Friday, October 16, 2020

သစ်ထူးလွင်

သစ်ထူးလွင်


မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်ရေးညှိနှိုင်းဖို့ ကုန်သည်တွေက အစိုးရကိုတောင်းဆို

Posted: 16 Oct 2020 06:30 AM PDT

 မြန်မာ- တရုတ် နယ်စပ်ရှိ ကုန်ကားများကိုဗစ်ကပ်ရောဂါကာလ အိမ်နီးချင်းတရုတ်နိုင်ငံက နယ်စပ်အဝင်အထွက်တွေမှာ လုံခြုံရေးနဲ့ စည်းကမ်းချက်တွေ တိုးမြှင့်ထားတာကြောင့် ကုန်သွယ်ရေး ထိခိုက်မှာ စိုးရိမ်နေတဲ့ မြန်မာကုန်သည်တွေက ဆွေးနွေးညှိနှိုင်းဖို့ မြန်မာတာဝန်ရှိသူတွေကို တိုက်တွန်းနေတဲ့အကြောင်း ကိုဇော်ထက် ပြောပြမှာပါ။မြန်မာနိုင်ငံမှာ ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေချိန်မှာပဲ နယ်စပ်ဒေသတွေမှာ တရုတ်နိုင်ငံက ရောဂါကူး

ပြန်ဖွင့်စက်ရုံတချို့မှာ coronavirus ကူးစက်ပျံ့နှံ့ဖွယ်ရှိ

Posted: 16 Oct 2020 06:29 AM PDT

မှတ်တမ်းဓါတ်ပုံ - မေလ ၂၈ ရက်နေ့က COVID ကာကွယ်ရေးလုပ်ငန်းစဉ်နှစ်အညီ ဖွင့်ထားသော ရန်ကုန်ရှိ အထည်ချုပ်စက်ရုံတခုကိုဗစ်ရောဂါအဖြစ်များနေတဲ့ ရန်ကုန်မှာ စက်ရုံအလုပ်ရုံတချို့ ပြန်စဖွင့်ချိန်၊ လုပ်သားတွေအကြား ကူးစက်မူအနည်းနဲ့အများ စရှိလာနေတာအတွက်၊ ဆေးစစ်မူတွေလုပ်နိုင်ဖို့ ပြင်ဆင်နေပါပြီ။ဘယ်လိုကူးစက်မူတွေဖြစ်ခဲ့ပြီး၊ ရှေ.ဆက်ဘယ်လိုသွားဖို့ရှိနေတာကို၊ ကုန်သည်စက်မူအသင်းချုပ် ဥက္ကဌ၊ ကျန်းမာရေးပြောခွင့်ရနဲ့၊ စက်

Posted: 16 Oct 2020 06:25 AM PDT

သိန်းနီမြို့နယ် တွင် အောက်တိုဘာ ၁၄ရက် ည ၇နာရီခွဲ တွင် မူဆယ်-မန္တလေး ပြည်ထောင်စု ကားလမ်းမပေါ်တွင် အသက် ၂၂နှစ်အရွယ်ရှိ လီစီချီ မောင်းလာသည့် Crown ကားကို စစ်ဆေးရာ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိကြောင်း မူးယစ်ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရသည်။အဆိုပါ ကားပေါ်တွင် သိမ်းဆည်းရမိသည့် လက်နက်များမှာ မောင်းပြန်ရိုင်ဖယ် ၃လက်၊ ကျည်ကဒ်ပါပစ္စတိုသေနတ် ၄လက်၊ M-22 ကျည်ဘောက်၁၅ခု၊ M-22 ကျည် ၁၂၉၀ တောင့်၊ 7.62 ကျည် ၉၀၀

