Wednesday, May 19, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ကနေဒါမြို့မှာ ခင်းကျင်းထားတဲ့ မြန်မာ့နွေဦးတော်လှန်ရေး အနုလက်ရာပြပွဲ

Posted: 19 May 2021 07:01 AM PDT

မြေမြှုပ်မိုင်းတွေရှိနေဆဲ နေရာမှာ နေကြရသူတွေ သန်းပေါင်းများစွာရှိစစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး မြန်မာပြည်သူတွေ လှုပ်ရှားရုန်းကန်နေကြတာတွေကို ဖော်ကျူးထားတဲ့ အနုပညာ လက်ရာတွေကို ကနေဒါ နိုင်ငံ၊ ဗြိတိသျှကိုလံဘီယာနယ်ထဲက ကယ်လိုနာ Kelowna မြို့မှာ ပြသနေပါတယ်။"လွတ်လပ်ခြင်းအတွက် အနုပညာ" ဆိုတဲ့ ခေါင်းစဥ်အောက် ကယ်လိုနာမြို့ ရော့ထရီစင်တာရဲ့ လေဟာပြင် အထူးပြပွဲ အနေနဲ့ မြန်မာပြည်ကလာတဲ့ အနုလက်ရာ ၁၆ ခုကို ဇူလိုင်လ

ရန်ကုန်မှာ အကြီးဆုံး စျေး၀ယ်စင်တာဆောက်မယ့် အစီအစဉ် ဂျပန် အီအွန်ကုမ္ပဏီ ဆိုင်းငံ့

Posted: 19 May 2021 06:57 AM PDT

 ကုန်တိုက်၊ စတိုးဆိုင်လုပ်ငန်းတွေမှာ အာရှအခြေစိုက် အကြီးဆုံးကုမ္ပဏီရန်ကုန်မှာ စျေး၀ယ်စင်တာ အသစ်တစ်ခု အခု နွေရာသီဆိုရင် စတင် ဆောက်လုပ်ဖို့ စီစဥ်ထားတာကို ဂျပန်အခြေစိုက် AEON အီအွန် ကုမ္ပဏီက လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေကြောင့် ဆိုင်းငံ့လိုက်ပါတယ်။ပရောဂျက် လုံးဝဖျက်လိုက်တဲ့ အဆင့်မဟုတ်ပေမယ့်၊ ဘယ်အချိန် လုပ်ငန်းစမယ် ဆိုတာ အခုအချိန် မဆုံးဖြတ်နိုင်သေးဘူးလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။မြန်မာပြည်မှာ

ကင်းပုန်းချစောင့်ကြည့်မှုများကြောင့် ဆန္ဒပြရန် ခက်ခဲလာ

Posted: 19 May 2021 06:55 AM PDT

မေလ ၁၉ ရက်နေ့ ကလေးမြို့ရပ်ကွက်အားလုံး စုပေါင်းသပိတ်စစ်ကြောင်းမြင်ကွင်း။ (ဓာတ်ပုံ - CJ - မေ ၁၉၊ ၂၀၂၁)မြန်မာနိုင်ငံမှာ ရက်ပေါင်း ၁၀၀ ကျော် စစ်အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက်နေကြပြီး ဒီကနေ့မှာလည်း သပိတ်ပုံစံအမျိုးမျိုး ဆက်ရှိနေသလို ဆန္ဒပြဖို့ လူစုနေချိန်မှာ စစ်ကောင်စီတပ်က လာရောက်ဖြိုခွဲပြီး အဖမ်းခံရသူတွေလည်း ရှိနေပါတယ်။ တချိန်တည်းမှာပဲ အမည်မသိ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုတွေကြောင့် စစ်ကောင်စီရဲ့ ရပ်ကွက်

မိုးကုတ်နဲ့ ရှမ်းမြောက်မှာ ရေကြီးရေလျှံမှုဖြစ်

Posted: 19 May 2021 06:53 AM PDT

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်မှာ တောင်ကျရေကျဆင်းတာကြောင့် မျောပါသွားတဲ့ ကိုရင် တစ်ပါးကို ရှာဖွေ ကယ်ဆယ်ပေးနေတဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - Myanmar Fire Services Department - မေ ၁၉၊ ၂၀၂၁)မြန်မာနိုင်ငံအတွင်းက မြို့နယ်တချို့မှာ ဒီကနေ့မနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရေကြီးရေလျှံတာတွေ ဖြစ်ပွားခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ မှာလည်း

