သစ္ထူးလြင္ |
- မဲဆွယ်စည်းရုံးမှု ကပ်ဘေးကြောင့် အခက်အခဲရှိနေ
- ရွေးကောက်ပွဲ သတင်းအမှားတွေဖြန့်နေတဲ့ Facebook ပို့စ်ပေါင်း တလကို ၂၀၀ လောက်ရှိနေ
- မြန်မာလုပ်ငန်းတွေ ကျယ်ဂေါင်ကနေရွှေ့ရေးကို တရုတ်က ဆိုင်းငံ့
- ကိုရိုနာကူးစက်မှုများတဲ့ သင်္ဃန်းကျွန်းမှာ ကျန်းမာရေးစစ်တမ်းကောက်
- AA ဖမ်းဆီးထားတဲ့ ပလက်ဝဒေသခံ တဒါဇင်နီးပါး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ချင်းမျိုးနွယ်စုအဖွဲ့တွေ တောင်းဆို
- COVID-19 ကူးစက်မှု ဗဟိုအချက်အချာဖြစ်နေတဲ့ ရခိုင်မှာ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးခွင့် မရှိသလောက်ဖြစ်နေ
- ရွာနားလက်နက်ကြီးကျည်၍ ဘူးသီးတောင် မင်းလှကိုင်းရွာသားတို့ ရွာကိုစွန့်ခွာထွက်ပြေး
- မြေပုံမြို့နယ် ညောင်ကန်ရွာထဲ လက်နက်ကြီးကျည်ကျ၍ ကလေးငယ်နှစ်ဦး၊ ကျောင်းဆရာမတစ်ဦးအပါအဝင် ၅ ဦး သေဆုံး
- စုံစမ်းစစ်ဆေးခံရတာမရှိကြောင်း ရန်ကုန်မြို့တော်ဝန်ပြော
- မြေပုံမြို့နယ် ပစ်ခတ်မှုမှာ ကလေးနှစ်ဦး အပါအဝင် ဒေသခံ လေးဦးသေဆုံး
- တောင်ကြီး Quarantine ဝင်နေသည့် အမျိုးသား တဦးသေဆုံး
- ကလေး-ကလေးဝ ကားလမ်း မိုင်တိုင်အမှတ် ၅ မိုင် အနီးတွင် အိမ်စီးကားတစ်စီး မြစ်သာမြစ်အတွင်း ပြုတ်ကျ
- (၈-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၉၂) ဦး တွေ့ရှိ
- ဂျပန် တိုင်ဖုန်းမုန်တိုင်း အားပျော့သွားပေမယ့် စံချိန်တင်မိုးကြီးပြီး မြေပြိုတာတွေ ရှိနိုင်
- အပန်းဖြေစခန်း ထွက်ကြသူတွေ ကယ်လီဖိုးနီးယား တောမီးထဲ ပိတ်မိ
- အမေရိကန်ပြည်တွင်း စာပို့စနစ်က အထွေထွေရွေးကောက်ပွဲကို ဘယ်လိုသက်ရောက်မှု ရှိနေသလဲ
- ပြန်ပေးဆွဲသတင်းနဲ့အတူ အိန္ဒိယ - တရုတ်ကြားတင်းမာမှုမြင့်
- ကပ်ဘေးကာလ ကန့်သတ်ချက်တချို့ လျှော့ချ
- ကျိုက်မရော ဘိလပ်မြေစက်ရုံမှာ အလုပ်လျှော့ခံရသူ ၁၂၀၀ ကျော်ရှိ
- မြန်မာ ကိုဗစ်ဒုတိယလှိုင်းနဲ့ လူထုအခက်အခဲ
- ကိုဗစ်အကန့်အသတ်နဲ့ ရွေးကောက်ပွဲစည်းရုံးရေးကာလ စတင်
- စစ်တွေခရိုင်မှ စစ်ဘေးရှောင်မိသားစု တစ်စုလျှင် ငွေ ၄ဝဝဝဝ ကျပ်ထောက်ပံ့ပေးမည်
- ဘူးသီးတောင်ထောင်ထဲမှ လွတ်လာသူ နှစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိ
- သျှမ်းမြောက်တွင် ၂ည ဆက်တိုက် အရပ်သား သေနတ်ပစ်ခံရ၊ တဦးသေ
မဲဆွယ်စည်းရုံးမှု ကပ်ဘေးကြောင့် အခက်အခဲရှိနေ Posted: 08 Sep 2020 05:16 AM PDT ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွေ စလုပ်ခွင့်ရတဲ့ ဒီနေ့ စက်တင်ဘာ ၈ ရက်မှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကပ်ရောဂါ ညွှန်ကြားချက်၊ ကန့်သတ်ချက်တွေနဲ့ ပါတီတွေ ဘယ်လိုမဲဆွယ်ကြပါလဲ၊ သူတို့ပြောပြတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ပြပေးပါမယ်။လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်တဲ့အခါ လိုက်နာရမယ့် စည်းကမ်းတွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ COVID ကပ်ရောဂါ ကာကွယ်ရေး ကန့်သတ်ချက်တွေ |
