Saturday, May 8, 2021

သစ်ထူးလွင်

သစ်ထူးလွင်


စစ်ကောင်စီတပ်တွေအင်အားသုံးမှာကို စိုးရိမ်ပြီး ကင်းနယ်က လူထောင်ချီ ထွက်ပြေးနေ

Posted: 08 May 2021 05:29 AM PDT

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲမှာရှိတဲ့ ကင်းရွာကြီးအပြင် အနီးပတ်ဝန်းကျင်မှာရှိတဲ့ရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ချင်းတွင်းမြစ်ထဲက စစ်ကောင်စီတပ်တွေရဲ့ပစ်ခတ်မှုကို ရှောင်ဖို့ အနီးနားကတောတောင်တွေထဲ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။မတ်လ ၆ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ ပါလာတဲ့ ရေယာဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တွေက တားဆီး စစ်ဆေးရာကနေ တိုက်ပွဲဖြစ်ခဲ့ပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အား

ဘဏ်ကို ယုံကြည်မှုပျက်လာကြအောင် ငွေမထုတ်ဘဲ တန်းစီနေတာကလည်း ငွေထုတ်ယူမှုကန့်သတ်ရတဲ့အကြောင်းရင်းတစ်ခုလို့ ဗဟိုဘဏ်ပြော

Posted: 08 May 2021 05:27 AM PDT

ငွေထုတ်စက်ရှေ့မှာ နေပူထဲ နာရီနဲ့ချီကြာအောင် တန်းစီရတာကြောင့် မူးမေ့လဲသူတောင်ရှိဘဏ်တွေမှာ ငွေထုတ်ယူမှုကန့်သတ်ချက် လုပ်လိုက်တာဟာ နိုင်ငံရေးအမြတ်ထုတ်လိုသူတွေက နိုင်ငံ့စီးပွားရေးနဲ့ ဘဏ်စနစ်ကို ဖျက်စီးလိုစိတ်နဲ့ ဘဏ်မှာရှိတဲ့ငွေတွေ အကုန်ထုတ်မယ်ဆိုတဲ့ လှုပ်ရှားမှုတွေလုပ်လာတာ၊ ငွေမထုတ်ဘဲ တန်းစီပြီး လူထုက ဘဏ်ပေါ်မှာ ယုံကြည်မှု ပျက်အောင်လုပ်လာတာတွေကိုလည်း အခြေခံတယ်ဆိုပြီး ဗဟိုဘဏ်ဘက်က ပြောလာပါတယ်။မေလ ၇ ရက်

စစ်အာဏာရှင်ဆန့်ကျင်ရေး ပုံသဏ္ဌာန်မျိုးစုံ ဆန္ဒပြ ကန့်ကွက်နေကြဆဲ

Posted: 08 May 2021 05:25 AM PDT

ရန်ကုန်မြို့က စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲတခု။ (မေ ၆၊ ၂၀၂၁)မြန်မာနိုင်ငံတဝန်းမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ပြီး ဒီမိုကရေစီရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ပုံစံအမျိုးမျိုးနဲ့ ဆက်ရှိနေပြီး ရန်ကုန်က နေရာတချို့မှာ ဒီကနေ့ လျှပ်တပြက်သပိတ်၊ ပြောက်ကျားသပိတ်တွေ ရှိခဲ့ပါတယ်။ရန်ကုန်၊ မြေနီကုန်းအရပ်က လူကူးခုံးကျော်တံတားမှာ "ထောင်ကျနေတဲ့သူတွေက ငါတို့နိုင်မှလွတ်မှာ၊ သေသွားတဲ့သူတွေက ငါတို့နိုင်မှ

