သစ္ထူးလြင္ |
- ဟဲဟိုးဆေးရုံမှာ တပ်စွဲတာကို ကန့်ကွက်ဆန္ဒပြသူတွေ အဖမ်းခံရ
- မြန်မာအကြမ်းဖက်ဖြေရှင်းမှုချက်ခြင်း ရပ်ဖို့ အမေရိကန်ထပ်မံတိုက်တွန်း
- Golden Land East Asia Development (ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်) ဟာ Mytel နှင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ကြေငြ
- ရန်ကုန်မြို့ ကျောက်မြောင်း ဩဘာလမ်းထိပ်က အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို ဒီကနေ့ နေ့လယ်ပိုင်းက မျက်ရည်ယိုဗုံးတွေသုံးပြီး ဖြိုခွင်းခဲ့ပါတယ်။
- ကျိုက်ထို Golden Palace ဟိုတယ်မှာ ရန်ကုန်က ဆေးကျောင်းသား ၁၁ ဦး ဖမ်းဆီးခံရ
- ကရင်ပြည်နယ် ဖားအံမြို့နယ် မိဇံကျေးရွာတွင် ယနေ့မတ်လ ၉ရက်ညနေ ၄နာရီမှ ၆နာရီအထိ ဒေသခံလူထုများ စစ်အာဏာသိမ်းဆန့်ကျင်ကန့်ကွက်ဆန္ဒပြသည့်ပုံရိပ်
- မုံရွာ၊ယင်းမာပင်၊ကနီနှင့်အရာတော်မြို့နယ်အတွင်းမှ ကျေးရွာများ၏ ညပိုင်းမီးထွန်းဆုတောင်းပွဲမြင်ကွင်းများ
- မုံရွာစည်ပင်မှ CDMဝင် ဝန်ထမ်းတစ်ဦး ဖမ်းခံရ
- နော်ဝေနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး နှင့် မေးမြန်းချက် အပိုင်း (၃)
- ထားဝယ် ကရပ်ပြင်လမ်းဆုံမှာရှိတဲ့ နာရေး အသင်းရုံးခန်းကို အကြမ်းဖက်သများ၀င်ရောက်စီးနင်း နေစဥ်
- စမ်းချောင်းက ညက အဖမ်းခံရပြီး ပြန်လွတ်သူ ၃၅ ဦး အထိရှိလာ
- ထားဝယ်မှာ ဒီနေ့ ညနေပိုင်းပစ်ခတ်ဖြိုခွင်းနေ
- မကွေးဝန်ကြီးချုပ် ရုံးချိန်း မတ် ၂၃ ရက်နေ့ကို ထပ်မံချိန်းဆို
- NLD ပါတီဝင်နောက်တစ်ဦး ဖမ်းဆီးစဉ်သေဆုံး
- Mizzima ရုံးခန်း ဝင်ရောက်စီးနင်းခံရ
- နွေဦးတော်လှန်ရေးသူရဲကောင်း ဇင်မင်းထက်ရဲ့နောက်ဆုံးခရီး
- ၀န်ထမ်းတစ်ဦး CDMတွင် ပါ၀င်သည့်အတွက် ဟိုတယ်နှင့် ခရီးသွား လာရေး ညွန်ကြားမှု ဦးစီးဌာန မှ လစာပေးမှု ရပ်ဆိုင်းကြောင်း စာထုတ်။
- ဒေါနအရှေ့ခြမ်းတွင် စစ်အာဏာရှင်တိုက်ဖျက်ရေး ဆန္ဒထုတ်ဖေါ်
- ကေအဲန်ယူ-သထုံခရိုင်၊ ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)တပ်မဟာ(၁)မှ ခရိုင်အတွင်းရှိ မြန်မာ့အာဏာသိမ်းတပ်မတော်၊ တပ်မ၊ တပ်ရင်းများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်
- စစ်တပ်အာဏာသိမ်းယူပြီး ၃၇ ရက်မြောက် ရန်ကုန်ဆန္ဒပြမှုများ ဆက်ဖြစ်ပွား
- CDM ပါဝင်လာတဲ့ ကယားရဲတပ်ဖွဲ့ဝင် ၁၈၀ ကျော်လာ
- ကျောက်ပန်းတောင်းသပိတ် ဖြိုခွင်းခံရ
