သစ္ထူးလြင္ |
- သောင်ရင်းမြစ်ရေလျှံလို့ မြဝတီမြို့က လူလေးထောင်ကျော် အိုးအိမ်စွန့်ခွာရ
- မြန်မာနိုင်ငံဟာ သတင်းသမားတွေအတွက် အန္တရာယ်ကြီးတဲ့ နေရာတစ်ခုဖြစ်လာ
- UWSA ထိန်းချုပ်ရာ ဝ ဒေသက ၁၈နှစ်အထက် လူဦးရေအားလုံးနီးပါးကာကွယ်ဆေးထိုးပြီးလို့ဆို
- ကနီကျေးရွာတွေမှာ စစ်ကောင်စီဘက်က ခြောက်လှန့်ပစ်ခတ်တာ၊ ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေဆဲလို့ ဒေသခံတွေပြော
- ရေဘေးကြောင့် ကပ်ရောဂါကူညီရေးအဖွဲ့တွေ အခက်ကြုံ
- ကနီတိုက်ပွဲ ဖမ်းခံရတဲ့ PDF တွေ အလောင်းပဲပြန်ရ
- နေပြည်တော်က ဆန္ဒပြကျောင်းသားခေါင်းဆောင်တစ်ဦးကို စစ်ကောင်စီ ရိုက်နှက်ဖမ်းဆီး
- မြတောင်သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံလိုက်ရ၊ သေဆုံးသူတွေ ရှိနိုင်
သောင်ရင်းမြစ်ရေလျှံလို့ မြဝတီမြို့က လူလေးထောင်ကျော် အိုးအိမ်စွန့်ခွာရ Posted: 27 Jul 2021 10:12 AM PDT ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် သောင်ရင်းမြစ်အနီးမှာရှိတဲ့ မြဝတီမြို့ပေါ်ရပ်ကွက်တွေထဲကို ဇူလိုင် ၂၆ ရက် ညပိုင်းကစပြီး သောင်ရင်းမြစ်ရေတွေ အလုံးအရင်းဝင်ရောက်လာပြီး လူနေအိမ်တော်တော်များများ နစ်မြုပ်ကုန်တာကြောင့် အရပ်သား ၄၀၀၀ ကျော်ဟာ အိုးအိမ်တွေကို စွန့်ခွာလိုက်ရတယ်လို့ ကူညီကယ်ဆယ် ရေးအဖွဲ့တွေက RFA ကို ပြောပါတယ်။ရေကြီးမှုကနေ တိမ်းရှောင်နိုင်ခြင်းမရှိသေးဘဲ နေအိမ်တွေထဲပိတ်မိနေတဲ့ လူအများအပြားရှိနေတုန်း |
မြန်မာနိုင်ငံဟာ သတင်းသမားတွေအတွက် အန္တရာယ်ကြီးတဲ့ နေရာတစ်ခုဖြစ်လာ Posted: 27 Jul 2021 10:10 AM PDT မြန်မာနိုင်ငံဟာ သတင်းသမားတွေအတွက် အန္တရာယ်ကြီးတဲ့ နေရာတစ်ခုဖြစ်လာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို သတင်းဓာတ်ပုံရယူနေတဲ့ ရန်ကုန်မြို့က သတင်းသမားတစ်ဦးကို ၂၀၂၁၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့က တွေ့ရစဉ် / Photo: RFAသတင်းသမားတွေကို ဖမ်းဆီးအရေးယူတာတွေနဲ့ လွတ်လပ်တဲ့ သတင်းလုပ်ငန်းတွေအပေါ် ဖိနှိပ်စော်ကား တာတွေ စစ်ကောင်စီက ရပ်တန့်သင့်ပြီလို့ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ဒီကနေ့ပဲ ကြေညာပါတယ်။ |
UWSA ထိန်းချုပ်ရာ ဝ ဒေသက ၁၈နှစ်အထက် လူဦးရေအားလုံးနီးပါးကာကွယ်ဆေးထိုးပြီးလို့ဆို Posted: 27 Jul 2021 10:08 AM PDT UWSACopyright: UWSAUWSA ထိန်းချုပ်ရာ ဝ အထူးဒေသက အသက်၁၈နှစ်အထက် လူဦးရေ ၃ သိန်းနီးပါးလုံး ကာကွယ်ဆေး ၂ကြိမ်ထိုးပြီးသွားပြီလို့ ဝ ဒေသပြောခွင့်ရ ဦးညီရန်းက ဘီဘီစီကို ပြောပါတယ်။ကာကွယ်ဆေးအားလုံးကို တရုတ်နိုင်ငံက အခမဲ့ ထောက်ပံ့ခဲ့တာလို့ သိရပါတယ်။" အခုချိန်ထိတော့ ကိုဗစ်ကြောင့် သေဆုံးသူတော့ မရှိဘူး။ ပေါ့စတစ်လူနာကတော့ ၃၀၀ နီးပါး တွေ့ခဲ့ပြီး ဆေးရုံက ဆင်းသွားခဲ့ပြီ ဖြစ်တယ်။ ပေါ့စတစ်တွေကတော့ ပြင်ပကလာတဲ့သူတွေ |
