Tuesday, October 27, 2020

သစ်ထူးလွင်

သစ်ထူးလွင်


ရခိုင်နဲ့ ရှမ်းမဲဆန္ဒနယ်တချို့မှာ ရွေးကောက်ပွဲကျင်းပဖို့ ကော်မရှင်ပြန်ဆုံးဖြတ်

Posted: 27 Oct 2020 08:29 AM PDT

မန္တလေးတွင် NLD နဲ့ USDP ပါတီ အပြိုင်မဲဆွယ်နေစဉ်။Photo: AFPပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ဒေသတွေထဲက ရခိုင်နဲ့ ရှမ်းပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်မြေတချို့ကို ပယ်ဖျက်လိုက်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပါတယ်။ဒီလိုပယ်ဖျက်လိုက်တာကြောင့် လာမယ့် နိုဝင်ဘာလ(၈) ရက်နေ့မှာ အဲ့ဒီဒေသတွေမှာလည်း ပြန်ကျင်းပခွင့်ရမှာပါ။ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ထဲကကျေးရွာ

မယ်စဲ့မြို့ ကြိုတင်မဲပုံး လုံခြုံရေးကြိုးပြတ်မှု ဝေဖန်ခံနေရ

Posted: 27 Oct 2020 08:27 AM PDT

မယ်စဲ့မြို့နယ်မှာ ကြိုတင်မဲပုံးလုံခြုံရေး ချိတ်ပိတ်ဆောင်ရွက်နေတာကို ၂၀၂၀ အောက်တိုဘာ ၁၃ ရက်နေ့က တွေ့ရစဉ်Photo: National League for Democracy - Kayah Stateကယားပြည်နယ် မယ်စဲ့မြို့နယ်က ကြိုတင်ဆန္ဒမဲပုံး လုံခြုံရေး ကြိုးတွေ ပြတ်တောက်မှု ဝေဖန်ခံနေရပါတယ်။ မြို့နယ် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေကတော့ ကြိုတင်ဆန္ဒမဲတွေ မရောက်လာသေးတာကြောင့် ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းစရာမရှိကြောင်း ပြောပါတယ်။

မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၄၇,၆၆၆ ဦး၊ သေဆုံး ၁,၁၄၇ ဦး

Posted: 27 Oct 2020 08:26 AM PDT

PPE ဝတ်စုံဝတ်ထားတဲ့ ပရဟိတလုပ်သားများကို ရန်ကုန်မြို့တနေရာတွင်တွေ့ရ။ (အောက်တိုဘာ ၂၆၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ဒီကနေ့ COVID-19 ရောဂါ ကူးစက်ခံရသူ ၁,၄၆၆ ယောက် ထပ်ပြီး အတည်ပြုလိုက်တဲ့ အတွက် ကူးစက်သူ စုစုပေါင်း ၄၇,၆၆၆ ယောက်ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အောက်တိုဘာ ၂၇ ရက်နေ့ ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓါတ်ခွဲနမူနာ ၁၅,၇၉၈ ခုကို စစ်ဆေးခဲ့တာမှာ အခုလို ရောဂါကူးစက်သူ

Bamlanivimab ကိုဗစ်ကုသဆေးစမ်းသပ်မှု ရပ်ဆိုင်း

Posted: 27 Oct 2020 05:42 AM PDT

အမေရိကန် အခြေစိုက် Eli Lilly ဆေးကုမ္ပဏီ။ (ဖေဖော်ဝါရီ ၀၁၊ ၂၀၁၈)အမေရိကန် အခြေစိုက် Eli Lilly ဆေးကုမ္ပဏီနဲ့ ကနေဒါ AbCellera ဆေးကုမ္ပဏီတို့ ပူးပေါင်းစမ်းသပ်နေတဲ့ COVID-19 ကုသဆေးစမ်းသပ်မှုတွေကို ရပ်ဆိုင်းလိုက်ပါတယ်။ ဒီဆေးကို လူနာတွေမှာ ဆက်ပြီး စမ်းသပ်တော့မှာ မဟုတ်ဘူးလို့ အမေရိကန် ကူးစက်ရောဂါဌာနက တနင်္လာနေ့တုန်းက ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။ ဒီဆေးကုမ္ပဏီ နှစ်ခုက ပူးပေါင်းစမ်းသပ်နေတဲ့ bamlanivimab ဆေးက