ရသေ့တောင်က အရပ်သားတစ်ဦး လက်နက်ကြီးအစဒဏ်ရာနဲ့ သေဆုံး

Posted: 16 Oct 2020 06:23 AM PDT

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြားပင်ရင်းရွာက လက်နက်ကြီးအစထိမှန်ခဲ့တဲ့ ဦးဘရွှေကို ၂၀၂၀ အောက်တိုဘာ ၁၅ ရက်နေ့က စစ်တွေဆေးရုံကို ပို့ဆောင်ခဲ့စဉ်Photo: Than Tunရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြားပင်ရင်းရွာက အသက် ၅၇ နှစ်အရွယ် ဦးဘရွှေဟာ လက်နက်ကြီးအစ ထိမှန်လို့ စစ်တွေဆေးရုံမှာ ဆေးကုသမှုခံယူရင်း မနေ့က ဆေးရုံမှာပဲ သေဆုံးသွားပါတယ်။ရင်ဘတ်မှာ လက်နက်ကြီးအစထိမှန်ခဲ့တဲ့ဒဏ်ရာကို စစ်တွေဆေးရုံမှာ မနေ့ကခွဲစိပ်ကုသ

ရခိုင်ဒုက္ခသည်တွေကြားထဲမှာ အတည်ပြုလူနာ စတင်တွေ့ရှိ

Posted: 16 Oct 2020 06:22 AM PDT

ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာတွေ့ရှိတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့က သာသနာ့ဗိမ္မာန် စစ်ဘေးဒုက္ခသည်စခန်းကို ၂၀၂၀၊ မေ ၁၁ ရက်နေ့က တွေ့ရစဉ်ဓာတ်ပုံ - နီမင်းထွန်း/ RFAလူဦးရေ ၁၃၀ ကျော်လောက် ခိုလှုံနေကြရတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့က စစ်ဘေးဒုက္ခသည်စခန်း တစ်ခုမှာ ဒုက္ခသည်တစ်ဦး ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပါတယ်။ ဒါဟာ ရခိုင်ပြည်နယ်က စစ်ဘေး ဒုက္ခသည်တွေ ကြားထဲမှာ ပထမဆုံး အတည်ပြုလူနာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်- ကယားမှာ ကိုဗစ်ကူးစက်မှု စတွေ့

Posted: 16 Oct 2020 06:17 AM PDT

ရန်ကုန်က ပြန်လာပြီး ကွာရန်တင်းဝင်နေသူမှာ ကိုဗစ်ကူးစက်မှု တွေ့ရှိမြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှု မရှိသေးဘဲ ကျန်နေတဲ့ ကယားပြည်နယ်ထဲမှာ ပထမဆုံး ကူးစက်သူတဦးကို စတင်တွေ့ရှိခဲ့ပြီးဖြစ်ပြီး ရန်ကုန်မှာ နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာ ဆေးပညာသင်တန်းတက်ရောက်ပြီး လွိုင်ကော်ကိုပြန်လာတဲ့ ကျန်းမာရေးဝန်ထမ်းမှာ တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ကယားပြည်နယ် ကျန်းမာရေးဦးစီးဌာနက အတည်ပြုပါတယ်။သူ့ရဲ ကိုဗစ်ရလာဒ်အတည်ပြုချက်

မလေးရှားနဲ့ ထိုင်းရောက် မြန်မာမဲဆန္ဒရှင်တွေထဲ မဲမပေးနိုင်သူတွေရှိ

Posted: 16 Oct 2020 06:15 AM PDT

အောက်တိုဘာလ ၉ ရက်နေ့က မလေးရှားနိုင်ငံမှာ ၂၀၂၀ ရွေးကောက်ပွဲအတွက်ကြိုတင်မဲပေးတဲ့မြင်ကွင်း။ (ဓာတ်ပုံ -မြန်မာလူမူကူညီရေးအသင်း (မလေးရှား) - အောက်တိုဘာ ၀၉၊ ၂၀၂၀)ရှေ့လထဲ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် အာရှနိုင်ငံတချို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးတဲ့ အစီအစဉ်တွေ မကြာခင် အဆုံးသတ်တော့မှာ ဖြစ်ပေမဲ့ မဲမပေးနိုင်တဲ့သူတွေလည်း ရှိနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေး

ကိုဗစ်နဲ့ စစ်ရေးကြောင့် တိုင်းရင်းဒေသတချို့ မဲပေးရေး အခက်ကြုံဖွယ်ရှိ

Posted: 16 Oct 2020 06:13 AM PDT

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတုန်းက ရန်ကုန် မဲဆန္ဒရှင်တဦး မဲပြားမှတ်ပုံံတင်စာရင်းသွင်းနေတဲ့ မြင်ကွင်း။ (နိုဝင်ဘာ ၃၊ ၂၀၁၈)မြန်မာနိုင်ငံမှာ ရှေ့လထဲ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေချိန်မှာပဲ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ကြုံနေရတာကြောင့် တိုင်းရင်းသား ဒေသတွေက မဲပေးမယ့်လုပ်ငန်းတွေမှာ စိန်ခေါ်မှုတွေ ကြံုနေရတဲ့အခြေအနေကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက

ဖာပွန်မှာ ၁၈ နှစ် ပြည့်ပြီး မဲပေးခွင့်မရသူ တစ်ထောင်ကျော်ရှိနေ

Posted: 16 Oct 2020 06:11 AM PDT

ကရင်ပြည်နယ် ဖာပွန်မြို့နယ် ကမမောင်းမြို့ ရပ်ကွက် (၃) က ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကို မြင်တွေ့ရစဉ်Photo: Saw Win Nayကရင်ပြည်နယ် ဖာပွန်မြို့နယ် ကမမောင်းမြို့မှာ ၁၉၅၈ ခုနှစ် နောက်ပိုင်း ထုတ်ပေးတဲ့ သုံးခေါက်ချိုး မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေက သူတို့မှာ အိမ်ထောင်စုစာရင်းလည်း ရှိပေမယ့် ဘာသာခြား ဖြစ်နေတဲ့အတွက် မဲထည့်ခွင့် မရကြသလို အသက် ၁၈ နှစ်ပြည့်တဲ့ သူတို့ရဲ့ သားသမီးတွေလည်း ဒီအခွင့်အရေး

စစ်ရေးအရ အမြတ်ထုတ်တာတွေ ရပ်တန်းကရပ်ဖို့ ဒေါ်အောင်ဆန်းစုကြည် သတိပေး

Posted: 16 Oct 2020 06:09 AM PDT

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ၂၀၂၀ အောက်တိုဘာ ၁၂ ရက်နေ့ကတွေ့ရစဉ် / Photo: Myanmar State Counsellor Officeကပ်ရောဂါကူးစက်မှု၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ရှိနေမှုအပေါ်  အခွင့်ကောင်းယူပြီး စစ်ရေးအရ အမြတ် ထုတ်တာတွေ၊ ရန်လိုမှုပြသနေတာတွေကို ရပ်တန်းက ရပ်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောလိုက်ပါတယ်။မနေ့က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်

ထိုင်း ဆန္ဒပြမှု- 'အဖေဟာ ဘုရင်စနစ်ကို မြတ်နိုးလွန်းတာကြောင့် ဘာကိုမှ မမြင်နိုင်တော့တာ'

Posted: 15 Oct 2020 10:43 AM PDT

ဘုရင်စနစ်နဲ့ ပတ်သတ်ပြီး ထိုင်းမှာ မိသားစုတွေကြား သဘောထားကွဲပြားလာကြ"ကျွန်တော်တို့ရဲ့ဘုရင်ကို ဝေဖန်တာဟာ အပြစ်ကျူးလွန်တာလို့ ကျွန်တော့်အဖေက ကျွန်တော့်ကို သွန်သင်ခဲ့ပါတယ်။ အဲဒါ မပြောကောင်းတဲ့အရာတဲ့။"ဒါပေမဲ့ အခု ၁၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒါနိုင်း (အမည်လွှဲထား) က သူ့ ဖခင်ရဲ့ သတိပေးစကားကို မလိုက်နာတော့ပါဘူး။ ဘန်ကောက်က တက္ကသိုလ်တစ်ခုမှာ ဥပဒေဘာသာရပ် သင်ကြားနေတဲ့ သူဟာ တခြား သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေနဲ့