ကနီကျေးရွာတွေမှာ စစ်ကောင်စီဘက်က ခြောက်လှန့်ပစ်ခတ်တာ၊ ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေဆဲလို့ ဒေသခံတွေပြော Posted: 27 Jul 2021 10:06 AM PDT CJCopyright: CJစစ်ကိုင်းတိုင်းဒေသကြီး၊ကနီမြို့နယ်ထဲကကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ လှည့်လှည်တပ်စွဲနေပြီး ရွာတွေထဲ အင်အားသုံးပြီးလှည့်လှည်ခြောက်လှန့်ပစ်ခတ်တာတွေ၊ ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့မှာ စစ်ကောင်စီနဲ့ ကနီဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား လူသေဆုံးတဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ဒီတိုက်ပွဲအပြီးမှာ စစ်ကောင်စီဘက်က ကနီမြို့နယ်အတွင်းကကျေးရွာတွေ |
ရေဘေးကြောင့် ကပ်ရောဂါကူညီရေးအဖွဲ့တွေ အခက်ကြုံ Posted: 27 Jul 2021 10:03 AM PDT flood in lower Myanmarကရင်ပြည်နယ် မြဝတီမြို့ ကိုဗစ်စင်တာမှာ ရေကြီးလို့ အောက်ဆီဂျင်ပေးနေရတဲ့ လူနာအပါအဝင် လူနာ ၁၀၀ ကျော်ကို အရေးပေါ်ပြောင်းရွှေ့ထားရပါတယ်။ မော်လမြိုင်မှာလည်း ရေကြီးပြီး ရပ်ကွက်လမ်း၊ သချိုင်္င်းသွားလမ်းတွေ ရေမြှုပ်လို့ နေအိမ်မှာ သေဆုံးသွားသူ ၉ ဦးကို မိုးထဲရေထဲ ခက်ခက်ခဲခဲ သယ်ယူမီးသင်္ဂြုလ်ခဲ့ရပါတယ်။ မြန်မာပြည်တောင်ပိုင်းတခွင် ရေကြီးရေလျှံလို့ ကပ်ရောဂါအကူအညီပေးရေးကိစ္စတွေမှာ အဟန့်အတား |
ကနီတိုက်ပွဲ ဖမ်းခံရတဲ့ PDF တွေ အလောင်းပဲပြန်ရ Posted: 27 Jul 2021 10:00 AM PDT တိုင်းရင်းသားနယ်ြမေထဲမှာ လှုပ်ရှားနေတဲ့ မြန်မာစစ်တပ် (ဓာတ်ပုံ - AP)စစ်ကိုင်းဒေသကြီး ကနီနယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDFတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒဏ်ရာရပြီး ဖမ်းဆီးခံရတဲ့ PDF တပ်ဖွဲ့ဝင်တွေကို အလောင်းပဲ ပြန်ရခဲ့တယ်လို့ ဒေသခံ PDFတွေဘက်က ပြောပါတယ်။ ဒါ့အပြင် ရွှေကူအနီးမှာ စစ်ကောင်စီတပ်တွေရဲ့ ရေယာဉ်တွေကို KIA တပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တာတွေ ရှိပါတယ်။ ဒီအကြောင်း |
နေပြည်တော်က ဆန္ဒပြကျောင်းသားခေါင်းဆောင်တစ်ဦးကို စစ်ကောင်စီ ရိုက်နှက်ဖမ်းဆီး Posted: 27 Jul 2021 09:58 AM PDT နေပြည်တော်က ဆန္ဒပြကျောင်းသားခေါင်းဆောင်တစ်ဦးကို စစ်ကောင်စီ ရိုက်နှက်ဖမ်းဆီး ဖမ်းဆီးခံရတဲ့ ရမည်းသင်း နည်းပညာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား ကိုကျော်ဘိုဘိုခန့် ကို တွေ့ရစဥ် / Photo CJနေပြည်တော်က ဆန္ဒပြပွဲတချို့မှာ ဦးဆောင်ပါဝင်ခဲ့တဲ့ အသက် ၂၀ အရွယ် ရမည်းသင်း နည်းပညာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား ကိုကျော်ဘိုဘိုခန့် ကို ဇူလိုင်လ ၂၇ ရက် ဒီနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်တွေ က ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ |
မြတောင်သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံလိုက်ရ၊ သေဆုံးသူတွေ ရှိနိုင် Posted: 27 Jul 2021 09:57 AM PDT မြတောင်သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံလိုက်ရ၊ သေဆုံးသူတွေ ရှိနိုင် ၂၀၂၁၊ ဇူလိုင် ၁၉ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြတဲ့ မြတောင်သပိတ်စစ်ကြောင်းကို တွေ့ရစဉ် / Photo: Simulationမန္တလေးမြို့မှာ နေ့တိုင်းနီးပါး ဆန္ဒပြနေကြတဲ့ မြတောင်သပိတ်စစ်ကြောင်းဟာ ဒီကနေ့ ဇူလိုင် ၂၇ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ဖြိုခွဲခံလိုက်ရလို့ သေဆုံးသူတွေရှိနိုင်တယ်လို့ ဒေသခံတစ်ချို့က ပြောပါတယ်။မဟာ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.