စစ်ကောင်စီက ဓာတုလက်နက် အသုံးပြုတိုက်ခိုက်ခြင်း ရှိ၊မရှိ KIA စုံစမ်း

Posted: 08 May 2021 05:23 AM PDT

မေလ (၇) ရက် မနေ့က ကချင်ပြည်နယ်၊ အလောဘွမ်တောင်မှာ စစ်ကောင်စီတပ်တွေနဲ့ ကချင် လွတ်မြောက်ရေးတပ် KIA တို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က အကျအဆုံးများခဲ့တယ်လို့ KIA က ပြောပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို ကားတွေနဲ့ ဗန်းမော်မြို့ဘက်ကို သယ်ထုတ်သွားတွေ ရှိခဲ့တယ်လို့ KIA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။"အကျအရှုံး

မြောက်ဥက္ကလာ ပြည်သူအချို့ကို စစ်ကောင်စီက သေဒဏ်ချမှတ်ပြီး လိုက်လံရှာဖွေနေ

Posted: 08 May 2021 05:21 AM PDT

မြောက်ဥက္ကလာ ပြည်သူအချို့ကို စစ်ကောင်စီက သေဒဏ်ချမှတ်ပြီး လိုက်လံရှာဖွေနေ ရန်ကုန်မြို့ မြောက်ဥက္ကလာမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၀၂၁ မတ် ၃ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်Photo: RFAရဲနှစ်ဦးကိုသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ည ရပ်ကွက်မှာ နေထိုင်တဲ့ ပြည်သူ ၁၇ ဦးကို စစ်ကောင်စီက တဖက်သတ် သေဒဏ်ချမှတ်ပြီးတဲ့နောက်၊ ဖမ်းမမိဘဲ လွတ်မြောက်နေသူ ၁၅ ဦးကို လိုက်လံရှာဖွေနေပြီး၊

ဦးဝင်းထိန်အမှုကို ထောင်တွင်းတရားရုံးမှာ ပြောင်းလဲစစ်ဆေးမယ်

Posted: 08 May 2021 05:19 AM PDT

NLD ပါတီဥက္ကဋ္ဌဟောင်းဦးအောင်ရွှေရဲ့ ၂၀၁၇ ခုနှစ်တုန်းက ဈာပနမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မြင်တွေ့ရတဲ့ဦးဝင်းထိန်နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ တရားစွဲဆိုခံရပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအမှုဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်ရဲ့အမှုကို မေလ ၁၄ ရက် ရုံးချိန်းကစလို့ ထောင်တွင်းတရားရုံးမှာပဲ စစ်ဆေးတော့မယ်လို့ အမှုအတွက် ဆောင်ရွက်ပေးနေတဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြော

ဗုံး၊ မီး၊ ဓားမြှောင်တွေနဲ့ အတိုက်ခိုက်ခံနေရတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ

Posted: 08 May 2021 05:17 AM PDT

လူမှုကွန်ရက်ပေါ်မှာ လောလောဆယ် တပတ်လောက်အတွင်း အများဆုံးတွေ့ရတဲ့စာသားတခုက "အသံအကျယ်ကြီး ကြားလိုက်ရတယ်" ဆိုတဲ့စာသားပါ။ မြို့တော်တော်များများ နေရာတော်တော်များများကနေ တက်လာတာတွေပါ။မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ ပေါက်ကွဲမှုတွေ မကြုံစဖူးလောက်အောင် များပြားနေပါတယ်။အဲဒီပေါက်ကွဲမှုတွေထဲမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ တော်တော်များများ ပါနေသလို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို

စစ်တပ်ဆန့်ကျင်သောလူငယ်များကို ဖမ်းနိုင်လျှင် ငွေကျပ် ၁၀သိန်း ဆုချမည်ဟု ပြည်သူ့စစ်အဖွဲ့ ကြေညာ