- မန္တလေး မဟာအောင်မြေ NLD ရုံးကို ဝင်ပြီးပါတီဝင်တစ်ဦးကိုဖမ်းသွား
- သတင်းဌာန ငါးခုကို စစ်ကောင်စီ ထုတ်ဝေခွင့် ပိတ်သိမ်း
- KNU တပ်မဟာ ၁ နယ်မြေမှာ တိုက်ပွဲဖြစ်
ဟဲဟိုးဆေးရုံမှာ တပ်စွဲတာကို ကန့်ကွက်ဆန္ဒပြသူတွေ အဖမ်းခံရ Posted: 09 Mar 2021 09:01 AM PST ရှမ်းပြည်တောင်ပိုင်း ဟဲဟိုးဆေးရုံကို စစ်တပ်ကတပ်စွဲဖို့ လုပ်တာကို ကန့်ကွက်ဆန္ဒပြသူတွေ မတ်လ ၉ ရက်နေ့က ဖြိုခွင်းခံခဲ့ရပါတယ်။ကန့်ကွက်မှုမှာပါဝင်တဲ့ ဟဲဟိုးမြို့ က အမျိုးသား၂၀ ဦးနဲ့အမျိုးသမီး စုစုပေါင်း ၃၆ဦး အဖမ်းခံရတယ်လို့ သိရပါတယ်။လူစုခွဲဖို့ သတိမပေးဘဲကားပေါ်က ဆင်းဆင်းခြင်း အချက်(၂၀)ကျော် တန်းပစ်ပြီးဆန္ဒပြတဲ့ သူတွေကို ဖမ်းသွားခဲ့တာလို့လည်း မြို့ခံတွေကပြောပါတယ်။အဖမ်းခံရတဲ့ ၃၆ဦး ကို တောင်လေးလုံးထောင် |
မြန်မာအကြမ်းဖက်ဖြေရှင်းမှုချက်ခြင်း ရပ်ဖို့ အမေရိကန်ထပ်မံတိုက်တွန်း Posted: 09 Mar 2021 09:00 AM PST မန္တလေးမြို့ရှိ လမ်းတခုမှာတွေ့ရတဲ့ မြန်မာရဲတပ်ဖွဲ့ဝင်များနဲ့ စစ်သားများ။ (ဖေဖော်ဝါရီ ၂၆၊ ၂၀၂၁)မြန်မာနိုင်ငံမှာ အာဏာသိမ်းယူအုပ်ချုပ်နေသူတွေရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ပြည်သူတွေအပေါ် အင်အားသုံး နှိမ်နင်း၊ ဖမ်းဆီးမှုတွေ လုပ်နေပါတယ်။ ခုလို ပြည်သူတွေအပေါ် အကြမ်းမှုတွေကို ချက်ချင်းရပ်ရမယ်လို့ အမေရိကန်ပြည်ထောင်စုက ထပ်ပြီး ပြောကြားလိုက်ပါတယ်။အမေရိကန် နိုင်ငံခြားဌာနပြောခွင့်ရ Ned Price။အပြစ်မဲ့ အရပ်သားပြည် |
Posted: 09 Mar 2021 08:46 AM PST Golden Land East Asia Development (ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်) ဟာ Mytel နှင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ကြေငြာသွားပါပြီ။ ဦးဝင်းအောင် ဦးဆောင်တဲ့ Golden Land လုပ်ငန်းဟာ ၎င်းတို့ရဲ့ MNTH (မြန်မာနေရှင်နယ် တယ်လီကွန်းဟိုးလ်ဒင်းစ် ပတ်ဘလစ် ကုမ္ပဏီလီမိတက်) မှာ ပါဝင်ထားတဲ့ အစုရှယ်ယာများအား ပြန်နုတ်သွားပြီဖြစ်ကြောင်း Justice For Myanmar ကို အသိပေး ကြေငြာ |
Posted: 09 Mar 2021 08:42 AM PST မတ် ၉-၂၀၂၁ရန်ကုန်မြို့ ကျောက်မြောင်း ဩဘာလမ်းထိပ်က အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို ဒီကနေ့ နေ့လယ်ပိုင်းက မျက်ရည်ယိုဗုံးတွေသုံးပြီး ဖြိုခွင်းခဲ့ပါတယ်။Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာhttps://www.facebook.com/GoldenTriangleRegionalNews |
