သစ္ထူးလြင္ |
- မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၄၆,၂၀၀ ဦး၊ သေဆုံး ၁,၁၂၂ ဦး
- အိန္ဒိယ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်ဖြန့်ချီမှု မြန်မာပူးပေါင်းဆောင်ရွက်မည်
- ရွေးကောက်ပွဲနေ့အတွက် အိမ်ပြင်မထွက်ရအမိန့် ဖယ်ရှားမည်
- မောင်တောနဲ့ ပေါက်တောမှာ ရွေးကောက်ပွဲလုပ်နိုင်ဖို့ ပြည်နယ်ကော်မရှင် ကြိုးပမ်း
- ကပ်ရောဂါကြောင့် မဲရုံမသွားနိုင်သူတွေ ကြိုတင်မဲပေးနိုင်ဖို့ စီစဉ်
- စက်ရုံ၊ အလုပ်ရုံတွေ ပြန်ဖွင့်ပေမဲ့ ကပ်ရောဂါသတိထားဖို့ လိုသေး
- ကာတာလေယာဉ်နဲ့လိုက်မယ့် သြစတြေးလျသူတွေ အဝတ်အစားချွတ်ရှာခံရ
- ရခိုင်အမျိုးသားပါတီ ရေယာဥ် နဲ့ တောင်ပိုင်းဒေသတွေမှာ မဲဆွယ်
- ယာယီပိတ်ထားတဲ့ မြဝတီနယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်
- ကပ်ဘေးကြောင့် ရန်ကုန်မှာ ဆန်ပြုတ်သောက်ရသူတွေ ရှိလာ
မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၄၆,၂၀၀ ဦး၊ သေဆုံး ၁,၁၂၂ ဦး Posted: 26 Oct 2020 08:11 AM PDT PPE ဝတ်စုံများ ဝတ်ဆင်ထားတဲ့ ပရဟိတ လုပ်သားများကို ရန်ကုန်မြို့ရှိ လမ်းတခုတွင်တွေ့ရ။ (အောက်တိုဘာ ၁၇၊ ၂၀၂၀)မြန်မာနိုင်ငံမှာ မနေ့ COVID – 19 ကူးစက်သူလူနာ နောက်ထပ် ၁,၄၂၆ ယောက် အတည်ပြုလိုက်တဲ့အတွက် စုစုပေါင်းကူးစက်သူပေါင်း ၄၆,၂၀၀ ရှိပြီဖြစ်ပါတယ်။ အောက်တိုဘာလ ၂၆ ရက်နေ့အတွက် ဓာတ်ခွဲ နမူနာပေါင်း ၁၂,၄၀၀ ခုကို စစ်ဆေးခဲ့တာမှာ အခုလို ကူးစက်သူ ၁,၄၀၀ ကျော်ကို ထပ်ပြီးတွေ့တာပါ။ဒီကနေ့ သေဆုံးသူက ၂၇ ယောက်ရှိတဲ့အတွက် |
အိန္ဒိယ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်ဖြန့်ချီမှု မြန်မာပူးပေါင်းဆောင်ရွက်မည် Posted: 26 Oct 2020 08:09 AM PDT နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး MM Naravane ၊ အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးအတွင်းဝန် Shri Harsh V Shringla၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Shri Saurabh Kumar။ (ဓာတ်ပုံ - India in Myanmar (Embassy of India, Yangon) - အောက်တိုဘာ ၀၅၊ ၂၀၂၀)ကမ္ဘာမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှု ဒုတိယအများဆုံး ဖြစ်နေတဲ့ အိန္ဒိယနိုင်ငံက |
