါင်း၊ ပေါင်းတည်၊ ပန်းတောင်း၊ သဲကုန်း၊ ရွှေတောင် စတဲ့ မြို့နယ်ပညာရေး

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.