ထိုင်းမှာ အရေးပေါ်အခြေအနေအမိန့်ကိုဖီဆန်ပြီး ဆန္ဒပြသူတွေစုဝေး

Posted: 15 Oct 2020 10:40 AM PDT

ကြာသပတေးမနက်ခင်းက အဓိကရုဏ်းနှိမ်နင်းတဲ့ ရဲတွေက လမ်းမတွေပေါ် နေရာချထားထိုင်းနိုင်ငံမှာ ဆန္ဒပြပွဲတွေကို တားဆီးတဲ့အရေးပေါ်အမိန့်ထုတ်ပြန်ပြီး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးတာတွေရှိနေတဲ့ကြားက ဆန္ဒပြသူတွေ လမ်းတွေပေါ်မှာ စုဝေးဆန္ဒပြနေကြပါတယ်။ဆန္ဒပြမှုတွေ ဖြိုခွင်းစဥ်ဖမ်းဆီးခံရတဲ့ ဆန္ဒပြခေါင်းဆောင်တွေ လွှတ်ပေးရေးအတွက် "ငါတို့ သူငယ်ချင်းတွေ လွှတ်ပေး" လို့ ကြွေးကြော်နေကြပါတယ်။ထိုင်းမှာ အခုလတ်တလောဖြစ်နေတဲ့

မြန်မာ ကိုဗစ်ကူးစက်သူ ၃၂,၀၀၀ ကျော်၊ သေဆုံးသူ ၇၆၅ ဦးရှိပြီ

Posted: 15 Oct 2020 10:38 AM PDT

ရန်ကုန်မြို့ Quarantine Center တခုမှာ တွေ့ရတဲ့ PPE ဝတ်စုံဝတ် ပရဟိတလုပ်သားများ။ (အောက်တိုဘာ ၀၉၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁,၀၀၀ ကျော်ထပ်မံတွေ့ရှိခဲ့တဲ့အတွက် ကူးစက်ခံရသူ ၃၂,၀၀၀ ကျော်သွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၂,၉၇၅ ခုကို စစ်ဆေးခဲ့တာမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁,၀၂၆ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစား

လူမှုဖူလုံရေး အာမခံမရှိသူတွေ ကိုဗစ်ကာလ အစိုးရထောက်ပံ့မှုရဖို့ အခက်တွေ့

Posted: 15 Oct 2020 10:36 AM PDT

ရန်ကုန်မြို့ရှိ လမ်းတခုကို လူကူးမျဉ်းကြားကနေ လမ်းဖြတ်ကူးနေတဲ့ လူတချို့။ (ဇွန် ၁၄၊ ၂၀၂၀)ကိုဗစ်ကပ်ရောဂါကာလမှာ လူမှုဖူလုံရေး အာမခံချက်မရှိတာကြောင့် အခက်ကြုံနေရတဲ့ အလုပ်သမားတွေ အစိုးရရဲ့ အထောက်အပံ့ရရေး အခက်အခဲတချို့ ရှိနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။ကပ်ရောဂါကာလ အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်ထားတဲ့ ရန်ကုန်တိုင်းထဲမှာ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ အလုပ်သမား

နှင်းဆီပါတီဥက္ကဋ္ဌ ငွေကြေးခဝါချခဲ့တယ်လို့ အစိုးရပြော

Posted: 15 Oct 2020 10:34 AM PDT

နှင်းဆီပါတီ ခေါ်  "ညီညွတ်သော ဒီမိုကရက်တစ်ပါတီ" UDP ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ဟာ ၂၀၁၂ ခုနှစ်မှာ ကနေဒါ ကနေ တရုတ်နိုင်ငံကို ပြန်လာတဲ့အခါ ကနေဒါဒေါ်လာ ၁၈ သန်းကို တရားမဝင်ယူဆောင်လာခဲ့ပြီးတဲ့နောက်  ၂၀၁၅ ခုနှစ်မှာ ရွှေလီနဲ့ ကျယ်ဂေါင်ရှိ တရားမဝင် ဟွန်ဒီငွေလွှဲလုပ်ငန်းတွေကတဆင့် မြန်မာနိုင်ငံထဲကို ကျပ်သန်း ပေါင်း ထောင်နဲ့ချီပြီး အကြိမ်ကြိမ်လွှဲပြောင်းယူခဲ့တယ်လို့ ဒီနေ့ နေပြည်တော် သမ္မတအိမ်တော်မှာလုပ်တဲ့ သတင်း

