Sunday, August 30, 2020

သစ်ထူးလွင်

သစ်ထူးလွင်


Portland ဆန္ဒပြမှု ထိပ်တိုက်တွေ့ရင်း တဦးသေဆုံး

Posted: 30 Aug 2020 05:49 AM PDT

သမ္မတ Trump ကို ထောက်ခံသူများ။ (သြဂုတ် ၂၉၊ ၂၀၂၀)အမေရိကန်ပြည်ထောင်စု Oregon ပြည်နယ် Portland မြို့မှာ လူမျိုးရေး ဆန္ဒပြပွဲတွေ ဆက်တိုက် ပေါ်ပေါက်နေတာမှာ မနေ့ စနေနေ့ညပိုင်းက Black Lives Matter ဆန္ဒပြသူတွေနဲ့ သမ္မတ Trump ကို ထောက်ခံတဲ့ ဆန္ဒပြသူတွေကြား ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့အတွက် လူ ၁ ဦး သေဆုံးခဲ့ပါတယ်။မြို့တွင်း ၃ လမ်းနဲ့ Alder လမ်းထောင့်မှာ ဆန္ဒပြသူတွေ အချင်းချင်း ပဋိပက္ခတွေကြား သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့

ကမ္ဘာတဝန်း ကိုဗစ်ကူးစက်မှု လူ ၂၅ သန်းကျော်ပြီ

Posted: 30 Aug 2020 05:47 AM PDT

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က ဈေးတခုမှာ နှာခေါင်းစည်းတပ် ဈေးဝယ်လာသူများ။ (သြဂုတ် ၃၀၊ ၂၀၂၀)ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်ဟာ ၂၅ သန်းကျော်သွားပြီဖြစ်ပြီး အိန္ဒိယနိုင်ငံမှာလည်း နေ့စဉ်ကူးစက်မှုနှုန်းမှာ ကမ္ဘာ့စံချိန် တင်ခဲ့ပါတယ်။အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၇၈,၇၆၁ ယောက်ရှိတာကြောင့် ဒါဟာ ကမ္ဘာပေါ်မှာ ကပ်ရောဂါစဖြစ်ချိန်ကစပြီး နေ့စဉ်

အတည်ပြုလူနာသစ် ၁၆ ဦးထဲမှာ ရန်ကုန်က ၁၁ ဦး ပါဝင်

Posted: 30 Aug 2020 05:45 AM PDT

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်း လူကူးတံတားပေါ်မှ ဖြတ်သန်းသွားလာသူတွေကို တွေ့ရစဉ် / ဓာတ်ပုံ - ကျော်ဇင်သန်း/ RFAကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံသူအရေအတွက် ဆက်တိုက်များပြားလာနေပြီး အဲဒီထဲမှာ ပြီးခဲ့တဲ့လတွေအတွင်း ပြည်ပခရီးသွားရာဇဝင်မရှိတဲ့သူတွေ အများအပြားပါဝင်နေပါတယ်။ဒီလိုအခြေအနေမှာ အာဏာပိုင်တွေက ကူးစက်မှုလျော့ပါးရေးအတွက် စီစဉ်နေကြပြီး ကျန်းမာရေးဝန်ထမ်းတွေကတော့ ကူးစက်ခံထားရသူတိုင်းကို ဆေးရုံ

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေ ကြေညာထား

Posted: 30 Aug 2020 05:43 AM PDT

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ သီတာရပ်ကွက်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခွင့်ရှိသူ စာရင်းကြည့်နေသူတွေကို တွေ့ရစဉ်လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတွေကို ဒီနေ့ စတင်ကြေညာလိုက်ပါတယ်။ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကြည်မြင့်က ရန်ကုန်တိုင်း အပါအဝင် တစ်ပြည်လုံးမှာ

ပြည်ခရိုင်အုပ်ချူပ်ရေးမှူးရုံးရှေ့ရှိ ရွှေဆိုင်အား သေနတ်အတုဖြင့် လုယက်သူအမျိူးးသားနှစ်ဦးအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ

Posted: 30 Aug 2020 05:35 AM PDT

 ပြည်    သြဂုတ်   ၃၀      ပဲခူးတိုင်း ဒေသကြီး   ပြည်ခရိုင် အုပ်ချူပ်ရေးမှူးရုံး ရှေ့ရှိ ရွှေဆိုင်အား သေနတ်အတုဖြင့် ဝင်ရောက်လုယက်သူ အမျိူးးသား နှစ်ဦးအား ရဲတပ်ဖွဲ့ နှင့် ပြည်သူပူးပေါင်းဖမ်းဆီးရမိခဲ့ကြောင်း ပြည်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မိုးထံက  သိရသည် ။      ဖြစ်စဉ်မှာ သြဂုတ် ၂၉ ရက် ညနေ  ၅း၂၀  နာရီ ခန့် ပြည်မြို့နယ်၊ ရွှေကူရပ်ကွက်၊ ရွှေတစ်ချောင်းလမ်းနှင့် ပန်းပဲ တန်းလမ်းထောင့် ပြည်