ထိန်ပင်သုသာန်မှာ အောက်တိုဘာလ ၂၇ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ကွယ်လွန်သူ ၁၅၃ ဦးကို မြေမြှုပ်သင်္ဂြိုဟ်ခဲ့

Posted: 27 Oct 2020 05:40 AM PDT

ဓာတ်ပုံ - Ye Myo Khant / MPAကိုဗစ်နဲ့ကွယ်လွန်တဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ နောက်ဆုံးခရီးကို ဘာသာရေးဓလေ့ထုံးစံနဲ့အညီ  ဆောင်ရွက်ပေးတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီး ၊ ထိန်ပင်သုသာန်ရှိ မွတ်စလင်သင်္ချိုင်းမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးတဲ့ အစ္စလာမ် ဘာသာဝင်တွေကို အသင့်ပြုလုပ်ထားတဲ့ သုံးပေ၊ ခုနစ်ပေ ကွန်ကရစ် ကျင်းထဲမှာ  ဘာသာရေး ဓလေ့ထုံးစံနဲ့ အညီ မြေမြှုပ်သင်္ဂြိုဟ်ပေးတာဖြစ်ပါတယ်။ဓာတ်ပုံ - Ye Myo

ပက်ရှာဝါမြို့စာသင်ကျောင်း တိုက်ခိုက်ခံရမှုအတွင်း အနည်းဆုံး လူ ၇ ဦး သေဆုံး

Posted: 27 Oct 2020 05:35 AM PDT

ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရအပြီး ဘာသာရေးကျောင်းမှာ သေဆုံးသူရုပ်အလောင်းတွေကို ကယ်ဆယ်ရေးသမားတွေ လာရောက်သယ်ဆောင်ပါကစ္စတန်နိုင်ငံ ပက်ရှာဝါမြို့က စာသင်ကျောင်းတစ်ခုကို ဗုံးခွဲတိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၇ ဦးသေဆုံးခဲ့ပြီး ၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ရဲက ပြောပါတယ်။သေဆုံးသူတွေဟာ အသက် ၂၀ ကနေ ၃၀ အကြား လူငယ်တွေ ဖြစ်တယ်လို့ ဆေးရုံ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အသက် ၁၃ နှစ်အောက် လူငယ် ၄ ဦး

ဘုရားသုံးဆူနယ်စပ်ဂိတ် တရက်တာဖွင့်ပေး

Posted: 27 Oct 2020 05:32 AM PDT

ဘုရားသုံးဆူဒေသမှာ အောက်တိုဘာလ ၂၇ ရက်နေ့က တရက်တာ ယာယီကုန်စည်သွွားလာမူ မြင်ကွင်း။ (ဓာတ်ပုံ - ဒေသခံ - အောက်တိုဘာ ၂၇၊ ၂၀၂၀)ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် ယာယီပိတ်ထားတဲ့ ထိုင်း၊ မြန်မာနယ်စပ် ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်မှုတွေကို ထိုင်းနိုင်ငံက ဒီနေ့တရက် ခေတ္တပြန်ဖွင့်ပေးလိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ပြောပြပါမယ်။ထိုင်းနိုင်ငံ ကမ်ချနပူရီခရိုင် ဘုရားသုံးဆူဒေသ နောင်လု

ရွေးကောက်ပွဲနေ့ စိတ်လုံလုံခြုံခြံုနဲ့ မဲပေးနိုင် (ဒေါ်အောင်ဆန်းစုကြည်)

Posted: 27 Oct 2020 05:30 AM PDT

Myanmar State Counsellor Officeမြန်မာနိုင်ငံအတွင်း COVID 19 ရောဂါထိန်းချုပ်ရေးနဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ အောင်မြင်ရေးအတွက် အကောင်းဆုံး အစီအစဉ်တွေကို ကြည့်ပြီး တိုင်းပြည်ရဲ့ လိုအပ်ချက်နဲ့ အညီ လုပ်ကိုင်နေတာကြောင့် ရွေးကောက်ပွဲနေ့မှာ စိတ် လုံလုံခြုံခြုံနဲ့ မဲပေးဖို့ အခြေအနေ ရှိနေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။"ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် တခြားနိုင်ငံတွေ

