Wednesday, October 7, 2020

သစ်ထူးလွင်

သစ်ထူးလွင်


ကိုဗစ်ဖြစ်နေတဲ့ သမ္မတ Trump ဒီမိုကရက်သမ္မတလောင်းနဲ့ ဒုတိယအကြိမ် စကားစစ်ထိုးမည်

Posted: 06 Oct 2020 04:58 PM PDT

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရနေရတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Bidenနဲ့ ဒုတိယအကြိမ် စကားစစ်ထိုးပွဲပြုလုပ်မှာ ဖြစ်ကြောင်း အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။အောက်တိုဘာလ ၁၅ ရက်နေ့မှာ ဖလော်ရီဒါပြည်နယ် Miami မြို့မှာ ပြုလုပ်မယ့် စကားစစ်ထိုးပွဲကို မျှော်လင့်စောင့်စားနေကြောင်း သူက တွစ်တာမှာ ရေးသား ထားတာ ဖြစ်ပါတယ်။သမ္မတ ထရမ့်က ကိုဗစ်ကူးခံထားရကြောင်း ပြီးခဲ့တဲ့ ကြာသပတေးနေ့က

ကမ္ဘာ့စီးပွားရေးအခြေအနေ ထင်သလောက်ဆိုးဖွယ်မရှိ

Posted: 06 Oct 2020 04:57 PM PDT

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် စီးပွားရေး ဆိုးဆိုးရွားရွားကြီး ကျဆင်းမယ်လို့ ခန့်မှန်းထားတာကို ပြန်လည် ပြင်ဆင် ထုတ်ပြန်ဖို့ ရှိတယ်လို့ ကမ္ဘာ့ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF အကြီးတန်း အရာရှိတဦးကပြောပါတယ်။ ဇွန်လကတည်းက ကမ္ဘာ့ စီးပွားရေးအခြေအနေက ခန့်မှန်းထားတာထက် ပိုပြီး အားကောင်းလာတာကြောင့် အခုလို ပြင်ဆင် ထုတ်ပြန်မှာဖြစ်ကြောင်း IMF အကြီးအကဲ Kristalina Georgieva က အင်္ဂါနေ့က ပြောလိုက်တာ ဖြစ်ပါတယ်။

ကပ်ရောဂါကာကွယ်ဆေး လူနဲ့စမ်းသပ်တဲ့ အဆင့်ရောက်ပြီ

Posted: 06 Oct 2020 04:55 PM PDT

ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အောက်တိုဘာလ ၆ ရက် မနေ့က ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးသူ ၂၇ ယောက် တိုးလာတဲ့အတွက် မြန်မာနိုင်ငံမှာ သေဆုံးသူ စုစုပေါင်း ၄၇၁ ယောက် ရှိသွားခဲ့ပါပြီ။ မနေ့က ထုတ်ပြန်ချက်အရ ကူးစက်ခံရသူ လူနာသစ် ၁၂၅၂ ယောက် တိုးလာတာပါ။ အောက်တိုဘာ ၅ ရက်နေ့ကလည်း ကမ္ဘာ့ နှိုင်းယှဉ်ဇယားမှာ မြန်မာက အနီရောင်မျဉ်း ပြနေခဲ့ပြီး၊ ကူးစက်ခံရသူ တသောင်းရှစ်ထောင့်ခုနှစ်ရာ

WHO အကြီးအကဲက ဒီနှစ်ကုန်မှာ ကာကွယ်ဆေးရဖို့ မျှော်လင့်နိုင်ပြီလို့ ပြော

Posted: 06 Oct 2020 04:50 PM PDT

 ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization) အကြီးအကဲက ကိုရိုနာဗိုင်းရပ်စ်ရောဂါအတွက် ထိရောက်တဲ့ ကာကွယ်ဆေးကို ဒီနှစ် အကုန်မှာ ရဖို့ မျှော်လင့်ချက်ရှိတယ်လို့ ပြောပါတယ်။WHO ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တက်ဒရိုစ့် ဆက်ဒနွန် ဂက်ဘရီရီးဆပ်စ်က ဒီကမ္ဘာ့ကပ်ကို အဆုံးသတ်န်ိုင်ဖို့အတွက် ကမ္ဘာတစ်ခုလုံးက ကာကွယ်ဆေးအပါအဝင် "ရနိုင်သမျှ နည်းလမ်းပေါင်းစုံ" ကိုသုံးပြီးဆောင်ရွက်ဖို့ လိုအပ်တယ်၊ ကာကွယ်ဆေးသာမက ရ