လူမည်းအမျိုးသား ပစ်ခတ်ခံရမှု Wisconsin ပြည်နယ်မှာ ဆက်လက်ဆန္ဒပြ

Posted: 29 Aug 2020 07:26 PM PDT

လူမည်းအမျိုးသား Jacob Blake ပစ်ခတ်ခံရမှုအတွက် ချီတက် ဆန္ဒပြကြသူများ။ (သြဂုတ် ၂၇၊ ၂၀၂၀)Wisconsin ပြည်နယ် Kenosha မြို့မှာ လူမည်းအမျိုးသား Jacob Blake ကို လူဖြူရဲအရာရှိက သေနတ်နဲ့ ပစ်ခတ်မှုအတွက် လူထုဆန္ဒပြမှုတွေကို စနေနေ့မှာလည်း တွေ့နေရပါတယ်။Kenosha မြို့မှာ ဒီသီတင်းပတ် အစောပိုင်းတုန်းက ဆန္ဒပြမှုတွေနဲ့ မတည်မငြိမ် ဖြစ်ခဲ့တဲ့အတွက် ပြည်နယ်လုံခြုံရေးတပ်တွေ ချထားချိန်မှာပဲ ဒီလူထုဆန္ဒပြမှုကို Blake ရဲ့

အမေရိကန်ရဲတပ်ဖွဲ့တွင်း လူမျိုးရေးခွဲခြားမှု ပျောက်အောင်လုပ်ဖို့ ကုလသမဂ္ဂ တိုက်တွန်း

Posted: 29 Aug 2020 07:25 PM PDT

ဝါရှင်တန်ဒီစီ လူထုချီတက် ဆန္ဒပြပွဲမှာ လက်သီးလက်မောင်းတန်း ပြောကြားနေတဲ့ Jacob Blake ရဲ့ဖခင်။ (သြဂုတ် ၂၈၊ ၂၀၂၀)အမေရိကန်ပြည်ထောင်စုရဲ့ တရားဥပဒေစိုးမိုးရေး အဖွဲ့တွေအတွင်းမှာ ပုံစံတကျရှိနေတဲ့ လူမျိုးရေးခွဲခြားမှုတွေကို ရှင်းလင်းဖယ်ရှားဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ပြောခွင့်ရ Rupert Coleville က သောကြာနေ့က တိုက်တွန်းလိုက်ပါတယ်။"Jacob Blake ကို ပစ်ခတ်မှုဟာ အမေရိကန်နိုင်ငံမှာ

အိန္ဒိယ အန်ဒမန်ကျွန်းစုက ရှားပါး မျိုးနွယ်စုကို ကိုဗစ် ကူးစက်

Posted: 29 Aug 2020 07:22 PM PDT

ဂရိတ်အန်ဒမန် လူမျိုးစုက မောင်နှမ နှစ်ဦး ပို့ဘလဲမြို့မှာတွေ့ရစဥ်အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်းစု (ကပ္ပလီကျွန်းစု)က လူသူအထိအတွေ့နည်းတဲ့ ကျွန်းသား လူမျိုးစုတစ်စုကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရပါတယ်။အန်ဒမန်ကျွန်းစု ကျွန်းသားတွေအနက် 'ဂရိတ် အန်ဒမန် လူမျိုးစု' ကျွန်းသား ၁၀ ဦးဟာ ပြီးခဲ့တဲ့ လအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ကျန်းမာရေး အရာရှိ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။သူတို့ထဲက လေးဦးဟာ

(၃၀-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၁၆) ဦးတွေ့ရှိ

Posted: 29 Aug 2020 07:17 PM PDT

၁။     (၂၉-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL)မှ ဒုတိယအသုတ် ဓာတ်ခွဲ နမူနာ (၅၂၄) ခု၊- ဆေးသုတေသနဦးစီးဌာန (DMR) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၅၂) ခုနှင့်- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၄) ခု တို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ -• COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၁၆) ဦးတွေ့ရှိပါသည်။၂။   (၃၀-၈-၂၀၂၀) ရက်နေ့၊

မြန်မာအလုပ်သမားတွေခေါ်ယူရေး ထိုင်းလုပ်ငန်းရှင်တွေ ရက်ရွေ့ဆိုင်းမည်

Posted: 29 Aug 2020 08:24 AM PDT

ဘန်ကောက်မြို့မှာတွေ့ရတဲ့ ရွှေ့ပြောင်းအလုပ်သမားများမြန်မာနိုင်ငံတွင်း COVID-19 ကူးစက်မှုတွေ မြင့်တက်နေတဲ့ အတွက် မြန်မာအလုပ်သမားတွေ ခေါ်ယူတာကို ရွှေ့ဆိုင်းထားဖို့ ထိုင်း စီးပွါးရေး လုပ်ငန်းရှင်တွေကို ထိုင်းကျန်းမာရေး အာဏာပိုင်တွေက တောင်းဆိုတော့မှာ ဖြစ်ပါတယ်။မြန်မာအပါအဝင် နိုင်ငံ အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းမြင့်တက်နေကြောင်း၊ မြန်မာနိုင်ငံတွင်းအစောပိုင်းကပြည်ပကပြန်လာသူတွေမှာ