ရွေးကောက်ပွဲ သတင်းအမှားတွေဖြန့်နေတဲ့ Facebook ပို့စ်ပေါင်း တလကို ၂၀၀ လောက်ရှိနေ Posted: 08 Sep 2020 05:14 AM PDT ရွေးကောက်ပွဲနီးလာချိန် အင်တာနက်အွန်လိုင်းပေါ်က သတင်းတု သတင်းမှားတွေ များစွာထွက်လာတာကို အစိုးရက ထိန်းချုပ်ကိုင်တွယ်မယ်လို့ဆိုနေပပေမယ့် တလကို အနည်းဆုံး သတင်းအမှားတွေတင်တဲ့ Facebook ပို့စ်ပေါင်း ၂၀၀ လောက် ရှိနေတယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်သူတွေက ဗွီအိုအေကိုပြောပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ရန်ကုန်အခြေစိုက် ဗွီအိုအေ သတင်းထောက် မေခက အကြောင်းစုံကို ပြောပြမှာပါ။မြန်မာနိုင်ငံမှာ အသုံးပြုသူသန်း ၂၀ ကျော် |
မြန်မာလုပ်ငန်းတွေ ကျယ်ဂေါင်ကနေရွှေ့ရေးကို တရုတ်က ဆိုင်းငံ့ Posted: 08 Sep 2020 05:11 AM PDT တရုတ်-မြန်မာနယ်စပ် တရုတ်နိုင်ငံ ကျယ်ဂေါင်မှာဖွင့်ထားတဲ့ မြန်မာကုန်ဂိတ်လုပ်ငန်းတွေမှာ တရုတ်နိုင်ငံသားတွေ အစုရှယ်ယာ တစ်ဝက်ပါဝင်ရေးနဲ့ စပေါ်ငွေ တရုတ်ယွမ် ငါးသိန်း (မြန်မာငွေသိန်းတစ်ထောင်ခန့်) ပေးရမယ့် ကိစ္စတွေကို တရုတ်နိုင်ငံဘက်က ယာယီဆိုင်းငံံံ့လိုက်တယ်လို့ နယ်စပ်ကုန်သည်တွေနဲ့ ကုန်သွယ်ရေးဌာန တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။စက်တင်ဘာ ၇ ရက်နေ့ မနေ့က နေ့လယ်ပိုင်း နယ်စပ်ဒေသ လုံခြုံရေး၊ ကျန်းမာရေး၊ |
ကိုရိုနာကူးစက်မှုများတဲ့ သင်္ဃန်းကျွန်းမှာ ကျန်းမာရေးစစ်တမ်းကောက် Posted: 08 Sep 2020 05:10 AM PDT ရန်ကုန်တိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအများဆုံး မြို့နယ်ထဲပါဝင်ပြီး ပိုးတွေ့လူနာ ၇၀ နီးပါးရှိတဲ့ သင်္ဃန်းကျွန်းမြို့နယ်က ရပ်ကွက် ၁၀ ခုမှာ ကျန်းမာရေးဌာနက ရွေ့လျားမော်တော်ယာဉ်တွေနဲ့လိုက်ပြီး ဒီနေ့ စက်တင်ဘာ ၈ ရက်မှာ ကျန်းမာရေး စစ်တမ်းကောက်ယူနေပါတယ်။ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု အများဆုံးမြို့နယ် တစ်ခုဖြစ်ပါတယ်။အဲဒီမြို့နယ်ထဲက ကူးစက်သူများတဲ့ ရပ်ကွက် |
Posted: 08 Sep 2020 05:02 AM PDT မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကြား ပဋိပက္ခဖြစ်နေတဲ့ ချင်းပြည်နယ် ပလက်ဝမှာ အရပ်သားတွေကို AA ရခိုင်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်နေတဲ့ လုပ်ရပ်တွေ ရပ်တန့်ပြီး အပြစ်မရှိပဲ ဖမ်းဆီးထားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ CNLD ချင်းနိုင်ငံရေးပါတီအပါအဝင် ခူမီးချင်းမျိုးနွယ်စု အဖွဲ့တွေက တိုက်တွန်းလိုက်ပါတယ်။ခူမီးချင်း မျိုးနွယ်စုများရေးရာပေါင်းစပ်ညှိုနှိုင်းရေးကောင်စီ ရဲ့ကြေညာချက်မှာ AA |