ငွေကြေးခဝါချမှု၊ တရားမဝင်ဝင်ရောက်မှု ဥပဒေတွေနဲ့ UDP ဥက္ကဋ္ဌငြိစွန်း

Posted: 15 Oct 2020 10:32 AM PDT

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို တွေ့ရစဉ်Photo: United Democratic Party-UDPမန္တလေးထောင်ကနေ ထွက်ပြေးပြီးနောက် မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လာခဲ့တဲ့ UDP ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ကနဦးစစ်ဆေးချက်အရ ငွေကြေးခဝါချမှု ဥပဒေ၊ တရားမဝင်နိုင်ငံအတွင်း ဝင်ရောက်မှု ဥပဒေတွေနဲ့ ငြိစွန်းနေတာကို စစ်ဆေးတွေ့ရှိရကြောင်း နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကပြောပါတယ်။ဦးကျော်မြင့်ကို စစ်ဆေးချက်နဲ့

နှင်းဆီပါတီ ဥက္ကဋ္ဌရဲ့ ငွေတွေ တရုတ်နယ်စပ်ကနေ တရားမဝင်ငွေလွှဲနဲ့ ဝင်လာတယ်လို့ အစိုးရဖွင့်ချ

Posted: 15 Oct 2020 10:31 AM PDT

နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ တည်ထာင်သူ ဦးကျော်မြင့်နှင်းဆီပါတီ လို့လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့် ရဲ့ ဘဏ်ငွေစာရင်းနဲ့ သူနဲ့ဆက်စပ်တဲ့ ဘဏ်ငွေစာရင်း ငွေအဝင်အားလုံးဟာ တရုတ်နယ်စပ်ကနေ ဟွန်ဒီ လို့ခေါ်တဲ့ တရားမဝင် ငွေလွှဲနဲ့ ရောက်လာခဲ့တာ ဖြစ်တယ်လို့ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက အောက်တိုဘာလ ၁၅ ရက်နေ့ သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ

အမတ်လောင်းတွေ အဖမ်းခံရပြီးနောက် တောင်ကုတ်NLD ပါတီစည်းရုံးရေး ရပ်ဆိုင်းထား

Posted: 15 Oct 2020 10:28 AM PDT

ကိုယ်စားလှယ်လောင်းသုံးဦးနဲ့ ဘာအဆက်အသွယ်မှမရသေးရခိုင်ပြည်နယ် တောင်ပိုင်း တောင်ကုတ်မှာ မဲဆွယ်နေတဲ့ NLD လွှတ်တော်အမတ် လောင်း သုံးဦး အောက်တိုဘာ ၁၄ ရက် မနေ့က လက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ ဖမ်းဆီး ခံရပြီးနောက် တောင်ကုတ်မှာ မဲဆွယ်မှုတွေ ယာယီရပ်နားထားတယ်လို့ တောင်ကုတ်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးတင်သိန်းအောင်က ပြောပါတယ်။အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချော၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီ

ကိုဗစ်ရောဂါလက္ခဏာမရှိသူတွေ စစ်ဆေးတာမလုပ်ဖို့ ကျန်းမာရေးဌာနတိုက်တွန်း

Posted: 15 Oct 2020 10:25 AM PDT

ရန်ကုန်မြို့ရှိ Quarantin စင်တာတခုမှာ COVID ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတဦး။ (အောက်တိုဘာ ၀၇၊ ၂၀၂၀)ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ အဓိကကြုံနေရတဲ့ ရန်ကုန်တိုင်းအတွင်း ရောဂါပိုး ရှိ၊ မရှိ တာဝန်ရှိသူတွေ တိုးမြှင့်စစ်ဆေးနေပေမဲ့ ရောဂါလက္ခဏာမရှိသူတွေ မလိုအပ်ဘဲ စစ်ဆေးတာတွေ မလုပ်ဖို့လည်း ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနေတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း

