Thursday, December 3, 2020

သစ်ထူးလွင်

သစ်ထူးလွင်


အမေရိကန် ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူအိုရုံတွေ ကိုဗစ်ကာကွယ်ဆေး အရင်ထိုးပေးမယ်

Posted: 02 Dec 2020 07:12 AM PST

California ပြည်နယ် Burbank မြို့မှာ တွေ့ရတဲ့ ဆေးရုံဝန်ထမ်းများ။ (နိုဝင်ဘာ ၁၉၊ ၂၀၂၀)အမေရိကန်မှာ COVID-19 ရောဂါကာကွယ်ဆေး အတည်ပြုချက်ရပြီဆိုတာနဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူအိုရုံမှာ နေထိုင်သူတွေကို ဦးစားပေးထားပြီး အရင်ဆုံး ထိုးပေးဖို့ အမေရိကန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန CDC အကြံပေးကော်မတီက အင်္ဂါနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။အမေရိကန်မှာ COVID-19 ကူးခံရသူ စံချိန်တင်တိုးလာချိန်မှာ ကျန်းမာရေးဝန်ထမ်း

Pfizer ကုမ္ပဏီထုတ် COVID-19 ကာကွယ်ဆေး ဗြိတိန်မှာ သုံးခွင့်ပြုလိုက်ပြီ

Posted: 02 Dec 2020 07:10 AM PST

Pfizer ကုမ္ပဏီထုတ် "COVID-19 ကာကွယ်ဆေး" လို့ တံဆိပ်ကပ်ထားတဲ့ ပုလင်းတချို့။ (နိုဝင်ဘာ ၁၇၊ ၂၀၂၀)အမေရိကန်ဆေးကုမ္ပဏီ Pfizer က ထုတ်လုပ်နေတဲ့ COVID-19 ကာကွယ်ဆေးကို ဗြိတိန်နိုင်ငံမှာ အရေးပေါ် အသုံးပြု၊ ခွင့်ပြုလိုက်ပြီဖြစ်တဲ့အတွက် လာမယ့် သီတင်းပတ်အစောပိုင်းလောက်မှာ ကာကွယ်ဆေး စထိုးနိုင်တော့မှာ ဖြစ်ပါတယ်။"ဆေးထွက်ပြီဆိုတာနဲ့ အခြေအနေတွေ ပိုကောင်းလာမယ်လို့ ပြောနိုင်ပါပြီ။ နောက်တပတ်ကစပြီး လုပ်ငန်းစတင်မှာပါ။

ဒီမိုကရေစီရေး လှုပ်ရှားသူ လူငယ်ခေါင်းဆောင် ဂျိုရှုဝါ ဝေါင်း အပါအဝင် သုံးဦး ထောင်ဒဏ်ချမှတ်ခံရ

Posted: 02 Dec 2020 07:08 AM PST

ဂျိုရှုဝါ ဝေါင်း အပါအဝင် ထောင်ဒဏ်ချမှတ်ခံရတဲ့ လူငယ် ၃ ဦးပြီးခဲ့တဲ့နှစ်က ‌ဟောင်ကောင်မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့မှုနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ လူငယ်ခေါင်းဆောင် ဂျိုရှုဝါ ဝေါင်း အပါအဝင် လူငယ် သုံးဦးကို ဒီဇင်ဘာ ၂ ရက်မှာ ထောင်ဒဏ် အသီးသီးချမှတ်လိုက်ပါတယ်။အဲ့ဒီ ဆန္ဒပြပွဲတွေဟာ ဥပဒေနဲ့မညီတဲ့ လူစုလူဝေး ပြုလုပ်မှုတွေဖြစ်ပြီး သူတို့သုံးဦးဟာ အပြစ်ရှိကြောင်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဗီယက်နမ်မှာ ဆင်ဆာဖြတ်နေတာ ဖေ့စ်ဘုတ်နဲ့ ဂူဂဲလ် အားပေးနေတယ်လို့ စွပ်စွဲ