Posted: 08 Sep 2020 05:00 AM PDT ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အင်္ဂါနေ့က စတင်ခွင့်ပြုလိုက်တဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွေမှာ COVID-19 ကြောင့် စည်းကမ်းချက်တွေ ပြင်းပြင်းထန်ထန် သတ်မှတ်ထားပါတယ်။အထူးသဖြင့် ရောဂါကူးစက်မှုနှုန်း အများဆုံးဖြစ်နေတဲ့ ရခိုင်ပြည်နယ်လိုနေရာမှာ နေအိမ်တွေမှာပဲနေဖို့၊ မဲဆွယ်စည်းရုံးတာမျိုး မလုပ်ဖို့ သတ်မှတ်ချက်တွေရှိနေပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရင်ဆိုင်နေရတဲ့ |
ရွာနားလက်နက်ကြီးကျည်၍ ဘူးသီးတောင် မင်းလှကိုင်းရွာသားတို့ ရွာကိုစွန့်ခွာထွက်ပြေး Posted: 08 Sep 2020 04:58 AM PDT နိရဥၥရာ၊ စက္တင္ဘာ ၈ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မင်းလှကိုင်ကျေးရွာသား ၁ဝဝ ကျော်သည် ရွာအနီးဝန်းကျင်တွင် လက်နက်ကြီးကျည်များကျသဖြင့် ယနေ့ မွန်းလွဲချိန်က ရွာကို စွန့်ခွာပြီး ဒုံးသိမ်ကျေးရွာသို့ ထွက်ပြေး ရောက်ရှိလာကြသည်ဟု သတင်းရရှိသည်။ထွက်ပြေးလာကြသူများမှာ အိမ်ထောင်စု ၃၆ စု၊ လူဦးရေ ၁၆ဝ ကျော် ဖြစ်ကြောင်း၊ ရခိုင်လူမျိုးမိသားစု ၂ စုပါဝင်ပြီး ကျန်လူများမှာ ဒိုင်းနက်လူမျိုးများ ဖြစ်ကြသည်ဟု ကျေးရွာ |
မြေပုံမြို့နယ် ညောင်ကန်ရွာထဲ လက်နက်ကြီးကျည်ကျ၍ ကလေးငယ်နှစ်ဦး၊ ကျောင်းဆရာမတစ်ဦးအပါအဝင် ၅ ဦး သေဆုံး Posted: 08 Sep 2020 04:56 AM PDT နိရဥၥရာ၊ စက္တင္ဘာ ၈/ ၂ဝ၂ဝရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာတွင် ယနေ့ နံနက် ၁ဝ နာရီခွဲခန့်က ကျေးရွာထဲသို့ လက်နက်ကြီးကျည်ကျ၍ အသက်ခုနှစ်အရွယ် ကလေးငယ် ၂ ဦး၊ ကျောင်းဆရာမ ၁ ဦးအပါအဝင် ၅ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာ အပြင်းအထန် ရရှိသွားကြောင်း သတင်းရရှိသည်။သေဆုံးသူများမှာ ညောင်ကန်ကျေးရွာတွင် မူလတန်းပြသူ ဒေါ်မိုးသဇင် (၂၇) နှစ် သမီးဖြစ်သူ မသူသူဟိန်း (၇) နှစ်၊ ဒေါ်ချမ်းငြိမ်းသူ (၂၅) နှစ်နှင့် မောင်သူ |
စုံစမ်းစစ်ဆေးခံရတာမရှိကြောင်း ရန်ကုန်မြို့တော်ဝန်ပြော Posted: 08 Sep 2020 04:54 AM PDT အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးတာကို ခံနေရတယ်ဆိုပြီး ထွက်ပေါ်နေတဲ့သတင်းက မှားနေတယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောလိုက်ပါတယ်။ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးနေတယ်လို့ အင်တာနက်စာမျက်နှာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး စွပ်စွဲ ရေးသား မျှဝေနေကြပါတယ်။ဒီလို အွန်လိုင်းစာမျက်နှာမှာ ရေးသားမျှဝေနေတာနဲ့ ပတ်သက်ပြီး ရန်ကုန် |
