Tuesday, October 6, 2020

သစ်ထူးလွင်

သစ်ထူးလွင်


ဖားကန့်ရေမဆေးလုပ်သားများ မဲပေးခွင့်ဆုံးရှုံးဖွယ်ရှိ

Posted: 06 Oct 2020 05:42 AM PDT

ကချင်ပြည်နယ် ဖားကန့်မြို့မှာ ကျောက်မျက်များတူးဖော်နေသူများ။ (နိုဝင်ဘာ ၂၅၊ ၂၀၁၅)ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ရေမဆေးကျောက်တူးသမား ရွှေ့ပြောင်းလုပ်သား သိန်းနဲ့ချီ မဲပေးခွင့်ဆုံံးရှုံးရနိုင်တဲ့ အခြေအနေဖြစ်နေလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ နယ်မြေခံတွေရဲ့ စိုးရိမ်ချက် စုစည်းတင်ပြပေးချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က ပြောပြပေးထားပါတယ်။ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းတွင်းလုပ်ကွက်

ကိုဗစ်ကာလ ကျင်းပမယ့်ရွေးကောက်ပွဲ NLD အစိုးရ အသေအချာပြင်ဆင်ထား

Posted: 06 Oct 2020 05:40 AM PDT

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (Myanmar State Counsellor Office)COVID-19 ကပ်ရောဂါ ကူးစက်မှုနှုန်း အရှိန် မြင့်မားနေတဲ့ မြန်မာနိုင်ငံမှာ နဂိုမူလ သတ်မှတ်ထားတဲ့ နိုဝင်ဘာလ (၈)ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ရောဂါကာကွယ်ရေးအစီအစဉ် အပါအဝင် ကြိုတင်ပြင်ဆင်မှုတွေကိုနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တနင်္လာနေ့က အသေးစိတ် ပြောကြားခဲ့ပါတယ်။ကပ်ရောဂါကူးစက်မှု

တပ်က ပေါ်တာအဖြစ် ဖမ်းဆီးသွားတဲ့သူတွေထဲက ကလေးနှစ်ဦး သေဆုံး

Posted: 06 Oct 2020 05:38 AM PDT

ဘူးသီးတောင်မြို့နယ် ပြင်ရှည်ကျေးရွာအပြင်မှာ နွားကျောင်းနေကြတဲ့ ရိုဟင်ဂျာ ကလေးငယ်တွေနဲ့ လူကြီး စုစုပေါင်း ၁၅ ယောက်ကို တပ်မတော်စစ်ကြောင်းတစ်ခုက အောက်တိုဘာ ၅ ရက်နေ့ မနေ့က မနက်ပိုင်း ၁၁ နာရီလောက်မှာ  လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ခေါ်သွားပြီးနောက် တစ်နာရီလောက်အကြာမှာတော့ တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် အသက် ၁၀နှစ်နဲ့  ၁၁နှစ်အရွယ် ကလေးနှစ်ဦး

ကိုဗစ်ဒုတိယကျော့အတွင်း ရန်ကုန်မှာအလုပ်မဲ့ဝင်ငွေမရှိသူများလာပြီး ခက်ခဲလို့သတ်သေသူလည်းရှိလာ

Posted: 06 Oct 2020 05:36 AM PDT

ကျန်ရစ်တဲ့ လသားကလေးနဲ့အမျိုးသမီးဖြစ်သူကို သွားရောက်ကူညီခဲ့တစ်ကျော့ပြန် ကိုဗစ်ကပ်အတွင်း ဖြစ်ပွားသေဆုံးမှုအရှိန်မြှင့်နေဆဲဖြစ်တဲ့ ရန်ကုန်မှာကပ်ရောဂါထိန်းချုပ် ရေးအတွက် မြို့နယ်၄၄ခုစလုံးကို နေအိမ်တွေမှာပဲ နေထိုင်ကြဖို့ stay at home အမိန့် ထုတ်ပြန်ထားပါတယ်။သတ်မှတ်လုပ်ငန်းတွေကလွဲပြီး လက်ခစားစနစ်နဲ့လုပ်တဲ့ CMP အပါအဝင် စက်ရုံအလုပ်ရုံအများစုကို ပိတ်ထားဖို့နဲ့ မြို့နယ်ကျော်သွား လာခွင့်ကိုပါ ကန့်သတ်ထားပါ