Posted: 02 Dec 2020 07:05 AM PST

ဗီယက်နမ်မှာ ဆင်ဆာဖြတ်နေတာကို ဖေ့စ်ဘုတ်က အားပေးနေတယ်လို့ စွပ်စွဲဗီယက်နမ်အစိုးရက ဆင်ဆာဖြတ်နေတာတွေကို ဖေ့စ်ဘုတ်နဲ့ ဂူဂဲလ်က ကြံရာပါအနေနဲ့ အကူအညီ အားပေးတာတွေ လုပ်နေတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့က စွပ်စွဲလိုက်ပါတယ်။အာဏာပိုင်တွေကို ဝေဖန်တဲ့ အကြောင်းအရာတွေကို ပိတ်ပင် ဖြုတ်ချနေတာဟာ သိသာဆိုးရွားတဲ့ အား‌ပေးမှုတစ်ရပ်လို့ နည်းပညာ ကုမ္ပဏီကြီးနှစ်ခုကို စွပ်စွဲလိုက်ပြီး အဲ့ဒါကို သူတို့အဖွဲ့ရဲ့ ထုတ်

ကိုဗစ်ကူးစက်မှုနည်းတဲ့ဒေသတွေ ခရီးသွားလုပ်ငန်းပြန်စဖို့ ပြင်ဆင်နေ

Posted: 02 Dec 2020 07:03 AM PST

ပုဂံရှေးဟောင်းစေတီပုထိုးများ။ (ဓာတ်ပုံ - Ministry of Hotel and Tourism - မှတ်တမ်းဓာတ်ပုံ)မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် ရပ်ဆိုင်းထားရတဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်နိုင်ဖို့ စီစဉ်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က ပြောပြပေးပါမယ်။ကိုဗစ်ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းတွေ အပါအဝင် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားတာ ၈ လလောက် အကြာမှာတော့ ကူးစက်မှုအန္တရာယ်

ရတနာနတ်မယ် ကွယ်လွန်သွားပြီ

Posted: 02 Dec 2020 07:01 AM PST

၂၀၁၅ ခုနှစ်က တွေ့ရသည့် ရတနာနတ်မယ်။ (ဓာတ်ပုံ Courtesy)မြန်မာနိုင်ငံရဲ့ အာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းရဲ့ စတုထ္ထမြောက်ဇနီးဖြစ်သူ ရတနာနတ်မယ် ခေါ် June Rose Bellamy ဟာ အီတလီနိုင်ငံ၊ Florence မြို့မှာ အင်္ဂါနေ့ကကွယ်လွန်သွားကြောင်း သားဖြစ်သူ Michele က ဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။ကွယ်လွန်ချိန်မှာ အသက် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ရတနာနတ်မယ် ကွယ်လွန်ရတဲ့ အကြောင်းရင်း အတိအကျနဲ့ နာရေးအစီအစဉ် အသေးစိတ်

ရွေးကောက်ပွဲအထောက်အထားတွေကို ကူးယူခွင့်မရှိကြောင်း ကော်မရှင် ညွှန်ကြား

Posted: 02 Dec 2020 06:57 AM PST

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက်မရှိဘဲ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းတွေ၊ အမှတ်အသားအထောက်အထားတွေကို မည်သည့်အဖွဲ့အစည်း၊ မည်သူတစ်ဦးတစ်ယောက်ကိုမှ ကူးယူခွင့်မပြုဖို့ ကော်မရှင်က ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဒီဇင်ဘာ ၁ ရက် မနေ့က ညွှန်ကြားခဲ့ပါတယ်။ဒီလိုညွှန်ကြားချက်ဟာ လူတွေသိရှိပိုင်ခွင့်ကို ကန့်သတ်သလိုဖြစ်တာကြောင့် ရွေးကောက်ပွဲစောင့်ကြည့်သူ တွေကတော့ ဝေဖန်နေကြပါတယ်။ပြည်ထောင်စု