မြေပုံမြို့နယ် ပစ်ခတ်မှုမှာ ကလေးနှစ်ဦး အပါအဝင် ဒေသခံ လေးဦးသေဆုံး Posted: 08 Sep 2020 04:50 AM PDT ရခိုင်ပြည်နယ် မြေပုံမြို့နယ် ညောင်ခက်ကန်ကျေးရွာကို စက်တင်ဘာ ၈ ရက်နေ့ ဒီနေ့မနက်က လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တာကြောင့် ဒေသခံ လေးဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသွားတဲ့ထဲမှာ ငါးနှစ်အရွယ် ကလေး နှစ်ဦး ပါဝင်တယ်လို့ သိရပါတယ်။အမ်းမြို့နယ်နဲ့ မြေပုံမြို့နယ်အစပ် တပ်မတော် စခန်းချထားတဲ့ နေရာဘက်ကနေ လှမ်းပစ်တဲ့ လက်နက်ကြီးကျည် ခြောက်လုံး ညောင်ခက်ကန်ရွာထဲကို ဒီနေ့မနက် ၁၀ နာရီလောက်မှာ ကျရောက်ခဲ့တာလို့ |
တောင်ကြီး Quarantine ဝင်နေသည့် အမျိုးသား တဦးသေဆုံး Posted: 08 Sep 2020 04:48 AM PDT သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တွင် Quarantine ဝင်နေသည့် အသက် (၂၃) နှစ်အရွယ် အမျိုးသား တစ်ဦးသည် ယနေ့ မနက်ပိုင်းက သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။စက်တင်ဘာ ၈ ရက် ယနေ့မနက် ၇ နာရီခွဲက သေဆုံးသွားသော အဆိုပါ အမျိုးသားသည် မြဝတီမှ ပြန်လာသူဖြစ်ပြီး စက်တင်ဘာ (၇) ရက်နေ့က မောခြင်း၊ ချောင်းဆိုးခြင်း ဖြစ်လာသည့် အတွက် ဆေးရုံသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း တောင်ကြီးမြို့စဝ်စံထွန်းဆေးရုံ မှ ဒေါက်တာ ဝေဝေ |
ကလေး-ကလေးဝ ကားလမ်း မိုင်တိုင်အမှတ် ၅ မိုင် အနီးတွင် အိမ်စီးကားတစ်စီး မြစ်သာမြစ်အတွင်း ပြုတ်ကျ Posted: 08 Sep 2020 04:45 AM PDT ကလေးဝ စက်တင်ဘာ ၈စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်တွင် ယမန်နေ့ ည ၁၀ နာရီခွဲခန့်က ကလေး-ကလေးဝ ကားလမ်း သစ်ချောက်ကျေးရွာအုပ်စု မိုင်တိုင်အမှတ် ၅ မိုင် အနီးတွင် အိမ်စီးကား တစ်စီး မြစ်သာမြစ်အတွင်း ပြုတ်ကျ နစ်မြုပ်ခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ ကလေးဝမြို့နေ ယာဉ်မောင်း ကိုမင်းနိုင်ဦး ၄၇ နှစ်သည် Ford Ranger အမျိုးအစား ခဲရောင်အိမ်စီးကားအား တမူးမြို့မှ ကလေးဝ မြို့သို့ ကိုသိန်းဌေး၊ ကိုပေါက်စီးတို့နှင့် |
(၈-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၉၂) ဦး တွေ့ရှိ Posted: 08 Sep 2020 04:43 AM PDT ၁။ (၇-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၁၂၆,၉)ခု၊- ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်မြို့မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၇၃) ခု၊- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၇၀) ခု၊- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်မြို့မှ ဓာတ်ခွဲန |