ကျိုက်ထို Golden Palace ဟိုတယ်မှာ ရန်ကုန်က ဆေးကျောင်းသား ၁၁ ဦး ဖမ်းဆီးခံရ Posted: 09 Mar 2021 08:39 AM PST မတ် -၉-၂၀၂၁ဆေးတက္ကသိုလ်(၁)ကျောင်းသား ကိုရှားထက်ပိုင် အပါအဝင် ဆေး(၁) ကျောင်းသား ၁၁ ဦးတို့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် Golden Palace ဟိုတယ်မှာ ဒီနေ့ မတ်လ ၉ ရက်နေ့ နေ့လယ်ပိုင်းက ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဝင်း ထံကနေ သိရပါတယ်။ရဲမှူးကျော်ဝင်းက "ကနေ့မွန်းတည့် ၁၂ နာရီခန့်မှာ ကျောင်းသားခေါင်းဆောင် ရှားထက်ပိုင် အပါအဝင် ကျောင်းသား ၁၁ ဦးဖမ်းဆီးရမိခဲ့တာပါ။ လက်တစ်လောတော့ ဖမ်းဆီး |
Posted: 09 Mar 2021 08:35 AM PST ကရင်ပြည်နယ် ဖားအံမြို့နယ် မိဇံကျေးရွာတွင် ယနေ့မတ်လ ၉ရက်ညနေ ၄နာရီမှ ၆နာရီအထိ ဒေသခံလူထုများ စစ်အာဏာသိမ်းဆန့်ကျင်ကန့်ကွက်ဆန္ဒပြသည့်ပုံရိပ်KIC - ကရင်သတင်းစဉ်https://www.facebook.com/KICNewsPage |
Posted: 09 Mar 2021 08:30 AM PST မုံရွာ၊ယင်းမာပင်၊ကနီနှင့်အရာတော်မြို့နယ်အတွင်းမှ ကျေးရွာများ၏ ညပိုင်းမီးထွန်းဆုတောင်းပွဲမြင်ကွင်းများMonywa Gazettehttps://www.facebook.com/monywagazette |
မုံရွာစည်ပင်မှ CDMဝင် ဝန်ထမ်းတစ်ဦး ဖမ်းခံရ Posted: 09 Mar 2021 08:27 AM PST မုံရွာ၊မတ် - ၉မုံရွာမြို့နယ်စည်ပင်မှ CDM ပြုလုပ်ထားသည့် အငယ်တန်းအင်ဂျင်နီယာ( SAE )ဦးစည်သူအောင် ယနေ့နေလည်ပိုင်းက ဖမ်းဆီးခံရကြောင်း တရားလွှတ်တော်ရှေ့နေ ဦးမိုးဇော်ထွန်းကပြောသည်။ ၄င်းကို မုံရွာမြို့မရဲစခန်းတွင်အချုပ်ဖြင့်ထားရှိထားပြီး ပုဒ်မ ၅၀၅-ကဖြင့်တရားစွဲဆိုထားသည်။" CDMလုပ်တဲ့သူဖြစ်လို့ ရုံးခေတ္တလာပါဆိုပြီးခေါ်တယ်။ နေ့လည်နှစ်နာရီလောက်က တခါတည်းဖမ်းပါတယ်။" ဟု ၎င်း၏အရေးကို လိုက်ပါကူညီနေသူကပြောသည် |
နော်ဝေနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး နှင့် မေးမြန်းချက် အပိုင်း (၃) Posted: 09 Mar 2021 08:25 AM PST ဒေါ်အောင်ဆန်းစုကြည်ကို လွတ်မြောက်စေလိုပါသလား။Bistands Aktuelt သတင်းထောက် Espen Røst က တွေ့ဆုံမေးမြန်းထားတာပါ။အာဏာသိမ်းတဲ့ညမှာပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ လွှတ်တော်ကိုယ် စားလှယ်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူတွေ အဖမ်းခံရပါတယ်။ ဖေဖော်ဝါရီ ၁ ကစလို့ လူပေါင်း ၂,၀၀၀ နီးပါး အဖမ်းခံထားရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သင့်ပါသလားလို့ သံအမတ်ကြီး |