နိုဝင်ဘာ ၈ မှာ လုံလုံခြုံခြုံ မဲပေးနိုင်မလား

Posted: 27 Oct 2020 05:28 AM PDT

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ချင်းရွာမူလတန်းကျောင်းမှာ ၂၀၂၀ အောက်တိုဘာ ၂၀ ရက်နေ့က ရွေးကောက်ပွဲ မဲပေးတဲ့ လက်တွေ့သရုပ်ပြသတာကို ကြည့်ရှုစဉ်Photo: Myanmar State Counsellor Officeရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းပဲလိုတော့တဲ့ ဒီလိုအခြေအနေမှာ ရောဂါကူးစက်မှုနှုန်း ကျဆင်းမသွားသေးတဲ့ အတွက် ရွေးကောက်ပွဲနေ့ကျရင် မဲရုံတွေမှာ ဆန္ဒမဲ ထွက်ပေးလို့ ရောဂါကူးစက်

နေပြည်တော်က ပိုးတွေ့လူနာ အများစု ရန်ကုန်ကလာသူတွေဖြစ်နေ

Posted: 27 Oct 2020 05:26 AM PDT

နေပြည်တော်မှာ အခုနောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိတဲ့ လူနာအများစုဟာ ရန်ကုန်ကနေ ပြန်လာပြီး ကွာရန်တင်းစင်တာတွေမှာ အသွားအလာကန့်သတ်ထားတဲ့ သူတွေဖြစ်တယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက RFA ကို ပြောပါတယ်။မနေ့က ပိုးတွေ့လူနာစာရင်းအရ ရန်ကုန်ကနေပြန်လာတဲ့အတွက် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ရွာတော်တည်းခိုရေးစခန်းမှာ  အသွားအလာကန့်သတ်ထားသူ ခုနှစ်ဦး

ပုဂ္ဂလိက ဆေးရုံတွေမှာ ကိုဗစ်-၁၉ ကုသခွင့်ပြုဖို့ မူအရ သဘောတူညီမှုရ

Posted: 27 Oct 2020 05:23 AM PDT

PPE ဝတ်စုံဝတ် ပရဟိတလုပ်သားတဦးကို ရန်ကုန်မြို့ရှိ လမ်းတခုတွင် တွေ့ရ။ (အောက်တိုဘာ ၁၇၊ ၂၀၂၀)ပုဂ္ဂလိက ဆေးရုံနဲ့ ဓာတ်ခွဲခန်းတွေမှာ ကိုဗစ်စစ်ဖို့နဲ့ ကုသဖို့ ညှိုနှိုင်းထားတာကို ခွင့်ပြုလိုက်ပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက တနင်္ဂနွေနေ့ က နေပြည်တော်မှာပြုလုပ်တဲ့ အပတ်စဉ် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။ဒီပြောကြားချက်နဲ့ ပတ်သက်လို့ ကျန်းမာရေး ဝန်ကြီးဌာနပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုး

ချင်းတွင်းနဲ့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ထိ မြင့်တက်နေ

Posted: 27 Oct 2020 05:22 AM PDT

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမကြာသေးခင်က မိုးအကြီးအကျယ် ရွာသွန်းမှုတွေကြောင့် ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေမှတ် ရောက်နေသလို၊ ဧရာဝတီမြစ်ရေဟာလည်း စိုးရိမ်ရေမှတ် ရောက်လာနိုင်တဲ့အကြောင်း မိုးလေဝသဌာနက သတိပေးလိုက်ပါတယ်။မြစ်ကြောင်းတလျောက် နေထိုင်တဲ့ ဒေသခံတွေအနေနဲ့ မြစ်ရေမြင့်တက်လာတဲ့သတင်းကို သတိရှိကြဖို့ မိုးလေဝသ တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့

