Monday, August 31, 2020

သစ်ထူးလွင်

သစ်ထူးလွင်


စစ်တွေမြို့က လူပေါင်း ၁၀၀၀ ခန့်ကို ကိုရိုနာဗိုင်းရပ်စ်ပိုးရှိမရှိ သွေးနမူနာယူစစ်မယ်

Posted: 31 Aug 2020 06:37 AM PDT

စစ်တွေမြို့ ကနေ စတင်တဲ့ ရာနဲ့ချီတဲ့ ကူးစက်မှုတွေဖြစ်ရခိုင်ပြည်နယ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ် -၁၉ ရောဂါ ကူးစက်ခံရမှုအများဆုံးဖြစ်တဲ့ စစ်တွေမြို့နယ်အတွင်းက လူပေါင်း ၁၀၀၀ ခန့်စီကနေ သွေးနမူနာတွေကို ရယူပြီး စစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ပြည်နယ် ပြည်သူ့ကျန်းမာရေး ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။အဲ့ဒီ သွေးနမူနာယူတဲ့ လုပ်ငန်းစဉ်ကို ဩဂုတ် ၃၁ ရက် ဒီကနေ့က စတင်ပြီး စက်တင်ဘာ ၅ ရက်နေ့အထိ

အမေရိကန်မှာ ကိုဗစ်ကူးစက်သူ ၆ သန်း ကျော်ပြီ

Posted: 31 Aug 2020 06:34 AM PDT

Texas ပြည်နယ် Wylie မြို့က အထက်တန်းကျောင်းတခုမှာ ကိုယ်အပူချိန် တိုင်းပေးနေတဲ့ ဆရာမတဦး။ (ဇူလိုင် ၁၄၊ ၂၀၂၀)ကမ္ဘာတလွှား COVID-19 ကူးစက်ပျံ့နှံ့မှုတွေ ဆက်ပြီးဖြစ်နေတာမှာ အမေရိကန် ပြည်ထောင်စုမှာ ကူးစက်သူ ၆,၀၀၀,၀၀၀ ကျော်နဲ့သေဆုံးသူ ၁၈၀,၀၀၀ ကျော်ရှိပါတယ်။ အနောက်အလယ်ပိုင်း ပြည်နယ်တွေဖြစ်တဲ့ Iowa ၊ တောင်နဲ့ မြောက် Dakotaနဲ့ Minnesota ပြည်နယ်တွေမှာ တရက်တာ ကူးစက်မှုနှုန်း မြင့်တက်လာတယ်လို့လည်း Johns Hopkins

ရခိုင်ပြည်နယ် ကိုဗစ်အကြပ်အတည်းကြား စစ်ရေးတင်းမာမှုများ ရှိနေဆဲ

Posted: 31 Aug 2020 06:31 AM PDT

ဘူးသီးတောင်မြို့နယ် စိုင်းဒင်စျေးရွာရောက် စစ်ရှောင်များ။ (ဓါတ်ပုံ -MP Oung Thaung Shway)ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာနေတဲ့ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေလည်း ဆက်လက်ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ထိခိုက်သေကြေမှုတွေ ကြုံနေရတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။ရခိုင်ပြည်နယ်မှာ ကပ်ရောဂါကူးစက်ခံရသူ အတည်ပြုလူနာတွေ ဆက်တိုးနေချိန်မှာ

ပိုးတွေ့လူနာနဲ့ထိတွေ့ခဲ့တဲ့ နေပြည်တော်က လူ ၇၀ ကျော်ကို စောင့်ကြည့်နေ

Posted: 31 Aug 2020 06:29 AM PDT

နေပြည်တော် စီလမ်းဆုံ အဝင်ဂိတ်မှာ နေပြည်တော်ကို ဝင်ရောက်လာတဲ့ ခရီးသွားတွေကို ၂၀၂၀၊ ဧပြီ ၁၄ ရက်နေ့က ကျန်းမာရေး စစ်ဆေးပေးနေစဉ် / ဓာတ်ပုံ - သက်စုအောင်/ RFAလူနာနံပါတ် ၆၅၉ ဟာ သြဂုတ်လထဲမှာ ရခိုင်ပြည်နယ်ကနေတဆင့် နေပြည်တော်ကို လာရောက်ခဲ့ဖူးတဲ့အတွက်၊ အဲဒီလူနာနဲ့ ဆက်စပ်သူ ၇၀ ကျော်ကို ကျန်းမာရေးစစ်ဆေးတာ၊ ကန့်သတ်စောင့်ကြည့်တာတွေ လုပ်ဆောင်နေ တယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယ ညွှန်

ရခိုင်မှာ ကပ်ရောဂါကူးစက်မှု မယုံသူတွေ ရှိတာကြောင့် ကာကွယ်ထိန်းချုပ်ရေး အခက်အခဲရှိနေ

