သစ္ထူးလြင္ |
- အိန္ဒိယက ဆန္ဒပြပွဲ - ရဲတပ်ဖွဲ့နဲ့ လယ်သမားတွေကြား ထိပ်တိုက်တွေ့
- မြေအောက်ခန်းတစ်ခုထဲမှာ ရှိတဲ့အိမ်ဟာ ယေရှုခရစ်ရဲ့အိမ် ဖြစ်တယ်ဆိုတာ ခိုင်လုံတဲ့ အထောက်အထားတွေ့ရတယ်လို့ ဆို
- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရှေ့ရေးကို တိတိကျကျ မဆုံးဖြတ်ရသေး
- NLD အနိုင်ရအမတ်ကို မွန်ညီညွတ်ရေးပါတီ အမှုဖွင့်
- မြန်မာ COVID-19 ရောဂါ ကူးစက်သူ ၈၆,၆၃၃ ဦး၊ သေဆုံးသူ ၁,၈၆၅ ဦးရှိပြီ
- ထိုင်းမှာ သတ်မှတ်လုပ်ခမရသူတွေ လျော်ကြေးရဖို့ရှိ
- အီရန် ထိပ်တန်း နျူသိပ္ပံပညာရှင် လုပ်ကြံခံရ
- ရခိုင် နေရပ်ပြန် စစ်ရှောင်တွေရဲ့ အခက်အခဲ အစိုးရ ဘယ်လို ဖြေရှင်းမလဲ
- ရွေးကောက်ပွဲမှာ လုပ်အားပေးခဲ့တဲ့ ဆရာဆရာမတွေထဲက ၅ဝ ကျော် ဗိုင်းရပ်စ်ကူးစက်ခံနေရ
- ဧရာဝတီတိုင်း တရားသူကြီးချုပ်အသစ် ခန့်အပ်ဖို့ တိုင်းလွှတ်တော် အတည်ပြု
- COVID-19 (RDT) NEGATIVE အတည်ပြုကဒ်များ အတုပြုလုပ်သူနှင့် ကိုင်ဆောင်သူများအား ဖမ်းဆီးအရေးယူ
- ဓနုဖြူတွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားရာမှ လူသုံးဦး မီးဟပ်ဒဏ်ရာရ
အိန္ဒိယက ဆန္ဒပြပွဲ - ရဲတပ်ဖွဲ့နဲ့ လယ်သမားတွေကြား ထိပ်တိုက်တွေ့ Posted: 27 Nov 2020 10:27 AM PST အိန္ဒိယက ဆန္ဒပြပွဲအိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်က လယ်သမားတွေဟာ သူတို့အကျိုးစီးပွား ထိခိုက်တယ်လို့ဆိုတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဒေလီမြို့တော်မှာ ဆန္ဒပြတောင်းရာမှာ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပါတယ်။ဆန္ဒပြသမား ထောင်နဲ့ချီဟာ ဒေလီမြို့တော်ကို ချီတက်ဆန္ဒပြခဲ့ကြတာပါ။သူတို့တွေ မြို့ထဲကို မဝင်ရောက်နိုင်အောင် အတားအဆီးတွေနဲ့ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားခဲ့တာပါ။ထိပ်တွေ့ရင်ဆိုင်မှုတွေ |
Posted: 27 Nov 2020 10:24 AM PST အိမ်ရဲ့ တံခါးဝဟာ သဘာဝဂူတစ်ခုရဲ့ ကျောက်ဆောင်နဲ့ ထုလုပ်ထားအစ္စရေးနိုင်ငံ နာဇရက်မြို့မှာ တူးဖော်တွေ့ခဲ့တဲ့ အိမ်တစ်အိမ်ဟာ ခရစ်ယာန်ဘာသာဝင်တွေ ကိုးကွယ်တဲ့ ယေရှုခရစ် ငယ်စဉ်က နေခဲ့ဖူးတဲ့အိမ် ဖြစ်နိုင်တယ် ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားတွေ တွေ့ထားတယ်လို့ ရှေးဟောင်းသုတေသန ပညာရှင်တစ်ဦးက ပြောပါတယ်။ယူကေနိုင်ငံ Reading ရက်ဒင်း တက္ကသိုလ်က ပါမောက္ခ ကန် ဒါ့ခ် ဟာ ခေတ်သစ် ခရစ်ယာန် မယ်သီလရင် ကွန်ဗင့်ကျောင်းတစ်ကျောင်း |
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရှေ့ရေးကို တိတိကျကျ မဆုံးဖြတ်ရသေး Posted: 27 Nov 2020 10:13 AM PST ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၆၅ နှစ်ပြည့်မယ့် လာမယ့်၂၀၂၁ ခုနှစ်ထဲမှာ ရာထူးကနေ အနားယူရေး မယူရေးဆိုတာဟာ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်သွားမယ့်ကိစ္စဖြစ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောလိုက်ပါတယ်။လေ့လာသူတွေထဲမှာတော့ ဗိုလ်ချုပ်မှူးကြီး လာမယ့်နှစ်ထဲ အနားယူနိုင်တယ်လို့ ယူဆသူ ရှိသလို နှစ်ကာလ အတန်ကြာ ဆက်လက် တာဝန်ယူသွားလိမ့်မယ်လို့ ခန့်မှန်းသူလည်း ရှိပါ |
