သစ္ထူးလြင္ |
- ရန်ကုန်ဆေးရုံကြီးအတွင်း ကိုဗစ်လူနာတွေအတွက် ICU သီးသန့်ဆောင် တိုးချဲ့နေ
- မြန်မာမှာ ကိုဗစ်ကူးစက်မှု အရှိန်မြင့်နေဆဲမို့ ရနောင်းက ရေကြောင်းအဝင်အထွက်တွေ ပိတ်
- စခရင်းရှော့ ရိုက်ယူတဲ့ ဆော့ဖ်ဝဲ သုံးပြီး ဝန်ထမ်းတွေကို စောင့်ကြည့်တယ်
- ကိုဗစ်-၁၉ ကူးခံနေရတဲ့ သမ္မတထရမ့် ရာထူးတာဝန်ဆက်မယူနိုင်တော့ရင် ဘာဆက်ဖြစ်မလဲ
- ဝိတ်ကျစေဖို့ မနက်တိုင်း ဒီအလေ့အကျင့်တွေကို လုပ်ပေးပါ
- ပါတီကို ဝန်းရံသူတွေ လူစုလူဝေးနဲ့ လှည့်လည်တာ ရပ်နားထားဖို့ NLD ပြော
- မြန်မာနိုင်ငံတွင်း ကိုဗစ်လူနာကုသမယ့် ဆေးရုံတွေ ထပ်တိုးထား
- ထိုင်း၊ စင်္ကာပူနဲ့ နိုင်ငံအချို့မှာ ပြည်ပရောက်မြန်မာတွေ ကြိုတင်မဲစပေး၊ အဆင်မပြေမှုတွေရှိနေ
- ကျောင်းတွေပိတ်ထားပေမယ့် ပညာသင်နှစ်တစ်ခုလုံး ရပ်နားလိုက်တာမဟုတ်၊home- based learning စနစ်နဲ့ ဆက်လက်သင်ကြားနိုင်ဖို့ စီစဉ်နေ
- ကိုဗစ်ဆိုင်ရာ အခမဲ့မေးမြန်းနိုင်တဲ့ Call Center ဝန်ဆောင်မှု တိုးချဲ့နေ
- မြန်မာတွေ ကိုဗစ် ကာကွယ်၊ ကုသရေး ဆေးတုတွေ မဝယ်မိစေဖို့ ကျန်းမာရေးဌာန သတိပေး
- ဗိုင်းရပ်စ်ကာကွယ်ဆေးရရင် ထိုးပေးမယ့် အစီအစဉ်များ
- ကိုဗစ်- ဆေးရုံ ရောက်နေတဲ့ ထရမ့်ကို ဘယ်လို ကုသနေလဲ
ရန်ကုန်ဆေးရုံကြီးအတွင်း ကိုဗစ်လူနာတွေအတွက် ICU သီးသန့်ဆောင် တိုးချဲ့နေ Posted: 04 Oct 2020 04:56 AM PDT ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့ မြင်ကွင်း။မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုး ကူးစက် သေဆုံးမှုတွေ အရှိန်မြင့် ဖြစ်ပေါ်နေဆဲမို့ ပြင်းထန်ဆိုးရွားတဲ့ လူနာတွေကို အထူးကြပ်မတ် ကုသပေးနိုင်ရေး ရန်ကုန်ဆေးရုံကြီး အဆောက်အဦဟောင်းမှာ ICU သီးသန့်ဆောင်တခု အမြန်မွမ်းမံနေပြီလို့ အရေးပါ်ဌာနမှူး ဒေါက်တာမော်မော်ဦးက ဆိုပါတယ်။ရန်ကုန်ဆေးရုံကြီး အရှေ့မှာရှိတဲ့ သမိုင်းဝင်အဆောက်အဦထဲမှာ အောက်စီဂျင် ပေးနိုင်တဲ့နေရာ ၃၀၀ ကျော်နဲ့ |
မြန်မာမှာ ကိုဗစ်ကူးစက်မှု အရှိန်မြင့်နေဆဲမို့ ရနောင်းက ရေကြောင်းအဝင်အထွက်တွေ ပိတ် Posted: 04 Oct 2020 04:55 AM PDT အောက်တိုဘာလ ၃ ရက်နေ့ ရနောင်းနယ်စပ် အခြေအနေ။အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ ကိုဗစ်ကပ်ေရောဂါ စိုးရိမ်ဖွယ်ရာ အခြေအနေကြောင့် ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့ ပင်လယ်ပြင်က နယ်စပ်အဝင်အထွက် ကုန်ပစ္စည်းပို့ဆောင်နေတဲ့ လှေဂိတ်တွေကို ၁၄ ရက် ပိတ်ပင်ကန့်သတ်လိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။ထိုင်းနိုင်ငံ ရနောင်းခရိုင် အမှတ် ၃ နယ်မြေ အုပ်ချုပ်ရေး |
