Saturday, October 17, 2020

သစ်ထူးလွင်

သစ်ထူးလွင်


နှင်းဆီပါတီကိုဖျက်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင်ကြေညာ

Posted: 17 Oct 2020 08:08 AM PDT

၂၀၂၀ အောက်တိုဘာလ ၁၅ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့တွင် UDP ပါတီဝင်များ မဲဆွယ်စည်းရုံးစဥ်။  Photo: RFAနှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ UDP ကို နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၀ အောက်တိုဘာလ ၁၉ ရက် ဒီနေ့ည (၈) နာရီမှာ ကြေညာလိုက်ပါတယ်။အခုလို ပါတီဖျက်သိမ်းလိုက်တာကြောင့် UDP ပါတီရဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတွေဟာ သက်ဆိုင်ရာ

ဂျော်ဒန်ရောက် မြန်မာအလုပ်သမား ၇ဝ နီးပါး ကိုဗစ်ကူးစက်ခံရ

Posted: 17 Oct 2020 08:07 AM PDT

ဂျော်ဒန်နိုင်ငံက အထည်စက်ရုံတခုမှာ လုပ်နေတဲ့ မြန်မာနိုင်ငံသား ၇ဝ နီးပါး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။ ဒီအခြေအနေမှာ စက်ရုံကတော့ ပုံမှန်လည်ပတ်နေဆဲဖြစ်တာကြောင့် နောက်ထပ် ကူးစက်မှုတွေ တိုးလာမှာကို အလုပ်သမားတွေကြားမှာ စိုးရိမ်နေကြပါတယ်။ကမ္ဘာ့ကပ်ရောဂါကာလ ဂျော်ဒန်နိုင်ငံမှာရှိတဲ့ RICH PINE ကုမ္ပဏီရဲ့ Cyber City အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမား ၆၈ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကူးစက်ခံထားရတာ

ပဲရစ်က ကျောင်းဆရာ ခေါင်းဖြတ်သတ်ခံရမှုဟာ အစ္စလာမ်စ်အကြမ်းဖက်တိုက်ခိုက်မှုလို့ ပြင်သစ်သမ္မတပြော

Posted: 17 Oct 2020 08:05 AM PDT

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို သင်ကြားပေး' တဲ့ အတွက် အသတ်ခံခဲ့ရတာလို့ သမ္မတ မက်ခရွန်းကပြောပြင်သစ်နိုင်ငံ ပဲရစ်မြို့တော် အနောက်မြောက်ပိုင်း ဆင်ခြေဖုံးအရပ်တစ်ခုမှာ ကျောင်းဆရာ တစ်ယောက် မနေ့က ခေါင်းဖြတ်သတ်ဖြတ်ခံရတဲ့အမှုကို ပြင်သစ်သမ္မတ မက်ခရွန်းက "အစ္စလာမ်မစ် အကြမ်းဖက်တိုက်ခိုက်မှု" လို့ ဆိုလိုက်ပါတယ်။တိုက်ခိုက်ခံရသူဟာ ကျောင်းဆရာတစ်ယောက်ဖြစ်ပြီး အငြင်းပွားစရာဖြစ်နေတဲ့ တမန်တော်မိုဟာမက် ကာတွန်းပုံ

“နေ့စဉ်ကူးစက်နှုန်း စံချိန်တင်မြင့်တက်လာ” WHO အကြီးအကဲ သတိပေး

Posted: 17 Oct 2020 08:05 AM PDT

အမေရိကန်နိုင်ငံ Wisconsin ပြည်နယ်မှာ COVID-19 စစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (အောက်တိုဘာ ၂၊ ၂၀၂၀)ကမ္ဘာတဝန်းမှာ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဟာ စံချိန်တင် မြင့်တက်နေပြီး အထူးသဖြင့် ဥရောပနဲ့ အမေရိကတိုက် နိုင်ငံတွေမှာ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ပြောပါတယ်။ လွန်ခဲ့တဲ့ ၄ ရက်အတွင်း နေ့စဉ်ကူးစက်မှုနှုန်းဟာ စံချိန်တင် မြင့်တက်နေတာဖြစ်တယ်လို့ WHO အကြီးအကဲ Dr. Tedros

ကိုဗစ်ကြောင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက် ကန့်သတ်မှုတွေတိုး

Posted: 17 Oct 2020 08:00 AM PDT

မဲဆောက်မြို့ ထုံထောင်းရပ်ကွက်မှာ အဝင်အထွက်ကန့်သတ်ပြီး စောင့်ကြပ်နေတဲ့ ထိုင်းအာဏာပိုင်အချို့။ (ဓာတ်ပုံ - AWO)မြန်မာကုန်တင်ကားများ ဝင်ထွက်ခဲ့တဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ထုံထောင်းရပ်ကွက်အတွင်းမှာ ကိုဗစ်ကပ်ရောဂါပိုးတွေ့သူ ၅ ဦးတွေ့ရှိတာကြောင့် စစ်တပ်စစ်ဆေးရေးဂိတ်တွေ ချလိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း