ရွေးကောက်ပွဲနေ့အတွက် အိမ်ပြင်မထွက်ရအမိန့် ဖယ်ရှားမည် Posted: 26 Oct 2020 08:03 AM PDT ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားချိန်အတွင်း ရန်ကုန်မြို့တွင်းက မြင်ကွင်းတခု။Photo: AFPကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးတဲ့သူ စုစုပေါင်း ၁၁၂၂ ယောက် ရှိသွားပါပြီ။ဒီကနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ ထုတ်ပြန်ချက်စာရင်းမှာ သေဆုံးတဲ့သူ ၂၇ ယောက် တိုးလာတာဖြစ်ပြီးတော့ သေဆုံးတဲ့သူတွေထဲမှာ ၂၄ ယောက်ဟာရောဂါအခံရှိသူတွေ ဖြစ်ပါတယ်။ဒီကနေ့ တစ်ရက်တည်း |
မောင်တောနဲ့ ပေါက်တောမှာ ရွေးကောက်ပွဲလုပ်နိုင်ဖို့ ပြည်နယ်ကော်မရှင် ကြိုးပမ်း Posted: 26 Oct 2020 08:02 AM PDT ရခိုင်ပြည်နယ်ထဲက တချို့မဲဆန္ဒနယ်မြေတွေမှာ ရွေးကောက်ပွဲ ကျင်းပခွင့်ရအောင် တောင်းဆိုသွားမယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ပြောလိုက်ပါတယ်။ ပေါက်တောမြို့နယ်နဲ့ မွတ်စလင် အများစုနေထိုင်ရာ မောင်တောမြို့နယ် အပါအဝင် စစ်တွေနဲ့ တောင်ကုတ်မြို့နယ်ထဲက ရပ်ကွက်ကျေးရွာတချို့မှာ ရွေးကောက်ပွဲ ကျင်းပခွင့်ရဖို့ စီစဉ်နေတာပါ။စစ်ရေးတင်းမာမှုတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ လုံခြုံရေးအရ မကျင်းပနိုင်တဲ့ မဲဆန္ဒနယ်မြေတွေ |
ကပ်ရောဂါကြောင့် မဲရုံမသွားနိုင်သူတွေ ကြိုတင်မဲပေးနိုင်ဖို့ စီစဉ် Posted: 26 Oct 2020 08:00 AM PDT ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတုန်းက ရန်ကုန်မြို့ရှိ မဲရုံတခုမှာ မဲများ ကို ရေတွက်နေတဲ့ မြင်ကွင်း။ (နိုဝင်ဘာ ၀၈၊ ၂၀၁၅)ကိုဗစ်ကပ်ရောဂါကာလ မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးဖို့ အခက်အခဲရှိသူတွေ ကြိုတင်မဲပေးနိုင်အောင် ပြင်ဆင်ထားတဲ့ အခြေအနေကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။ကပ်ရောဂါကူးစက်မှု အများဆုံးကြုံနေရာတာကြောင့် အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားတဲ့ |
စက်ရုံ၊ အလုပ်ရုံတွေ ပြန်ဖွင့်ပေမဲ့ ကပ်ရောဂါသတိထားဖို့ လိုသေး Posted: 26 Oct 2020 07:58 AM PDT အလုပ်လာကြသူများကို ကိုယ်အပူချိန်တိုင်းပေးနေတဲ့ ဝန်ထမ်းတဦးကို ရန်ကုန်မြို့ရှိ လှိုင်သာယာမြို့နယ်ရှိ စက်ရုံတခုမှာ တွေ့ရ။ (အောက်တိုဘာ ၁၂၊ ၂၀၂၀)ကိုဗစ်ကပ်ရောဂါ ကြုံနေရချိန်မှာပဲ ကုန်ထုတ်လုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ခွင့် ပြုလိုက်တာကြောင့် ရောဂါကူးစက်မယ့် အန္တရာယ်ကို ကာကွယ်နိုင်အောင် ပြင်ဆင်ထားကြဖို့ ကျန်းမာရေးပညာရှင်တွေ သတိပေးနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က ပြောပြပါမယ်။ကပ် |
