Tuesday, September 1, 2020

သစ်ထူးလွင်

သစ်ထူးလွင်


အိန္ဒိယမှာ ဩဂုတ်လအတွင်း ကိုဗစ် ကူးစက်သူ နှစ်သန်းနီးပါးရှိ

Posted: 01 Sep 2020 05:11 AM PDT

သြဂုတ်လအတွင်း နေ့စဉ် ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အိန္ဒိယမှာ အများဆုံးဖြစ်အိန္ဒိယနိုင်ငံမှာ ဩဂုတ်လအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ နှစ်သန်းနီးပါးရှိခဲ့ပါတယ်။ ဒါဟာ ကိုဗစ် ၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက်ပိုင်း ကမ္ဘာမှာ တလအတွင်း ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အများဆုံး နိုင်ငံ ဖြစ်ပါတယ်။သေဆုံးသူဦးရေကလည်း ဩဂုတ်လအတွင်း အဆိုးဆုံး ဖြစ်ခဲ့ပြီး ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၂၈,၀၀၀ ထိရှိခဲ့ပါတယ်။ကိုဗစ်

ကိုဗစ်ကာလ ရခိုင်စစ်ဆင်ရေးအတွင်း အရပ်သားတချို့ဖမ်းဆီးခံရ

Posted: 01 Sep 2020 05:08 AM PDT

ရခိုင်စစ်ဘေးရှောင် ဒုက္ခသည်များကပ်ဘေးနဲ့ စစ်ဘေးဒဏ်သင့်နေတဲ့ ရခိုင်ပြည်နယ်မှာ တပ်မတော်ရဲ့ စစ်ဆင်ရေးတွေအတွင်း ဒေသခံတွေ ဖမ်းဆီးခံနေရတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ပြောပြပေးပါမယ်။ရခိုင်ပြည်နယ်မှာ ကိုဗစ်ကပ်ရောဂါ ကြုံနေရချိန်မှာပဲ စစ်ရေးတင်းမာမှုတွေ ကြံုနေရသလို ဒေသခံအရပ်သားတွေ ဖမ်းဆီးစစ်ဆေးခံရတာ ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကိုယ်တိုင်ကြံုရသူတွေ

နိုင်ငံသားတိုင်းမပျက်မကွက်မဲပေးဖို့ ရန်ကုန်ကတ်သလစ်ဂိုဏ်းချုပ်တိုက်တွန်း

Posted: 01 Sep 2020 05:06 AM PDT

ရန်ကုန် ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်မောင်ဘိုရန်ကုန် ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်မောင်ဘိုက နိုဝင်ဘာရွေးကောက်ပွဲမှာ နိုင်ငံသားတိုင်းရဲ့တာဝန်အဖြစ် မပျက်မကွက်မဲပေးကြဖို့ မြန်မာပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။ နိုင်ငံရေးအခြေအနေအပေါ် အားမရတာကြောင့် မဲသွားမထည့်ဘူးဆိုပြီး ပြောဆိုမှုတွေ များပြားလာချိန်မှာပဲ၊ အခုလို ကြေညာချက်ထုတ်ပြီး ရွေးကောက်ပွဲမှာ လူထု

ကပ်ဘေးကာလမှာ တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင် နေပြည်တော် ရောက်လာ

Posted: 01 Sep 2020 05:03 AM PDT

တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ယန်ကျိချီနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၂၀ စက်တင်ဘာ ၁ ရက်နေ့ နေပြည်တော်မှာတွေ့ရစဉ်တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ယန်ကျိချီဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို နေပြည်တော်မှာ ဒီနေ့ညနေက လာရောက် တွေ့ဆုံခဲ့ပါတယ်။ကပ်ဘေးကာလ နိုင်ငံတကာအစိုးရခေါင်းဆောင်တွေ

ကျယ်ဂေါင်က မြန်မာကုန်ဂိတ်တွေကို တရုတ် ဖိအားပေး ဖယ်ရှားခိုင်း

Posted: 01 Sep 2020 04:57 AM PDT

တရုတ်-မြန်မာနယ်စပ် မန့်ဝိန်းဂိတ်ကို တွေ့ရစဉ် / Photo: Kan Thar/RFAတရုတ်-မြန်မာနယ်စပ်က  ယူနန်ပြည်နယ် ကျယ်ဂေါင်မှာရှိတဲ့ မြန်မာကုန်ဂိတ်တွေကို စက်တင်ဘာ သုံးရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ တရုတ်အာဏာပိုင်တွေက ဖိအားပေးနေတယ်လို့ နယ်စပ်မှာရှိတဲ့ မြန်မာ ကုန်ဂိတ်ပိုင်ရှင်တွေက RFA ကို ပြောပါတယ်။သြဂုတ် ၂၇ ရက်နေ့မှာ ရွှေလီမှာရှိတဲ့ တရုတ်စည်ပင်ရုံးမှာ မြန်မာကုန်သည်တွေ၊ ဂိတ်တာဝန်ခံတွေကို ခေါ်ယူတွေ့ဆုံ