ထားဝယ် ကရပ်ပြင်လမ်းဆုံမှာရှိတဲ့ နာရေး အသင်းရုံးခန်းကို အကြမ်းဖက်သများ၀င်ရောက်စီးနင်း နေစဥ် Posted: 09 Mar 2021 08:24 AM PST (၉/၃/၂၀၂၁)ထားဝယ် ကရပ်ပြင်လမ်းဆုံမှာရှိတဲ့ နာရေး အသင်းရုံးခန်းကို အကြမ်းဖက်သများ၀င်ရောက်စီးနင်း နေစဥ်Burma News Networkhttps://www.facebook.com/burmanewsnetwork |
စမ်းချောင်းက ညက အဖမ်းခံရပြီး ပြန်လွတ်သူ ၃၅ ဦး အထိရှိလာ Posted: 09 Mar 2021 08:14 AM PST မတ်လ ၈ ရက် မနေ့ညကစမ်းချောင်းမှာ အဖမ်းခံရတဲ့သူတွေထဲက ချမ်းသာလမ်းထိပ် အိမ်တစ်အိမ်မှာ အဖမ်းခံရတဲ့ ၈ဦး၊ နောက်အိမ်တစ်အိမ်က၅ဦး၊ သူ အကူအညီပေးခဲ့ သူ ၁၃ ဦးနဲ့ နောက် ရှေ့နေတစ်ဦး အကူအညီပေးနေတဲ့၂၂ဦး အားလုံးစုစုပေါင်း၃၅ဦးကိုအင်းစိန်ထောင်ကနေသက်ဆိုင်ရာမြို့နယ်ရဲစခန်းတွေကနေ တစ်ဆင့်ပြန်လွှတ်ပေးလိုက်တယ်လို့ အကူညီပေးနေသူ မတင်ဇာဦးက ဘီဘီစီကို အတည်ပြုပါတယ်။BBC Burmesehttps://www.bbc.com/burmese/live/burma-56331237 |
ထားဝယ်မှာ ဒီနေ့ ညနေပိုင်းပစ်ခတ်ဖြိုခွင်းနေ Posted: 09 Mar 2021 08:13 AM PST ထားဝယ်မှာ ဒီနေ့ ညနေပိုင်း ကစပြီး မြို့အနှံ့ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ် မှုတွေလုပ်နေတယ်လို့ ထားဝယ်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။ပစ်ခတ်မှုဖြစ်တဲ့နေရာတွေဟာ သပိတ်စခန်းတွေ အနီးက မြို့လယ်က ရုပ်ရှင်ရုံ၊ တရုတ်ဘုံကျောင်း ၊ပရဟတိလုပ်တဲ့နေရာတွေ ဖြစ်ပြီး အဲ့ဒီနေရာတွေမှာ တပ်က နေရာဝင်ယူတဲ့နေတဲ့ အတွက် ကန့်ကွက်ရာကနေ ပစ်ခတ်မှုတွေဖြစ်တယ်လို့လည်း သူကပြောပါတယ်။ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ ရှိတယ်လို့ သိရပေမဲ့ |
မကွေးဝန်ကြီးချုပ် ရုံးချိန်း မတ် ၂၃ ရက်နေ့ကို ထပ်မံချိန်းဆို Posted: 09 Mar 2021 08:10 AM PST မကွေးဝန်ကြီးချုပ် ရုံးချိန်း မတ် ၂၃ ရက်နေ့ကို ထပ်မံချိန်းဆို မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုကို ၂ဝ၁၉ ခုနှစ် မေလ ၂၄ ရက်နေ့က တွေ့ရစဉ် / Photo: RFAမကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုရဲ့ ရုံးချိန်းကို မကွေးမြို့နယ် တရားရုံးမှာ ဒီနေ့ (မတ် ၉ ရက်နေ့ မှာ) ဗီဒီယို အွန်လိုင်းစနစ်နဲ့ လုပ်ခဲ့တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင်က ပြောပါတယ်။" ဒေါက်တာ |