မြန်မာမှာ ကိုဗစ်အရှိန်မြင့်နေဆဲကြောင့် နယ်စပ်လုံခြုံရေးတွေ ထိုင်းဘက်ကထပ်မံတင်းကြပ်

Posted: 06 Oct 2020 04:44 PM PDT

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ဆက်လက် ဖြစ်ပွားနေတာကြောင့် ကူးစက်မှာ စိုးရိမ်နေတဲ့ ထိုင်းနိုင်ငံက နယ်စပ်တွေမှာ ဝင်ထွက်သွားလာမှုတွေ ထပ်မံတင်းကြပ်နေတဲ့အကြောင်း ပြောပြပါမယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးမှုတွေနဲ့ ကူးစက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံမှာ နယ်စပ်မြို့တွေအထိ ရောဂါပျံ့နှံ့လာတာကြောင့် ထိုင်းနိုင်ငံက

ဟားခါး−ဂန့်ဂေါလမ်းတွင် မော်တော်ယာဉ်တစ်စီး အရှိန်လွန်ပြီး ချောက်ထဲသို့ထိုးကျ တိမ်းမှောက်၊ ယာဉ်မောင်းဖြစ်သူ သေဆုံး

Posted: 06 Oct 2020 04:41 PM PDT

ဟားခါး ၆ အောက်တိုဘာ ချင်းပြည်နယ်၊ ဟားခါးမြို့မှ (၂၄) မိုင်ခန့်အကွာ ဟားခါး − ဂန့်ဂေါလမ်းတွင် ဂန့်ဂေါမှ ဟားခါးသို့ သစ်ခွဲသားများ တင်ဆောင်လာသော ယာဉ်မောင်း ဉီးနိုင်လင်းဦး၊ အသက် (၄၀) နှစ်ခန့် မောင်းနှင်လာသည့် ခြောက်ဘီး အဖြူရောင်ယာဉ်သည် အောက်တိုဘာ ၅ ရက် ည ၁၀ နာရီ ခန့်က အိပ်ငိုက်ရာမှ ယာဉ်အရှိန်လွန်ပြီး ပေ (၅၀) ခန့်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်၍ အခင်းဖြစ်ပွားရာနေရာ၌ ယာဉ်မောင်း သေဆုံးခဲ့ကြောင်း သိရ

မကွေးတိုင်းက မသန်စွမ်းသူတွေ မဲပေးရေး အဆင်မပြေမှာ စိုးရိမ်

Posted: 06 Oct 2020 04:38 PM PDT

မကွေးတိုင်းမှာ မဲပေးခွင့်ရှိတဲ့ မသန်စွမ်းသူ တစ်သောင်းခွဲကျော်ရှိနေပြီး ကပ်ရောဂါကာလမှာ ကျင်းပမယ့်ရွေးကောက်ပွဲမှာ အဆင်ပြေပါ့မလားလို့ သူတို့ စိုးရိမ်နေကြပါတယ်။  လူအများမျှော်လင့်နေတဲ့ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ၃၂ ရက်ပဲ လိုပါတော့တယ်။ အဲဒီလို မဲပေးတဲ့အခါမှာ မသန်စွမ်းသူတွေလဲ မဲပေးခွင့်ရှိကြတဲ့အတွက်၊ သူတို့မဲရုံကို သွားပြီး မဲထည့်တဲ့အခါ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလလဲ ဖြစ်နေတာကြောင့် အခက်အခဲတွေ

(၆-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁,၂၅၂)ဦး တွေ့ရှိ

Posted: 06 Oct 2020 04:35 PM PDT

(၅-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၆-၁၀-၂၀၂၀) ရက်နေ့၊ ည  (၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၀,၀၇၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁,၂၅၂)ဦး တွေ့ရှိရပါသည်။ Ministry of Health and Sports, Myanmarhttps://www.facebook.com/MinistryOfHealthAndSportsMyanmar

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.