မင်းပြားမြို့တွင် ညဉ့်အချိန် သေနတ်ပစ်ခံရ၍ မူဆလင် ၃ ဦး ပွဲချင်းပြီးသေဆုံး

Posted: 06 Oct 2020 05:32 AM PDT

နိရဥၥရာ၊ ေအာက္တိုဘာ ၆/ ၂ဝ၂ဝညမထွက်ရ အမိန့်ထုတ်ထားသည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့သို့ ညဉ့်အချိန် စက်လှေဖြင့် ဝင်လာသည့် မူဆလင်အမျိုးသား ၃ ဦးမှာ သေနတ်ပစ်ခံရ၍ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။ယမန်နေ့ အောက်တိုဘာ ၅ ရက်နေ့ ည ၁ဝ နာရီခွဲခန့်တွင် မင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက်အနီးရှိ ဦးစိုးတင့်ချောင်းထဲသို့ စက်လှေဖြင့် ဝင်လာရာမှ သေနတ်ပစ်ခံရခြင်း ဖြစ်ကြောင်း မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်

ရခိုင်ကျေးရွာအုပ်ချုပ်ရေးမှူးနောက်တဦး တပ်မတော်ဖမ်းဆီး

Posted: 06 Oct 2020 05:30 AM PDT

ရခိုင်ပြည်နယ်မှာ လုံခြုံရေးယူထားတဲ့ မြန်မာ စစ်တပ် တပ်ဖွဲ့ဝင်များ။ (အောက်တိုဘာ ၃၊ ၂၀၁၃)စစ်ရေးပဋိပက္ခဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်နွယ်နေတဲ့ စွဲချက်နဲ့စစ်တွေမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးနောက်တဦးကို တပ်မတော်က စနေနေ့က ဖမ်းဆီးသွားကြောင်း ဇနီးဖြစ်သူက ဗွီအိုအေကို အတည်ပြုပြောကြားခဲ့ပါတယ်။ စစ်ရေးတင်းမာနေတဲ့ တပ်မတော်နဲ့ AA အဖွဲ့ကြား ဒီနှစ်အလယ်ပိုင်းကစပြီး ရခိုင် အရပ်သားနဲ့

ရန်ကုန်တိုင်း လက်ခစားဝန်ထမ်းများ နောက်ထပ် ၂ ပတ်ဆက်အလုပ်မသွားဖို့ အစိုးရအမိန့်ထုတ်

Posted: 06 Oct 2020 05:28 AM PDT

ရန်ကုန်တမြို့လုံး နေအိမ်နေ ကန့်သတ်ချက်ထုတ်ပြန်ပြီး၊ ပထမဆုံးနေ့တွေ့ရသည့် ရန်ကုန်မြို့ သတင်းဓါတ်ပုံများဖြစ်ပါသည်။ (စက်တင်ဘာ ၂၁၊ ၂၀၂၀)မြန်မာနိုင်ငံမှာ လတ်တလော COVID-19ရောဂါ ကူးစက်မှုများနေတာကို ထိန်းချုပ်ဖို့ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်တဲ့ လက်ခ စားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံတွေမှာ တာဝန်ထမ်း ဆောင်သူတွေကို အောက်တိုဘာလ ၂၁ ရက်နေ့အထိ လုပ်ငန်းခွင် မဝင်ကြဖို့ ရက် တိုး

မီးရှို့ခံခဲ့ရသည့် ဘုရားပေါင်းနှင့်တောင်ပေါက်ကျေးရွာမှနေအိမ်များကို အစိုးရမှ ကျပ်သိန်း ၅ဝ တန် နေအိမ်များဆောက်ပေးမည်ဟုဆို