စခရင်းရှော့ ရိုက်ယူတဲ့ ဆော့ဖ်ဝဲ သုံးပြီး ဝန်ထမ်းတွေကို စောင့်ကြည့်တယ် Posted: 04 Oct 2020 04:53 AM PDT စခရင်းရှော့ ရိုက်ယူတဲ့ ဆော့ဖ်ဝဲ သုံးပြီး ဝန်ထမ်းတွေကို စောင့်ကြည့်တယ်ရှီဘူ ဖိလစ်ရဲ့ ကုမ္ပဏီဟာ Hubstaff ဆိုတဲ့ ဆော့ဖ်ဝဲ ကို ပြီးခဲ့တဲ့ တစ်နှစ်ခွဲလုံး သုံးခဲ့ပါတယ်။ရှီဘူ ဖိလစ်ရဲ့ ကုမ္ပဏီဟာ Hubstaff ဆိုတဲ့ ဆော့ဖ်ဝဲ ကို ပြီးခဲ့တဲ့ တစ်နှစ်ခွဲလုံး သုံးခဲ့ပါတယ်။ အလုပ်ချိန်မှာ ဘယ်လိုမျိုး အချိန်ဖြုန်းတတ်ကြသလဲ ဆိုတာကို သူသိထားတယ်လို့ ရှီဘူက ထုတ်ဖော် ဝန်ခံပါတယ်။ရှီဘူ ဟာ အလှကုန်ပစ္စည်းတွေ လက်ကား ဝယ်ပြီး အွ |
ကိုဗစ်-၁၉ ကူးခံနေရတဲ့ သမ္မတထရမ့် ရာထူးတာဝန်ဆက်မယူနိုင်တော့ရင် ဘာဆက်ဖြစ်မလဲ Posted: 04 Oct 2020 04:48 AM PDT သမ္မတထရမ့်နဲ့ ဒုတိယသမ္မတမိုက်ပင့်စ်တို့ကို ရီပတ်ဘလီကန်ပါတီက ကိုယ်စားလှယ်လောင်းတွေ အဖြစ်အဆိုပြုထားရွေးကောက်ပွဲတွေလုပ်ဖို့ တစ်လသာသာပဲ အလိုမှာ သမ္မတဒေါ်နယ်ထရမ့် ကိုဗစ်ရောဂါပိုး ကူးစက်ခံလိုက်ရတာ ဖြစ်ပါတယ်။သူ နေမကောင်းဖြစ်သွားရင် ရှေ့ဘာဆက်ဖြစ်မလဲဆိုတဲ့ မေးခွန်းတွေလည်း တစ်သီတစ်တတန်းကြီး ထွက်လာပါတယ်။မဲဆွယ်ပွဲတွေမှာ သူဘယ်လို ဆက်လုပ်မှာလဲသူ ပိုးကူးစက်ခံနေရကြောင်း အောက်တိုဘာ ၁ ရက်နေ့မှာ စသိတာဆိုတော့ ၁၀ ရက် |
ဝိတ်ကျစေဖို့ မနက်တိုင်း ဒီအလေ့အကျင့်တွေကို လုပ်ပေးပါ Posted: 04 Oct 2020 04:44 AM PDT ၄ အောက်တိုဘာဝိတ်ကျချင်ရင် လေ့ကျင့်ခန်းလုပ်ရမယ်၊ အစားအသောက်တွေ ထိန်းစားရမယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ဝိတ်ကျအောင် လေ့ကျင့်ခန်းတွေလုပ်လုပ်၊ အစားအသောက်တွေ ထိန်းစားစား ကိုယ့်အလေးချိန်မကျတာမျိုးတွေ အားလုံးကြုံဖူးကြမယ်လို့ ထင်ပါတယ်။ ဘာတွေ လိုနေသေးတာလဲ။အစားသောက်တွေ လေ့ကျင့်ခန်းတွေကြောင့် ဝိတ်ကျစေနိုင်တာမှန်ပေမယ့် ပိုပြီး နည်းလမ်းမှန်မှန်နဲ့ မြန်မြန် ဝိတ်ကျချင်ရင်တော့ မနက်တိုင်း ခုပြောပြမယ့် အလေ့အကျင့်လေးတွေ |
ပါတီကို ဝန်းရံသူတွေ လူစုလူဝေးနဲ့ လှည့်လည်တာ ရပ်နားထားဖို့ NLD ပြော Posted: 04 Oct 2020 04:35 AM PDT နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အောင်ဇမ္ဗူရပ်ကွက်မှာ NLD ပါတီမဲဆွယ်စည်းရုံးရေးကို ၂၀၂၀ စက်တင်ဘာ ၃၀ရက်နေ့က ပြုလုပ်ခဲ့စဉ်Photo: Thiha Tun / RFAလူစုလူဝေး အများအပြားနဲ့ ယာဉ်အမျိုးမျိုးအသုံးပြုပြီး စုဝေးလှည့်လည် အင်အားပြတာတွေကို ယာယီ ရပ်နားထားဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က အောက်တိုဘာ ၃ ရက်နေ့ မနေ့က ကြေညာချက် ထုတ်ပြန်ပြီး မေတ္တာရပ်ခံလိုက်ပါတယ်။NLD ပါတီကို ထောက်ခံဝန်းရံသူတွေဟာ မော်တော်ယာဉ် |