တာချီလိတ်တွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

Posted: 01 Sep 2020 04:54 AM PDT

မြန်မာ-ထိုင်း နယ်စပ် တာချီလိတ်မြို့တွင် အသက် ၁၉ နှစ် အရွယ် အမျိုးသားတဦး သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ယမန်နေ့ သြဂုတ် ၃၁ ရက် ည ၇ နာရီ ကျော် တွင် တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက် ၊ ပုံလို့လမ်းတွင် နေထိုင်သည့် မောင်သုတမိုး ကို အမည်မသိ လူတစုက ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း တာချီလိတ်မြို့မ ရဲစခန်းက ပြောသည်။"မနေ့ည (၇)နာရီ ကျော်လောက်မှာဖြစ်တာ။ လမ်းမပေါ်ကနေပြီးတော့ အိမ်ထဲကို သေနတ်ပစ်

ကျည်ထိမှန်၍ ကျောက်တော်မြို့နယ် ကျောက်ဂူစုရွာသားတစ်ဦး သေဆုံး

Posted: 01 Sep 2020 04:51 AM PDT

နိရဥၥရာ၊ စက္တင္ဘာ ၁/ ၂ဝ၂ဝရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်ဂူစုကျေးရွာတွင် ကျည်ဆံထိမှန်၍ ရွာသားတစ်ဦး သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။သေဆုံးသူမှာ ဦးစိန်သာအောင်ဖြစ်ကြောင်း၊ ဘယ်ဘက်လက်မောင်းနှင့် ဗိုက်တွင် သေနတ်ကျည် သုံးချက်ထိမှန် ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သေဆုံးသူ၏ ညီဖြစ်သူ ဦးကျော်လှက ပြောသည်။" မနေ့က ညနေ ၅ နာရီဝန်းကျင်လောက်မှာ ရွာကိုအပြန် ရွာပြင်နားမှာ  စစ်သားတွေနဲ့တွေ့ပြီး လှမ်းပစ်တာပါ။ 

စစ်တွေမှာ COVID လူနာတွေ မနိုင်ရင် ရန်ကုန်ရွှေ့ဖို့ထိ စဉ်းစားသုံးသပ်

Posted: 01 Sep 2020 04:48 AM PDT

မှတ်တမ်းဓါတ်ပုံ- မေလ ၁၆ ရက်နေ့တုန်းက ရန်ကုန် ကွာရန်တင်းစင်တာတခုတွင် စေတနာ့ဝန်ထမ်းများကို တွေ့ရစဉ်COVID ကူးစက်မူအသစ် မြန်မာနိုင်ငံမှာ နောက်ဆုံး ၁၀၀ နီးပါး ထပ်စံချိန်တင် တွေ့ခဲ့ရပြီး အများစုက ရခိုင်ပြည်နယ်က ဖြစ်တာမို့၊ အများဆုံးလူနာတွေကိုင်တွယ်နေရတဲ့ စစ်တွေဆေးရုံမှာ ဘယ်လိုဆက်ပြီး ဆောင်ရွက်သွားမှာကို ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်ကို ကိုဝင်းမင်းက မေးမြန်းထားပါတယ်။ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဒေါက်တာဇော်

COVID 19 ဒဏ်သင့် ရခိုင်က ပညာရေး ဝန်ထမ်းတွေကို ငွေသုံးသောင်းစီ ထောက်ပံ့

Posted: 01 Sep 2020 04:46 AM PDT

မှတ်တမ်းဓါတ်ပုံ -ရန်ကုန်မြို့က အထက်တန်းကျောင်းတခုမှာ COVID-19 ကပ်ရောဂါကာလ ပထမဆုံး ကျောင်းဖွင့်ရက် မြင်ကွင်း။ (ဇူလိုင် ၂၁၊ ၂၀၂၀)ကိုဗစ်တစ်ကျော့ပြန်ကူးစက်မှု အများဆုံးဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ အမှုထမ်းနေကြတဲ့ ပညာရေးဝန်ထမ်းတွေကို အရေးပေါ်ကာလ ထောက်ပံ့ကြေးအဖြစ် တစ်ဦးကို ‌ငွေကျပ် ၃၀၀၀၀ စီ ထောက်ပံ့နေပါတယ်။ ရန်ကုန်အခြေစိုက် ဗွီအိုအေ သတင်းထောက် မအိမ့်သန္တာထွန်း က အပြည့်အစုံ တင်ပြပေးမှာပါ။ကပ်ရောဂါနဲ့ စစ်