Posted: 08 May 2021 05:07 AM PDT

May 8, 2021/ Kachin News Groupဝိုင်းမော်မြို့နယ်အရှေ့ဘက် တရုတ်နယ်စပ် ကန်ပိုက်တည်မြို့တွင် စစ်အာဏာရှင်ဆန့်တော်လှန်ရေး လှုပ်ရှားသော လူငယ်များကို ဖမ်းဆီးပေးနိုင်လျှင် မြန်မာငွေကျပ် ၁၀သိန်း ဆုချမည်ဟု ပြည်သူ့စစ်အဖွဲ့က ကြေညာထားကြောင်း သိရသည်။မေလ ၅ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်တော်လှန်သည့် လူငယ်များက လူမဲ့သပိတ်ဖြင့်  'အာဏာရှင်ကျဆုံးပါစေ၊ ခွေးစကား နားမယောင်နဲ့ ၊ နွေဦးတော်လှန်ရေးအောင်မြင်ရမည် ၊ Join In CDM'

ဗန်းမော်တွင် စစ်ကောင်စီက ဆိုင်ကယ်အစီး ၂၀၀ထက်မနည်း ဖမ်းဆီးသိမ်းယူသွား။

Posted: 08 May 2021 05:06 AM PDT

May 8,2021/Kachin News Groupဗန်းမော်မြို့တွင် အကြမ်းဖက်စစ်ကောင်စီက ဆိုင်ကယ်အရောင်းဆိုင်များတွင် အကြောင်းမဲ့ ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဆိုင်ကယ်အရောင်းဆိုင် ၃ဆိုင်မှ သုံးဘီးကားအပါအဝင် ဆိုင်ကယ်အစီး ၂၀၀ထက်နည်းသိမ်းယူပေးသွားကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။မေလ ၇ရက်နေ့ ည ၁၀နာရီခန့်အချိန်တွင် မြို့တွင်း ဆိုင်ကယ်အရောင်းဆိုင်များတွင် ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ဗန်မော်မြို့-အတွင်းရှိ သရဖူ

ယနေ့ မေလ ၈ရက်နေ့၌ Sur Khua တွင် စစ်ကောင်စီတပ်ဖွဲ့၏စခန်းနေရာကို CDF မှ သိမ်းပိုက်​ဟုထုတ်ပြန်

Posted: 08 May 2021 05:02 AM PDT

၂၀၂၁၊ မေလ ၈ရက်နေ့ မနက်ပိုင်းတွင် ဟားခါးမြို့နယ် Sur Khua မြို့ ၌ ‌စစ်သားနှင်ရဲများ စခန်းချထားသောနေရာကို Chin Defense Force (CDF) မှ ယနေ့မနက်တွင်သိမ်းပိုက်မီးရှို့ခဲ့ကြောင်းထုတ်ပြန်ထားပါသည်။ "ကျွန်တော်တို့သွားတဲ့ချိန်မှာတော့  သူတို့လက်နက်တွေ မရှိတော့ပါဘူး၊ သူတို့ကိုယ်တိုင်အကုန်လုံးသွားယူကြပြီ။ ဖြစ်ချင်တော့ သူတို့က CDF တွေလာမယ်ဆိုတာ အရင်သိတဲ့ သဘောရှိတယ်၊ သတင်းပေါက်မယ်ထင်တယ်။ ဒီမနက်‌ ၄ နာရီလောက်မှာ

ကျန်းမာရေးဝန်ထမ်းတွေ ဖိနှိပ်ခံရမှု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ သတိပေး

Posted: 07 May 2021 06:36 PM PDT

မြန်မာနိုင်ငံက ဆေးပညာရှင်တွေဟာ မြန်မာစစ်တပ်ရဲ့ စနစ်တကျ ပစ်မှတ်ထားမှု ခံနေရပြီး အသတ်ခံရတာ၊ ရိုက်နှက်တာ ဖမ်းဆီးတာနဲ့ ဘယ်ရောက်နေမှန်းမသိ ပျောက်ဆုံးတာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က မေလ ၇ ရက် သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ဒါ့အပြင် မြန်မာစစ်တပ်ကို လက်နက်ရလမ်း၊ ဝင်ငွေရလမ်းနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့လမ်းကြောင်း တွေကို ဖြတ်တောက်ပစ်တဲ့ ဖြတ် ၃

