သစ္ထူးလြင္ |
- သြစတြေးလျစစ်သား ပုံအတုကိစ္စကို တောင်းပန်ဖို့ တရုတ်က ငြင်းဆို
- ဆိုရှယ်မီဒီယာပေါ် ပုံအတု တင်တဲ့ကိစ္စ တောင်းပန်ဖို့ တရုတ်ကို သြစတြေးလျ တောင်းဆို
- မြန်မာ COVID-19 ရောဂါကူးစက်သူ ၉၂,၂၀၀ နီးပါးနဲ့ သေဆုံးသူ ၁,၉၇၂ ယောက်ရှိပြီ
- မြန်မာ ကိုဗစ်ထိန်းချုပ်ရေး လိုက်နာမှု အားနည်းနေဆဲ
- အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ တာဝန်က နုတ်ထွက်
- မန္တလေးခရိုင် ကိုရိုနာကူးစက်မှု မြင့်မားနေတယ်လို့ ဝန်ကြီးချုပ်သတိပေး
- မောင်တောမြို့နယ်တွင် ကျန်းမာရေးမကောင်းသူတစ်ဦး ဆင်နင်းသေဆုံး
- ငပလီမှ ၄ ရက်ကြာ ပျောက်ဆုံးနေသည့် စိတ်မနှံ့သူအမျိုးသားအလောင်း ချောင်းတစ်ခုအတွင်းတွေ့
- ကိုဗစ် ရောဂါကူးစက်မှုတွေကြောင့် သီရိလင်္ကာမှာ ထောင်ဆူပြီး လူ ၈ ယောက်သေ
- လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူမီးရှိူ့ပြသူ နှစ်ဦးကို အရေးယူ
- ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၅.၂၈ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ
- ကျန်းမာရေးဝန်ထမ်း ၅၀၀ ကျော် ကိုဗစ်ကူးစက်
- ကိုဗစ်ထိန်းချုပ်သတ်မှတ်ချက်တွေ လိုက်နာဖို့ ဆရာဝန်တွေ တိုက်တွန်း
- အောက်စဖို့တက္ကသိုလ် နောက်ခံပြု ကိုဗစ်ကာကွယ်ဆေး ပုံစံထုတ်သူ အမျိုးသမီးပါမောက္ခ ဒေါက်တာ ဆာရာဂီးလ်ဘတ်
- မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ခံရသူ စုစုပေါင်း ကိုးသောင်းကျော် ထိရှိလာ
- မဲရုံစောင့် ပညာရေးဝန်ထမ်းတချို့ တရားစွဲခံရ
- ကိုဗစ်ကင်း အထောက်အထားတုနဲ့ ယာဉ်မောင်းတချို့ တွေ့ရှိ
- ဆိပ်ဖြူ မြို့နယ်၌ အမျိုးသမီးတစ်ဦး အနော်ရထာတံတားပေါ်မှ ခုန်ချမှုဖြစ်ပွား
- စစ်ကိုင်းမြို့တွင် လင်မယားချင်းစကားများရာမှ လူသတ်မှုဖြစ်ပွား
- မိုင်းဖုန်းဆရာတော် တရားကျင့်ကြံသည့် မိုင်းကျက်ဂူသို့ သွားသူများ ကျန်းမာရေးဌာနသို့ အမြန်ဆက်သွယ်ရန် အသိပေး
- တောင်ကြီးတက္ကသိုလ် အမျိုးသမီးအဆောင်တွင် Quarantine ဝင်သည့် အမျိုးသမီး အတင်းအဓမ္မပြုကျင့်ခံရ
သြစတြေးလျစစ်သား ပုံအတုကိစ္စကို တောင်းပန်ဖို့ တရုတ်က ငြင်းဆို Posted: 01 Dec 2020 08:06 AM PST တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျင်း ပုံအတုတင်တာကနေ နှစ်နိုင်ငံ ဆက်ဆံရေး ဆိုးရွားတာတွေ ဖြစ်လာစစ်သားပုံတင်တဲ့ကိစ္စကို မနှစ်မြို့စရာလို့ ပြောပြီး သြစတြေးလျဘက်က ယမ်းပုံမီးကျ တုံ့ပြန် လိုက်တာဟာ သူတို့စစ်သားတွေ အာဖဂန်မှာ စစ်ရာဇဝတ်မှုကျုးလွန်တဲ့ကိစ္စက လူတွေ အာရုံစူးစိုက်တာ ပြောင်းသွားအောင် လုပ်တာလို့ သြစတြေးလျကို တရုတ်က စွပ်စွဲလိုက်ပါတယ်။အာဖဂန် ကလေးငယ်တစ်ယောက်ကို သြစတြေးလျ |
