သစ္ထူးလြင္ |
- လေးနှစ်အတွင်း ရခိုင်စစ်တိုင်းမှူး လေးဦးပြောင်း
- ကိုဗစ်က ရာသီတုပ်ကွေးနဲ့ မတူကြောင်း WHO ပြော
- မန္တလေးစက်မှုဇုန်အတွင်းက သံရည်ကြိုစက်ရုံတွင် ပေါက်ကွဲမှု ဖြစ်ပွားပြီး လူငါးဦးဒဏ်ရာရ
- စာရွက်စာတမ်းကိစ္စကြောင့် အလုပ်သမားတွေ ထိုင်းမှာ အလုပ်ပြန်ဝင်ဖို့ ခက်ခဲနေ
- ဗီယက်နမ် တစ်နိုင်ငံလုံး ဗိုင်းရပ်စ် ကူးစက်မှာကို စိုးရိမ်လို့ အစိုးရ သတိပေး
- ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် ပုဂံဘုရားအချို့ ဝင်ခွင့်ပိတ်
- ကပ်ရောဂါကာလသတ်မှတ်ချက် နိုင်ငံတွင်းလိုက်နာသူလျော့နည်းလာ
- မန္တလေးရေဘေး ဒေသခံ ၃,၀၀၀ ကျော် ယာယီစခန်းမှာရှိနေဆဲ
- ရွေးကောက်ပွဲကို နှောင့်ယှက်မှာ မဟုတ်ဘူးလို့ TNLA နဲ့ SSPP ပြော
- တပ်က ကန့်ကွက်တဲ့ အမြန်လမ်းစီမံကိန်း ချေးငွေကို လွှတ်တော်အတည်ပြု
- လွတ်လပ်စွာနာမည် အသုံးပြုခွင့်ပေးဖို့အရေး အာဖဂန်အမျိုးသမီးတွေရဲ့လှုပ်ရှားမှု
- ကိုဗစ်ကာကွယ်ရေး ပေါ့လျော့မှု ကျန်းမာရေးဝန်ကြီး သတိပေး
လေးနှစ်အတွင်း ရခိုင်စစ်တိုင်းမှူး လေးဦးပြောင်း Posted: 29 Jul 2020 07:57 AM PDT ရခိုင်ပြည်နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းမှူး ဗိုလ်ချုပ်ဖုန်းမြတ်ကို နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအဖြစ် ခန့်အပ်လိုက်တဲ့အတွက် လေးနှစ်တာကာလအတွင်း ရခိုင်စစ်တိုင်းမှူး လေး ဦးထိပြောင်းလဲလာတာတွေ့ရပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခာတွေကြောင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုးကို ၂၀၁၇ ခုနှစ်မှာ တိုင်းမှူး |
ကိုဗစ်က ရာသီတုပ်ကွေးနဲ့ မတူကြောင်း WHO ပြော Posted: 29 Jul 2020 07:41 AM PDT ဇူလိုင် ၂၈ ရက်နေ့က NIH (National Institute of Allergy and Infectious Diseases/NIAID) တွေ့ရှိချက်အရ COVID လူနာမှာ တွေ့ရတဲ့ အနီရောင် SARS-CoV-2 ပိုး ပုံ။ COVID 19 ကပ်ရောဂါဟာ တစ်ကြိမ်တစ်ခါသာ လာတဲ့ အသွင်ကြီးမားတဲ့ လှိုင်းလုံးကြီး တစ်ခုဖြစ်သလို ဗိုင်းရပ်စ် အသစ်တစ်မျိုး ဖြစ် တာကြောင့် နှစ်စဉ်ဖြစ်တဲ့ ရာသီတုပ်ကွေးတွေနဲ့ မတူဘူးလို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က တာဝန်ရှိသူ တစ်ဦးက အင်္ဂါနေ့က ပြောပါတယ်။ " |
မန္တလေးစက်မှုဇုန်အတွင်းက သံရည်ကြိုစက်ရုံတွင် ပေါက်ကွဲမှု ဖြစ်ပွားပြီး လူငါးဦးဒဏ်ရာရ Posted: 29 Jul 2020 07:16 AM PDT မန္တလေး ၂၉ ဇူလိုင် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်(၂)ရှိ ရွှေနန်းတော် သံရည်ကြိုစက်ရုံတွင် ယနေ့နံနက်ပိုင်းက သံရည်ကြိုနေစဉ် ပေါက်ကွဲမှုဖြစ်ပွားရာ လုပ်သားငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ သံရည်ကြိုနေစဉ် လျှပ်စစ်မီးပြတ်တောက်သွားရာ ကြိုလက်စ သံရည်ပူများ ခဲသွားပြီး လျှပ်စစ်မီး ပြန်လည်ရရှိချိန်၌ လုံထဲတွင် ဖိအားများကာ ခဲနေသည့် သံတုံးကို တွန်းထုတ်ရာ သံရည်များ လွင့်စင်သွားခဲ့ရာ |
