Thursday, December 24, 2020

သစ်ထူးလွင်

သစ်ထူးလွင်


အမေရိကန် လူဦးရေတိုးနှုန်း ကျဆင်း

Posted: 23 Dec 2020 10:26 AM PST

နယူးယောက်မြို့မှာတွေ့ရတဲ့ လမ်းသွားလမ်းလာတချို့။ (နိုဝင်ဘာ ၁၆၊ ၂၀၂၀)ပြီးခဲ့တဲ့ နှစ်ပေါင်း ၁၂၀ အတွင်း အမေရိကန်ပြည်ထောင်စုရဲ့ လူဦးရေ တိုးတက်မှုနှုန်းဟာ ၂၀၁၉ နဲ့ ၂၀၂၀ ခုနှစ်မှာ အနိမ့်ဆုံးနှုန်း ထိရောက်လာပါတယ်။ လူဦးရေ ၃၂၉ သန်းကျော်ရှှိတဲ့ အမေရိကန်နိုင်ငံမှာ လူဦးရေ တိုးတက်မှုနှုန်းက ၂၀၁၉ ဇူလိုင်လကနေ ၂၀၂၀ ဇူလိုင်လအတွင်း ၀.၃၅% နဲ့ လူဦးရေစုစုပေါင်း ၁.၁ သန်းပဲ တိုးလာတာကို အမေရိကန် သန်းခေါင်စာရင်းဗျူရိုရဲ့

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်မျိုးစိတ်သစ်ကြောင့် ရောဂါစမ်းသပ်မှု ပုံစံပြောင်းလဲစရာ မလိုသေး

Posted: 23 Dec 2020 10:24 AM PST

WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့သတင်းစာရှင်းလင်းပွဲဗြိတိန်နိုင်ငံမှာ နောက်ဆုံး တွေ့ရှိခဲ့တဲ့ ဗီဇဖွဲ့စည်းပုံဆင့်ကဲပြောင်းလဲလာတဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်က လက်ရှိ အသုံးပြုနေတဲ့COVID 19 ရောဂါ စမ်းသပ် စစ်ဆေးမှု၊ ဆေးဝါး ကုသမှုနဲ့ ကာကွယ်ဆေးတွေအပေါ်မှာ သိသိသာသာ အပြောင်းအလဲဖြစ်လောက်အောင်သက်ရောက်မှု မရှိဘူးလို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့(WHO) က ပြောပါတယ်။တစ်ချို့ ဗီဇဖွဲ့စည်းပုံဆင့်ကဲပြောင်းလဲမှုတွေက ပရိုတိန်း

ထိုင်းမှာ ဆိုင်ကယ်တိုက်ခံရတဲ့ ဆင်ပေါက်လေးတစ်ကောင်ကို နှလုံးနှိုးဆွ သူနာပြုနည်းနဲ့ အသက်ကယ်နိုင်ခဲ့

Posted: 23 Dec 2020 10:22 AM PST

လမ်းဖြတ်ကူးတဲ့ ဆင်ပေါက်လေး ဆိုင်ကယ်တိုက်ခံရတာကို ကယ်ဆယ်နိုင်ခဲ့ထိုင်းမှာ ကားလမ်းဖြတ်ကူးနေတုန်း ဆိုင်ကယ်အတိုက်ခံရလို့ မေ့မျောနေတဲ့ ဆင်ပေါက်လေး တစ်ကောင်ဟာ သူ့အနီးအနားကို ရောက်လာတဲ့ လူတစ်ယောက်က နှလုံးနှိုးဆွ CPR လုပ်ပေးပြီး အကူအညီပေးခဲ့တဲ့အတွက် အသက်ရှင်နိုင်ခဲ့ပါတယ်။ဆင်ပေါက်လေးကို အသက်ရှင်အောင်လုပ်ပေးနိုင်ခဲ့သူ မာနာ ဆရီဗက်တီဟာ အရေးပေါ် အသက်ကယ် ကျန်းမာရေးဝန်ထမ်းတစ်ယောက်ဖြစ်ပြီး အားလပ်ရက်မှာ ခရီးသွား