ဂျပန် တိုင်ဖုန်းမုန်တိုင်း အားပျော့သွားပေမယ့် စံချိန်တင်မိုးကြီးပြီး မြေပြိုတာတွေ ရှိနိုင် Posted: 07 Sep 2020 11:12 AM PDT တိုင်ဖုန်းမုန်တိုင်း Haishen ကြောင့် ဂျပန်နိုင်ငံ ကာဂိုရှီးမား ကမ်းခြေမှာ လှိုင်းလုံးကြီးတွေ ရိုက်ခတ်နေတဲ့မြင်ကွင်း။ (စက်တင်ဘာ ၆၊ ၂၀၂၀)ဂျပန်နိုင်ငံ တောင်ပိုင်းကို ပြင်းထန်စွာ တိုက်ခတ်နေတဲ့ အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းကြောင့် ဒေသခံပြည်သူ ၁.၈ သန်းကို ဘေးလွတ်ရာ ပြောင်းရွှေ့ကြဖို့ ဂျပန်အစိုးရက တနင်္ဂနွေနေ့မှာ အမိန့်ထုတ်ထားပါတယ်။လေပြင်းရော မိုးပါ တပါတည်း တိုက်ခတ်လာတဲ့ Haishen တိုင်ဖုန်းမုန်တိုင်း |
အပန်းဖြေစခန်း ထွက်ကြသူတွေ ကယ်လီဖိုးနီးယား တောမီးထဲ ပိတ်မိ Posted: 07 Sep 2020 11:10 AM PDT ကယ်လီဖိုးနီးယားမှာ လောင်ကျွမ်းနေတဲ့ တောမီး ငြှိမ်းသတ်ဖို့ ကြိုးစားနေတဲ့ ရဟတ်ယာဉ်တစီး။ (စက်တင်ဘာ ၅၊ ၂၀၂၀)ကယ်လီဖိုးနီးယားပြည်နယ်မှာ ရာသီဥတု ပူပြင်းခြောက်သွေ့ပြီး တောမီးတွေ အကြီးအကျယ် ဆက်လက် လောင်ကျွမ်းနေတာကြောင့် Labor Day အားလပ်ရက် တောစခန်းထွက် အပန်းဖြေသူတွေထဲက အနည်းဆုံး အယောက် ၆၀ ကျော်ကို စစ်တပ်ရဟတ်ယာဉ်တွေနဲ့ ကယ်ထုတ်ပေးခဲ့ရပါတယ်။မီးကူးစက်မှု မြန်ပြီး ကြီးမားတဲ့ တောမီးလောင်ကျွမ်းမှုဟာ ၃ နေရာမှာ |
အမေရိကန်ပြည်တွင်း စာပို့စနစ်က အထွေထွေရွေးကောက်ပွဲကို ဘယ်လိုသက်ရောက်မှု ရှိနေသလဲ Posted: 07 Sep 2020 11:09 AM PDT ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် အမေရိကန်ရွေးကောက်ပွဲ ရွှေ့သင့်သလားကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ၂၀၂၀ အမေရိကန် အထွေထွေရွေးကောက်ပွဲကို စာတိုက်ကတစ်ဆင့်လည်း မဲပေးကြဖို့ရှိရာမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တရားဝင်နည်းလမ်းမဟုတ်တဲ့ လူကိုယ်တိုင်တစ်ခါ၊ စာတိုက်ကနေတစ်ခါ နှစ်ခါ မဲပေးကြဖို့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်အတွင်း လတ်တလော မိန့်ခွန်းပြောကြားလိုက်တဲ့အတွက် အငြင်းပွားစရာတွေ |
ပြန်ပေးဆွဲသတင်းနဲ့အတူ အိန္ဒိယ - တရုတ်ကြားတင်းမာမှုမြင့် Posted: 07 Sep 2020 11:05 AM PDT အိန္ဒိယနဲ့တရုတ်အကြား နယ်စပ်အငြင်းပွားမှုက နှစ်ပေါင်းများစွာ ရှိနေနယ်စပ်နဲ့ကပ်နေတဲ့ ပြည်နယ်တစ်ခုအတွင်းက အိန္ဒိယအရပ်သား ၅ ယောက်ကို တရုတ်တပ်ဖွဲ့တွေက ပြန်ပေးဆွဲသွားကြတယ်ဆိုတဲ့သတင်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ထွက်လာခဲ့ပြီးတဲ့နောက် ဒေလီနဲ့ ဘေဂျင်းအကြား တင်းမာမှုတွေ မြင့်တက်လာနေပါတယ်။အာရုနာချာ ပရာဒေ့ရှ် (Arunachal Pradesh) ပြည်နယ်က လွှတ်တော်အမတ် တစ်ယောက်က စက်တင်ဘာ ၅ ရက်နေ့က ပထမဆုံး ဒီစွပ်စွဲချက်ကို သူ့ |