Posted: 06 Oct 2020 05:27 AM PDT

နိရဥၥရာ၊ ေအာက္တိုဘာ ၆/ ၂ဝ၂ဝရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းနှင့် တောင်ပေါက်ကျေးရွာတို့မှ မီးရှို့ခံခဲ့ရသည့် နေအိမ်များကို အစိုးရမှ ကျပ်သိန်း ၅ဝ တန် နေအိမ်များ ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က "ပြည်နယ်အစိုးရကို အဲဒီဘက်က တင်ပြလာလို့ လုပ်ပေးတာပေါ့။ အဲဒီနှစ်ရွာက မီးလောင်သွားတဲ့ အိမ်ခြေ အရေအတွက်ကို ဆောက်လုပ်ပေးသွားမှာပါ။

ပုဏ္ဏားကျွန်းတွင် အမျိုးသမီးတစ်ဦး ဆေးရုံရောက်ပြီးနောက် (၅)မိနစ်ခန့်အကြာတွင်သေဆုံးသွားသဖြင့် ကိုဗစ်သံသယလူနာဖြစ်သတ်မှတ်ပြီး တို့ဖတ်များကိုစစ်ဆေး

Posted: 06 Oct 2020 05:25 AM PDT

စစ်တွေ၊ အောက်တိုဘာ ၆/ ၂ဝ၂ဝရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ဆေးရုံတွင် ယမန်နေ့ည နေက အမျိုးသမီးလူနာတစ်ဦးသည် ဆေးရုံရောက်ပြီးနောက် (၅)မိနစ်ခန့် အကြာတွင် သေဆုံးသွားသဖြင့် ကိုဗစ်သံသယလူနာဖြစ်သတ်မှတ်ပြီး ၎င်း၏ တို့ဖတ်များကိုစစ်ဆေး ရန် ပို့ထားကြောင်း သတင်းရရှိသည်။သေဆုံးသွားသူမှာ ပုဏ္ဏားကျွန်းမြို့နယ် အလယ်ကျွန်းကျေးရွာမှ အသက် (၇၈)နှစ်အရွယ်ရှိ အမျိုးသမီးဖြစ်သည်။သူမသည် အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၄ နာရီ ၂၅ မိနစ်

စစ်ဆန့်ကျင်တဲ့ မန္တလေးက ကျောင်းသားနှစ်ဦး ထောင်တစ်နှစ်စီချခံရ

Posted: 06 Oct 2020 05:22 AM PDT

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့က ကိုကျော်သီဟရဲကျော်နဲ့ ကိုစိုးလှနိုင် တို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ အလုပ်နဲ့ ထောင်ဒဏ် တစ်နှစ်စီ ဒီနေ့ ချလိုက်ပါတယ်။ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က တိုက်ပွဲတွေရပ်ဖို့ စတေကာကပ် လှုပ်ရှားခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က)၊  ၅၀၅ (ခ) တို့နဲ့ တရားစွဲဆိုခံရတဲ့ သူတို့ကို ပုဒ်မ တစ်ခုစီအတွက် ထောင်ဒဏ် တစ်နှစ်စီ ချလိုက်ပြီး ပုဒ်မှနှစ်

နှာခေါင်းစည်းမပါဘဲ အိမ်ပြင်ထွက်တဲ့သူတွေကို ဒဏ်ရိုက်မည်

Posted: 06 Oct 2020 05:19 AM PDT

နေပြည်တော်အတွင်းရှိ မဲရုံများကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်စစ်ဆေးစဉ်။AFPနှာခေါင်းစည်း mask မပါဘဲ အိမ်အပြင်ထွက်တဲ့သူတွေကို ဒဏ်ငွေ ၂၀၀ ကျပ်ရိုက်မယ်လို့ နိုင်ငံတော်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။လူစုလူဝေး နေရာတော်တော်များများမှာ နှာခေါင်းစည်းမတပ်ဘဲ သွားလာတာတွေ များလာတာကြောင့် ဒဏ်ငွေရိုက်တဲ့စနစ်ကို စတင်ကျင့်သုံးမှာဖြစ်ကြောင်း ကပ်ရောဂါနဲ့ ပတ်သက်ပြီး ပြည်သူတွေကို အစီရင်ခံတင်ပြတဲ့ ဒီ