စာရွက်စာတမ်းကိစ္စကြောင့် အလုပ်သမားတွေ ထိုင်းမှာ အလုပ်ပြန်ဝင်ဖို့ ခက်ခဲနေ Posted: 29 Jul 2020 07:08 AM PDT မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ပြန်လာအလုပ်လုပ်နိုင်ကြောင်း ထိုင်းနိုင်ငံက ခေါ်ထားပေမယ့် ကျန်းမာရေး စစ်ဆေးခ ကုန်ကျစရိတ်တွေကို ကျခံရမယ့်ကိစ္စ မပြတ်သားတာကြောင့် အလုပ်သမား ပြန်လည်စေလွှတ်ဖို့ ကြန့်ကြာနေရပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေထဲမှာ စာရွက်စာတမ်းအပြည့်အစုံနဲ့ တရားဝင်ပြန်လာပြီး ထိုင်းနိုင်ငံကို ပြန်လည်သွားရောက်ခွင့်ရဖို့ စောင့်ဆိုင်းနေသူ ၆၉၂၀၀ ကျော်ရှိပြီး နှစ်နိုင်ငံ သဘောတူညီချက်နဲ့ |
ဗီယက်နမ် တစ်နိုင်ငံလုံး ဗိုင်းရပ်စ် ကူးစက်မှာကို စိုးရိမ်လို့ အစိုးရ သတိပေး Posted: 29 Jul 2020 07:04 AM PDT ဒါနန်းမြို့ကို လော့ဒေါင်းချထား ဗီယက်နမ် နိုင်ငံ ဒါနန်းမြို့က ကူးစက်မှုတွေနဲ့ ဆက်နွယ်ပြီး တစ်နိုင်ငံလုံး ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေ ဖြစ်သွားနိုင်တယ် ဆိုပြီး အစိုးရက သတိပေးချက်တွေ ထုတ်ပြန်နေပါတယ်။ လွန်ခဲ့တဲ့ သုံးလအတွင်းမှာ ကိုရိုနာ ဗိုင်းရပ်စ် အသစ်ကူးစက်မှုတွေ မရှိခဲ့ရာက ဒါနန်းကမ်းခြေမြို့မှာ ကူးစက်ခံရသူ ၃၀ စံချိန်တင် တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ မြို့ကို ခရီးသွားတွေ လာရောက် |
ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် ပုဂံဘုရားအချို့ ဝင်ခွင့်ပိတ် Posted: 29 Jul 2020 07:00 AM PDT ရုံးပိတ်ရက်ရှည် တွေမှာ ပြည်တွင်းခရီးသွားအလာများ ပုဂံမှာ ဘုရားဖူးတွေရုတ်တရက် များပြားလာပြီး ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေး ညွှန်ကြားချက်တွေနဲ့ မကိုက်ညီတာကြောင့် ဇူလိုင်၂၉ ရက်နေ့ မနက်ကစပြီး လူတွေလာရောက်မှုများတဲ့ ဘုရားအချို့ကို ပြန်ပိတ်လိုက်တယ်လို့ ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုံး ပြောပါတယ်။ လာမယ့်ရက်ပိုင်းအတွင်း ရုံးပိတ်ရက်ရှည်ဖြစ်တဲ့ ဝါဆိုလပြည့်နေ့ရုံးပိတ်ရက်ရှည်မှာ လူစုလူ |
ကပ်ရောဂါကာလသတ်မှတ်ချက် နိုင်ငံတွင်းလိုက်နာသူလျော့နည်းလာ Posted: 29 Jul 2020 06:57 AM PDT COVID 19 ကူးစက်မှုကို ကာကွယ်ဖို့ နှာခေါင်းစည်းနဲ့ Face Shield တပ်ထားတဲ့ အမျိုးသမီးတဦးကို ရန်ကုန်မြို့ရှိ စျေးတခုမှာတွေ့ရ။ (ဧပြီ ၂၁၊ ၂၀၂၀) မြန်မာနိုင်ငံက အများပြည်သူကြားမှာ COVID 19 ကပ်ရောဂါကာကွယ်ရေး ပေါ့လျော့လာတဲ့အပေါ် ကျန်းမာရေးဝန်ကြီးကိုယ်တိုင် သတိပေးနေရတာ ဘယ်လိုအကြောင်းတွေကြောင့်လဲဆိုတာကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက သတင်းပေးပို့ထားပါတယ်။ ကမ္ဘာတဝန်း ကပ် |