မြန်မာစစ်တပ်နဲ့ ဆက်နွယ်မှုသတင်းဖော်ပြတဲ့ ပြင်သစ်သတင်းစာမှာ Total ကုမ္ပဏီ ကြော်ငြာရပ်

Posted: 07 May 2021 06:35 PM PDT

ပြင်သစ်ရေနံကုမ္ပဏီကြီး Totalပြင်သစ်ရေနံကုမ္ပဏီကြီး Total ရဲ့ ဓာတ်ငွေ့တင်ပို့မှု လုပ်ငန်းကနေ မြန်မာစစ်တပ်ကို အကျိုးအမြတ်ရအောင် လုပ်ပေးနေတယ်ဆိုတဲ့ သတင်းကိုတင်ပြခဲ့တဲ့ ပြင်သစ်သတင်းစာ Le Monde မှာ ထည့်သွင်းမယ့် ကြော်ငြာတွေကို Total က ပြန်ရုပ်သိမ်းလိုက်တယ်လို့ ကြာသပတေးနေ့မှာ Le Monde က ပြောပါတယ်။မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖေါ်ဝါရီလ အာဏာသိမ်းခဲ့ပြီး အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ပြည်သူတွေကို ရက်ရက်စက်စက်

လွတ်မြောက်နယ်မြေ စစ်သင်တန်းသစ်တခု စတင်

Posted: 07 May 2021 06:33 PM PDT

အကြမ်းဖက်စစ်ကောင်စီဖြုတ်ချရေးအတွက် တိုက်ပွဲဝင်မယ့် သင်တန်းတခုကို နယ်ခြားဒေသ တနေရာမှာ ဒီကနေ့ စနေနေ့မနက် စတင်လိုက်ပြီဖြစ်ပါတယ်။ ဦးဆောင်သင်ကြားမယ့် သူကတော့ တပ်မ ၉၉ ဦးစီးအရာရှိဘဝကနေ အာဏာရှင်တွေကို ဆန့်ကျင်ပြီး ပြည်သူနဲ့ ပူးပေါင်းလာခဲ့တဲ့ ဗိုလ်မှူး ဟိန်းသော်ဦးပါ။"အကုန်လုံး အဆင့်အတန်းခွဲခြားလို့ မရဘူး။ စည်းကမ်းသေဝပ်စွာ သွားရမယ်။ သက်ဆိုင်ရာ နေရာတွေမှာ လိုအပ်တဲ့သူတွေရဲ့ ခေါင်းဆောင်မှုအပိုင်းကို လက်ခံ

ရန်ကုန် ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်မှာ လာရောက် အလုပ်လုပ်နေသူ ၃ ဦး ဖမ်းဆီး ခေါ်ဆောင်ခံရ

Posted: 07 May 2021 06:29 PM PDT

ဓာတ်ပုံ - အင်တာနက် စာမျက်နှာများရန်ကုန်၊ မေ ၇၊ ၂၀၂၁ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ရုံးချုပ်မှာ လာရောက် အလုပ်လုပ်နေတဲ့ ပါတီဝင် ၃ ဦး မနေ့က ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံရကြောင်း သတင်းရရှိပါတယ်။ဖမ်းဆီးခံရသူများမှာ ပါတီ ဗဟိုကော်မတီဝင် ၂ ဦးနဲ့ လူငယ် အဖွဲ့ဝင် ၁ ဦး ဖြစ်ပြီး ရွှေဂုံတိုင် ရုံးချုပ်ရှေ့မှာ အရပ်ဝတ် လက်နက်ကိုင်တွေက ဖမ်းဆီးကာ အိမ်စီးကားတွေနဲ့ ခေါ်