ထိုင်းရောက် တရားမဝင်အလုပ်သမားတွေကို ဝန်ကြီးချုပ် အပြစ်တင်

Posted: 23 Dec 2020 10:20 AM PST

ထိုင်းရောက် တရားမဝင်အလုပ်သမားတွေကို ဝန်ကြီးချုပ် အပြစ်တင် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ။  Photo: AFPထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြန်လည်ပြန့်ပွားလာတာဟာ တရားမဝင်အလုပ်သမားတွေကြောင့်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဒီကနေ့ အပြစ်တင်ပြောဆိုလိုက်ပါတယ်။ ဒီလို တရားမဝင်အလုပ်သမား စေလွှတ်နေတဲ့သူတွေကိုလည်း ဖော်ထုတ်အရေးယူသွားမယ်လို့ ဒီကနေ့ ထိုင်းပြည်သူတွေကို ရုပ်မြင်သံကြားက တဆင့်

ထိုင်းက တရားမဝင်မြန်မာလုပ်သားတွေထဲ အလုပ်ရှင် နှင်ထုတ်ခံရသူတွေ ရှိလာ

Posted: 23 Dec 2020 10:18 AM PST

စမွတ်ပရာကမ်ခရိုင်ထဲက စွန်ပစ်ခံရတဲ့ တရားမဝင်မြန်မာတွေကို ဖမ်းဆီးနေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - Police - ဒီဇင်ဘာ ၂၃၊ ၂၀၂၀)ထိုင်းနိုင်ငံ စမွတ်ဆာခွန်းခရိုင်မှာ ကိုဗစ်ကပ်ရောဂါပိုးတွေ့တဲ့သူ ထောင်ဂဏန်းလောက်ရှိလာပြီးတဲ့နောက် အနီးအနားက ခရိုင်တခုဖြစ်တဲ့ စမွတ်ပရာကမ်ခရိုင်ထဲက မြန်မာ တရားမဝင်အလုပ်သမားတွေကို အလုပ်ရှင်တွေက လက်မခံတော့ဘဲ နှင်ထုတ်တာတွေရှိလာပါတယ် ဒီသတင်းကို တင်ဆက်ပေးလိုပါတယ်။ ဗွီအိုအေမြန်မာပိုင်း

မြန်မာ COVID-19 ကူးစက်သူပေါင်း ၁၁၈,၈၆၉ ယောက်၊ သေဆုံးသူ ၂,၅၀၇ ယောက်

Posted: 23 Dec 2020 10:16 AM PST

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၉၂၃ ယောက် ထပ်တိုးပြီး သေဆုံးသူက ၂၃ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။သေဆုံးသူတွေထဲမှာ ၇ ယောက်က ရောဂါအခံ မရှိသူတွေဖြစ်တယ်ဆိုတာ ထုတ်ပြန်ချက်အရ တွေ့ရပါတယ်။ဓာတ်ခွဲနမူနာပေါင်း ၂၃,၀၇၂ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုးကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့

ရခိုင်ပြည်နယ် မြေပုံမြို့နယ်က ဒုက္ခသည်စခန်းနှစ်ခုမှာ စားနပ်ရိက္ခာပြတ်လပ်နေ

Posted: 23 Dec 2020 10:15 AM PST

ရခိုင်ပြည်နယ် မြေပုံမြို့နယ်က စညှင်း၊ ကိုင်းကြီးစတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာ ပြတ်လပ်နေတာ ရက်ပေါင်းနှစ်ဆယ်ကျော်အထိရှိနေပြီလို့ စစ်ဘေးဒုက္ခသည်တွေနဲ့ ကူညီဆောင် ရွက်ပေးတဲ့သူတွေက RFA ကို ပြောပါတယ်။အဲဒီစညှင်း၊ ကိုင်းကြီးစစ်ဘေးဒုက္ခသည်စခန်းမှာ မြေပုံမြို့နယ်က ကမ်းနီ၊ ကံ့ကော်ချောင်း၊ ကြက်ဟင်းခါး၊ အင်ကြင်း၊ ဒလ၊ စညှင်း၊ လေသွန်စတဲ့ကျေးရွာတွေက ဒေသခံ ၅၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ

ကချင်ဒုက္ခသည်စခန်းမှာ ဆယ်စုနှစ်တစ်ခု နီးပါး နေထိုင်ခဲ့သူတွေ နေရပ်ပြန်နိုင်တော့မည်

Posted: 23 Dec 2020 10:12 AM PST

ဒုက္ခသည်စခန်းမှာ ကိုးနှစ်ကြာနေထိုင်ခဲ့ရတဲ့ ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးမောက်၊ ပူတာအို မြို့နယ်တွေက အိမ်ထောင်စု ၆၀၀ကျော်က စစ်ဘေးဒုက္ခသည် ၃၀၀၀ ကျော်ဟာ လာမယ့် ၂၀၂၁ ခုနှစ်နှစ်ဆန်းပိုင်းမှာ နေရပ်ပြန်ခွင့်ရတော့မှာပါ။ဒုက္ခသည်တွေ မူလနေရပ်ပြန်ရေးအတွက် အစိုးရ၊ KHCC၊ KBC တို့ပူးပေါင်းဆောင်ရွက် နေတာဖြစ်ပါတယ်။တပ်မတော်ဘက်ကလည်း လက်ရှိမှာ ရွာတွေအတွင်း မြေမြှုပ်မိုင်းရှင်းလင်းရေးတွေ ဆောင်ရွက်ပေးနေပါ

ကိုဗစ် - တောင်အာဖရိက ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သစ် ယူကေမှာတွေ့

Posted: 23 Dec 2020 10:10 AM PST

ကူးစက်မှု ပိုမြန်ဆန်တဲ့ နောက်ထပ် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်မှု နှစ်ခုကို ယူကေမှာ တွေ့ရတယ်လို့ ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့က ပြောပါတယ်။အဲဒီကူးစက်ခံရသူ နှစ်ဦးလုံးဟာ တောင်အာဖရိကနိုင်ငံကို ခရီးသွားခဲ့ကြသူတွေ ဖြစ်ပြီး အဲဒီနိုင်ငံမှာက ကူးစက်မှု ရုတ်တရက် မြင့်တက်စေတဲ့ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သစ်ကို တွေ့ရှိနေတာ ဖြစ်ပါတယ်။အခုတော့ တောင်အာဖရိကနဲ့ ခရီးသွားလာမှုတွေ တားမြစ်ချက်တွေ ထုတ်ပြန်

ကိုဗစ် - မြန်မာ အိန္ဒိယဆီက ဝယ်တဲ့ ကိုဗစ် ကာကွယ်ဆေး ဘယ်အချိန် အစောဆုံးရမလဲ

Posted: 23 Dec 2020 10:09 AM PST

ကာကွယ်ဆေးကိုစောင့်ရင်း ကိုဗစ်နဲ့အတူယှဉ်တွဲနေထိုင်ပြီး လုပ်ငန်းတွေ ပြန်စဖို့ အစိုးရက တိုက်တွန်းထားအိန္ဒိယကနေ မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေးဝယ်မယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီဇင်ဘာ ၂၂ ရက်မှာ တရားဝင်ထုတ်ပြန်လိုက်ပါတယ်။ကိုဗစ်ကာကွယ်ဆေးရဖို့ မြန်မာက သံတမန်နည်းလမ်းနဲ့ ချိတ်ဆက်ဆောင်ရွက်နေတာဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ Serum Institute of India က COVID-19 ကာကွယ်ဆေးတွေကို မြန်မာနိုင်ငံက ဝယ်ယူလို