ကပ်ဘေးကာလ ကန့်သတ်ချက်တချို့ လျှော့ချ Posted: 07 Sep 2020 10:06 AM PDT ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်ရေး အသွားအလာ ကန့်သတ်စောင့်ကြည့်မှုတွေကို ရက်လျှော့ချလိုက်တဲ့ အပြင် ပိုးကူးစက်ခံရပြီး ဆေးရုံတက်နေရသူတွေကို ကန့်သက်ထားချက်တွေ လျှော့ချတာ အပါအဝင် ကျန်းမာရေးမူဝါဒတွေကို ဒီနေ့ပြင်ဆင်လိုက်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို ထိတွေ့ခဲ့သူတွေ၊ ပြည်ပက ပြန်လာသူတွေကို အရင်က ကန့်သတ် |
ကျိုက်မရော ဘိလပ်မြေစက်ရုံမှာ အလုပ်လျှော့ခံရသူ ၁၂၀၀ ကျော်ရှိ Posted: 07 Sep 2020 10:06 AM PDT မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာရှိတဲ့ Mawlamyine Cement Limited (MCL) ဘိလပ်မြေစက်ရုံဟာ ဇူလိုင် လကတည်းက လုပ်ငန်းတချို့ ရပ်နားလိုက်တာကြောင့် အလုပ်သမား ၁၂၀၀ ကျော် အလုပ်လက်မဲ့ဖြစ်နေပြီး ရပ်နားလိုက်တဲ့အပိုင်းတွေကို ဒီနေ့အချိန်အထိ ပြန်မလည်နိုင်သေးဘူးလို့ သိရပါတယ်။ကျိုက်မရောမြို့နယ်က MCL ဘိလပ်မြေစက်ရုံကို ထိုင်းနိုင်ငံ Siam Cement Group(SCG) နဲ့ မြန်မာနိုင်ငံက Pacific Link Cement Industries(PLCI) |
Posted: 07 Sep 2020 10:30 AM PDT ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် နန်းခလဲကျေးရွာတွင် စက်တင်ဘာလ၇ရက်နေ့က ကလေးငယ်နှစ်ဦး ရေနစ်သေဆုံးကြောင်းသိရှိရသည်။ဖြစ်စဥ်မှာ မွန်းတည့်၁၂နာရီခန့်က ကျေးရွာအရှေ့ဘက် နန်းခလဲ-စစ်ကိုင်းစုကျေးရွာသွား ဆက်သွယ်ရေးလမ်း ဘေးရှိ ချောင်းရိုးပေါက်တွင် ကလေးငယ်နှစ်ဦး ရေနစ်သေဆုံးနေကြောင်း သတင်းရရှိသဖြင့် သုံးခွမြို့မ ရဲစခန်းမှူး ဒုရဲမှူးခင်မောင်ဆန်းသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာသေဆုံးသူမှာ မောင်ထက်ဝေ |
မြန်မာ ကိုဗစ်ဒုတိယလှိုင်းနဲ့ လူထုအခက်အခဲ Posted: 07 Sep 2020 10:05 AM PDT ရန်ကုန်မြို့ရှိ စျေးတခုမှာ စျေးဝယ်နေသူတချို့ တွေ့ရတဲ့ မြင်ကွင်း။ (မေ ၂၉၊ ၂၀၂၀)မြန်မာမှာ ကိုဗစ်ကပ်ရောဂါ ဒုတိယအကြိမ် တကျော့ပြန်ကူးစက်မှုတွေကြောင့် အသွားအလာ တင်းကြပ်ကန့်သတ်မှုတွေ တိုးလာတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်ပြီး ပြည်သူတွေ အခက်အခဲကြုံလာကြရပါတယ်။ လုပ်ငန်းထိခိုက်မှုတွေကြောင့် အခက်အခဲကြုံနေကြရသူတချို့ရဲ့ ပြောဆိုချက်တွေကို မအိမ့်သန္တာထွန်းက စုစည်းတင်ဆက်ထားပါတယ်။"ကျမကတော့ စက်ချုပ်ပါတယ် |