အာဆီယံ ကိုယ်စားလှယ်ကို လက်ခံရေး မစဉ်းစားရသေးဟု စစ်ကောင်စီပြော

Posted: 07 May 2021 06:26 PM PDT

(၇-၅-၂၀၂၁)တိုင်းပြည် တည်ငြိမ်အေးချမ်းမှုမရှိမချင်း အာဆီယံကိုယ်စားလှယ်ကို လက်ခံရေး စဉ်းစားမှာမဟုတ်သေးဘူးလို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဒီနေ့  (မေလ ၇ ရက်) ပြောဆိုလိုက်ပါတယ်။"အခုချိန်မှာ တိုင်းပြည်တည်ငြိမ်ရေးနဲ့ လုံခြုံရေးဟာ ကျနော်တို့ရဲ့ အဓိက ဦးစားပေးလုပ်ငန်းစဉ်ဖြစ်ပါတယ်။ လုံခြုံရေးနဲ့ တည်ငြိမ်ရေးသေချာပြီဆိုတော့မှ အာဆီယံ သံကိုယ်စာလှယ်နဲ့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်"

သျှမ်းတပ် (၂)တပ် လှုပ်ရှားသည့် နောင်ချိုမြို့နယ် တိုက်ပွဲဖြစ် ဒေသခံ (၃၀၀)ကျော်တိမ်းရှောင်နေရ

Posted: 07 May 2021 06:23 PM PDT

မေ ၇ ရက် ၂၀၂၁သျှမ်းတပ် ၂ဖွဲ့ လှုပ်ရှားရာ နယ်မြေဖြစ်သည့် သျှမ်းမြောက် နောင်ချိုမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားကာ ဒေသခံ(၃၀၀) ကျော်  ထွက်ပြေး တိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။နောင်ချိုမြိုနယ် နားမွန်ကျေးရွာ နှင့် နားယုတ်ကျေးရွာ တွင် သျှမ်းပြည် ပြန်လည် ထူထောင်ရေး တပ်မတော်(RCSS) နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တို့ လှုပ်ရှားကြသည့်နေရာဖြစ်ပြီး၊ မေ (၄)ရက်မှစတင်ကာ တိုက်ပွဲဖြစ်ပွားသဖြင့် ဒေသခံ (

စစ်ကျွန်ပညာရေးအောက် သျှမ်းတက္ကသိုလ်ကျောင်သားများ မတက်

Posted: 07 May 2021 06:22 PM PDT

မေ ၇ ရက် ၂၀၂၁စစ်အာဏာရှင် အမိန့်ဖြင့် ဖွင့်လှစ်မည့် တက္ကသိုလ်ကျောင်းကို သျှမ်းလူငယ်တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများက သွားတက်မည် မဟုတ်ကြောင်း သျှမ်းပြည်လူငယ်များက ပြောဆိုလိုက်သည်။မြန်မာတဝှမ်းရှိ တက္ကသိုလ်ကျောင်းများကို မေ ၅ရက်  ပြန်ဖွင့်လှစ်နိုင်ရန် အတွက် စစ်အာဏာရှင် အစိုးရ က ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း သျှမ်းပြည်ရှိ တက္ကသိုလ်များတွင် ကျောင်းသားများ သွားရောက်မှု မရှိသလောက်နီးပါးကြောင်း၊ သျှမ်း

ပြင်သစ်မှာ မြန်မာ့အရေး ဆန္ဒထုတ်ဖော်မှု ဒေသခံတွေ ပူးပေါင်းမယ်

Posted: 07 May 2021 09:40 AM PDT

ပြင်သစ် မြန်မာသံရုံးရှေ့ ဖေဖော်ဝါရီလက ဆန္ဒပြခဲ့စဥ်မနက်ဖန် မေလ ၈ ရက်နေ့ဟာ ဥရောပတိုက်မှာ မဟာမိတ်တပ်တွေက ဂျာမန်နာဇီကို သိမ်းပိုက်အောင်မြင်တဲ့နေ့၊ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားသည့်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့မှာ အထိမ်းအမှတ်ပွဲတွေ ကျင်းပလေ့ရှိပြီး ဒီနှစ်မှာတော့ ပြင်သစ်နိုင်ငံက Toulouse မြို့မှာ ပြင်သစ်ရောက် မြန်မာတွေက မြန်မာ့အရေးအတွက် ဆန္ဒဖော်ထုတ်ကြဖို့ စီစဥ်ထားပါတယ်။ဆန္ဒဖော်ထုတ်ပွဲမှာ အမျိုးသား ညီညွတ်ရေး

