သစ္ထူးလြင္ |
- စစ်တပ်နဲ့ဆက်နွှယ်တဲ့ရုံးခန်းနေရာတွေကနေ နိုင်ငံတကာအဖွဲ့အစည်းတွေ ပြောင်းရွှေ့
- စစ်တပ်စီးပွားရေးကို သပိတ်မှောက်တာ ထိရောက်တယ်
- အခေါက်ရွှေ တကျပ်သား မြန်မာကျပ်ငွေ ၁၇ သိန်းကျော်အထိ စျေးပေါက်
- ဖာပွန်ခရိုင်တွင်း မြန်မာစစ်စခန်းတချို့ ဆုတ်ခွာ - KNU တပ်မဟာ ၅ ပြောခွင့်ရ
- ဟားခါးမှာ စစ်တပ်လက်ထဲသေဆုံးသွားသူကို မိသားစုလက်ထဲမအပ်ဘဲ သင်္ဂြိုဟ်
- မြင်းခြံ တလုပ်မြို့ရွာမှာ နှစ်နှစ်အရွယ် ကလေးအပါအဝင် ၂၀၀ နီးပါး ဖမ်းဆီးခံရ
- ပြည်မြို့နယ် NLD ပြန်ကြားရေး ကိုကျော်ကျော်ဉာဏ်ဝင်း ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရ
- ပြည်ကျောင်းသားခေါင်းဆောင် သန့်စင်ထွန်း ထောင်ဒဏ် ၆ နှစ်ချခံရ
- အောင်ဘာလေထီဖွင့်ပွဲအား တစ်လ ၁ ကြိမ်ထီဖွင့်စနစ်အစား နှစ်လ ၁ ကြိမ် ထီဆုမဲ ဖွင့်စနစ် ပြောင်းလဲ
- ဘဏ်တွေနဲ့ ATM ကနေ ငွေသွင်း၊ ငွေထုတ် ပြုလုပ်သူ စာရင်းတွေ ပေးပို့ဖို့ ဗဟိုဘဏ် ညွှန်ကြား
- ပြည် DVB သတင်းထောက် ကိုမင်းညိုအား ထောင်ဒဏ် ၃ နှစ်ချမှတ်
- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကျိုက်ထိုမြို့၊ကြံ့ခိုင်ရေးရုံးအား ဗုံးခွဲစဥ်စစ်တပ်မှလိုက်လံပစ်ခတ်မှုကြောင့်အရပ်သား ၃ ဦးဒဏ်ရာရ
- မင်းတပ်မြို့ရဲစခန်းနားမှာလည်း တိုက်ပွဲစဖြစ်နေပြီလို့MDTပြည်သူ့အုပ်ချုပ်ရေး (သတင်းအဖွဲ့)ကသတင်းပေးပို့
- ဘဏ်များ နှင့် ATM စက်များမှ ငွေသား ထုတ်/သွင်း သူများ၏ စာရင်းများကို ပေးပို့ရန်စစ်ကောင်စီ က ညွှန်ကြား
- စစ်ကောင်စီ ရက်(၁၀၀)အတွင်း မြန်မာကျပ်ငွေဈေး အဆမတန်ကျဆင်း
စစ်တပ်နဲ့ဆက်နွှယ်တဲ့ရုံးခန်းနေရာတွေကနေ နိုင်ငံတကာအဖွဲ့အစည်းတွေ ပြောင်းရွှေ့ Posted: 12 May 2021 06:59 AM PDT ဆူးလေစကွဲအနီး ဖေဖော်ဝါရီက ဆန္ဒပြမှုရန်ကုန်မြို့က စစ်တပ်ပိုင်မြေမှာ ဆောက်ထားတဲ့ ဆူးလေစကွဲ အဆောက်အအုံက ရုံးခန်းနေရာတွေကနေ ပြောင်းရွှေ့သွားတာနဲ့ ငှားထားတာကိုပြန်စဥ်းစားသုံးသပ်တာတွေလုပ်နေတယ်လို့ ကိုကာကိုလာ၊ ကမ္ဘာ့ဘဏ်နဲ့ မက်ကန်ဇီ တို့က ဘီဘီစီကို ပြောပါတယ်။အဲဒီမြေနေရာကို စစ်တပ်က ငှားရမ်းထားတယ်ဆိုတာကို ၂၀၁၉ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ တင်ပြချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။အဲဒီအဆောက်အအုံမှာ အခန်း |