ဆိုရှယ်မီဒီယာပေါ် ပုံအတု တင်တဲ့ကိစ္စ တောင်းပန်ဖို့ တရုတ်ကို သြစတြေးလျ တောင်းဆို Posted: 01 Dec 2020 08:04 AM PST ရှက်စရာ စိတ်ပျက်စရာကောင်းတဲ့ ပို့စ် လို့ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ပြောသြစတြေးလျ စစ်သားတစ်ယောက်က အာဖဂန် ကလေးတစ်ယောက်ကို သတ်ဖို့ လုပ်နေတဲ့ ပုံအတုတစ်ပုံကို တရုတ်အစိုးရ တွစ်တာအကောင့်တစ်ခုက တင်ခဲ့ကိစ္စကို တောင်းပန်ဖို့ သြစတြေးလျ အစိုးရက တရုတ်ကို တောင်းဆိုလိုက်ပါတယ်။ဒီလို မနှစ်မြို့စရာကောင်းတဲ့ ပုံတစ်ပုံကို မျှဝေတာဟာ တရုတ်အစိုးရအနေနဲ့ လုံးဝရှက်သင့်တယ်လို့ သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က |
မြန်မာ COVID-19 ရောဂါကူးစက်သူ ၉၂,၂၀၀ နီးပါးနဲ့ သေဆုံးသူ ၁,၉၇၂ ယောက်ရှိပြီ Posted: 01 Dec 2020 08:01 AM PST ကိုဗစ်ရောဂါ ရှိ၊ မရှိ စစ်ဆေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတဦးကို ရန်ကုန်မြို့ရှိ Quarantine စင်တာ တခုမှာ တွေ့ရ။ (အောက်တိုဘာ ၁၆၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၄၇၆ ဦး ထပ်တိုးပြီး သေဆုံးသူက ၁၃ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဒီကနေ့ညထုတ်ပြန်ချက်ပါ သေဆုံးသူတွေထဲမှာ ၂၆ ဦးက ရောဂါအခံရှိသူတွေဖြစ်တယ် |
မြန်မာ ကိုဗစ်ထိန်းချုပ်ရေး လိုက်နာမှု အားနည်းနေဆဲ Posted: 01 Dec 2020 08:00 AM PST ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားရှေ့မှာ စျေးရောင်းနေသူတချို့။ (နိုဝင်ဘာ ၀၉၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေချိန်မှာပဲ ရောဂါကာကွယ် ထိန်းချုပ်နိုင်ဖို့ရည်ရွယ်ပြီး ကန့်သတ်ချက်တွေကို နောက်ထပ် သီတင်း ၂ ပတ် တိုးလိုက်တဲ့အပေါ် သဘောထားအမြင်တွေကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက သတင်းပေးပို့ထားပါတယ်။မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့၊ လူ ၃၀ ထက်ပိုပြီး စုဝေးခွင့်မရှိတာ |
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ တာဝန်က နုတ်ထွက် Posted: 01 Dec 2020 07:58 AM PST အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ တာဝန်က နုတ်ထွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်ကို ၂၀၁၉၊ မေ ၁၁ ရက်နေ့က ကျင်းပတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မန္တလေးရုံးခွဲဖွင့်ပွဲအခမ်းအနားမှာ တွေ့ရစဉ်ဓာတ်ပုံ - ခေမဏီဝင်း/ RFAနိုင်ငံတော် သမ္မတက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်ကို မိမိသဘော ဆန္ဒအလျောက် ရာထူးကနေ နုတ်ထွက်ခွင့် ဒီနေ့ခွင့်ပြု |
