Friday, October 2, 2020

သစ်ထူးလွင်

သစ်ထူးလွင်


Amazon ကုမ္ပဏီဝန်ထမ်း ၂၀,၀၀၀ နီးပါး ကိုဗစ်ကူးစက်ခံထားရ

Posted: 02 Oct 2020 07:21 AM PDT

Amazon ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတဦး။ (ဒီဇင်ဘာ ၁၇၊ ၂၀၁၉)Amazon ကုမ္ပဏီရဲ့ ဝန်ထမ်းအင်အား ၁.၄၄ ရာခိုင်နှုန်း ဖြစ်တဲ့ ဝန်ထမ်းအရေအတွက် ၁၉,၈၀၀ ကျော် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ Amazon ကုမ္ပဏီက ကြာသပတေးနေ့က ကြေငြာလိုက်ပါတယ်။ ကမ္ဘာ့အကြီးဆုံး အွန်လိုင်းအရောင်း ကုမ္ပဏီဖြစ်တဲ့ Amazon ကုမ္ပဏီရဲ့ ကပ်ရောဂါအရေး တုံ့ပြန်ဆောင်ရွက်နေပုံနဲ့ ပတ်သက်ပြီး သူ့ရဲ့ ဝန်ထမ်းတချို့အပါအဝင် လွှတ်တော်အမတ်တွေ၊

ချေးငွေနဲ့ အတိုးတွေပြန်တောင်းတာ ကိုဗစ်ကာလရပ်ထားဖို့ ဒေသန္တရအစိုးရတွေညွှန်ကြား

Posted: 02 Oct 2020 07:20 AM PDT

ဘဏ်လုပ်ငန်းတခုတွေ ငွေများ ရေတွက်နေသည့် ဝန်ထမ်းများ (သတင်းဓာတ်ပုံ- ဇူလိုင် ၂၁၊ ၂၀၁၁)အစိုးရရဲ့ ခွင့်ပြုချက်နဲ့ လုပ်ကိုင်နေတဲ့ အသေးစားငွေကြေးလုပ်ငန်းတွေအနေနဲ့ ကိုဗစ်ကပ်ရောဂါကာလမှာ ချေးငွေနဲ့ အတိုးကောက်ခံမှုတွေ၊ ယာယီရပ်နားထားဖို့ ညွှန်ကြားလိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပါမယ်။ကိုဗစ်ကပ်ရောဂါကာလ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားပြီး လုပ်ငန်းတော်တော်များများ ရပ်ဆိုင်း

ဦးအယ်လ်ဖောင်းရှိုကို စစ်ဆေးဖို့ အဂတိကော်မရှင် ငြင်းပယ်

Posted: 02 Oct 2020 07:18 AM PDT

ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်ဖောင်းရှိုအမှုဟာ လက်ရှိတည်ဆဲဥပဒေနဲ့ မညီတာကြောင့် စုံစမ်းစစ်ဆေးဖို့ တိုင်ကြားချက်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ပယ်ချလိုက်ပါတယ်။အဂတိလိုက်စားမှုရှိခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဖြုတ်ချခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်းရဲ့အမှုကို စုံစမ်းစစ်ဆေးပေးဖို့ တိုင်ကြားချက်အပေါ် ကော်မရှင်က ဒီတစ်ပတ်ထဲမှာပဲ တုံ့ပြန်ခဲ့တာပါ။ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို

ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်း ထိန်းချုပ်မှုဘာကြောင့်အားနည်းနေရလဲ

Posted: 02 Oct 2020 07:16 AM PDT

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ရုတ်တရက် မြင့်တက်များပြားလာတာဟာ သတိနဲ့ နေထိုင်ကြဖို့ ပျက်ကွက်ခဲ့တာကြောင့်ဖြစ်တယ်လို့ လေ့လာသူအများအပြားက ထောက်ပြနေကြပါတယ်။ တချို့ကလည်း စီမံခန့်ခွဲသူရဲ့ ခေါင်းဆောင်မှုကလည်း အရေးကြီးတယ်လို့ ဝေဖန်ပါတယ်။မြန်မာနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းဟာ ရန်ကုန်မြို့ကို အများဆုံးရိုက်ခတ်ခဲ့ပြီး ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှု တစ်ရက်ကို ထောင်ဂဏန်းအထိ စစ်ဆေးတွေ့ရှိလာရသလို

သင်္ဃန်းကျွန်းက စွန်းလွန်းဂူကျောင်းမှာ သံဃာတွေကူးစက်မှုဖြစ်

Posted: 02 Oct 2020 07:14 AM PDT

သင်္ဃန်းကျွန်းမြို့နယ် စွန်းလွန်းဂူ ကျောင်းတိုက်ရှိ သံဃာများရဲ့ ဓာတ်ခွဲနမူနာများရယူရန်ကုန်တိုင်းအတွင်းရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းက သံဃာ ၁၉ပါးနဲ့ ကိုရင်တစ်ပါး အောက်တိုဘာလ ၁ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိခဲ့တယ်လို့ သိရပါတယ်။ဒီလို ကူးစက်တာဟာ ရန်ကုန်မှာ ဒုတိယမြောက် သံဃာတွေ အုပ်စုလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာလည်း ဖြစ်ပါတယ်။ရန်ကုန်မှာ ကူးစက်မှု များတဲ့ မြို့နယ်တစ်ခုဖြစ်တဲ့ သင်္ဃန်း