NLD ပါတီဝင်နောက်တစ်ဦး ဖမ်းဆီးစဉ်သေဆုံး Posted: 09 Mar 2021 08:09 AM PST NLD ပါတီဝင်နောက်တစ်ဦး ဖမ်းဆီးစဉ်သေဆုံး ရန်ကုန်၊ ရွှေပြည်သာမြို့နယ် NLD ပါတီဝင် ဦးဇော်မြတ်လင်း။ Photo: Citizen Journalistရန်ကုန်၊ ရွှေပြည်သာမြို့နယ် NLD ပါတီဝင် ဦးဇော်မြတ်လင်း သေဆုံးတဲ့အကြောင်း ရဲစခန်းက လူကိုယ်တိုင် သတင်းလာပို့ခဲ့တယ်လို့ ဇနီးဖြစ်သူ ဒေါ်ဖြူဖြူဝင်းက RFA ကို ပြောပါတယ်။စုအသက်မွေးဝမ်းကျောင်းသိပ္ပံ (ရွှေပြည်သာ)တာဝန်ခံ ဦးဇော်မြတ်လင်းဟာ မတ်လ ၈ ရက် မနေ့ညက ဖမ်းဆီးခံခဲ့ရတာပါ။ဦးဇော်မြတ်လင်း |
Mizzima ရုံးခန်း ဝင်ရောက်စီးနင်းခံရ Posted: 09 Mar 2021 08:00 AM PST သျှမ်းသံတော်ဆင့်၊ မတ် ၉ ရက် ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် Star City အိမ်ရာဝင်းရှိ Mizzima မီဒီယာရုံးခန်းကို ရဲနှင့်စစ်တပ်က ယနေ့ (မတ် ၉) ရက်ညနေပိုင်းတွင် ဝင်ရောက်စီးနင်း ရှာဖွေမှုများ ပြုလုပ်ကာ ပစ္စည်းများကို ဖျက်ဆီးခြင်း၊ သိမ်းယူခြင်းများ ပြုလုပ်ခဲ့သည်။ စစ်ကောင်စီ၏ ပြန်ကြားရေး ဝန်ကြီးဌာနက Mizzima အပါအဝင် ပြည်တွင်း ပုဂ္ဂလိက မီဒီယာ ၅ ခုကို ထုတ်ဝေခွင့် ရုတ်သိမ်းကြောင်း ယမန်(မတ် ၈ရက်) ညပိုင်းတွင် |
နွေဦးတော်လှန်ရေးသူရဲကောင်း ဇင်မင်းထက်ရဲ့နောက်ဆုံးခရီး Posted: 09 Mar 2021 07:58 AM PST "သားရေ မေမေစကားပြောနေတယ်လေ ထကြည့်ပါအုန်း"လို့ ရုပ်အလောင်းရဲ့ ဘေးမှာ အော်ပြောနေတဲ့ အမျိုးသမီးရဲ့ မျက်နှာဟာ မျက်နှာသစ်ထားသလိုပင် မျက်ရည်တွေနဲ့စိုရွှဲနတယ်။သူ့ရဲ့ဝမ်းနည်းပူဆွေးမှုဟာ လမ်းပင်မလျှောက်နိုင်တော့ပဲ ရုတ်တရက် သတိလစ်သွားချင်နေတဲ့ စိတ်ကို မနည်းစိတ် ထိန်းနေရသလိုပင်။မောင်ဇင်မင်းထက်(ခ)ဖိုးလုံးရဲ့ အမေနှင့် ဆွေမျိုးသူငယ်ချင်းများ လာရောက်နှုတ်ဆက် ဂုဏ်ပြုသူများကို ကြည့်ရင်း သေဆုံးသူနဲ့ ယခင်က သိကျွမ်း |
Posted: 09 Mar 2021 07:53 AM PST ၀န်ထမ်းတစ်ဦး CDMတွင် ပါ၀င်သည့်အတွက် ဟိုတယ်နှင့် ခရီးသွား လာရေး ညွန်ကြားမှု ဦးစီးဌာန မှ လစာပေးမှု ရပ်ဆိုင်းကြောင်း စာထုတ်။Kachinwaveshttps://www.facebook.com/kachinwavesnews |