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ဧရာဝတီဖောင်ဒေးရှင်းက နှာခေါင်းစည်း ငါးသန်း ထုတ်လုပ်ကာ အခမဲ့ဖြန့်ဝေပေးမည်

Posted: 06 Oct 2020 05:18 AM PDT

ရဲရင့်ရှိုင်း၊ ဓာတ်ပုံ-ကိုမိုးရန်ကုန်   အောက်တိုဘာ   ၅ဧရာဝတီဖောင်ဒေးရှင်းသည် မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်  အားကစားဝန်ကြီး ဌာနနှင့်   ပူးပေါင်းဆောင်ရွက်လျက် ရှိပြီး ယခုအခါ နှာခေါင်းစည်း ငါးသန်း ထုတ်လုပ်ကာ အခမဲ့ဖြန့်ဝေပေးသွား မည်ဖြစ်သည်။ဧရာဝတီ  ဖောင်ဒေးရှင်းသည် ကိုဗစ်-၁၉  ရောဂါကို ကာကွယ်ရန်နှင့် လက်ရှိ  ကမ္ဘာ့လေထုညစ်ညမ်းမှုကို ကာကွယ်ပေးနိုင်ရန်

ပန်းသီးကိုစား အကျိုးများ

Posted: 06 Oct 2020 05:16 AM PDT

"တစ်နေ့လျှင်  ပန်းသီးတစ်လုံး စားခြင်းဖြင့်  ဆရာဝန်နှင့်  ခပ်ဝေးဝေး  နေနိုင် သည်(ဆေးခန်းပြစရာမလိုဘဲ နေနိုင်သည်)"။ "An apple a day could keep the doctor away"ဟု ဆိုကြသည်။ အမေရိကန်နိုင်ငံ ကော်လ်နယ်တက္ကသိုလ်  (Cornell University)မှ သိပ္ပံပညာရှင်များက ပန်းသီးအခွံသည်  ကင်ဆာဆဲလ် များကို ဟန့်တားနိုင်ခြင်း (ဝါ) သေဆုံးစေနိုင်ခြင်း စသည့် အစွမ်းသတ္တိများရှိ ကြောင်း   ရှာဖွေတွေ့ရှိခဲ့ကြသည်။   ပန်းသီးစားခြင်း

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၆-၁၀-၂၀၂၀) ရက်နေ့၊ ညနေ (၆:၀၀)နာရီ

Posted: 06 Oct 2020 05:13 AM PDT

၁။ (၅-၁၀-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင်တွေ့ရှိခဲ့သည့် ဓာတ်ခွဲအတည်ပြုလူနာ (၉၈၇) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။Ministry of Health and Sports, Myanmarhttps://www.facebook.com/MinistryOfHealthAndSportsMyanmar

သမ္မတTrump ထောက်ခံသူတွေကို ကားနဲ့ ထွက်နှုတ်ဆက်

Posted: 05 Oct 2020 09:01 AM PDT

Walter Reed စစ်ဆေးရုံအပြင်မှာ လာရောက်အားပေးသူတွေကို ကားနဲ့ထွက်ပြီး နှုတ်ဆက်နေတဲ့ အမေရိကန်သမ္မတ Donald Trump။ (အောက်တိုဘာ ၀၄၊ ၂၀၂၀)Coronavirus ပိုးကူးစက်နေတာကြောင့် Walter Reed စစ်ဆေးရုံမှာ ကုသမှုခံယူနေတဲ့ အမေရိကန်သမ္မတ Donald Trump ဟာ ဆေးရုံပြင်မှာ သူ့ကို လာရောက်အားပေးနေကြသူတွေကို တနင်္ဂနွေနေ့က ကားနဲ့ထွက်ပြီး နှုတ်ဆက်ခဲ့ပါတယ်။ Trump ကိုထောက်ခံတဲ့အလံတွေ ဝှေ့ယမ်းပြီး ဆေးရုံပြင်မှာ စုဝေးနေကြသူတွေကို