အိဒ်နေ့ကို ပျော်ပွဲရွှင်ပွဲအသွင်မလုပ်ဖို့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်နဲ့လူငယ်အဖွဲ့အစည်းတချို့ကတောင်းဆို

Posted: 07 May 2021 09:30 AM PDT

မိတ္ထီလာက ဗလီတစ်ခုဆီ ဝတ်ပြုဖို့ ရောက်လာတဲ့ မွတ်စလင်အမျိုးသားတွေမကြာခင်ကျရောက်မယ့် အစ္စလမ်ဘာသာဝင်တွေရဲ့နေ့ထူးနေ့မြတ်တစ်ခုဖြစ်တဲ့ အိးဒ်နေ့ကို အများပြည်သူစိတ်အနှောက်ယှက်ဖြစ်အောင် ပျော်ပွဲရွှင်ပွဲအသွင်မပြုလုပ်ကြဖို့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်နဲ့လူငယ်အဖွဲ့အစည်းတချို့ကတောင်းဆိုလိုက်ပါတယ်။"ကျွန်တော်တို့ကအိးဒ်ပွဲတော်ကိုမလုပ်ဖို့တောင်းဆိုတာမဟုတ်ဘူး။ အများပြည်သူစိတ်အနှောက်ယှက်ဖြစ်စေတဲ့ ပုံစံနဲ့မပျော်ရွှင်

ဗဟိုနဲ့ မြို့နယ်ကာကွယ်ရေးတပ်တွေ ချိတ်ဆက်မည်

Posted: 07 May 2021 09:27 AM PDT

စစ်ကောင်စီတပ်တွေကို ခုခံကာကွယ်နိုင်ဖို့အတွက်၊ NUG က ဖွဲ့လိုက်တဲ့ ဗဟိုပြည်သူ့ကာကွယ်ရေး တပ်မ တော် PDF နဲ့ ပြည်တွင်းက ပြည်နယ်၊ တိုင်း၊ မြို့နယ် အလိုက် ပြည်သူ့ကာကွယ်ရေးတပ်တွေ ဟန်ချက်ညီညီ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ဒု-ကာကွယ် ရေးဝန်ကြီး ဒေါ်ခင်မမမျိုး က ပြောလိုက်ပါတယ်။မကြာခင်ကမှ ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ဟာ ပြည်တွင်းမှာရှိတဲ့ တိုင်း နဲ့ ပြည်နယ်၊ မြို့နယ်

ကနီမြို့နယ် ကျေးရွာလေးရွာမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ် တိုက်ပွဲဖြစ်

Posted: 07 May 2021 09:25 AM PDT

ကနီမြို့နယ် ကျေးရွာလေးရွာမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ် တိုက်ပွဲဖြစ် ကနီမြို့က စစ်ရှောင်ပြည်သူများ။ Photo: Citizen Journalistစစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မေလ ၇ ရက် ဒီကနေ့ နေရာ ၄ နေရာမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁၁ ဦးနဲ့ ပြည်သူဘက်က တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။ကနီမြို့နယ် ဇီးပင်းတွင်းရွာ၊ သမင်ခြံရွာ၊