ကိုဗစ်အကန့်အသတ်နဲ့ ရွေးကောက်ပွဲစည်းရုံးရေးကာလ စတင် Posted: 07 Sep 2020 10:05 AM PDT NLD အလံတွေနဲ့ ဆိုက်ကားတစီးကို ရန်ကုန်မြို့ရဲ့ လမ်းမတခုပေါ်တွင် တွေ့ရ။ (စက်တင်ဘာ ၀၇၊ ၂၀၂၀)လွှတ်တော်အသီးသီးအတွက် ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးတဲ့ကာလကို စက်တင်ဘာ ၈ ရက်၊ မနက်ဖြန်က စလုပ်နိုင်ပြီလို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပေမဲ့ စည်းရုံးရေးလုပ်ငန်းတွေကို ကျန်းမာရေး အကန့်အသတ်တွေနဲ့ပဲ ခွင့်ပြုသွားဖို့ရှိတယ်ဆိုတဲ့ သတင်းကို ပြောပြမှာပါ။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကို |
စစ်တွေခရိုင်မှ စစ်ဘေးရှောင်မိသားစု တစ်စုလျှင် ငွေ ၄ဝဝဝဝ ကျပ်ထောက်ပံ့ပေးမည် Posted: 07 Sep 2020 10:04 AM PDT နိရဥၥရာ၊ စက္တင္ဘာ ၇ / ၂ဝ၂ဝရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်များအား Covid -19 Economic Relief Plan နိုင်ငံတော်မှ ကိုဗစ် စီးပွားရေး ကုစားမှုအစီအစဉ် (CENP) အရ အိမ်ထောင်စု တစ်စုလျှင် ငွေ ၄ဝဝဝဝ ကျပ်စီ ထောက်ပံ့ပေးနေရာ နောက်ဆုံးကျန်ရှိနေသည့် စစ်တွေခရိုင်အတွင်း ယခုရက်ပိုင်းတွင် ပေးဆောင်သွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးအရာရှိ ဦးရဲမင်းဦးက ပြောသည်။အဆိုပါငွေ ၄ဝဝဝဝ ကျပ် |
ဘူးသီးတောင်ထောင်ထဲမှ လွတ်လာသူ နှစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိ Posted: 07 Sep 2020 10:04 AM PDT နိရဥၥရာ၊ စက္တင္ဘာ ၇/၂ဝ၂ဝရခိုင်ပြည်နယ်၊ ဘူးသီးတောင်ထောင်ထဲမှ လွတ်လာသည့် တောင်ကုတ်ဒေသခံ နှစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။၎င်းတို့ နှစ်ဦးမှာ အသက် ၄၂ နှစ်၊ လူနာအမှတ် (၁၃၁၇) နှင့် အသက် ၂၆ နှစ်၊ လူနာအမှတ် (၁၃၁၈) အမျိုးသား နှစ်ဦးတို့ဖြစ်ကြသည်။ ၎င်းတို့ကို လက်ရှိ တောင်ကုတ်မြို့ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည်ဟု သိရသည်။Covid 19 အတည်ပြု လူနာများနှင့် ထိတွေ့ဆက်ဆံမှု မရှိ |
သျှမ်းမြောက်တွင် ၂ည ဆက်တိုက် အရပ်သား သေနတ်ပစ်ခံရ၊ တဦးသေ Posted: 07 Sep 2020 10:04 AM PDT သျှမ်းပြည်မြောက်ပိုင်း တွင် ၂ ည ဆက်တိုက် အရပ်သား သေနတ်ပစ်ခံရပြီး၊ အမျိုးသားတဦး သေဆုံးခဲ့ကြောင်းသိရသည်။ဖြစ်စဉ်မှာ စက်တင်ဘာ ၅ရက် ည ၇နာရီ ဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၇)၊နယ်မြေ (၅)တွင် နေထိုင်သည့် အမျိုးသားတဦးကို အမည်မသိ လက်နက်ကိုင် အဖွဲ့က သေနတ်လာရောက်ပစ်သွားပြီး၊ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့ မှ စိုင်းဝဿုန်ထွန်း က " စက်တင်ဘာ (၅)ရက်နေ့က အမျိုးသားတဦး |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.