မြန်မာနိုင်ငံတွင်း ကိုဗစ်လူနာကုသမယ့် ဆေးရုံတွေ ထပ်တိုးထား Posted: 03 Oct 2020 08:57 AM PDT COVID-19 ကူးစက်ပျံ့နှံ့မှု တိုးနေတဲ့ ရန်ကုန်မြို့မှာ သံသယလူနာတွေကို ရှာဖွေပြီး ကွာရမ်တင်းစင်တာတွေကို ပို့ဆောင်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (စက်တင်ဘာ ၂၇၊ ၂၀၂၀)မြန်မာနိုင်ငံတွင်း ကိုဗစ်လူနာတွေကို ကုသမှုပေးမယ့် ဆေးရုံတွေ ထပ်ပြီးတိုးထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုလိုက်ချိန်မှာပဲ အရေးပေါ်လူနာတွေ ဆေးရုံပို့ဖို့ အခက်အခဲ ဖြစ်နေရတယ်လို့ ဖျားနာကုဆေးခန်းတာဝန်ခံ ဆရာဝန်တဦးက ပြောပြီးတော့ ပုဂ္ဂလိက |
ထိုင်း၊ စင်္ကာပူနဲ့ နိုင်ငံအချို့မှာ ပြည်ပရောက်မြန်မာတွေ ကြိုတင်မဲစပေး၊ အဆင်မပြေမှုတွေရှိနေ Posted: 03 Oct 2020 08:55 AM PDT ထိုင်းမှာ အောက်တိုဘာ ၃ ရက်နေ့ကစပြီး ကြိုတင်မဲတွေပေးနေကြပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေကို စင်ကာပူ၊ ကိုရီးယား၊ ထိုင်း စတဲ့နိုင်ငံအလိုက် ကြိုတင်မဲတွေစပေးလို့ ရနေပြီဖြစ်ပါတယ်။စင်ကာပူနိုင်ငံက အောက်တိုဘာ ၁ ရက်နေ့၊ ကိုရီးယားမှာ အောက်တိုဘာ ၂ ရက်နဲ့ ထိုင်းမှာတော့ အောက်တိုဘာ ၃ ရက်နေ့ကစပြီး ကြိုတင်မဲတွေပေးနေကြပါတယ်။မြန်မာလုပ်သား သန်းနဲ့ချီရှိတဲ့ ထိုင်း |
Posted: 03 Oct 2020 08:49 AM PDT စာသင်ကျောင်းတွေကို ပိတ်ထားပေမယ့် နေအိမ်တွေကနေသင်ကြားတဲ့စနစ်နဲ့ ဆက်လက်သင်ယူနိုင်ဖို့စီစဉ်နေကိုဗစ်ကပ်ရိုက်ခတ်မှုကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စာသင်ကျောင်းတွေကို ပိတ်ထားပေမယ့် နေအိမ်တွေကနေသင်ကြားတဲ့စနစ်နဲ့ ဆက်လက်သင်ယူနိုင်ဖို့ ရုပ်သံလိုင်းတွေ၊ ရေဒီယိုတွေ ၊ အွန်လိုင်း ပလက်ဖောင်းကတဆင့် သင်ခန်းစာတွေပို့ချထုတ်လွှင့်သွားဖို့ စီစဉ်နေတယ်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဘီ |
ကိုဗစ်ဆိုင်ရာ အခမဲ့မေးမြန်းနိုင်တဲ့ Call Center ဝန်ဆောင်မှု တိုးချဲ့နေ Posted: 03 Oct 2020 08:46 AM PDT National Call Center ကနေ ဖြေကြားပေးနေတဲ့ ဆရာဝန်များ။COVID-19 နဲ့ပတ်သက်ပြီး သိချင်တဲ့အကြောင်းအရာတွေကို အခမဲ့ မေးမြန်းနိုင်တဲ့ National Call Center အနေနဲ့ ဝန်ဆောင်မှုတွေ ထပ်ပြီးတိုးပေးဖို့ စီစဉ်ထားပါတယ်။ အပြည့်အစုံကို မမေခ စုစည်းတင်ပြထားပါတယ်။National Call Center ကို ကိုဗစ်ပထမလှိုင်း စတင်ခဲ့တဲ့ ဧပြီလက ဖွင့်ခဲ့တာကြောင့် အခုဆို ၆ လထဲဝင်လာပြီ ဖြစ်ပါတယ်။ ကိုဗစ် ပထမလှိုင်းကစလို့ ကူးစက်မှုတွေ ပိုပြင်းထန် |
မြန်မာတွေ ကိုဗစ် ကာကွယ်၊ ကုသရေး ဆေးတုတွေ မဝယ်မိစေဖို့ ကျန်းမာရေးဌာန သတိပေး Posted: 03 Oct 2020 08:44 AM PDT မြန်မာနိုင်ငံမှာ COVID 19 ရောဂါ ကူးစက်မှုနှုန်း နေ့စဉ် ထောင်ချီ မြင့်တက်နေသလို သေဆုံးမှုတွေလည်း တိုးပွားလာနေချိန်မှာပဲ နိုင်ငံအတွင်း COVID 19 ကာကွယ်ဆေးနဲ့ ကုသဆေးဆိုပြီး လိမ်လည် ရောင်းဝယ်နေတာတွေ ရှိကြောင်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာ သန်းနိုင်စိုးက သတိပေးပြောကြားလိုက်ပါတယ်။"အွန်လိုင်းမှာ လိမ်ရောင်းတယ်လို့ပဲပြောရမှာပေါ့နော်။ ကျွန်တော်တို့ကလည်း ခက်တာက အွန်လိုင်းကို ဘယ်လို |
ဗိုင်းရပ်စ်ကာကွယ်ဆေးရရင် ထိုးပေးမယ့် အစီအစဉ်များ Posted: 03 Oct 2020 08:42 AM PDT ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဒီနှစ်ကုန်ပိုင်းမှာ ရရှိတော့မယ်လို့ ကမ္ဘာ့ဆေးကုမ္ပဏီတွေက ပြောပါတယ်။ မြန်မာနိုင်ငံအမျိုးသားကာကွယ်ဆေးထိုးနှံမှုဆိုင်ရာ အကြံပေးအဖွဲ့ကလည်း မြန်မာပြည်သူတွေကို ဦးစားပေးအဆင့်ဆင့်နဲ့ ထိုးနှံဖို့အတွက် ညှိနှိုင်းဆောင်ရွက်နေပြီလို့ သိရပါတယ်။ကမ္ဘာ့နိုင်ငံအားလုံး ဒီကနေ့ လိုချင်နေတဲ့ဆေးကတော့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးပါပဲ။ ဒီကာကွယ်ဆေးရရှိဖို့ ကမ္ဘာ့ဆေးဝါးကုမ္ပဏီတွေက |
ကိုဗစ်- ဆေးရုံ ရောက်နေတဲ့ ထရမ့်ကို ဘယ်လို ကုသနေလဲ Posted: 03 Oct 2020 08:40 AM PDT သောကြာနေ့က ဆေးရုံသွားဖို့ ရဟတ်ယာဥ်ဆီအလာ သတင်းထောက်တွေကို လက်ပြနှုတ်ဆက်နေတဲ့ ထရမ့်ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီးနောက် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ဆေးရုံကို ရဟတ်ယာဥ်နဲ့ သွားခဲ့ပါတယ်။ဆေးရုံကိုပို့ဆောင်လိုက်ပေမဲ့ သမ္မတထရမ့် အခြေအနေကောင်းမွန်ပါတယ်လို့ သူ့ဆရာဝန်က ပြောပါတယ်။သူရော သူ့ဇနီးပါ ကိုဗစ် တွေ့ရှိပြီးနောက် အခုချိန်ထိတော့ မစ္စတာထရမ့်ကို ဗိုင်းရပ်စ်ကုသဆေး ရမ်ဒက်ဆီဗီးယားအပါအဝင် ဆေးသွင်းကုသမှု |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.