မြန်မာနိုင်ငံကို အန္တရာယ်ရှိမှု အမြင့်ဆုံးအဆင့် ၄ အဖြစ် အမေရိကန်သတ်မှတ်

Posted: 19 May 2021 06:42 AM PDT

မြန်မာနိုင်ငံကို အန္တရာယ်ရှိမှု အမြင့်ဆုံးအဆင့် ၄ အဖြစ် အမေရိကန်သတ်မှတ် စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလလယ်ပိုင်းက နေပြည်တော်မှာ တွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ Photo: AFPမြန်မာနိုင်ငံက လက်ရှိအခြေအနေတွေဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေဖြစ်လို့ အမေရိကန် နိုင်ငံသားတွေ မြန်မာပြည်ကို ခရီးမသွားဖို့၊ မြန်မာပြည်ထဲမှာရှိနေတဲ့ အမေရိကန်နိုင်ငံသားတွေ မြန်မာနိုင်ငံကနေ အမြန်ဆုံးပြန်ထွက်ခွာဖို့ အမေရိကန်

တရုတ်ပိုက်လိုင်းစောင့် ရဲသုံးဦး သတ်ဖြတ်မှု ရွာသား ကိုးယောက် အဖမ်းခံရ

Posted: 19 May 2021 06:40 AM PDT

တရုတ်ပိုက်လိုင်းစောင့် ရဲသုံးဦး သတ်ဖြတ်မှု ရွာသား ကိုးယောက် အဖမ်းခံရ မြန်မာကနေ တရုတ်နိုင်ငံကို ပို့ဆောင်တဲ့ ဂတ်စ်ပိုက်လိုင်း တစ်နေရာကို ၂၀၁၂၊ ဇန်နဝါရီ ၂၃ ရက်နေ့က တွေ့ရစဉ် /Photo: RFAမန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ တောမရွာအနီးမှာ မေလ ၅ ရက်နေ့က တရုတ်ပိုက်လိုင်းစောင့်နေတဲ့ ရဲကင်းကို ဓားတွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲသုံးယောက် သေဆုံးခဲ့တာနဲ့ ပတ်သတ်ပြီး၊ ဒေသခံရွာသား ကိုးယောက် ကို ဖမ်းဆီးထားတယ်

ဦးခေါင်း အပစ်ခံရပြီးသေဆုံးတဲ့ လမ်းမတော် အုပ်ချုပ်ရေးမှူး ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိလို့ ဆို

Posted: 19 May 2021 06:33 AM PDT

အစိုးရ မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားတဲ့ ပေါက်ကွဲမှု ဖြစ်ပွားတဲ့ ဓာတ်တိုင် ပုံ။ သေဆုံးနေတဲ့ လမ်းမတော် မြို့နယ် အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ပုံ။ ရန်ကုန်မြို့တွင်း တွေ့ရှိရတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်များ။ရန်ကုန်၊ မေ ၁၉၊ ၂၀၂၁ရန်ကုန်မြို့ လမ်းမတော်မြို့နယ် အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး မေလ ၁၈ ရက် မနက်ပိုင်းက ဦးခေါင်း ပစ်ခတ်ခံရပြီး သေဆုံးမှုကို သွားရောက်စစ်ဆေးတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် ၇ ဦး

ဘုရားသုံးဆူမြို့တွင် စစ်ကောင်စီမှ ခန့်အပ်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

Posted: 19 May 2021 06:30 AM PDT

မေလ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ယနေ့ မေလ ၁၉ ရက်နေ့က စစ်ကောင်စီမှ ခန့်အပ်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။ဘုရားသုံးဆူမြို့ အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကျော်ဇင်မင်းကို သူနေထိုင်ရာ ဒေါနလမ်းသွယ် (၁)တွင် ယနေ့ နံနက် ၉ နာရီကျော်က အမည်မသိလူတစ်စုမှ ၎င်း၏ကား၊ ဆိုင်ကယ်ရေဆေးဆိုင်တွင် သေနတ်ဖြင့် လာရောက် ပစ်သတ်သွားခဲ့

သျှမ်းတောင် ပင်လုံမြို့ ရှိ ကမ္ဘောဇဘဏ်မှ (၅၀)တန် ငွေစက္ကူထုတ်ကို ထုတ်ပေးနေတာ ၄ရက် ခန့်ရှိ