ရွေးကောက်ခံလျော့သွားမယ့် လွှတ်တော်ထဲက သမ္မတရွေးပွဲ

Posted: 27 Oct 2020 05:19 AM PDT

ရွေးကောက်ခံလျော့ပေမယ့် တပ်ကတော့ ပြည်ထောင်စုလွှတ်တော်မှာ ၁၆၆ ဦးပဲ ဆက်ရှိနေမှာဖြစ်ပါတယ်။နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမယ့်ရွေးကောက်ပွဲမှာ ရခိုင်၊ ရှမ်း၊ ကချင်၊ ကရင်၊ မွန်နဲ့ ပဲခူးတိုင်းက ဒေသတချို့မှာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအနေမရှိဘူးဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲတွေကို ဖျက်သိမ်းထားပါတယ်။အဲဒီလို ဖျက်သိမ်းလိုက်တဲ့ မဲဆန္ဒနယ်တွေဟာ ရခိုင်နဲ့ရှမ်းက အများဆုံး

ကယားဒေသ ဝက်မွေးမြူရေးစီမံကိန်းမှ အနံ့ဆိုးထွက်နေ

Posted: 27 Oct 2020 05:14 AM PDT

ကယားပြည်နယ်မှာ ဒီးမော့ဆိုမြို့နယ်မှာ နယ်သာလန်နိုင်ငံ ကုမ္ပဏီတစ်ခုရဲ့ ဝက်မွေးမြူရေး စီမံကိန်းက ထွက်လာတဲ့ စွန့်ပစ်အညစ်အကြေးကြောင့် ရေရှည်မှာ ရေအရင်းအမြစ်တွေ ပျက်စီးသွားမှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။ဝက်မွေးမြူရေးစီမံကိန်းကို ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါကလိုးခူကျေးရွာနဲ့ ဒေါ်ပေါ်ကလဲရွာအနီးမှာ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဝက်ခြံက ထွက်ရှိတဲ့ အညစ်အကြေးရေတွေ ပြီးခဲ့တဲ့ စက်တင်ဘာလောက်ထဲက စီမံကိန်းပြင်ပ

ရခိုင်က စစ်ဘေးဒုက္ခသည်တွေကို မိုဘိုင်းငွေလွှဲစနစ်နဲ့ထောက်ပံ့ဖို့ WFP စီစဉ်

Posted: 27 Oct 2020 05:11 AM PDT

မိုဘိုင်းဖုန်းမကိုင်နိုင်တဲ့ ဒုက္ခသည်အိမ်ထောင်စုတွေကို အခမဲ့ငှားရမ်းပေးမယ့် ဖုန်းကိုတွေ့ရစဉ်Photo: Khaing Kaung Sanရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ပေါက်တော၊ စစ်တွေ၊ အမ်း၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ် ရှစ်ခုမှာ စစ်ဘေးဒုက္ခသည်အိမ်ထောင်စု ၃၀၀၀ ကျော်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က စားနပ်ရိက္ခာအတွက် ငွေကြေးထောက်ပံ့ရာမှာ အကူအညီဖြစ်စေဖို့ မိုဘိုင်းဖုန်းတွေကို အခုလကစပြီး အခမဲ့

မိုင်းပန်မြို့နယ် နားမွန်ကျေးရွာ အုပ်စုအတွင်းရှိ တောအုပ်ထဲတွင် ခရိုင်ထွေအုပ် ဦးစီးအရာရှိ ၂ဦး သေနတ်ပစ်ခံရ

Posted: 27 Oct 2020 05:07 AM PDT

ယနေ့ နေ့လည် ၁နာရီဝန်းကျင်တွင် မိုင်းပန်မြို့နယ် နားမွန်ကျေးရွာ အုပ်စုအတွင်းရှိ တောအုပ်ထဲတွင် ခရိုင်ထွေအုပ် ဦးစီးအရာရှိ ၂ဦး သေနတ်ပစ်ခံရပြီး၊ လက်ရှိမှာလူနာ ၂ဦး ကို လင်းခေး ဆေးရုံသို့ ပို့ဆောင်ထားကြောင်း SNLD မှ မိုင်းပန်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းကျော်ခိုင် က သျှမ်းသံတော်ဆင့် ကို ပြောသည်။"သူတို့ပစ်တဲ့ နေရာမှာ ရွာမရှိဘူး။ တောအုပ်ပဲ ဖြစ်ပါတယ်။ အသံ ၂ ချက်ပစ်တယ်လို့တော့ လူနာ တင်လာ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.