ရန်ကုန်တိုင်းတွင်း စက်ရုံအလုပ်သမား ရာနဲ့ချီ ကိုဗစ်ကူးစက်

Posted: 15 Oct 2020 10:24 AM PDT

ရန်ကုန်မြို့ ရွှေပြည်သာ အထည်ချုပ်စက်ရုံတခုက မြင်ကွင်း။ (စက်တင်ဘာ ၁၈၊ ၂၀၁၅)ကိုဗစ်ကပ်ရောဂါကူးစက်မှု အများဆုံး ကြုံနေရတဲ့ ရန်ကုန်တိုင်းအတွင်း စက်ရုံ တရုံမှာ ရာဂဏန်းရှိတဲ့ အလုပ်သမားတွေမှာ ရောဂါပိုးရှိနေတာ တွေ့ရတဲ့အကြောင်း သတင်းကြောင့် စိုးရိမ်မှုတွေ ထွက်ပေါ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြောင့် ရန်ကုန်တိုင်းအတွင်း

တောင်ကုတ် NLD အမတ်လောင်းတွေရဲ့ အသက်အန္တရာယ် မိသားစုဝင်တွေစိုးရိမ်

Posted: 15 Oct 2020 10:21 AM PDT

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က NLD ကိုယ်စားလှယ်လောင်းတွေကို ဖမ်းထားတာ ၁ ရက်ကျော်ကြာလာပြီဖြစ်ပေမယ့် ဘာသတင်းမှမကြားသေးတာကြောင့် ကိုယ်စားလှယ်လောင်းတွေရဲ့ အသက်အန္တရာယ်ကို မိသားစုတွေက စိုးရိမ်နေကြပါတယ်။အဖမ်းမခံရဘဲ လွတ်လာသူတွေက AA ဘက်က ဖမ်းသွားတာလို့ပြောပေမယ့် ရခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူကတော့ ဒီကိစ္စကို ဘာသတင်းမှ မရသေးဘူးလို့ပြောပါတယ်။တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်

ကိုယ်စားလှယ်လောင်းတွေ ဖမ်းဆီးခံရမှု NLD ပြစ်တင်ရှုတ်ချ

Posted: 15 Oct 2020 10:20 AM PDT

 ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦး ကို လက်နက်ကိုင်တချို့ မနေ့က ဖမ်းဆီးသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ AA အဖွဲ့ပြောခွင့်ရသူကတော့ ဒီလိုဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး တစုံတရာ မသိသေးဘူးလို့ ပြောပါတယ်။တောင်ကုတ်မြို့နယ် ဖောင်ခါးကျွန်းမှာ စည်းရုံးရေးဆင်းနေတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ပြည်သူ့လွှတ်တော်

ရခိုင်မှစစ်ဘေးရှောင်စခန်းတစ်ခုတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိ

Posted: 15 Oct 2020 10:16 AM PDT

နိရဥၥရာ၊ ေအာက္တိုဘာ ၁၅ / ၂ဝ၂ဝရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ လူဦးရေ ၁ဝဝ ကျော်နေထိုင်သည့်  သာသနာ့ဗိမ္မာန် စစ်ဘေးရှောင်စခန်းရှိ အဖွားအိုတစ်ဦးတွင် အောက်တိုဘာလ ၁၄ ရက်နေ့ ညနေက ကိုဗစ်ပိုးတွေ့ရှိကြောင်း သတင်းရရှိသည်။၎င်းအဖွားအိုမှာ အသက် ၈ဝ ကျော် ရှိနေပြီ ဖြစ်ကာ  လူဦးရေ ၁၃၈ ဦးခန့်ရှိသည့် အဆိုပါ စစ်ဘေးရှောင် စခန်းတွင် နေထိုင်နေကြောင်း ကျောက်တော်မြို့နယ်ဆေးရုံ ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဦးက နိရဥ္စရာ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.