သမ္မတရုံးဝန်ထမ်း ရှစ်ဦး ကိုဗစ်ကူးစက်၊ နောက်ဆက်တွဲ ၈၀ ကျော် ဆေးစစ်မည်

Posted: 23 Dec 2020 10:06 AM PST

သမ္မတရုံးဝန်ထမ်း ရှစ်ဦး ကိုဗစ်ကူးစက်၊ နောက်ဆက်တွဲ ၈၀ ကျော် ဆေးစစ်မည် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုတွေ့ရစဉ်။ Photo: RFAသမ္မတရုံး ဝန်ထမ်း ရှစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းထောက်တွေကို ဒီကနေ့ အတည်ပြုပြောလိုက်ပါတယ်။နေပြည်တော်က လွှတ်တော်ရုံးဝန်ထမ်း သုံးဦး ပိုးကူးစက်ခံထားရတာတွေ့ရှိပြီးနောက် ဆက်လက်စစ်ဆေးရာမှာ သူတို့နဲ့ အဆောင်အတူနေတဲ့ သမ္မတရုံး

ကိုရိုနာကပ်ဘေးအတွင်း သံဃာတွေ ဆွမ်းကွမ်းလျော့နည်း၊ အွန်လိုင်း သာသနာ တိုးတက်

Posted: 23 Dec 2020 10:05 AM PST

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် သံဃာတော်တွေအနေနဲ့ ဆွမ်းကွမ်းနည်းပါးခြင်း အလှူအတန်း ဘာသာရေး အခမ်းအနားတွေ ရပ်ထားရခြင်းစတဲ့ အခက်အခဲတွေကို ရင်ဆိုင်ကြုံနေရပါတယ်။ တပြိုင်နက်မှာပဲ သံဃာတော်တွေဟာ အင်တာနက် လူမှုမီဒီယာကို အသုံးပြုပြီး သာသနာပြုလုပ်ငန်းတွေကို အရင်ကထက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။ကိုရိုနာဗိုင်းရပ်စ်ဟာ လူသားအားလုံးရဲ့ နေ့စဉ်ဘဝတွေကို အရာရာပြောင်းလဲလိုက်ပါပြီ။ မြန်မာ

မင်းပြားမြို့တွင် မီးလောင်မှုဖြစ်ပွားပြီး အနီးအနားအိမ်များသို့ မီးကူးလောင်နေ

Posted: 23 Dec 2020 09:55 AM PST

နိရဥၥရာ၊ ဒီဇင္ဘာ ၂၃ / ၂၀၂၀ (ည ၇ နာရီ ၅ မိနစ္) ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ အလယ်ပိုင်းရပ်ကွက်တွင် ယနေ့ ညနေ ၆ နာရီခွဲအချိန်ခန့်က ကုန်စုံဆိုင် တစ်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၎င်းမီးမှာ အနီးအနားနေအိမ်များသို့ ကူးစက်လောင်နေသည်ဟု သတင်းရရှိသည်။စမီးလောင်သည့် ကုန်စုံဆိုင်မှာ အလယ်ပိုင်းရပ်ကွက်မှ ဦးမောင်ဖြူချေကုန်စုံဆိုင်မှ ဖြစ်ကြောင်း မင်းပြားမြို့ခံ ကိုစိုးနိုင်က ပြောသည်။" မီးက အရမ်းလောင်နေတယ်။

သက်ငယ်မုဒိမ်းကျူးလွန် သတ်ဖြတ်သူကို SSPPတပ် က သေနတ်ပစ်၊သေဒဏ်ချမှတ်

Posted: 23 Dec 2020 09:53 AM PST

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် အတွင်း အသက် (၆)နှစ်အရွယ် မိန်းကလေးကို သက်ငယ်မုဒိမ်းပြုကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားကို SSPP/SSA မှ သေဒဏ်ချမှတ်လိုက်ကြောင်း စုံစမ်းသိရသည်။ယခုလ (၉ )ရက် ညနေပိုင်းတွင် သီပေါမြို့နယ် ဝမ်နောက်ကျေးရွာ အုပ်စု ဝမ်နွက်ရွာ တွင် အသက် (၆)နှစ် အရွယ် မိန်းကလေးငယ်သည်နေအိမ်မှ ပျောက်ဆုံးခဲ့ရာ၊ ရွာသားများက လိုက်လံရှာဖွေခဲ့ကာ ဒီဇင်ဘာ (၁၁)ရက် နေ့လည်ပိုင်းတွင် ရွာနောက်ပိုင်းရှိ