ကိုဗစ်ကုသဆေး အလုံး ၃,၀၀၀ အိန္ဒိယကူညီ

Posted: 05 Oct 2020 08:58 AM PDT

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်နဲ့ အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ်ဟာ မြန်မာထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ကိုဗစ်ကပ်ရောဂါ ကုသဆေး ပေးအပ်တဲ့ မြင်ကွင်း။ (ဓာတ်ပုံ - India in Myanmar (Embassy of India, Yangon) - အောက်တိုဘာ ၀၅၊ ၂၀၂၀)မြန်မာနိုင်ငံကို ၂ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်နေတဲ့ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်နဲ့ အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ်ဟာ မြန်မာထိပ်တန်းခေါင်းဆောင်တွေနဲ့ ဒီကနေ့ပဲ

ကွတ်ခိုင်က တပ်စခန်းနဲ့ ပြည်သူ့စစ်ရုံးခန်း တိုက်ခိုက်ခံရ

Posted: 05 Oct 2020 08:56 AM PDT

ရှမ်းပြည်မြောက်ပိုင်းမှာ TNLA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်Photo: Kan Thar/RFAရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းက တပ်မတော်တပ်ရင်းတစ်ခုနဲ့ တာမိုးညဲ ပြည်သူ့စစ်ဌာနေ ရုံးခန်းကို တ‌အာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLAနဲ့ ကိုးကန့်အဖွဲ့ MNDAA ပူးပေါင်းအဖွဲ့က RPG လို့ခေါ်တဲ့ ပခုံးထမ်းလောင်ချာတွေနဲ့ လာရောက် ပစ်ခတ်ခဲ့တယ်လို့ တပ်မတော်က RFA ကိုပြောပါတယ်။အောက်တိုဘာလ ၃ ရက်နေ့ ညနေ လေးနာရီလောက်မှာ

ပါတီ အောင်နိုင်ရေးသီချင်းဖွင့်တဲ့ အိမ်ဖျက်ဆီးခံရမှုနဲ့ ပတ်သက်ပြီး လူ ၁၉ ယောက်ကိုဖမ်းဆီး

Posted: 05 Oct 2020 08:54 AM PDT

အောက်တိုဘာ ၅ ရက် ညနေပိုင်းအထိ လူ ၁၉ ယောက်ဖမ်းဆီးထားအသံချဲ့စက်နဲ့ ပါတီ အောင်နိုင်ရေးသီချင်း ဖွင့်ရာက စတဲ့ မကွေးတိုင်း မြိုင်မြို့နယ်က အိမ်ဖျက်ဆီးခံရမှုနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၅ ရက် ညနေပိုင်းအထိ လူ ၁၉ ယောက်ကို ဖမ်းဆီးထားပြီး ကျန်တဲ့လူတွေကိုပါ ဖမ်းမိဖို့ ဆောင်ရွက်နေတယ်လို့ မြိုင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်က ဘီဘီစီကို ပြောပါတယ်။မကွေးတိုင်း၊မြိုင်မြို့နယ်ထဲက ကန်နီကျေးရွာမှာ အောက်တိုဘာ ၃

ရသေ့တောင်မြောက်ပိုင်း ကျောက်တန်းနယ်မှာ တိုက်ပွဲအပြင်းထန်ဖြစ်၊

Posted: 05 Oct 2020 08:51 AM PDT

တိုက်ပွဲတွေ ကြောင့်နေရပ်က စွန့်ခွာထွက်ပြေးကြသူတွေရသေ့တောင်မြို့နဲ့ မြောက်ဘက် လေးမိုင်လောက်ဝေးတဲ့ ကျောက်တန်း နယ်မြေအတွင်းက ကျေးရွာတွေအနီးမှာ အောက်တိုဘာ ၃ ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့ တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေကြတယ်လို့ ရသေ့တောင်မြို့ခံ ကိုကျော်မင်းခိုင်က ပြောပါတယ်။လက်နက်ကြီး ပစ်ခတ်သံတွေကိုလည်း ကြားနေရသလို ရဟတ်ယာဉ်တွေနဲ့ လာရောက် တိုက်ခိုက်တာတွေကိုလည်း မြင်တွေ့နေရ