စံချိန်တင်ပိုးတွေ့သူ တစ်ရာမှာ ရန်ကုန်နဲ့ ရခိုင်ကအများဖြစ်

Posted: 01 Sep 2020 04:28 AM PDT

မနေ့က ပိုးတွေ့သူ တစ်ရာစာရင်းကို ကျန်းမာရေးဝန်ကြီးဌာနက အသေးစိတ် ထုတ်ပြန်ခဲ့ရာမှာ ရခိုင်ပြည်နယ်က ၄၉ ဦး၊ ရန်ကုန် က ၄၇ ဦးနဲ့ အများဆုံးဖြစ်ပါတယ်။ ကျန်တဲ့လေးယောက်ကတော့ နေပြည်တော်၊ မြင်းခြံ ၊ မကွေး နဲ့ တောင်ငူ တို့က ဖြစ်ကြပါတယ်။စာရင်းထဲမှာ စစ်တွေအပြင် ပြည်ပခရီးသွားရာဇဝင်မရှိသူ၊ လူနာနဲ့ထိတွေ့မှုမရှိသူ ရန်ကုန်တိုင်းထဲက စုစုပေါင်း ၁၇ ဦးပါဝင်ပါတယ်။အဲဒီ ၁၇ ဦးကတော့ ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၁၂ ခုဖြစ်တဲ့

မြိတ်တွင် ရွှေအတု ပေါင်နှံတဲ့အဖွဲ့အား ရဲတပ်ဖွဲ့မှ ဖမ်းဆီး

Posted: 01 Sep 2020 04:25 AM PDT

မြိတ်မြို့ရှိ ရတနာရောင်းဝယ်ရေးဆိုင်အချို့မှာ ရွှေလက်ကောက်အတုများ လိုက်လံပေါင်နှံထားတဲ့အဖွဲ့ကို သြဂုတ်လ ၃၀ ရက်နေ့က ဖမ်းဆီးရမိကြောင်းသိရပါတယ်။မြိတ်တောင်နယ်မြေ၊ အောင်ဆန်းလမ်းမကြီးမှာ ဖွင့်ထားတဲ့ "ရွှေဒီပါ"ရတနာရွှေဆိုင်မှာ အမျိုးသား ၂ ဦးက ရွှေလက်ကောက် ၃ ကွင်း(၄ ကျပ်ခွဲသားခန့်)ကို ၃၈ သိန်းဖြင့်လာရောက်ပေါင်နှံခဲ့​တာပါ။ အဆိုပါလက်ကောက်အား အရည်ဖျော်(အထည်ဖျက်)ရန် ညှပ်ဖြတ်ရာ လက်ကောက်အတွင်းဘက်၌ ရွှေမဟုတ်ပဲ

မိုင်းဖြတ်၌ ကလေးငယ်တစ်ဦး ကားတိုက်ခံရ၍ သေဆုံး

Posted: 01 Sep 2020 04:21 AM PDT

မိုင်းဖြတ်  စက်တင်ဘာ  ၁ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် သြဂုတ် ၃၁ ရက် ည ၈ နာရီခန့်က စျေးတန်း ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး နောက်ဘက်၌ အသက် ၂ နှစ်အရွယ် ကလေးငယ် တစ်ဦးအား ကားဖြင့်ဝင်ရောက် တိုက်မိရာမှ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယာဉ်မောင်း စိုင်းနွံခေါင် (၁၉)နှစ်၊ စျေးတန်းရပ်ကွက် နေသူသည် ဝမ်မိုင်ကားဝပ်ရှော့မှ စျေးတန်းရပ်ကွက်သို့ မောင်းနှင် လာသော ခြောက်ဘီး

(၁-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၅) ဦးတွေ့ရှိ

Posted: 01 Sep 2020 04:15 AM PDT

၁။     (၃၁-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL)မှ ဒုတိယအသုတ် ဓာတ်ခွဲ နမူနာ (၃၅၆) ခု၊- နေပြည်တော်၊ အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၅၅) ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ • COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၅) ဦးတွေ့ရှိပါသည်။၂။ (၁-၉-၂၀၂၀) ရက်နေ့၊  နံနက် (၈:၀၀) နာရီအထိ  မြန်မာနိုင်ငံတွင်

ရွေးကောက်ပွဲရွှေ့ဖို့ တိကျတဲ့ပြဌာန်း ဥပဒေမရှိကြောင်း နိုင်ငံရေးပါတီနဲ့ ဥပဒေပညာရှင်တွေ ပြောကြား