မန္တလေးခရိုင် ကိုရိုနာကူးစက်မှု မြင့်မားနေတယ်လို့ ဝန်ကြီးချုပ်သတိပေး Posted: 01 Dec 2020 07:56 AM PST မန္တလေးခရိုင် ကိုရိုနာကူးစက်မှု မြင့်မားနေတယ်လို့ ဝန်ကြီးချုပ်သတိပေး မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်သာယာဈေးက စျေးဝယ်သူတွေကို ၂၀၂၀၊ ဧပြီ ၁၅ ရက်နေ့က တွေ့ရစဉ်ဓာတ်ပုံ - ခေမဏီဝင်း/ RFAမန္တလေးခရိုင်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ့ရှိမှု လူတစ်ထောင်မှာ လေးယောက်နှုန်း ရှိနေကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။မြို့နယ် ၇ မြို့နယ်ပါဝင်တဲ့ မန္တလေးခရိုင်အတွင်း |
မောင်တောမြို့နယ်တွင် ကျန်းမာရေးမကောင်းသူတစ်ဦး ဆင်နင်းသေဆုံး Posted: 01 Dec 2020 07:50 AM PST နိရဥၥရာ၊ ဒီဇင္ဘာ ၁ / ၂၀၂၀ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ကျန်းမာရေး မကောင်း၍ ဆေးခန်းသွားပြသူတစ်ဦး ယနေ့နံနက်က ဆင်နင်း၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။ သေဆုံးသူမှာ မောင်တောမြို့နယ် မြောက်ပိုင်း ဝေလာတောင်ကျေးရွာသား ဦးထွန်းသာကျော် အသက် ၄၄ နှစ် ဖြစ်ကြောင်း သိရသည်။ယနေ့ နံနက် ၁၀နာရီ အချိန်က မောင်တောမြို့သို့ ဆေးကုသရန်သွားစဉ် ရွာ၏တောင်ဘက် တစ်မိုင်ခန့်အကွာ ဒုံးချောင်းတံတားအနီးတွင် ဆင်နင်းမိ၍ သေဆုံးသွား |
ငပလီမှ ၄ ရက်ကြာ ပျောက်ဆုံးနေသည့် စိတ်မနှံ့သူအမျိုးသားအလောင်း ချောင်းတစ်ခုအတွင်းတွေ့ Posted: 01 Dec 2020 07:49 AM PST နိရဥၥရာ၊ ဒီဇင္ဘာ ၁/ ၂ဝ၂ဝရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ရပ်ကွက်တစ်ခုမှ ၄ ရက်ကြာ ပျောက်ဆုံးနေသည့် စိတ်မနှံ့သူအမျိုးသားတစ်ဦး၏ အလောင်းကို ယနေ့နေ့လယ် ၁ နာရီခန့်က ချောင်းတစ်ခုအတွင်း သေဆုံးလျက်တွေ့ရှိကြောင်း သတင်းရရှိသည်။၎င်းသူမှာ ကိုသက်ပိုင်ထွန်း(ခ) ကိုကုလား (၃၂)နှစ်ဖြစ်သည်။၎င်းသည် လွန်ခဲ့သည့် နိုဝင်ဘာ ၂၈ ရက်နေ့ နံနက်က ငပလီမြို့ နတ်ရေကန်ရပ်ကွက်ရှိနေအိမ်မှ ပျောက်ဆုံးသွားခြင်းဖြစ်ကာ ယနေ့တွင် |
ကိုဗစ် ရောဂါကူးစက်မှုတွေကြောင့် သီရိလင်္ကာမှာ ထောင်ဆူပြီး လူ ၈ ယောက်သေ Posted: 30 Nov 2020 10:48 AM PST သီရိလင်္ကာက ထောင်တစ်ထောင်မှာ ဆူပူမှုဖြစ်ပွားပြီး အကျဥ်းသားတွေနဲ့ အစောင့်တပ်ဖွဲ့တွေကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၈ ယောက် အနည်းဆုံး သေဆုံးပြီး ၅၂ယောက်ဒဏ်ရာ ရခဲ့တယ်လို့ တာဝန်ရှိတဲ့သူတွေက အတည်ပြုပါတယ်။အကျဥ်းထောင်တွေအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုတွေ တိုးလာနေတာကြောင့် သူတို့ကို စောစောလွှတ်ပေးဖို့နဲ့ ပိုကောင်းတဲ့ အသုံးအဆောင်ပစ္စည်းတွေ ဖြည့်ဆည်းပေးဖို့ အကျဥ်းသားတွေက |
လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူမီးရှိူ့ပြသူ နှစ်ဦးကို အရေးယူ Posted: 30 Nov 2020 10:41 AM PST လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူများကို မီးရှို့ပြကာ ဈေးရောင်းခဲ့သူ နှစ်ဦးကို ရဲတပ်ဖွဲ့က ရှာဖွေ ဖော်ထုတ်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။ဖြစ်စဉ်မှာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၇ ရက် နေ့လည် ၁ နာရီခန့်က Biggest Shopping & Retail စာမျက်နှာတွင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့မှ တိုက်ရိုက် Live လွှင့်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တရားဝင်ထုတ်လုပ်ထားသော ကျပ်ငွေ |
ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၅.၂၈ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ Posted: 30 Nov 2020 10:48 AM PST [ကွင်းဆက်အရ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီးရမိ]မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၉ နာရီခွဲအချိန်ခန့်တွင် နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေးလမ်း၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ကျောက်မဲမြို့ဘက်မှ မန္တလေးမြို့ဘက်သို့ ကံဌေးမောင်းနှင်ပြီးသိန်းဇော် လိုက်ပါလာသည့် CANTER အမျိုးအစား မော်တော်ယာဉ်ဖြင့် |
ကျန်းမာရေးဝန်ထမ်း ၅၀၀ ကျော် ကိုဗစ်ကူးစက် Posted: 30 Nov 2020 10:36 AM PST ရန်ကုန်မြို့ရှိ Quarantine စင်တာတခုမှာတွေ့ရတဲ့ ကျန်မာရေးဝန်ထမ်းများ။ (မေ ၁၆၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ အတည်ပြုလူနာတိုးလာတဲ့အထဲ ကျန်းမာရေးဝန်ထမ်းတွေပါ ပါလာနေပြီး၊ အများစုက ကပ်ရောဂါကုသရေးပိုင်း တာဝန်ထမ်းဆောင်နေသူတွေဖြစ်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးပါမယ်။ကပ်ရောဂါ ကူးစက်မှုတွေ အများဆုံး ကြုံနေရတဲ့ ရန်ကုန်တိုင်း အပါအဝင် နေ့စဉ် အတည်ပြုလူနာ ၁,၅၀၀ |
ကိုဗစ်ထိန်းချုပ်သတ်မှတ်ချက်တွေ လိုက်နာဖို့ ဆရာဝန်တွေ တိုက်တွန်း Posted: 30 Nov 2020 10:34 AM PST COVID-19 ကုသရေးဌာန၊ ဖောင်ကြီးရှိအထူးကြပ်မတ်ကုသဆောင်တွင် လူနာများကိုကုသမှုပေးနေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - MHSM - နိုဝင်ဘာ ၂၆၊ ၂၀၂၀)ကိုဗစ် ၁၉ ကူးစက်သူ ၉၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂,၀၀၀ လောက်အထိ ဖြစ်လာနေတဲ့ မြန်မာနိုင်ငံမှာ ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်သူကို ပညာပေးတာအပြင် အရေးပေါ် အမိန့်ထုတ်ပြန်ချက်တွေကို မလိုက်နာသူတို့ကို အရေးယူမှုတွေနဲ့ တင်းတင်းကျပ်ကျပ် ကြပ်မတ်ဆောင်ရွက်သင့်ပြီလို့ ဆေး |