ကိုဗစ်ရောဂါပြင်းထန်မှုအဆင့်ခွဲ ကုသပေးဖို့ စီစဉ်

Posted: 05 Oct 2020 08:48 AM PDT

COVID 19 ရောဂါကြောင့် သေဆုံးသူတဦးကို သယ်ဆောင်လာတဲ့ PPE ဝတ်စုံနဲ့ စေတနာ့ဝန်ထမ်းများကို ရန်ကုန်မြို့မှာတွေ့ရ။ (အောက်တိုဘာ ၀၄၊ ၂၀၂၀)ကိုဗစ်ရောဂါကြောင့် သေဆုံးသူတွေနဲ့ ကူးစက်မှုတွေ တိုးလာနေတာကြောင့် ရောဂါပြင်းထန်မှု အဆင့်ခွဲပြီး ကုသမှုပေးဖို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ စီစဉ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးမှာပါ။ကိုဗစ်ပိုးတွေ့လူနာ အများဆုံးရှိ

မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြု ၁၈,၇၈၁ သေဆုံး ၄၄၄

Posted: 05 Oct 2020 08:46 AM PDT

ရန်ကုန်မြို့ Quaratine Center တခုတွင် တာဝန်ထမ်းဆောင်နေကြသော PPE ဝတ်စုံနှင့် လုပ်အားပေးများ။ (အောက်တိုဘာ ၀၁၊ ၂၀၂၀)မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာသစ် ဒီနေ့ ၉၈၇ ယောက်နဲ့ သေဆုံးသူ ၃၂ ယောက်ထပ်တိုးပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီထုတ်ပြန်ချက်အရ အတည်ပြုလူနာ စုစုပေါင်း ၁၈,၇၈၁ ယောက်ရှိပြီး သေဆုံးသူက ၄၄၄ ယောက်ဖြစ်ပါတယ်။ ဒီနေ့အတွက် စစ်ဆေးတဲ့ စုစုပေါင်း ဓါတ်ခွဲနမူနာက ၈,၂၈၅ ခုဖြစ်ပါတယ်။

နိုင်ငံရေးအရ အုပ်စုလိုက်အင်အားပြမှုများ ကပ်ရောဂါအတွက် အန္တရာယ်ကြီးမားနေ

Posted: 05 Oct 2020 08:45 AM PDT

ကပ်ရောဂါကာလမှာ လူစုလူဝေးနဲ့ အင်အားပြဝန်းရံတာတွေ မလုပ်ဖို့ NLD နဲ့ USDP နှစ်ဘက် ထိပ်တန်းခေါင်းဆောင်တွေက သတိပေးနေပေမယ့် အောက်ခြေမှာတော့ နှစ်ဘက်စလုံးက ထောက်ခံဝန်းရံသူတွေဟာ ရာနဲ့ချီစုဝေးပြီး အပြိုင်အဆိုင် မဲဆွယ်စည်းရုံးနေကြပါတယ်။ဒီလုပ်ရပ်တွေဟာ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ဆန့်ကျင်ပြီး အန္တရာယ်ရှိတဲ့လုပ်ရပ်ဖြစ်ကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက

အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့တဲ့ ပုသိမ် NLD ဥက္ကဋ္ဌနဲ့ ပါတီဝင်တချို့ စောင့်ကြည့်ခံနေရ

Posted: 05 Oct 2020 08:42 AM PDT

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူနဲ့ ထိတွေ့မှုရှိခဲ့တာကြောင့် မြို့နယ် NLD ခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင် တချို့ကို အသွားအလာကန့်သတ်ထားတာလို့ ပုသိမ်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်စန်းစန်းဌေးက RFA ကို အတည်ပြု ပြောကြားပါတယ်။"ရုံးက လောလောဆယ်မှာ EC (အလုပ်အမှုဆောင်ကော်မတီဝင်) တွေထဲက နှစ်ယောက်၊ နောက်ပြီးတော့ အတွင်းရေးမှူးနဲ့ အန်တီနဲ့ ဆိုရင် လေးယောက်ပေါ့နော်၊ အခုဖြစ်တဲ့ ပေါ့စတစ်ထွက်တဲ့ တစ်ယောက်နဲ့ဆိုရင်  ငါး

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.