စစ်တပ်စီးပွားရေးကို သပိတ်မှောက်တာ ထိရောက်တယ် Posted: 12 May 2021 06:57 AM PDT စစ်တပ်ရဲ့ စီးပွားရေးကို အများပြည်သူ ပိုပြီး သတိထား ရှောင်ကြဉ်လာမြန်မာစစ်တပ် လက်ဝါးကြီးအုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ စစ်တပ်ပိုင် ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေကို အားမပေးရေး၊ မသုံးစွဲရေးကို ပြည်သူတွေ အရင်ကထက် သတိထားလုပ်ဆောင်နေတာ ထိရောက်မှု ရှိတယ်လို့ စောင့်ကြည့်လေ့လာသူ တချို့က ပြောကြပါတယ်။ဥပမာ- မြန်မာဘီယာ ရောင်းအား ထိုးကျသွားတယ်လို့ ဆိုပါတယ်။ စစ်တပ်ပိုင် ဦးပိုင် နဲ့ ဖက်စပ် လုပ်တဲ့ ဂျပန်ကုမ္ပဏီ ကီ |
အခေါက်ရွှေ တကျပ်သား မြန်မာကျပ်ငွေ ၁၇ သိန်းကျော်အထိ စျေးပေါက် Posted: 12 May 2021 06:54 AM PDT ရန်ကုန်မြို့ထဲ တနေရာက ရွှေဆိုင်တခု။ (စက်တင်ဘာ ၀၁၊ ၂၀၁၀)ပြည်တွင်းမှာ အခေါက်ရွှေ တကျပ်သားကို မြန်မာကျပ်ငွေ ၁၇ သိန်းကျော်လာပေမဲ့ ရွှေဝယ်ယူစုဆောင်းသူတွေ များပြားနေတာကြောင့် ရွှေရောင်းအား ကောင်းလာပါတယ်။ ဘဏ်တွေပြိုလဲသွားမှာ စိုးရိမ်ပြီး အပ်ငွေတွေ ပြန်ထုတ်နေကြတဲ့ ပြည်သူတွေဟာ တန်ဖိုး ခိုင်မာတယ်လို့ ယူဆတဲ့ရွှေကို စုဆောင်းဖို့ ဝယ်ယူနေကြတာ ဖြစ်ပါတယ်။ ဒီရက်ပိုင်း မြန်မာပြည်တွင်း အပြောင်းအလဲဖြစ်နေတဲ့ ရွှေစျေး |
ဖာပွန်ခရိုင်တွင်း မြန်မာစစ်စခန်းတချို့ ဆုတ်ခွာ - KNU တပ်မဟာ ၅ ပြောခွင့်ရ Posted: 12 May 2021 06:53 AM PDT ဆုတ်ခွါသွားတဲ့ စစ်ကောင်စီစခန်းမှာ ကျန်ခဲ့တဲ့လက်နက်ခဲယမ်းများ။ (ဓာတ်ပုံ - KNLA - မေ ၁၂၊ ၂၀၂၁)ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းမှာ မြန်မာစစ်အုပ်ချုပ်ရေးကောင်စီတပ်တွေနဲ့ ကေအန်ယူ တပ်မဟာ ၅ တို့ တိုက်ပွဲတွေ ဆက်ဖြစ်နေသလို ဖာပွန်ခရိုင်အတွင်းက မြန်မာစစ်ကောင်စီ စခန်း ၄ ခုကတော့ ဧပြီလကုန်ကနေ စပြီး လက်နက်နဲ့ ကျည်ဆံတွေ ထားပြီး စခန်းကနေဆုတ်ခွါသွားတယ်လို့ ကေအန်ယူကပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက |
ဟားခါးမှာ စစ်တပ်လက်ထဲသေဆုံးသွားသူကို မိသားစုလက်ထဲမအပ်ဘဲ သင်္ဂြိုဟ် Posted: 12 May 2021 06:51 AM PDT ဟားခါးမှာ စစ်တပ်လက်ထဲသေဆုံးသွားသူကို မိသားစုလက်ထဲမအပ်ဘဲ သင်္ဂြိုဟ် ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးမြို့ကို တွေ့ရစဉ် / Photo: CJချင်းပြည်နယ်မြောက်ပိုင်း ဟားခါးမြို့မှာ စစ်တပ်က အချိန် ၃ ရက်ကြာ ဖမ်းဆီးထားစဉ် မနေ့က သေဆုံးခဲ့ရတဲ့ မြို့ခံတစ်ဦးဖြစ်သူ အသက် ၅၇ နှစ်အရွယ် ဦးတလဲရ်လိန်းရဲ့ ရုပ်အလောင်းကို မိသားစုလက်ထဲကို မအပ်ဘဲ စစ်တပ်ကပဲ မီးသင်္ဂြိုဟ်လိုက်တယ်လို့ မြို့ခံတွေက ပြောပါတယ်။ဦးတလဲရ်လိန်းရဲ့ ရုပ် |