ဒေါနအရှေ့ခြမ်းတွင် စစ်အာဏာရှင်တိုက်ဖျက်ရေး ဆန္ဒထုတ်ဖေါ် Posted: 09 Mar 2021 07:49 AM PST ၉၊မတ်၊၂၀၂၁ဒူးပလာယာခရိုင်၊ကော့ကရိတ်မြို့နယ် ဒေါနအရှေ့ခြမ်းတွင် စစ်အာဏာရှင်တိုက်ဖျက်ရေး ဆန္ဒထုတ်ဖေါ်မှုကို ယနေ့ပြုလုပ်ခဲ့သည်။အာဏာရှင်စနစ်ဖျက်သိမ်းရေး၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးမတရားဖမ်းဆီးခံရသူများလွတ်မြောက်ရေးမဟာလူမျိုးကြီးဝါဒ အလိုမရှိလူမျိုးပေါင်းစုံ စည်းလုံးညီညွတ်ရေး တို့ကို အဓိကထား တောင်းဆိုခဲ့ကြသည်။Thoolei News - KNU -Department Of |
Posted: 09 Mar 2021 07:36 AM PST ၂၀၂၁၊ မတ်လ ၉ ရက်၊ သထုံခရိုင် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ သထုံခရိုင်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၁) မှ ၎င်းတို့ခရိုင်အတွင်းတပ်စွဲထားသော မြန်မာအာဏာသိမ်းတပ်မတော် (ခလရ-၂၀၄ တပ်ရင်း နှင့် ခလရ-၂၀၅ တပ်ရင်း) များအား နံနက် ၅းဝဝ အချိန်တွင်လည်းကောင်း၊(ခမရ-၁၁၈တပ်ရင်း) အားနံနက် ၇းဝဝ နာရီခန့်တွင်လည်းကောင်း၊ လေ့ကျင့်ရေး (၉) အလံတစ်ရာ) အား ၇း၄၅ မိနစ်တွင်လည်းကောင်း၊ (မြန်မာ့အာဏာသိမ်း |
စစ်တပ်အာဏာသိမ်းယူပြီး ၃၇ ရက်မြောက် ရန်ကုန်ဆန္ဒပြမှုများ ဆက်ဖြစ်ပွား Posted: 09 Mar 2021 06:50 AM PST မတ်လ ၉ ရက်နေ့ မြောက်ဥက္ကလာမြို့နယ် သပိတ်စစ်ကြောင်း မြင်ကွင်း။ (Credit Zeyar Htun)အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်းလိုက်တာ ဒီကနေ့ဆို ရက်ပေါင်း ၃၇ ရက် ရှိလာပါပြီ။ အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီးအရေးယူတာနဲ့ အကြမ်းဖက်နှိမ်နင်းတာတွေ ရှိနေတာကြောင့် ပျောက်ဆုံးသူနဲ့ သေဆုံးခဲ့သူတွေ များလာနေပေမဲ့ ရန်ကုန်မြို့က ဆန္ဒပြသပိတ်စစ်ကြောင်းတွေကတော့ ဆက်ရှိနေဆဲပါ။ |
CDM ပါဝင်လာတဲ့ ကယားရဲတပ်ဖွဲ့ဝင် ၁၈၀ ကျော်လာ Posted: 09 Mar 2021 06:48 AM PST ဖေဖော်ဝါရီ ၁၀ ရက်နေ့က CDM ပါဝင်လာတဲ့ ကယားပြည်နယ်က ရဲတပ်ဖွဲ့ဝင်များ။ (ဖေဖော်ဝါရီ ၁၀၊ ၂၀၂၁)ကယားပြည်နယ် လွိုင်ကော်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့ပွဲ ဒီကနေ့ ဖြိုခွင်းခံရမှုမှာ ထိခိုက်မှုတွေ ရှိနေသလို ဆန္ဒပြကာလကနေ ဒီကနေ့အထိ ရဲတပ်ဖွဲ့ဝင်စုစုပေါင်း ၁၈၀ လောက် CDM သပိတ်ထဲ ပူးပေါင်းပါဝင်လာတယ်လို့ သပိတ်ကော်မီတီတွေကပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် ကိုနိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။ |