Posted: 19 May 2021 06:16 AM PDT

Photo by CJ သျှမ်းတောင် ပင်လုံမြို့ ရှိ ကမ္ဘောဇဘဏ်မှ ထုတ်ပေးလိုက်တဲ့ (၅၀)ကျပ်တန် ငွေစက္ကူအုပ်ဖြစ်ပါတယ်။ကမ္ဘောဇဘဏ်မှ (၅၀)တန် ငွေစက္ကူထုတ်ကို ထုတ်ပေးနေတာ ၄ရက် ခန့်ရှိနေပြီဟု ပင်လုံဒေသခံ တွေ က ပြောပါတယ်။SHAN News (Burmese Version)https://www.facebook.com/shannewsburmese

CDM ကြောင့်ရှောင်တိမ်းစဉ် တမူးပြည်သူ့ဆေးရုံ သူနာပြုဆရာမကြီးကွယ်လွန်

Posted: 19 May 2021 06:12 AM PDT

တမူးပြည်သူ့​ဆေးရုံ သူနာပြုဆရာမကြီး ဆရာမမှုံဟွိုင်လျင်(၅၂ နှစ်)ဟာ CDM ဝင်တာကြောင့် နယ်စပ် India နိင်ငံဘက်မှာရှောင်တိမ်းစဉ်  ​​​နေထိုင် စား​သောက် ခက်ခဲလို့ သွေးတိုး ဆီးချို ရရောဂါပိုခံစားရာကြောင့် မေလ ၁၇ ရက်ကကွယ်လွန်သွားပါတယ်။၎င်းဟာ ရောဂါပိုဆိုးလာလို့ တမူးက​နေ  ကလေးမြို့ဆေးရုံသို့ပို့ဆောင်ကာ အ​ခြေအ​နေနေဆိုးလို့ မန်း​လေးကိုဆက်လက်ပို့ဆောင်ခဲ့ပါတယ်။ ဒီလိုနဲ့ မန်း​လေး အသွား လမ်းမှာ မေ ၁၇ ရက်က ကွယ်လွန်

မြောင်မြို့နယ်တွင် စစ်ကောင်စီကခန့်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးမိသားစု အသတ်ခံရ

Posted: 19 May 2021 06:10 AM PDT

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် မြောင်မြို့နယ် ရွှေပေါက်ပင်ကျေးရွာက စစ်ကောင်စီခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးအပါအဝင် မိသားစု ၄ ယောက် မေ ၁၈ ညက အသတ်ခံရတယ်လို့ ‌ရွာသားထံမှသတင်းရရှိပါတယ်။ မေလ ၁၈ ရက်ည ၉နာရီကျော်လောက်မှာ အုပ်ကြီးနေအိမ်ကိုအမည်မသိလူတစုက သေနက်တွေ ဓားတွေနဲ့ဝင်ရောက်သတ်ဖြတ်ကြတာဖြစ်တယ်။အခင်းဖြစ်ပွားမှုကြောင့် အုပ်ချုပ်ရေးမှူး၊ ၎င်းသမီး၊ သားနဲ့ သုံးနှစ်အရွယ်မြေးတယောက် အသတ်ခံလိုက်ရပါတယ်။ အုပ်

ဟားခါးမြို့တွင် ရဲတပ်ကြပ်တစ်ဦး မိမိကိုယ်ကိုသတ်သေ

Posted: 19 May 2021 06:08 AM PDT

ဟားခါးမြို့နယ် ရဲစခန်းမှ ကင်းစောင့်တာဝန်မှူး တပ်ကြပ် ဦးရွှေဟုန်းသည် မနေ့ည မေလ ၁၇ရက်ညတွင် ဟားခါးမြို့နယ်ရဲစခန်းအထက်နားရှိ တော်လှန်ရေး ရေကန်နားတွင် မိမိကိုယ်ကို သေနတ်ဖြင့်ဦးခေါင်းကိုပစ်ခတ်အဆုံးစီရင်ခဲ့ကြောင်းသိရသည်။Chin World https://www.facebook.com/Chin-World-167011980026853/

တီးတိန်မှာပေါက်ကွဲမှုကြောင့် ကလေး ၁ ဦးသေဆုံး

Posted: 19 May 2021 06:07 AM PDT

တီးတိန်​မြို့၊ လွယ်ဘွားလ်ရပ်ကွက်မှာ ​မေ (၁၉) ရက်​နေ့ ညနေ ၅:၂၀ အချိန်ခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားရာ အသက် ၁၀နှစ်အရွယ် ကလေးတစ်ယောက် ​ဒဏ်ရာအပြင်းအထန်ရရှိပြီး သေဆုံးသွားပြီလို့ဒေသခံမီဒီယာများကဖော်ပြထားသည်။Chin World https://www.facebook.com/Chin-World-167011980026853/

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.