မြင်းခြံ တလုပ်မြို့ရွာမှာ နှစ်နှစ်အရွယ် ကလေးအပါအဝင် ၂၀၀ နီးပါး ဖမ်းဆီးခံရ Posted: 12 May 2021 06:49 AM PDT မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မြောက်ဘက် ၇ မိုင်အကွာက တလုပ်မြို့ရွာမှာ မေလ ၁၂ ရက် ဒီကနေ့ မနက်အစော ၄ နာရီကျော်လောက်က စတင်ပြီး စစ်ကောင်စီတပ်နဲ့ ကျေးရွာပြည်သူ့လုံခြုံရေး အဖွဲ့တွေ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံ ကလေးတွေနဲ့ အမျိုးသမီးတွေ အပါအဝင် စုစုပေါင်း ၂၀၀ လောက် အဖမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။တလုပ်မြို့ရွာအပြင် အနီးအနားက ရွာတွေထဲကိုပါဝင်ပြီး တွေ့သမျှလိုက်ဖမ်းသွားတယ်လို့ |
ပြည်မြို့နယ် NLD ပြန်ကြားရေး ကိုကျော်ကျော်ဉာဏ်ဝင်း ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရ Posted: 12 May 2021 06:39 AM PDT ပြည် မေ ၁၂ ။ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် ကိုကျော်ကျော်ဉာဏ်ဝင်းကို ပုဒ်မ ၅၀၅(က) နဲ့ ဒီကနေ့ ညနေပိုင်းမှာဘဲ ပြည်ထောင်တွင်း တရားစီရင်ရေးက ထောင်ဒဏ် ၃ နှစ် ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ကိုကျော်ကျော်ဉာဏ်ဝင်းကို စစ်ကောင်စီက ဖေဖေါ်ဝါရီ ၁၂ ရက်နေ့က နေအိမ်မှာလာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရပြီး ၃ လ ကျော်အကြာမှာ ထောင်ဒဏ် ၃ နှစ်ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ |
ပြည်ကျောင်းသားခေါင်းဆောင် သန့်စင်ထွန်း ထောင်ဒဏ် ၆ နှစ်ချခံရ Posted: 12 May 2021 06:38 AM PDT ပြည် မေ ၁၂ ။ပြည်မြို့မှာ ဖမ်းဆီးခံရတဲ့ PTU ကျောင်းသားဟောင်း ကျောင်းသားခေါင်းဆောင် သန့်စင်ထွန်းကို ဒီနေ့မှာ ပြည်ထောင်တွင်း တရားစီရင်ရေးက ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။ကိုသန့်စင်ထွန်းကို သဘာဝ ဘေးဥပဒေ ပုဒ်မ ၂၅ နဲ့ ထောင်ဒဏ် ၃ နှစ်အပြင် ပုဒ်မ ၅၀၅ (က)နဲ့ ၃ နှစ် စုစုပေါင်း ၆ နှစ်ကို သီးခြားကျခံစေရန် ဒီကနေ့ မေလ ၁၂ ရက်ညနေပိုင်းမှာ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ပြည် နည်းပညာတက္ကသိုလ် ကျောင်းသားဟောင်း |