စစ်အာဏာသိမ်းပြီး ၃ လအကြာ ဘဏ်လုပ်ငန်းတွေရဲ့ အခြေအနေ

Posted: 07 May 2021 09:23 AM PDT

မှတ်တမ်းဓါတ်ပုံ- ဧပြီ ၁၂ ရက်နေ့တုန်းက ဧရာဘဏ်ရှေ့ ငွေထုတ်ဖို့ စောင့်နေသူများမြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာ ၃ လကျော် ကြာလာတဲ့ အချိန်အထိ ကန့်ကွက်ဆန္ဒပြပွဲတွေနဲ့ မတည်မငြိမ် အခြေအနေတွေအပေါ် စိုးရိမ်မှုတွေနဲ့အတူ ဘဏ်လုပ်ငန်းတွေမှာ အခက်အခဲတွေ ကြုံနေရပါတယ်။ အကန့်အသတ်နဲ့သာ ငွေထုတ်ခွင့်ပြုတာ၊ ဝန်ထမ်းတွေ အလုပ်မဆင်းပဲ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်နေတာတွေ အပါအဝင် ဘဏ်လုပ်ငန်းတွေမှာ ကြံုတွေ့နေရတဲ့

တိုင်းပြည်စီးပွားပျက်အောင် လှုံ့ဆော်မှုတွေကြောင့် ဘဏ်တွေမှာ ငွေအကန့်အသတ်နဲ့ ထုတ်ပေးနေ (ဗဟိုဘဏ် ဒုဥက္ကဌ)

Posted: 07 May 2021 09:21 AM PDT

ဘဏ်ရှေ့ ငွေထုတ်ရန် စောင့်ဆိုင်းနေသူများ။ဘဏ်တွေမှာ ငွေကို အကန့်အသတ်နဲ့ ထုတ်ပေးနေတာဟာ တိုင်းပြည် စီးပွားရေးစီမံချက်တွေ ပျက်ပြားအောင် နိုင်ငံရေးအရ လှုံ့ဆော်နေတာတွေကြောင့် ဖြစ်ပြီး အခု မိုဘိုင်းဖုံးကတဆင့် ငွေလွှဲတဲ့လုပ်ငန်းတွေ ပုံမှန်ပြန်ဖြစ်နေပါပြီလို့ မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုဥက္ကဌ ဦးဝင်းသော်က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံစီးပွားရေး မတည်မ

လာမယ့်နှစ်အထိ အကျိုးအမြတ်ရဖို့ မရှိလို့ MPT မိတ်ဖက်ကုမ္ပဏီ ပြော

Posted: 07 May 2021 09:19 AM PDT

 ဒီကနေ့ ပြုလုပ်တဲ့ မန္တလေးမြို့က စစ်ကောင်စီ ဆန့်ကျင်တဲ့ စက်မှု စုပေါင်း သပိတ်နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့ သူတို့ရဲ့ ဆက်သွယ်ရေး ကဏ္ဍ စီးပွားရေး လုပ်ငန်းကနေ ဘာအကျိုးအမြတ်မှ ရမှာ မဟုတ်ဘူးလို့ ဂျပန်ကုမ္ပဏီ Sumitomo Corporation က ပြောပါတယ်။ဒီနှစ်ကနေ ၂၀၂၀ ခုနှစ် မတ်လအထိ ဝင်ငွေတွေကို ခန့်မှန်းတွက်ဆပြီး Sumitomo Corp ကုမ္ပဏီက အခုလို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ဂျပန်အခြေစိုက်

မြင့်တက်နေတဲ့ရွှေစျေး ဘာဆက်ဖြစ်နိုင်မလဲ

Posted: 07 May 2021 09:17 AM PDT

မြန်မာ့ရွှေဈေး ၁၅ သိန်းကျော်ထိ မြင့်တက်စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်တွေအပေါ် ယုံကြည်မှုနည်းလာကာ ရွှေဝယ်စုသူတွေ များလာတာကြောင့် မြန်မာ့ရွှေဈေးကွက်ဟာ တစ်ကျပ်သားကို ကျပ် ၁၅ သိန်းကျော်အထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။ငွေသားကိုင်မထားချင်တဲ့ ပြည်သူတွေက တနိုင်တပိုင် ရွှေထည် ဝယ်ယူစုဆောင်းနေကြပေမယ့် ရွှေဈေးကွက် လက်ကြီးသမားတွေကြားမှာတော့ အရောင်းအဝယ် မရှိသလောက်နည်းတယ်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.