Posted: 01 Sep 2020 04:12 AM PDT

၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့ကကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးဖို့ တန်းစီနေသူတွေကို တွေ့ရစဉ်ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှုများနေချိန်မှာ ရွေးကောက်ပွဲကို နောက်ဆုတ်သင့်တယ်လို့ ဝေဖန်ချက်တချို့ ရှိနေပေမယ့်၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲရွှေ့ဆိုင်းဖို့ တိကျတဲ့ ဥပဒေပြဌာန်းချက် မရှိတဲ့အတွက် မူလသတ်မှတ်ထားတဲ့အတိုင်းသာ ရွေးကောက်ပွဲကျင်းပဖို့ နိုင်ငံရေးပါတီအများစုက လိုလားနေပါတယ်။ဒါပေမဲ့

ကယားဝန်ကြီးချုပ်ကို ရာထူးကနေ ရပ်ဆိုင်းဖို့ ပြည်နယ်လွှတ်တော် ဆုံးဖြတ်

Posted: 01 Sep 2020 04:10 AM PDT

ကယားပြည်နယ် ဝန်ကြီးချုပ် အယ်လ်ဖောင်းရှို ကို ၂၀၂၀၊ စက်တင်ဘာ ၁ ရက်နေ့က တွေ့ရစဉ်ဓာတ်ပုံ - စိုးစိုးထက်/ RFAကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေ ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲပြစ်တင်မှုနဲ့ ဝန်ကြီးချုပ် ရာထူးကနေ ရပ်ဆိုင်းဖို့ ပြည်နယ်လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေ ဖောက်ဖျက်တယ်ဆိုပြီး စွပ်စွဲပြစ်တင်ခံနေရတဲ့ ကယားပြည်နယ်

၂၀၂၀ ရွေးကာက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၇၀၀၀ ခန့် ဝင်ပြိုင်ဖို့ရှိ

Posted: 31 Aug 2020 12:48 PM PDT

လွှတ်တော် သုံးရပ်လုံးမှာ ၂၀၁၅ ကထက် ဝင်ပြိုင်သူ ရာဂဏန်း တိုးလာလာမယ့် ရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း ( ၇၀၂၃) ဦးအထိ အမည်စာရင်းတင်သွင်းခဲ့တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။အမည်စာရင်း ပြန်လည်ရုပ်သိမ်းတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတချို့နဲ့ အရည်းအချင်း မပြည့်စုံတဲ့ ကိုယ်စားလှယ်လောင်းတချို့ ရှိခဲ့တာကြောင့် တစ်နိုင်ငံလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့

ထိုင်းမြန်မာနယ်စပ် ထိုင်းလုံခြုံရေးတင်းကြပ်

Posted: 31 Aug 2020 12:44 PM PDT

ကမ်ချနဘူရီခရိုင်မှာ ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းမိတဲ့မြန်မာနိုင်ငံသားများ။မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မူတွေ တိုးလာနေတာကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ထိုင်းနိုင်ငံနယ်စပ်တွေမှာ လုံခြုံရေးတိုးမြှင့် စောင့်ကြည့်နေချိန်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေလည်း ဆက်တိုက်ဆိုသလို ဖမ်းဆီးမိနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်း မြန်မာ နယ်စပ်ကနေ

ရခိုင်ဒုက္ခသည်တွေကို ရေဒီယိုအသံဖမ်းစက်များပေးပို့ ကူညီ

Posted: 31 Aug 2020 12:42 PM PDT

REC အဖွဲ့က ရခိုင်စစ်ရှောင်ပြည်သူတွေ သတင်းအချက်အလက် ရရှိရေး စခန်းတွေမှာ ရေဒီယိုတွေ လှူဒါန်းပေး( ဓာတ်ပုံ - Rakhine Ethnics Congress)ကပ်ရောဂါ ကိုဗစ် ၁၉ ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်မှုဖြစ်ပွားနေချိန် အချိန်နဲ့တပြေးညီ သတင်း အချက်အလက်တွေ နားစွင့်နိုင်ဖို့ ရေဒီယိုအသံဖမ်းစက်တွေ- ဒုက္ခသည်စခန်းတွေဆီ ရခိုင်ကူညီရေးအဖွဲ့တွေက အရောက်ပေးပို့နေကြတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က ပြောပြပေး

(၃၁-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၉၅) ဦး တွေ့ရှိ

Posted: 31 Aug 2020 12:35 PM PDT

၁။ (၃၁-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၉၃၂) ခု၊- ဆေးသုတေသနဦးစီးဌာန (DMR)မှ  ဓာတ်ခွဲနမူနာ (၂၁၈) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၆၄) ခု၊- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၂၅၆) ခု၊- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.