အောင်ဘာလေထီဖွင့်ပွဲအား တစ်လ ၁ ကြိမ်ထီဖွင့်စနစ်အစား နှစ်လ ၁ ကြိမ် ထီဆုမဲ ဖွင့်စနစ် ပြောင်းလဲ Posted: 12 May 2021 06:36 AM PDT မေ ၁၂၊၂၀၂၁အောင်ဘာလေ သိန်းဆုဌာနခွဲသည် ထီလုပ်ငန်းဖြင့် အသက်မွေးကြောင်းပြုသူ လက်ပွေ့/ တွန်းလှည်း ထီးရောင်းချသူများ စီးပွားရေးအခက်အခဲ မဖြစ်ပေါ်စေရန် ၂၆ ကြိမ်မြောက်မှ စတင်ပြီး ထီဖွင့်ရက်ကို စတင်ပြောင်းလဲခဲ့ကြောင်း၊ ၂၇ ကြိမ်မြောက် ထီဖွင့်လှစ်ရက်ကို မေလ ၁ ရက်နေ့အစား ဇွန်လ ၁ ရက်နေ့တွင်လည်းကောင်း၊ ၂၈ ကြိမ်မြောက် ထီဖွင့်လှစ်ရက်ကို ဇွန်လ ၁ ရက်နေ့အစား ဇူလိုင်လ ၁ ရက်နေ့ တွင်လည်းကောင်း အသီးသီး ပြောင်းလဲ |
ဘဏ်တွေနဲ့ ATM ကနေ ငွေသွင်း၊ ငွေထုတ် ပြုလုပ်သူ စာရင်းတွေ ပေးပို့ဖို့ ဗဟိုဘဏ် ညွှန်ကြား Posted: 12 May 2021 06:33 AM PDT ဓာတ်ပုံ - အင်တာနက် စာမျက်နှာများနေပြည်တော်၊ မေ ၁၂၊ ၂၀၂၁ဘဏ်တွေနဲ့ ATM စက်တွေကနေ ငွေသွင်း၊ ငွေထုတ်၊ ငွေလွှဲပြောင်း ပြုလုပ်သူ စာရင်းများ ပေးပို့ဖို့ ဗဟိုဘဏ်က ဘဏ်တွေကို ညွှန်ကြားချက် ထုတ်ပြန်လိုက်တာ တွေ့ရှိရပါတယ်။ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ မေလ ၇ ရက်နေ့အထိ ဘဏ်ခွဲတွေနဲ့ ATM စက်တွေကနေ ငွေသား ထုတ်ယူ၊ ပေးသွင်းမှု ပြုလုပ်တဲ့ လူပုဂ္ဂိုလ်များ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများရဲ့ စာရင်းတွေကို လျှို့ဝှက်အဆင့် သတ်မှတ် |
ပြည် DVB သတင်းထောက် ကိုမင်းညိုအား ထောင်ဒဏ် ၃ နှစ်ချမှတ် Posted: 12 May 2021 06:27 AM PDT ပြည် မေ ၁၂ ။ပြည်မြို့မှာနေထိုင်တဲ့ DVB သတင်းဌာနက သတင်းထောက်ကိုမင်းညိုကို ပုဒ်မ ၅၀၅/က နဲ့ ပြည်ထောင်တွင်း တရားစီရင်ရေးမှာဘဲ ဒီကနေ့ ညနေပိုင်းက ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။သတင်းထောက်ကိုမင်းညိုက စစ်ကောင်စီက DVB သတင်းဌာနအပါအဝင် သတင်းဌာန ၅ ခု ပိတ်သိမ်းမခံရခင် မတ်လ ၃ ရက်နေ့က ပြည်မြို့ ရွှေဆံတော်ဘုရား မြောက်ဆောင်းတန်းမှာပြုလုပ်တဲ့ ကျောင်းသားသပိတ်စစ်ကြောင်းမှာ သွားရောက်သတင်းယူစဉ် အကြမ်းဖက် ရိုက် |