NLD အနိုင်ရအမတ်ကို မွန်ညီညွတ်ရေးပါတီ အမှုဖွင့် Posted: 27 Nov 2020 10:11 AM PST အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားပြု မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁) မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်မျိုးမြင့်ကို မွန်ညီညွတ်ရေးပါတီ MUP ရဲ့ ဗဟိုကော်မတီဝင်တစ်ဦးက ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွနယ်မြေရဲစခန်းမှာ တိုင်တန်းပြီး အမှုဖွင့်ထားပါတယ်။မဲရုံတွေမှာ မဲစာရင်းမပါသူတွေကို ရွေးကောက်ပွဲနေ့မှာ မဲထည့်ဖို့ |
မြန်မာ COVID-19 ရောဂါ ကူးစက်သူ ၈၆,၆၃၃ ဦး၊ သေဆုံးသူ ၁,၈၆၅ ဦးရှိပြီ Posted: 27 Nov 2020 10:09 AM PST ကုန်တင်ကားမောင်းသူတဦးကို ကိုဗစ်ရောဂါ ရှိ၊ မရှိ စစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများကို ရန်ကုန်မြို့မှာ တွေ့ရ။ (အောက်တိုဘာ ၁၃၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၄၂၈ ဦး ထပ်တိုးပြီး သေဆုံးသူက ၁၉ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဒီကနေ့ညထုတ်ပြန်ချက်ပါ သေဆုံးသူတွေထဲမှာ ၁၆ ဦးက ရောဂါအခံရှိသူတွေဖြစ် |
ထိုင်းမှာ သတ်မှတ်လုပ်ခမရသူတွေ လျော်ကြေးရဖို့ရှိ Posted: 27 Nov 2020 10:07 AM PST ထိုင်းနိုင်ငံ Pathum Thani မြို့က အထည်ချုပ်စက်ရုံတခုမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတဦး။ (စက်တင်ဘာ ၂၃၊ ၂၀၁၈)ထိုင်းနိုင်ငံမှာ အစိုးရက သတ်မှတ်ထားတဲ့ လုပ်ခနှုန်းထားအတိုင်း အပြည့်မရကြတဲ့ အထည်ချုပ်စက်ရုံ အလုပ်သမားတွေအနေနဲ့ လျော်ကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၉၉,၀၀၀ နဲ့ ညီမ ျှတဲ့ ထိုင်းဘတ်ငွေ ၃,၀၀၀,၀၀၀ ကို အလုပ်ရှင်အပါအဝင် Starbucks နဲ့ Walt Disney လို ကုမ္ပဏီကြီးတွေဆီကနေ ရဖို့ရှိပါတယ်။ထိုင်းမြန်မာနယ်စပ် မဲ |
အီရန် ထိပ်တန်း နျူသိပ္ပံပညာရှင် လုပ်ကြံခံရ Posted: 27 Nov 2020 10:04 AM PST လုပ်ကြံတိုက်ခိုက်မှု ဖြစ်တဲ့နေရာအီရန်နိုင်ငံရဲ့ ထိပ်တန်းအကျဆုံး နျူကလီးယား သိပ္ပံညာရှင် မိုဆန် ဖာခရီဇာဒက် မြို့တော် တဟီရန် အနီးမှာ လုပ်ကြံခံရတယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုပါတယ်။ဒါမာဗန်းခရိုင်မှာ တိုက်ခိုက်ခံရပြီးနောက် ဖာခရီဇာဒက်ဟာ ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။လုပ်ကြံသတ်ဖြတ်သူတွေက သူ့ကို မပစ်ခင် သူ့ကားကို ဗုံးနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ အီရန် သတင်းအေဂျင်စီတွေက ပြောပါတယ်။အကြမ်းဖက်သမားတွေ |
ရခိုင် နေရပ်ပြန် စစ်ရှောင်တွေရဲ့ အခက်အခဲ အစိုးရ ဘယ်လို ဖြေရှင်းမလဲ Posted: 27 Nov 2020 10:01 AM PST အခုရက်ပိုင်း တိုက်ပွဲတွေ ရပ်တန့်နေလို့ စစ်ရှောင်တွေ နေရပ်ပြန်နေကြရခိုင်ပြည်နယ်မှာ နေရပ်ပြန် စစ်ဘေးရှောင်တွေကို ကူညီဖို့ အခက်အခဲရှိနေသူတွေ၊ အိုးအိမ် မီးရှို့ခံရတာတွေကို စာရင်းကောက်ယူရေး ခရိုင်နဲ့ မြို့နယ် တာဝန်ရှိသူတွေကို ညွှန်ကြားထားတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ထံက သိရပါတယ်။အခုသီတင်းပတ်တွေအတွင်း တိုက်ပွဲတွေ လျော့နည်းလာလို့ နေရပ်ပြန်နေကြပြီဖြစ်တဲ့ စစ်ရှောင်တွေ နေရပ်ပြန် ခရီးအတွက် ကား၊ မော်တော်ဘုတ်တွေ |