မန္တလေးရေဘေး ဒေသခံ ၃,၀၀၀ ကျော် ယာယီစခန်းမှာရှိနေဆဲ Posted: 29 Jul 2020 06:53 AM PDT မန္တလေးတိုင်း အမရပူရမြို့ ရွှေဂဲ ရေထိန်းတံခါး ကျိုးပေါက်ပြီး ဧရာဝတီမြစ်ရေ စီးဆင်းဝင်တဲ့ မြင်ကွင်း။ (ဓာတ်ပုံ - Myanmar Fire Services Department (MDY) - ဇူလိုင် ၂၀၊ ၂၀၂၀) မန္တလေးတိုင်းအတွင်း တာရိုးကျိုးပေါက်ရာက ရေဘေးသင့်ခဲ့တာ သီတင်းတစ်ပတ်ကျော်လာချိန်အထိ ရေဘေးသင့်သူ ၃,၀၀၀ လောက် ယာယီစခန်းတွေမှာ နေထိုင်နေရဆဲဖြစ်တဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြပါမယ်။ မန္တလေးတိုင်း၊ အမရပူရ |
ရွေးကောက်ပွဲကို နှောင့်ယှက်မှာ မဟုတ်ဘူးလို့ TNLA နဲ့ SSPP ပြော Posted: 29 Jul 2020 06:48 AM PDT ၂၀၀၈ အခြေခံဥပဒေအရ ပေါ်လာတဲ့ ရွေးကောက်ပွဲတိုင်းကို အသိမှတ်မပြုခဲ့ပေမယ့် ဒေသတွင်း လူထုရဲ့ ဒီမိုကရေစီ ကျင့်စဉ်နဲ့ ယဉ်ကျေးမှုကို မဟန့်တားလိုတာကြောင့် နိုဝင်ဘာလ ရွေးကောက်ပွဲကို ဆန့်ကျင်တာ၊ ပါဝင်စွက်ဖက် တာတွေ လုပ်မှာမဟုတ်ဘူးလို့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောပါတယ်။ မဲဆွယ် စည်းရုံးကြရာမှာတော့ လူမျိုးရေး ထိခိုက်စေတာ တဖက်နဲ့ တဖက် ပုတ်ခတ်တာမျိုး မဖြစ်စေချင်ဘူးလို့ ပြောပါ |
တပ်က ကန့်ကွက်တဲ့ အမြန်လမ်းစီမံကိန်း ချေးငွေကို လွှတ်တော်အတည်ပြု Posted: 29 Jul 2020 06:45 AM PDT အာရှဖွံ့ဖြိုးရေးဘဏ် ADB ကနေ အမေရိကန်ဒေါ်လာ သန်း ၄၈၀ ကျော် ချေးယူပြီး နိုင်ငံတကာအဆင့်မီ ပဲခူး-ကျိုက်ထို အမြန်လမ်းမကြီး တည်ဆောက်မယ့်ကိစ္စကို လွှတ်တော်မှာ သဘောမတူတဲ့ ကိုယ်စားလှယ်တွေ ရှိခဲ့ပေမယ့်လည်း ထောက်ခံတဲ့ ကိုယ်စားလှယ်ဦးရေက များတာကြောင့် ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်းက ဒီစီမံကိန်းအတွက် ADB ကနေ ချေးငွေ |
လွတ်လပ်စွာနာမည် အသုံးပြုခွင့်ပေးဖို့အရေး အာဖဂန်အမျိုးသမီးတွေရဲ့လှုပ်ရှားမှု Posted: 28 Jul 2020 05:43 PM PDT လှုပ်ရှားမှုစကတည်းက အားပေးပါဝင်ခဲ့တဲ့ ဆွီဒင်ရောက် အာဖဂန်ဒုက္ခသည် ဆာဟာ ဆာမက် ရာဘီယာလို့ ကျွန်တော်တို့ခေါ်ကြမယ့် အာဖဂနစ္စတန်က အမျိုးသမီးတစ်ယောက် အရမ်းဖျားလို့ ဆရာဝန်သွားပြတော့ သူ့မှာ ကိုဗစ်၁၉ ရှိနေပြီဆိုတာ သိလိုက်ရပါတယ်။ အဲဒါနဲ့ အရမ်းဖျားနေတဲ့ ရာဘီယာ အိမ်ကိုပြန်လာပြီး ဆရာဝန်ပေးလိုက်တဲ့ ဆေးစာကို သူ့ အတွက် ဆေးဝယ်ပေးဖို့ သူ့ယောက်ျားကို ပေးလိုက်ပါတယ်။ အဲ့ဒီဆေးစာမှာ သူ့နာမည်ရေးထားတာ တွေ့လို့ သူစိမ်း |
ကိုဗစ်ကာကွယ်ရေး ပေါ့လျော့မှု ကျန်းမာရေးဝန်ကြီး သတိပေး Posted: 28 Jul 2020 05:36 PM PDT ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး (ဓါတ်ပုံ-Ministry of Health and Sports, Myanmar) နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုဗစ်ကာလ ရုပ်ရှင်ဆိုင်ရာဆွေးနွေးပွဲမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကိုဗစ်ကာကွယ်ရေး ပေါ့လျော့လာတာအတွက် ပထမဆုံး လူသိရှင်ကြား ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။ "တနေ့ကို (၅) ခါ ပညာပေး |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.