မြန်မာနိုင်ငံတွင်း အိမ်ကနေအလုပ်လုပ်ကြရသူတွေ ဘယ်လိုအခက်ကြုံကြသလဲ

Posted: 02 Oct 2020 07:11 AM PDT

ရန်ကုန်မြို့ရှိ စတူဒီယိုခန်းတခုအတွင်းမှာ အလုပ်လုပ်နေသူတဦး။ (သြဂုတ် ၁၁၊ ၂၀၁၇)မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာတာနဲ့အမျှ အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်တဲ့အထိ ကန့်သတ်ထားတာကြောင့် အိမ်မှာနေရင်း အလုပ်လုပ်နေကြရတဲ့အတွက် ဘယ်လိုအခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ ကြုံနေရသလဲဆိုတာ ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်မစုစုက တင်ဆက်ပေးမှာပါ။လပိုင်းအတွင်း ကပ်ရောဂါကြောင့် သေဆုံးမှု

ထိုင်းမှာ အလုပ်လုပ်ခွင့်လက်မှတ်အတု လုပ်ပေးနေတဲ့ မြန်မာဂိုဏ်းကိုဖမ်းမိ

Posted: 02 Oct 2020 07:09 AM PDT

မြန်မာတွေ ဦးဆောင်တဲ့ အထောက်အထားအတုလုပ်တဲ့ဂိုဏ်းကြောင်း သတင်းစာရှင်းလင်းနေပုံ( လဝက)ကိုဗစ်ကာလ မြန်မာနိုင်ငံသားများကို အလုပ်လုပ်ခွင့်လက်မှတ်တုလုပ်ပေးနေတဲ့ မြန်မာတွေဦးဆောင်နေတဲ့ ဂိုဏ်းကိုဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းလဝက က မနေ့က သတင်းစာရှင်းလင်းခဲ့ပါတယ်။ ဒီသတင်းကို မအေးအေးမာ တင်ဆက်ပေးမှာပါ။ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Yannawa နယ်မြေ၊ Sathupradit လမ်း Lansai Plaza စျေးအတွင်းက ဆိုင်ခန်းကိုထိုင်း လူဝင်

UDP ဥက္ကဋ္ဌ ဦးကျော်မြင့် ကို ထောင်ပြေးမှုနဲ့ တရားစွဲတင်

Posted: 02 Oct 2020 06:51 AM PDT

UDP ဥက္ကဋ္ဌ ဦးကျော်မြင့် ကို မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ ၂၀၂၀၊ အောက်တိုဘာ ၂ ရက်နေ့က တွေ့ရစဉ် / ဓာတ်ပုံ - ခေမဏီဝင်း/ RFAနှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ UDP ပါတီရဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့် ကို ထောင်ပြေးမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၂၄ နဲ့ ရဲတပ်ဖွဲ့က တရားစွဲဆိုထားတာကို မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် တရားရုံးက ဒီနေ့ အမှုလက်ခံလိုက်ပါတယ်။ဦးကျော်မြင့်

ရှမ်းပြည်နယ်ထဲ ကုန်တင်ကားတွေ သွားလာခွင့် ကန့်သတ်

Posted: 02 Oct 2020 06:49 AM PDT

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တရှိန်ထိုး တိုးတက်လာတဲ့အတွက် ရှမ်းပြည်နယ် အစိုးရက ပြည်နယ်အတွင်း  ကန့်သတ်မှုတွေ ပြုလုပ်ရာမှာ ကုန်တင်ယာဉ် ဝင်ထွက်ခွင့်နဲ့ ပတ်သက်ပြီး စည်းကမ်းတင်းကျပ်မှုတွေလည်း ပါဝင်ပါတယ်။ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကင်းရှင်းကြောင်း ထောက်ခံချက် တွေပါရမယ် ဆိုတဲ့ ညွှန်ကြားချက်ကြောင့် လမ်းခရီးမှာ ရောက်နေတဲ့ ကုန်ကားမောင်းသူတွေရော ကုန်သည်တွေပါ အခက်အခဲဖြစ်နေ

ကုန်စည်စီးဆင်းမှုရပ်မတန့်စေရန် ကားသမားများကို ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်မည်