မြန်မာ ကိုဗစ်လူနာ ကုသပုံစံပြောင်းဖို့ ရှေ့ပြေးစီမံကိန်းတစ်ခုပြင်ဆင်နေ

Posted: 23 Dec 2020 09:50 AM PST

ရန်ကုန်မြို့ Quarantine Center တခုအပြင်ဘက်တွင်တွေ့ရသည့် PPE ဝတ်စုံဝတ် ပရဟိတလုပ်သားများ။ (အောက်တိုဘာ ၁၂၊ ၂၀၂၀)မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်သူတွေ ပြုစုစောင့်ရှောက်တဲ့ နည်းလမ်းကို လက်ရှိလုပ်နေတဲ့ပုံစံကနေ ပြောင်းလဲပြီး နေအိမ်မှာပဲ ထားပြီး ကုသပေးသွားဖို့ ရှေ့ပြေးစီမံကိန်းတစ်ခု ပြင်ဆင်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက ပြောပြပါမယ်။ကိုဗစ်ကူးစက်မှု တည်ငြိမ်တဲ့အနေအထား ရောက်လာပြီ

မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် ငယ်ရွယ်သူတွေ ပိုသတိထားဖို့ လို

Posted: 23 Dec 2020 09:48 AM PST

နိုဝင်ဘာ ၈ ရက်နေ့က ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲပေးဖို့ တန်းစီနေကြသူများ။ (နိုဝင်ဘာ ၀၈၊ ၂၀၂၀)ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ်ဟာ ကလေးငယ်တွေနဲ့ လူငယ်တွေမှာ ပိုပြီးကူးစက်မှုများလာ တဲ့အတွက် သတိထားဖို့လိုအပ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးတဲ့ အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။ဗြိတိန်မှာ တွေ့ရတဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ်ဟာ ကလေးတွေမှာ

အယုံလွယ်သူများထံမှ ငွေကြေးလိမ်လည်ရယူသူ နိုင်ငံခြားသားများပါဝင်ပတ်သက်သည့်ဂိုဏ်း ဖော်ထုတ်ဖမ်းဆီးရမိ

Posted: 23 Dec 2020 09:44 AM PST

အယုံလွယ်သူများထံ ယုံကြည်အောင်ပြောဆို၍ Online မှတစ်ဆင့် ဆက်သွယ်ပြီး ဘဏ်သို့ ငွေလွှဲစေကာ MPU ကတ်များ အသုံးပြုပြီး လိမ်လည်ရယူသူ နိုင်ငံခြားသားများပါဝင်ပတ်သက်သည့် ဂိုဏ်းတစ်ခုအား ဖော်ထုတ် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မန္တလေးမြို့နေ၊ Tin Yan Naing Facebook Account သို့ Eve Garden Facebook Account အသုံးပြုသည့် အမျိုးသမီးတစ်ဦးမှ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၈ ရက်နေ့တွင် စတင်မိတ်ဖွဲ့ လာခဲ့ပြီး

သပိတ်ကျင်းမြို့နယ် ဆင်မွှေးကျေးရွာတွင် အမျိုးသမီးတစ်ဦး အများသုံးရေကန် အသုံးပြုရာမှ သေဆုံးမှုဖြစ်ပွား

Posted: 23 Dec 2020 09:33 AM PST

သပိတ်ကျင်း ဒီဇင်ဘာ ၂၃မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် အုံးဇုံးကျေးရွာအုပ်စု ဆင်မွှေးကျေးရွာတွင် အမျိုးသမီးတစ်ဦးသည် ကျေးရွာအတွင်းရှိ အများသုံးရေကန်အတွင်းမှ ရေအားအသုံးပြုမိရာမှ ဒီဇင်ဘာ ၂၁ရက်က သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဆင်မွှေးကျေးရွာမှ အမျိုးသမီးတစ်ဦးသည် ကျေးရွာအတွင်းရှိ အများသုံးရေကန်အတွင်းမှ ရေအားအသုံးပြုအဆိပ်သင့်ကာ သေဆုံးသွားကြောင်း သတင်းရရှိသဖြင့် တာဝန်ရှိ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.