Posted: 12 May 2021 06:26 AM PDT ကျိုက်ထို မေ ၁၂ ။ယမန့်နေ့ ည ၇:၃၀ နာရီခန့်က ကျိုက်ထိုမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ကျိုက်ထိုမြို့ရှိပြည်ခိုင်ဖြိုးရုံးကို ဗုံးခွဲတိုက်ခိုက်စဥ် လုံခြုံရေးယူထားသောစစ်တပ်မှလိုက်လံပစ်ခတ်မှုကြောင့်အရပ်သား၃ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။အဆိုပါဖြစ်စဥ်တွင် ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ရုံးစောင့်တဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ စစ်တပ်မှလည်းလက်နက်ငယ်ဖြင့် လိုက်လံပစ်ခတ်ရာ |
မင်းတပ်မြို့ရဲစခန်းနားမှာလည်း တိုက်ပွဲစဖြစ်နေပြီလို့MDTပြည်သူ့အုပ်ချုပ်ရေး (သတင်းအဖွဲ့)ကသတင်းပေးပို့ Posted: 12 May 2021 06:21 AM PDT ယခု မင်းတပ်မြို့မြန်မာ့စီးပွားရေးဘဏ်ရုံးနားတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့်မင်းတပ်မြို့နယ်ဒေသခံများအကြားအပြန်အလှန်၂ဖက်ပစ်ခတ်မှုများဖြစ်ပွားပြီး မင်းတပ်မြို့ရဲစခန်းနားမှာလည်း တိုက်ပွဲစဖြစ်နေပြီလို့MDTပြည်သူ့အုပ်ချုပ်ရေး (သတင်းအဖွဲ့)ကသတင်းပေးပို့ပါတယ်။Chin World https://www.facebook.com/Chin-World-167011980026853 |
ဘဏ်များ နှင့် ATM စက်များမှ ငွေသား ထုတ်/သွင်း သူများ၏ စာရင်းများကို ပေးပို့ရန်စစ်ကောင်စီ က ညွှန်ကြား Posted: 12 May 2021 06:19 AM PDT ဖေဖော်ဝါရီ (၁)ရက်မှ မေလ (၁)ရက် အထိ ဘဏ်ခွဲများနှင့် ATM စက်များတွင် လူပုဂ္ဂိုလ်များ၊ ကုမ္ပဏီများ၊ အဖွဲ့စည်းများ ၏ ငွေသားပေးသွင်းခြင်း၊ ငွေသားထုတ်ယူခြင်း စာရင်းအား လျှို့ဝှက်အဆင့် သတ်မှတ်ပြီး စာရင်းများကို မေလ (၁၄)ရက် နောက်ဆုံးထားပြီး ပေးပို့ရမည်ဖြစ်ကြောင်း စစ်ကောင်စီက ညွှန်ကြားထားသည်။ SHAN News (Burmese Version) https://www.facebook.com/shannewsburmese |
စစ်ကောင်စီ ရက်(၁၀၀)အတွင်း မြန်မာကျပ်ငွေဈေး အဆမတန်ကျဆင်း Posted: 12 May 2021 06:17 AM PDT မေ ၁၂ရက် ၂၀၂၁စစ်ကောင်စီ အာဏာသိမ်းပြီး ရက် (၁၀၀) အတွင်း မြန်မာငွေဈေး အဆမတန်ကျဆင်းလာပြီး ရွှေဈေးနှုန်း မြှင့်တက်လာကြောင်း သိရသည်။ဖေဖော်ဝါရီ ၁ ရက်နေ့စတင်ပြီး စစ်တပ်မှ နိုင်ငံတော် အာဏာကို သိမ်းယူပြီးနောက် ဖေဖော်ဝါရီ (၂) ရက်နေ့တွင် ပြည်တွင်းရှိ ရွှေဈေးနှုန်း တစ်ကျပ်သားလျှင် (၁,၃၅၅,၀၀၀) နှင့် အမေရိကန် တစ်ဒေါ်လာ (၁၃၇၀) နှင့် မြန်မာငွေ တစ်သိန်းကျပ်လျှင် ထိုင်းဘတ် (၂၂၀၀) ကျပ်ရှိကြောင်း စုံစမ်းသိရှိရသည်။" |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.