မဲရုံစောင့် တာဝန်ကျသူကို တရားစွဲမှု ဆရာများအဖွဲ့ ကန့်ကွက်

Posted: 02 Dec 2020 06:56 AM PST

ရွေးကောက်ပွဲမှာ တိုင်းနဲ့ ပြည်နယ်အသီးသီးက မြို့နယ် ၇၀ လောက်မှာ တာဝန်ကျခဲ့တဲ့ ဆရာ၊ ဆရာမ ၁၀၀ နီးပါးကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP) အပါအဝင်၊ အခြားပါတီတွေ၊ တသီးပုဂ္ဂလတွေနဲ့ ကျေနပ်မှုမရှိတဲ့ ပြည်သူတွေက ရွေးကောက်ပွဲ ဥပဒေတွေနဲ့ တရားစွဲဆိုတာတွေ ရှိတယ်လို့ အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂက ပြောပါတယ်။ရွေးကောက်ပွဲ ဥပဒေကိုချိုးဖောက်ခဲ့တယ်ဆိုပြီး တရားစွဲဆိုထားတာလို့ အခြေခံပညာ ပညာရေး လုပ်သားများသမဂ္ဂက

မိုင်းယန်းပြည်သူများ တာချီလိတ်မှပြန်လာပါက Facility Quarantine ဝင်ရမည်

Posted: 02 Dec 2020 06:48 AM PST

ဒီဇင်ဘာ ၁ရက် ၂၀၂၀သျှမ်းပြည်အရှေ့ပိုင်း မိုင်းယန်းပြည်သူများအနေဖြင့် တာချီလိတ်မြို့ မှ ပြန်လာသူတိုင်း Facility Quarantine ဝင်ရမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ တာချီလိတ်မြို့တွင် ကိုဗစ်- ၁၉ ကူးစက်မှူနှုန်းမြင့်တက်လာသဖြင့် မိုင်းယန်းမြို့ပြည်သူများ အရေးကြီးကိစ္စမရှိပါက တာချီလိတ်သို့ မသွားကြရန် ယမန်နေ့ ( ဒီဇင်ဘာ ၁ရက်) တွင်  မိုင်းယန်းမြို့နယ် အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ကြေညာခဲ့သည်။" တာချီလိတ်ကနေပြီး

ကျောက်မဲမြို့ Quarantine စင်တာ တခုတွင် အပြင်လူ ခိုးဝင်မှုဖြစ်ပွား

Posted: 02 Dec 2020 06:46 AM PST

ဒီဇင်ဘာ ၂ရက် ၂၀၂၀သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင်  Quarantine တခုတွင် အပြင်လူ ခိုးဝင်လာမှု ရှိကြောင်း းစုံစမ်းသိရှိရသည်။ ထိုသိုခိုးတွေ့မှုသည် ယမန်နေ့ ဒီဇင်ဘာ ၁ ရက်နေ့ ညနေပိုင်းအချိန်တွင် Quarantine  center ဝင်နေသည့် အမျိုးသား တဦးထံ အပြင်လူတဦးက  အုတ်တံတိုင်းကျော်လာပြီးခိုးဝင်တွေ့ခဲ့ကြောင်းနှင့် ထိုခိုးဝင်လာသူကို ညတွင်းချင်းဖမ်းမိပြီး အမှူဖွင့်ထားကြောင်းသိရသည်။ " အပြင်ကလူတစ်ယောက်က အတွင်းထဲ

နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို (၃၁-၁၂-၂၀၂၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃:၅၉) နာရီအထိ ယာယီကန့်သတ်

Posted: 02 Dec 2020 06:44 AM PST

မြန်မာနိုင်ငံအတွင်း COVID- 19 ရောဂါကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးဆောင်ရွက်ရာတွင် နိုင်ငံတကာမှ လေကြောင်းခရီးစဉ်များဖြင့် ခရီးသည်များ ဝင်ရောက်လာမှုကို ကန့်သတ်ထိန်းချုပ်နိုင်ရေးမှာ များစွာအရေးပါသဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက (၂၉-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.