အောက်စဖို့တက္ကသိုလ် နောက်ခံပြု ကိုဗစ်ကာကွယ်ဆေး ပုံစံထုတ်သူ အမျိုးသမီးပါမောက္ခ ဒေါက်တာ ဆာရာဂီးလ်ဘတ် Posted: 30 Nov 2020 10:31 AM PST ငှက်ဖျားရောဂါရဲ့ မျိုးဗီဇကို လေ့လာတဲ့ ပညာရပ်ဆိုင်ရာ အလုပ်တစ်ခုကို လုပ်ကိုင်ရာကနေ ငှက်ဖျားရောဂါ ကာကွယ်ဆေး ထုတ်တဲ့အပိုင်းကို စလုပ်ဖြစ်သွားတဲ့ ဒေါက်တာ ဂီးလ်ဘတ်ယူကေနိုင်ငံက အောက်စဖို့ တက္ကသိုလ်နဲ့ အက်စရာ ဇနက်ကာ ဆေးကုမ္ပဏီတို့ ပူးပေါင်း ဖော်ထုတ်နေတဲ့ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ပုံစံထုတ်သူတွေထဲမှာ အမျိုးသမီး ပါမောက္ခ ဒေါက်တာ ဆာရာ ဂီးလ်ဘတ်လည်း အပါအဝင် ဖြစ်ပါတယ်။အောက်စဖို့ ကိုဗစ် |
မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ခံရသူ စုစုပေါင်း ကိုးသောင်းကျော် ထိရှိလာ Posted: 30 Nov 2020 10:28 AM PST နိုဝင်ဘာလ ၃၀ ရက် တန်ဆောင်မုန်းလပြည့်ကျော်တစ်ရက်နေ့ ရန်ကုန်မြို့လယ်က မဟာဗန္ဓုလပန်းခြံကို လာရောက် လည်ပတ်သူများမြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက်ဟာ နိုဝင်ဘာလ ၃၀ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ချက်အရ ကိုးသောင်းကျော် ရှိလာပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန တရားဝင်ထုတ်ပြန်ချက်တွေအရ သိရပါတယ်။နိုဝင်ဘာလ ၃၀ ရက်နေ့ မှာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ တစ်ထောင့်နှစ်ရာကျော် ထပ်တွေ့ခဲ့တာ ဖြစ် |
မဲရုံစောင့် ပညာရေးဝန်ထမ်းတချို့ တရားစွဲခံရ Posted: 30 Nov 2020 10:25 AM PST ၂၀၂၀ ရွေးကောက်ပွဲအတွက် နေပြည်တော်ရှိ မဲရုံတခုမှာ မဲများရေတွက်နေကြတဲ့ မဲရုံတာဝန်ရှိသူများ။ (နိုဝင်ဘာ ၀၈၊ ၂၀၂၀)မဲရုံမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ပညာရေးဝန်ထမ်းတချို့ မဲမသမာမှုနဲ့ ရွေးကောက်ပွဲမှာ မမှန်မကန်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ အကြောင်းပြောပြပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက သတင်းပေးပို့ထားပါတယ်။နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ |
ကိုဗစ်ကင်း အထောက်အထားတုနဲ့ ယာဉ်မောင်းတချို့ တွေ့ရှိ Posted: 30 Nov 2020 10:23 AM PST အောက်တိုဘာလ ၆ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့မှာ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို COVID -19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပေးပြီး ကိုဗစ်ကင်းရှင်းကြောင်း ထုတ်ပေးနေတဲ့ မြင်ကွင်း။ (အောက်တိုဘာ ၀၆၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေချိန်မှာပဲ ရောဂါပိုးကင်းရှင်းကြောင်း အထောက်အထား စာရွက်စာတမ်းအတု ကိုင်ဆောင်သူ ယာဉ်မောင်းတချို့ကို နေပြည်တော်မှာ တွေ့ရှိခဲ့တာကြောင့် |