ကန့်ဘလူမြို့နယ်တွင် မိုးသက်လေပြင်းကျရောက်စဥ် သစ်ပင်လဲကာ ပိမိ၍ နှစ်ဦးသေဆုံး

Posted: 17 Oct 2020 07:57 AM PDT

ကန့်ဘလူ အောက်တိုဘာ ၁၇စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်  လိတ္ထူကျေးရွာအုပ်စု ကိုင်းတောကျေးရွာ၏ အနောက်ဘက် တစ်ဖာလုံကျော်ခန့်အကွာ  ဘိုးတော်ကြီးစင် တောတိုက်ရှိ ဦးကျော်နိုင်၏လယ်တောတွင် အောက်တိုဘာ ၁၆ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်ခန့်က မိုးသက်လေပြင်းများကျရောက်စဥ် သစ်ပင်လဲကျသဖြင့် သစ်ပင်ပိမိကာ လူနှစ်ဦးသေဆုံးခဲ့ကြောင်း လိတ္ထူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးမောင်ငြိမ်းထံမှသိရသည်။ဖြစ်စဥ်မှာ အဆိုပါနေ့

ရွေးကောက်ပွဲကာလ ဆူပူလှုံ့ဆော်သူတွေကို အရေးယူဖို့ နိုင်ငံတော်သမ္မတ အမိန့်ထုတ်

Posted: 17 Oct 2020 07:55 AM PDT

၂ဝ၁၈ စက်တင်ဘာလက နိုင်ငံခြားသံတမန်သစ်ခန့်အပ်ပွဲ အခမ်းအနားကို တက်ရောက်လာသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်။Photo: AFPရွေးကောက်ပွဲကာလအတွင်းမှာ ရပ်ရွာအေးချမ်းသာယာရေး ပျက်ပြားအောင် ဆူပူလှုံ့ဆော်နေသူတွေကို ထိထိရောက်ရောက် အရေးယူဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီကနေ့ကြေညာချက်ထုတ်ပြန် အမိန့်ပေးလိုက်ပါတယ်။မဲဆွယ်ကာလအတွင်းမှာ အကြမ်းဖက်တာ၊ ခြိမ်းခြောက်နှောင့်ယှက်တာတွေနဲ့ ဘာသာရေး လူမျိုးရေး အကြောင်းပြပြီး ဆူ

ရခိုင်နဲ့ ရှမ်း (၁၅) မြို့နယ်မှာ မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲဖျက်သိမ်း

Posted: 17 Oct 2020 07:54 AM PDT

၂ဝ၁၅ ရွေးကောက်ပွဲတွင် မဲရလဒ်ရေတွက်စဉ်။Photo: AFPရခိုင်ပြည်နယ်က မြို့နယ် ၉ မြို့နယ်နဲ့ ရှမ်းပြည်နယ်က မြို့နယ် ၆ မြို့နယ် အပါအဝင် တိုင်းနဲ့ပြည်နယ်‌ ခြောက်ခုက နေရာအတော်များများမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ‌ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ အောက်တိုဘာလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာတွေကတော့... ရခိုင်ပြည်နယ်မှာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊

ဖမ်းဆီးခံထားရစဉ် စိတ်ဖောက်ပြန်သွားသည့်ဖခင်ဖြစ်သူအတွက် ဆေးကုသခွင့်ပေးရန် သမီးဖြစ်သူတောင်းဆို

Posted: 17 Oct 2020 07:51 AM PDT

နိရဥၥရာ၊ ေအာက္တိုဘာ ၁၇ / ၂ဝ၂ဝရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ စနဲကျေးရွာမှ ဖမ်းဆီးခံထားရသူ ၅ ဦးအထဲမှ ဦးမောင်သန်းတင်(၅၆)နှစ်မှာ စိတ်ဖောက်ပြန်သွားသဖြင့် ဆေးကုသခွင့်ရရှိလိုသည်ဟု ၎င်း၏ သမီးဖြစ်သူ ဒေါ်ဦးယဉ်သန်းက ပြောသည်။" အဖေကစိတ်လုံးဝပုံမှန်မဟုတ်တော့ဘူးလို့သိရတယ်။ စိတ်ဖောက်ပြန်သွားတယ်။ ဖေဖေက အပြစ်မရှိတော့ ပြန်လွှတ်ပေးစေချင်ပါတယ်။ တပ်မတော်က အေအေနဲ့ဆက်စပ်တယ်လို့ပြောတာဟာ လုံးဝမဟုတ်ပါဘူး။ ကျွန်မအနေနဲ့

မင်းပြားမြို့နယ်တွင် ဒေသခံရွာသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး

Posted: 17 Oct 2020 07:49 AM PDT

နိရဥၥရာ၊ ေအာက္တိုဘာ ၁၇/ ၂ဝ၂ဝရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မြစ်နားရွာကျေးရွာမှ ဒေသခံရွာသားတစ်ဦး သူ့၏ ဥယျာဉ်ခင်းသို့ သွားစဉ် မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန်ရရှိသွားကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။၎င်း မိုင်းနင်းမိသူမှာ မြစ်နားရွာကျေးရွာမှ ဦးမောင်ညိမ်း (၆၈) နှစ်ဖြစ်ပြီး ၎င်းမှာ ယနေ့ နံနက် ၉ နာရီခန့်က သူ့၏ ဥယျာဉ်ခင်းအတွင်း မိုင်းနင်းမိကာ ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ပြီး မင်းပြားဆေးရုံ၌ သေဆုံး

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.