Posted: 02 Oct 2020 06:47 AM PDT

သျှမ်းပြည်တွင်းရှိ ကုန်စည်စီးဆင်းမှု ရပ်တန့်မသွားစေရန်အတွက် ကုန်တင်ယာဉ်မောင်း နှင့် နောက်လိုက်များကို ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း သျှမ်းပြည်အစိုးရထံမှ စုံစမ်းသိရှိရသည်။သျှမ်းပြည်အတွင်းမှ ကုန်တင်ယာဉ်များ အခြားတိုင်းဒေသကြီး/ပြည်နယ် များသို့ ထွက်ခွာခွင့်ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ ရက်ထိ ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း သျှမ်းပြည်အစိုးရက ထုတ်ပြန်ခဲ့သည်။ယင်းကိစ္စ

လားရှိုးမြို့တွင် မူးယစ်ဆေးဖမ်းဆီးရာ ပစ်ခတ်မှုဖြစ်ပွားပြီး တရားခံတစ်ဦးသေဆုံး

Posted: 02 Oct 2020 06:44 AM PDT

နန်းဆိုင်နွမ်၊ သျှမ်းသံတော်ဆင့်သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ယနေ့ (အောက်တိုဘာ ၂)ရက် နေ့လည်ပိုင်းတွင် မူးယစ်ဆေး ဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် တရားခံတဦးသေဆုံးခဲ့ကြောင်း မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရသိရသည်။ဖြစ်စဉ်မှာ ယနေ့ နေ့လည်ပိုင်းတွင် လားရှိုးမြို့အမှတ်(၅)ရပ်ကွက်၊ နယ်မြေ(၂)၊ ခိုင်ရွှေဝါလမ်း နော်အောင်(ခ)လမုန်နော်အောင်(၅၃)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေစဉ် နေအိမ်ဧည့်ခန်း၌ အိမ်ရှင်နှင့်

အာမေနီးယားနဲ့ အဇာဘိုင်ဂျန်တို့ နဂိုနို - ကာရာဘတ် နယ်မြေ အပစ်ရပ်ဆွေးနွေးရေး လက်မခံ

Posted: 02 Oct 2020 06:42 AM PDT

နဂိုနို - ကာရာဘတ်မှာ ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တဲ့နောက်ပိုင်း အဆိုးဆုံးသော တိုက်ပွဲတွေပြန်ဖြစ်နေအဇာဘိုင်ဂျန်နဲ့ အာမေးနီးယားနိုင်ငံတို့ နယ်မြေ အငြင်းပွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆယ်စုနှစ်တွေ အတွင်း အပြင်းထန်ဆုံး တိုက်ပွဲတွေ ဖြစ်ပွားနေတာကို အပစ်ရပ်ဆွေးနွေးရေး အင်အားကြီး နိုင်ငံတွေရဲ့ တောင်းဆိုချက်တွေကို နှစ်နိုင်ငံစလုံးက လက်မခံဘဲ ရှိနေပါတယ်။ဥရောပ အရှေ့တောင်ပိုင်းက နဂိုနို - ကာရာဘတ် ဒေသအရေး

ဗိုင်းရပ်စ်ကူးစက်ခံရပေမယ့် ထရမ့်မောင်နှံ ကျန်းမာရေးကောင်းမွန်နေတယ်လို့ ဆရာဝန် ပြော

Posted: 02 Oct 2020 06:37 AM PDT

နှာခေါင်းစည်း တပ်ဖို့ကို မစ္စတာ ထရမ့်က ခါးခါးသီးသီး ငြင်းဆန်လေ့ရှိအမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတ ကတော် မလာနီယာ ထရမ့်တို့နှစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး လက်ရှိမှာ ကွာရန်တင်း ဝင်ကာ အားလုံးနဲ့ သီးခြားခွဲနေနေတယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။ဗိုင်းရပ်စ်ပိုး ကူးစက်ခံရရင် အန္တရာယ်အရှိဆုံး အုပ်စုထဲမှာ ပါတဲ့ အသက် ၇၄ နှစ်အရွယ် သမ္မတ ထရမ့်ဟာ ဒီသတင်းကို တွစ်တာကနေတဆင့် ကြေညာခဲ့တာပါ။"ဒီကပ်ဘေး

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂-၁၀-၂၀၂၀) ရက်နေ့၊ ညနေ (၆:၀၀)နာရီ

Posted: 02 Oct 2020 06:35 AM PDT

၁။ (၁-၁၀-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၀၁၀) ဦး၏ မြို့နယ်အလိုက် တွေ့ရှိ ရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။Ministry of Health and Sports, Myanmarhttps://www.facebook.com/MinistryOfHealthAndSportsMyanmar

(၂-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၁၄၂)ဦး တွေ့ရှိ

Posted: 02 Oct 2020 06:33 AM PDT

 (၁-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂-၁၀-၂၀၂၀) ရက်နေ့၊ ည  (၈:၀၀)နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၆,၈၉၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၁၄၂)ဦး တွေ့ရှိရပါသည်။ Ministry of Health and Sports, Myanmarhttps://www.facebook.com/MinistryOfHealthAndSportsMyanmar

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.