ကာတာလေယာဉ်နဲ့လိုက်မယ့် သြစတြေးလျသူတွေ အဝတ်အစားချွတ်ရှာခံရ Posted: 26 Oct 2020 07:56 AM PDT ကာတာကနေ သြစတြေးလျကို ပျံသန်းမယ့် လေယာဉ်ခရီးစဉ်မှာ လိုက်ပါလာမယ့် သြစတြေးလျနိုင်ငံသူတွေ အဝတ်အစားချွတ်ရှာဖွေ စစ်ဆေးခံခဲ့ရတယ်ဆိုတဲ့ အလွန်အမင်းစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး ကာတာအစိုးရကို မေးမြန်းထားတယ်လို့ သြစတြေးလျအရာရှိတွေက ပြောပါတယ်။ဒိုဟာက ဟာမတ်အပြည်ပြည်ဆိုင်ရာလေဆိပ်က အိမ်သာတစ်ခုထဲမှာ မွေးကင်းစ ကလေးငယ်တစ်ယောက်ကို စွန့်ပစ်ထားတာ တွေ့ခဲ့ရပြီးတဲ့နောက်မှာ အမျိုးသမီးတွေကို |
ရခိုင်အမျိုးသားပါတီ ရေယာဥ် နဲ့ တောင်ပိုင်းဒေသတွေမှာ မဲဆွယ် Posted: 26 Oct 2020 07:53 AM PDT ရခိုင်အမျိုးသားပါတီ ရေယာဥ်ဂွဆိပ်ကမ်းကို ရောက်လာစဥ်ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဗဟိုအောင်နိုင်ရေးအဖွဲ့ဟာ ရခိုင်ပြည်နယ်တောင်ပိုင်းဒေသကို မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် ဇက်ရေယာဉ်နဲ့ အောက်တိုဘာလ ၂၆ ရက် နေ့လယ် ၂ နာရီခွဲခန့်မှာ ရခိုင်ပြည်နယ် တောင်ပိုင်းအစွန်ဆုံးက ဂွမြို့ကို ရောက်ရှိလာတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။အဲ့ဒီအဖွဲ့ဟာ လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ကပ်ရောဂါဖြစ်ပွားနေတဲ့အတွက် သွားရေးလာ |
ယာယီပိတ်ထားတဲ့ မြဝတီနယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့် Posted: 26 Oct 2020 07:50 AM PDT ထိုင်းနိုင်ငံ မဲဆောက်မြို့က ထိုင်း-မြန်မာ ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်Photo: JACBAထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ မြန်မာနိုင်ငံသား ငါးဦးဆီကနေ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိပြီးနောက်ပိုင်း မြဝတီ-မဲဆောက် ကုန်သွယ်ရေး ယာယီပိတ်ထားခဲ့ရာကနေ အောက်တိုဘာ ၂၆ ရက်နေ့မှာ ပြန်ဖွင့်လိုက်ပါတယ်။ရက်သတ္တပတ် ၇ ရက်ကြာ ပိတ်ထားခဲ့တဲ့ ကရင်ပြည်နယ် မြဝတီမြို့တစ်ဘက်ကမ်း မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားပေါ်ကနေ |
ကပ်ဘေးကြောင့် ရန်ကုန်မှာ ဆန်ပြုတ်သောက်ရသူတွေ ရှိလာ Posted: 26 Oct 2020 07:47 AM PDT နေအိမ်မှာ နေထိုင်ရေး သတ်မှတ်ထားတာ တစ်လကျော်လာတဲ့ ရန်ကုန်တိုင်းမှာ နောက်ဆက်တွဲ ရင်ဆိုင်ရတာ ကတော့ အလုပ်အကိုင် ပျက်ယွင်း၊ ဝင်ငွေ ထိခိုက်ပြီး စားရေးသောက်ရေး အခက်တွေ့ရတဲ့ အခြေအနေ ဖြစ်ပါတယ်။အခြေခံလူတန်းစားတွေကို ကူညီဆောင်ရွက်နေတဲ့ ရန်ကုန်အခြေစိုက် လူမှုသဟဇာတ ဖော်ဆောင်ရေးအဖွဲ့ အမှုဆောင် ဒါရိုက်တာ ကိုသက်ဆွေဝင်းက အောက်ခြေမှာ အမှန်တကယ် ငတ်နေတဲ့သူတွေ အများကြီးရှိနေတာ မြင်တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.