ဆိပ်ဖြူ မြို့နယ်၌ အမျိုးသမီးတစ်ဦး အနော်ရထာတံတားပေါ်မှ ခုန်ချမှုဖြစ်ပွား Posted: 30 Nov 2020 10:21 AM PST ဆိပ်ဖြူ နိုဝင်ဘာ ၃၀ မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ်တွင် ချောက်-ဆိပ်ဖြူ အနော်ရထာတံတားပေါ်မှ နိုဝင်ဘာ ၃ဝ ရက် နံနက် ၉နာရီ ၄၅ မိနစ်ခန့်က အမျိုးသမီးတစ်ဦးခုန်ချမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ချောက်ဆိပ်ဖြူ အနော်ရထာတံတားအလယ် P-6 နှင့် P-7 ကြားတွင် ဆိုင်ကယ်ရပ်၍ တံတားပေါ်မှ အမျိုးသမီးတစ်ဦး ဧရာဝတီမြစ်ထဲသို့ ခုန်ချသွားကြောင်း ခရီးသွားပြည်သူတစ်ဦးက အနော်ရထာတံတားထိပ် ရဲကင်း ကိုဗစ်(၁၉) ရောဂါ ကာကွယ် |
စစ်ကိုင်းမြို့တွင် လင်မယားချင်းစကားများရာမှ လူသတ်မှုဖြစ်ပွား Posted: 30 Nov 2020 10:51 AM PST စစ်ကိုင်း နိုဝင်ဘာ ၃၀ စစ်ကိုင်းမြို့၊ပန်းဘဲတန်းရပ်ကွက်တွင် လင်မယားချင်းစကားများရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းမြို့မရဲစခန်းက သိရသည်။ဖြစ်စဉ်မှာ နိုဝင်ဘာ ၃၀ ရက် နံနက် ၁၀ နာရီခွဲခန့်က စစ်ကိုင်းမြို့၊ပန်းဘဲတန်းရပ်ကွက်နေ ဦးထွန်းထွန်းဝင်း (ခ)ဦးတိုး (၅၁)နှစ် နှင့် ၎င်း၏ ဇနီးဖြစ်သူ မလဲ့လဲ့ဝင်း (၄၈)နှစ် တို့ စကားများပြီး ခင်ပွန်းဖြစ်သူအား အိမ်သုံးဟင်းလှီးဓားဖြင့် ထိုးမည်ဟု ကြိမ်းဝါး |
Posted: 30 Nov 2020 10:14 AM PST နိုဝင်ဘာ ၃၀ ရက် ၂၀၂၀သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်အတွင်း မိုင်းဖုန်းဆရာတော် တရားကျင့်ကြံနေသည့် မိုင်းကျက်ဂူ သို့ သွားခဲ့သည့်သူများ နီးစပ်ရာ ကျန်းမာရေး ဌာနသို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားရန် အသိပေးထားသည်။မိုင်းကျက်ဂူသို့ တာချီလိတ်မှ သွားခဲ့သူ တဦး တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိပြီး၊ထို့ကြောင့် နိုဝင်ဘာ (၂၆) မှ (၂၈) ရက်အတွင်း မိုင်းကျတ်ဂူသို့ သွားရောက်ခဲ့သူများ နီးစပ်သူများ ကျန်းမာရေး ဌာနထံ အ |
တောင်ကြီးတက္ကသိုလ် အမျိုးသမီးအဆောင်တွင် Quarantine ဝင်သည့် အမျိုးသမီး အတင်းအဓမ္မပြုကျင့်ခံရ Posted: 30 Nov 2020 10:11 AM PST သျှမ်းပြည်တောင်ပိုင်း တောင်ကြီးတက္ကသိုလ် တွင် Quarantin Center ဝင်နေသည့် အသက် ၃၃နှစ် အရွယ် အမျိုးသမီးတဦး ယမန်နေ့ (နိုဝင်ဘာ ၂၉ ) ည ၈နာရီခွဲ၌ အတင်းအဓမ္မပြုကျင့်ခံရကြောင်း သတင်းရရှိသည်။ဖြစ်စဉ်မှာ တောင်ကြီးမြို့ ကျောင်းကြီးစုရပ် တောင်ကြီး တက္ကသိုလ်ဝန်းရှိ နန်းဝတီ အမျိုးသမီးဆောင် Quarantine Center တွင် ယမန်နေ့ ည ၈နာရီခွဲ တွင် အသက် (၃၃) အရွယ် အမျိုးသမီး ဘုရားရှိခိုးနေစဉ် အမည်မသိ အမျိုးသားတဦးက ဝင်လာ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.