ကျောက်ပန်းတောင်းသပိတ် ဖြိုခွင်းခံရ Posted: 09 Mar 2021 06:46 AM PST ကျောက်ပန်းတောင်းသပိတ် ဖြိုခွင်းခံရဒီကနေ့ မတ်လ၉ရက် ကျောက်ပန်းတောင်း ဆန္ဒပြပွဲ ဖြိုခွင်းခံခဲ့ရချိန် အဖမ်းခံခဲ့ရတဲ့ ၆ဦးထဲက ၃ဦးပြန်လွတ်လာပြီလို့သိရပါတယ်။ သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့လို့ ၃ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ကျောက်ပန်းတောင်း မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။ကျောက်ပန်းတောင်း သပိတ်ဖြိုခွဲခံရမှူ နောက်ဆက်တွဲသတင်းတွေကိုလည်း ဘီဘီစီက ဆက်လက်ဖေါ်ပြပေးသွားပါမယ်။BBC Burmesehttps://www.bbc.com/ |
မန္တလေး မဟာအောင်မြေ NLD ရုံးကို ဝင်ပြီးပါတီဝင်တစ်ဦးကိုဖမ်းသွား Posted: 09 Mar 2021 06:45 AM PST MPAမန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ ၃၅လမ်းနဲ့ ၃၆ လမ်းကြား ( ၈၉ ) လမ်းမပေါ်ရှိ NLD ရုံးကို မှန်တံခါး နဲ့ CCTV ကင်မရာတွေကို ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ပါတီ၀င်တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဘီဘီစီက သတင်းရရှိပါတယ်။BBC Burmesehttps://www.bbc.com/burmese/live/burma-56331237 |
သတင်းဌာန ငါးခုကို စစ်ကောင်စီ ထုတ်ဝေခွင့် ပိတ်သိမ်း Posted: 09 Mar 2021 06:43 AM PST စစ်ကောင်စီက ထုတ်ဝေခွင့်တွေ ပိတ်သိမ်းလိုက်ပေမယ့် ပြည်သူတွေ သတင်းမှန်ရဖို့အတွက် ဆက်ပြီးရေး သားတင်ပြဖြန့်ချိသွားမယ်လို့ လုပ်ပိုင်ခွင့်အပိတ်ခံရတဲ့ မီဒီယာ ငါးခုထဲက အများစုက ဒီနေ့ ကြေညာလိုက် ပါတယ်။Mizzima၊ DVB၊ 7 Days၊ Myanmar Now နဲ့ ခေတ်သစ် သတင်းဌာနတွေကို ထုတ်ဝေခွင့်ပိတ်သိမ်းတဲ့ အကြောင်း မနေ့က ကြေညာလိုက်တာဖြစ်ပါတယ်။ အဲဒီသတင်းဌာနတွေဟာ မီဒီယာ အမျိုးအစား တစ်ခုခုကိုအသုံးပြုပြီး ဒါမှမဟုတ် နည်းပညာတစ်ခုခု |
KNU တပ်မဟာ ၁ နယ်မြေမှာ တိုက်ပွဲဖြစ် Posted: 09 Mar 2021 06:41 AM PST KNU တပ်မဟာ ၁ နယ်မြေမှာ တိုက်ပွဲဖြစ် ကရင်ပြည်နယ် ဖာပွန်မြို့နယ်၊ မဲဝိုင်ရွာအနီးမှာ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထွက်ပြေးနေရတဲ့ ကရင်ရွာသားတွေကို တွေ့ရစဉ် / Photo: CJကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) နယ်မြေမှာ တပ်နဲ့ KNU/ KNLA တပ်ကြား မတ်လ ၉ ရက်နေ့ ဒီနေ့မှာ တိုက်ပွဲဖြစ်နေတယ်လို့ KNU သထုံခရိုင်အတွင်းရေးမှူး ပဒိုစောစိုးမြင့် ကပြောပါတယ်။KNU တပ်မဟာ (၁) နယ်မြေဖြစ်တဲ့ ဘားအံ၊ သထုံနဲ့ ကျိုက် |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.