ကိုဗစ်ကပ်ရောဂါကာလ မူးယစ်ဆေး ထုတ်လုပ်ရောင်းဝယ်မှု ပိုတိုးလာ

Posted: 29 Aug 2020 08:22 AM PDT

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလကနေ ဧပြီလအတွင်း မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းများ။COVID-19 ကာလ နယ်စပ်တွေ ပိတ်ထားပေမယ့် မူးယစ်ဆေးကိုတော့ မတားနိုင်ဘဲ ပိုပြီး ထုတ်လာကြတဲ့အပြင် အရှေ့တောင်အာရှဒေသ နယ်စပ်တွေကို ဖြတ်သန်း သယ်ဆောင်နေကြပြီးတော့ စျေးလည်းကျလာပါတယ်။အထူးသဖြင့် တရားမဝင် နယ်စပ်ဝင်ထွက်ပေါက်တွေ များတဲ့ မြန်မာနိုင်ငံကနေ ဒီ Methamphetamine ဆေးပြားတွေ ဖြတ်သန်း

ရခိုင်က ကိုဗစ်ပိုး ဗီဇပြောင်း ကူးစက်မြန်ပိုးဖြစ်တယ်လို့ ဆေးသုတေသနပြော

Posted: 29 Aug 2020 08:21 AM PDT

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်က Fever Clinic အပါအဝင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ နေထိုင်ရာ အနီးတစ်ဝိုက်ကို ပိုးသတ်ဆေးဖြန်းသီတင်းတစ်ပတ်ကျော် အချိန်တိုအတွင်း ကိုဗစ် ကူးစက်သူ ၂၀၀ ကျော်ရှိခဲ့တဲ့ ရခိုင်ပြည်နယ်က ကူးစက်မှုတွေကို စမ်းသပ်ကြည့်ခဲ့ရာမှာ ကနဦးရလဒ်တွေအရ ရခိုင်မှာဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ မျိုးဗီဇ ပြောင်းပြီး ကူးစက်မှုနှုန်းမြန်တဲ့ ဗိုင်းရပ်စ်ဖြစ်နေတယ်ဆိုတာကို တွေ့ရှိခဲ့တယ်လို့ ဆေး

(၂၉-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၇၇) ဦး တွေ့ရှိ

Posted: 29 Aug 2020 08:19 AM PDT

၁။ (၂၉-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၅၆၀) ခု၊- ဆေးသုတေသနဦးစီးဌာန (DMR)မှ  ဓာတ်ခွဲနမူနာ မှ (ပထမအသုတ်) (၁၉၃) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၁၁၀) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၂၇၂) ခု၊- ပြည်သူ့ဆေးရုံကြီး၊

ထိုင်းမှာ တရားမဝင် မြန်မာနိုင်ငံသားတွေ ပါလာတဲ့ကား မှောက်ပြီး ၄ ဦးဒဏ်ရာရ

Posted: 29 Aug 2020 08:16 AM PDT

မြန်မာနိုင်ငံသားတွေကို လူကုန်ကူး သယ်ဆောင်လာပြီး တိမ်းမှောက်ခဲ့တဲ့ကား။ (သြဂုတ် ၂၉၊ ၂၀၂၀ ဓာတ်ပုံ - ထိုင်းနယ်ခြားစောင့်တပ်)မြန်မာဘက်မှာ ကပ်ရောဂါကူးဆက်မှုတွေ များလာတယ်ဆိုပြီး ထိုင်းနယ်စပ်တွေမှာ လုံခြုံရေး တင်းကျပ်ချိန် ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်ထဲမှာ မြန်မာနိုင်ငံသားတွေကို လူကုန်ကူးသူတွေ သယ်ဆောင်လာတဲ့ကား တိမ်းမှောက်တာကြောင့် ကားပေါ်ပါလာတဲ့ မြန်မာနိုင်ငံသား ၄ ဦး ဒဏ်ရာရသွားပါတယ်။ အပြည့်အစုံကို

မလေးရှားရောက် တရားမဝင် မြန်မာနိုင်ငံသား ၁၃၀ ကျော်ကို နေရပ်ပြန်ပို့မည်

Posted: 29 Aug 2020 08:14 AM PDT

မေလ အတွင်းက မလေးရှားအစိုးရ ကပြန်ပို့ပေးခဲ့တဲ့ ထိန်းသိမ်းရေးစခန်းက မြန်မာများမလေးရှားနိုင်ငံက တရားမဝင်မြန်မာနိုင်ငံသား ၁၃၀ကျော်ကို နေရပ်ပြန်နိုင်ဖို့ မလေးရှား လူဝင်မူကြီးကြပ်ရေးဌာန နဲ့ ကွာလာလမ်ပူမှာရှိတဲ့ မြန်မာသံရုံးတို့ စီစဉ်ဆောင်ရွက်နေပြီ ဆိုတဲ့သတင်းကို တင်ဆက်ပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။မလေးရှားနိုင်ငံ မြန်မာသံရုံးက သံအမတ်ကြီးနဲ့ ကောင်စစ်တာဝန်ခံ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.