Posted: 31 Aug 2020 06:27 AM PDT

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုများနေတဲ့ ရခိုင်ပြည်နယ်က ဒေသခံပြည်သူတစ်ချို့ဟာ ဗိုင်းရပ်စ်ကူးစက်မှု အပေါ် မယုံကြည်ဖြစ်နေတာကြောင့် ကာကွယ်ထိန်းချုပ်ရေးမှာ အခက်အခဲတွေရှိနေပါတယ်။ရခိုင်ဒေသခံပြည်သူတချို့ဟာ ပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေရှိနေတယ်ဆိုတာကို မယုံကြည်ကြဘူး ဖြစ်နေကြပါတယ်။မြောက်ဦးမြို့နယ် မြောင်းဘွေချေကျေးရွာ ဒေသခံ ဦးခင်မောင်သန်းက ဒါဟာ အစိုးရရဲ့မူဝါဒ (ပေါ်လစီ) တစ်ခုလို့

(၃၁-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၁၂) ဦးတွေ့ရှိ

Posted: 31 Aug 2020 06:24 AM PDT

၁။     (၃၀-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင်-- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၁,၀၀၀) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၃၇)  ခု၊- နေပြည်တော် ပြည်သူ့ဆေးရုံကြီး ကုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၉) ခု၊- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၉၈) ခုနှင့်- ပြည်သူ့ဆေးရုံကြီး၊

စစ်တွေမှာ COVID-19 လူနာတွေ တိုးလာရင် ကုသစောင့်ရှောက်မှုပုံစံ ပြောင်းမယ်

Posted: 30 Aug 2020 05:35 PM PDT

ရန်ကုန်မြို့က Quarantine စင်တာတခုမှာ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးဖို့ ပြင်ဆင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (မေ ၁၆၊ ၂၀၂၀)ရခိုင်ပြည်နယ် စစ်တွေမှာ COVID-19 ကူးစက်ခံရသူတွေအတွက် နောက်ထပ် ပြင်ဆင်ထားတဲ့ ကုတင်နေရာ ၁၁၀ ကျန်ရှိနေပြီး ဒီထက်များလာရင်တော့ စစ်တွေတက္ကသိုလ်မှာ တိုးချဲ့ဖို့၊ နောက်ဆုံးအဆင့်အနေနဲ့ အိမ်မှာပဲထားပြီး ကုသမှု ပေးဖို့အထိ စဉ်းစားသုံးသပ်နေရတဲ့အကြောင်း မသိင်္ဂီထိုက် စုစည်းတင်ပြပေးထားပါ

စစ်တွေဆေးရုံ က ကိုဗစ် လူနာတွေ အခြေအနေကောင်း

Posted: 30 Aug 2020 05:34 PM PDT

ဓာတ်ပုံ ရင်းမြစ်, Myint Lwinစစ်တွေဆေးရုံက ကိုဗစ်လူနာ အများစုဟာ စိုးရိမ်စရာ မရှိဘဲ ယေဘုယျ အနေအထားအရ အတော်များများဟာ အခြေအနေကာင်းမွန်တယ်လို့ စစ်တွေ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ဘီဘီစီကိုပြောပါတယ်။စစ်တွေ ဆေးရုံမှာ ကိုဗစ်လူနာအဖြစ် ကုသနေသူ ၁၇၂ ဦးအနက် လူနာ ၃ ဦး ကို ဂရုစိုက် ကုသပေးနေရပြီး၊ဒါဟာလည်း ကိုဗစ်ရောဂါကြောင့် မဟုတ်ဘဲ ဆီးချိုနဲ့ အဆုတ်နဲ့ပတ်သက်တဲ့ ယခင်ရောဂါတွေကြောင့် ဖြစ်တယ်လို့လည်း သူက ရှင်းပြ

ကိုဗစ်-၁၉ သတင်းမှားတွေကြောင့် လူရာနဲ့ချီ သေခဲ့ရ

Posted: 30 Aug 2020 05:29 PM PDT

တစ်နေရာရာကနေ အစပြုလိုက်ရာကနေ အွန်လိုင်းပေါ် မှာ ပုံကြီးချဲ့လာတဲ့ လုပ်ကြံပြောဆိုမှုတွေကြောင့်ဖြစ်အခုနှစ်အစ ပထမ သုံးလပိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်အကြောင်း သတင်းအချက်အလက် အမှားတွေကြောင့် ကမ္ဘာတဝန်းမှာ အနည်းဆုံး လူ ၈၀၀ လောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ လေ့လာသူတွေက ပြောပါတယ်။လူမှုကွန်ရက်ပေါ်က သတင်းအမှားတွေကြောင့် လူ ၅၈၀၀ ဆေးရုံတင်ပို့ခဲ့ရတယ်လို့ American Journal of Tropical Medicine and Hygiene ဆိုတဲ့

(၃၀-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၆) ဦး တွေ့ရှိ

Posted: 30 Aug 2020 05:27 PM PDT

၁။ (၃၀-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၅၇၀)ခု၊- ဆေးသုတေသနဦးစီးဌာန (DMR)မှ  ဓာတ်ခွဲနမူနာ (၄၁၉) ခုနှင့်- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၂၆၄) ခု- စုစုပေါင်း (၁,၂၅၃)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.