ရွေးကောက်ပွဲမှာ လုပ်အားပေးခဲ့တဲ့ ဆရာဆရာမတွေထဲက ၅ဝ ကျော် ဗိုင်းရပ်စ်ကူးစက်ခံနေရ Posted: 27 Nov 2020 09:58 AM PST ၂၀၂၀ နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲကာလ ကြိုတင်မဲကောက်ယူစဉ်နဲ့ မဲရုံမှာတာဝန်ထမ်းဆောင်စဉ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတဲ့ ဆရာ ဆရာမ အယောက် ၅၀ ကျော်ရှိပြီး ၂ ဦး သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်က ပြောပါတယ်။ ဒီဆရာဆရာမတွေကို နိုင်ငံတော်အစိုးရက စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေအပြင် ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်ဖို့လဲ တောင်းဆိုလိုက်ပါတယ်။၂ဝ၂ဝ ရွေးကောက်ပွဲမှာ ပါဝင် |
ဧရာဝတီတိုင်း တရားသူကြီးချုပ်အသစ် ခန့်အပ်ဖို့ တိုင်းလွှတ်တော် အတည်ပြု Posted: 27 Nov 2020 09:56 AM PST ဧရာဝတီတိုင်းတရားလွှတ်တော် တရားသူကြီးချုပ်သစ် အဖြစ် လက်ရှိ ဧရာဝတီတိုင်းတရားသူကြီး ဖြစ်တဲ့ ဦးမျိုးညွန့်ကို ခန့်အပ်ဖို့အတွက် နိုဝင်ဘာလ ၂၆ ရက်နေ့က ကျင်းပတဲ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။လက်ရှိဧရာဝတီတိုင်းဒေသကြီး တရားသူကြီးချုပ် အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဦးသန်းထွန်းက အသက် ၆၅ နှစ်ပြည့်သွားပြီဖြစ်လို့ တရားသူကြီးချုပ် လစ်လပ်နေရာအတွက် ခန့်ထားဖို့ လွှတ်တော်ရဲ့ သဘောထား |
COVID-19 (RDT) NEGATIVE အတည်ပြုကဒ်များ အတုပြုလုပ်သူနှင့် ကိုင်ဆောင်သူများအား ဖမ်းဆီးအရေးယူ Posted: 27 Nov 2020 09:52 AM PST COVID-19 ရောဂါ တာဆီးကာကွယ်နိုင်ရေးအတွက် ကုန်တင်ကား ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ရောဂါပိုးစစ်ဆေးပြီး NEGATIVE အဖြေထွက်မှသာ NEGATIVE အတည်ပြုကဒ်များ ထုတ်ပေးပြီး ဆက်လက်သွားလာခွင့် ပေးလျက်ရှိရာ တပ်ကုန်းမြို့၊ ညောင်လွန့်စစ်ဆေးရေးဂိတ်တွင် COVID-19 Antigen Rapid Diadnostic Test (RDT) NEGATIVE အတည်ပြုကဒ်များ အတုပြုလုပ် ကိုင်ဆောင်သူများအား စစ်ဆေးတွေ့ရှိရ၍ ဖမ်းဆီးအရေးယူထားကြောင်း မန္တလေးတိုင်းဒေသ |
ဓနုဖြူတွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားရာမှ လူသုံးဦး မီးဟပ်ဒဏ်ရာရ Posted: 27 Nov 2020 09:47 AM PST ဓနုဖြူ ၂၇ နိုဝင်ဘာ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ သီရိဇေယျာလမ်းတွင် နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်အစောပိုင်းက မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနောင်နောင်ဦးဆောင်သော မီးသတ်တပ်အဖွဲ့ဝင်(၂၀) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၀)ဦးနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ မီးငြှိမ်းသတ်ယဉ် (၂)စီး၊ မီးသတ်ရေသယ်ယာဉ် (၂ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.