သစ္ထူးလြင္ |
- တောင်ကြီးမှာ ညပိုင်းပစ်ခတ်မှုတွေရှိနေ
- မတ္တရာက စကျင်ကျေးရွာမှာ စစ်ကောင်စီတပ်တွေ တစ်အိမ်တက်ဆင်းနဲ့ လူ ၄၀ ကျော်ဖမ်းသွား
- တောင်ကိုရီယား၊ ဂျပန်နဲ့ နိုင်ငံတကာရောက်မြန်မာများရဲ့ဆန္ဒပြပွဲ
- ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်မှုတွေရပ်ဖို့ ပြည်ပရောက် မြန်မာတွေတောင်းဆို
- ရန်ကုန်မြို့၊မဂ်လာတောင်ညွန့် ၉၁ လမ်း ၅ လွှာမှပြုတ်ကျသေဆုံးသည့်ချင်းအမျိုးသမီးကိုအရေးပေါ်ကူညီကယ်ဆယ်ရေးကားဖြင့်သယ်ဆောင်သွားသည့်ဗီဒီယိုမှတ်တမ်း
- ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံး ထုတ်ပြန်ချက်
- မြစ်ကြီးနားတွင် စစ်ကောင်စီ၏ ညွှန်ကြားချက်များ လိုက်နာသည့် ပညာရေး၀န်းထမ်းများအား လူမှုရေးပြစ်ဒဏ်ပေးသည့် စာရွက်များကပ်ထား
- မုံရွာ ယနေ့ပစ်ခတ်မှု ၁ ဦးသေ၊၅ ဦးကျည်ထိ၊ ဗိုက်မှန်သောလူငယ် အသက်လုနေရ
- မြန်မာစစ်တပ်အရာရှိနှစ်ဦးအခြားအဆင့်နှစ်ဦးသတ်ခံရမှု ရွာသားလေးဦးဖမ်းဆီး
- မြန်မာစစ်တပ်ကို ဆန်ရိက္ခာထောက်ပံ့ခြင်းမရှိလို့ ထိုင်းဗိုလ်ချုပ်ငြင်းဆို
- CDM ဝန်ထမ်းတွေကို နေအိမ် ကနေ မတ် ၂၅ ရက်နေ့ နောက်ဆုံးထားဖယ်ခိုင်း
- မန္တလေး အောင်ပင်လယ် ပစ်ခတ်မှု တစ်ဦးသေ
- သုခကာရီအသင်းက မရွှေမှုန်နဲ့ အသင်းသား နှစ်ယောက် အဖမ်းခံလိုက်ရ
- စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်မှု မုံရွာမှာ တစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ
- အလုပ်နေရာနှင့်နစ်နာမှုများအတွက် အာမခံချက်ပေးမည်ဖြစ်ကြောင်း ကြေညာခြင်း
- အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်မှု နှင့် ပတ်သက်၍ အသိပေးကြေညာခြင်း
- မြန်မာပြည်က လူသတ်ပွဲကို ဥပေက္ခာပြုတဲ့ ကနေဒါ ပါမောက္ခ ရာထူးက ဖယ်ရှားခံရ
- ထိုင်းနိုင်ငံ လုံခြုံရေးစစ်တပ်မှ မြန်မာစစ်ကောင်စီ တပ်မတော်အတွက် ရိက္ခာတင်ပို့သည့် လမ်းကြောင်းကို ကရင်အမျိုးသားတပ်မတော် (KNU )က ဖြတ်တောက်ထားသဖြင့် သံလွင်မြစ်မှ တဆင့် ပို့ဆောင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်းသိရသည်။
- ညသပိတ်မှာ ပေါင်ရင်းကျည်မှန်တဲ့အမျိုးသမီးကို ဖမ်းခေါ်သွားပြီးနောက် မနက်ပိုင်းမှာသေဆုံး
- ပဲခူး ပစ်ခတ်မှု ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရ
- လှိုင်သာယာမှာ ပိုင်ရှင်မဲ့အလောင်း ရှစ်လောင်း သင်္ဂြိုဟ်ခဲ့ရ
- လုံခြုံရေးကောင်စီကို အာခံနေတဲ့ မြန်မာစစ်တပ်ကို အရေးယူဖို့ ကုလအတွင်းရေးမှူးချုပ် ဆော်ဩ
တောင်ကြီးမှာ ညပိုင်းပစ်ခတ်မှုတွေရှိနေ Posted: 21 Mar 2021 08:40 AM PDT ဒီနေ့ မတ်လ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက တောင်ကြီးမြို့ ရတနာသီရိရပ်ကွက်တွင်းက အိမ်တစ်အိမ်ကို လုံခြုံရေးတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့သလို ညပိုင်းမှာ စစ်ကောင်စီတပ်တွေက ပစ်ခတ်ဖြိုခွင်းနေပါတယ်။ဒေသခံတွေက မတ်လ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက ရိုက်ကူးထားတဲ့ရုပ်သံတွေမှာတော့ ရဲတပ်ဖွဲ့ဝင်တွေက အိမ်ထဲက လူတွေကိုဆွဲထုတ်လာကာ ဝိုင်းပြီး တုတ်နဲ့ ရိုက်နှက်နေတာကိုလည်းတွေ့ရပါတယ်။အဲ့ဒီတောင်ကြီးမြို့မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ |
မတ္တရာက စကျင်ကျေးရွာမှာ စစ်ကောင်စီတပ်တွေ တစ်အိမ်တက်ဆင်းနဲ့ လူ ၄၀ ကျော်ဖမ်းသွား Posted: 21 Mar 2021 08:38 AM PDT မန္တလေးတိုင်းမတ္တရာမြို့နယ်၊ စကျင်ကျေးရွာမှာ CDM ဝင်တဲ့ ဝန်ထမ်းတွေကိုလာဖမ်းတဲ့အပေါ် လူထုကလက်မခံပဲ စုရုံးလာတာကြောင့် စစ်တပ်၊ ရဲတပ်ဖွဲ့တို့နဲ့လူထုထိပ် တိုက်တွေ့ကာရဲနဲ့စစ်တပ်တို့က လူထုကိုဖြိုခွဲခဲ့ပါတယ်။ဖြိုခွဲအပြီး တစ်အိမ်တက်ဆင်း လိုက်လံဖမ်းဆီးသွားလို့ စကျင်ကျေးရွက လူ ၄၀ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။ဖမ်းဆီးသွားသူတွေကို ခေါ်ဆောင်သွားတဲ့နေရာအတိအကျကိုလည်း အခုချိန်ထိ မသိရသေး |
တောင်ကိုရီယား၊ ဂျပန်နဲ့ နိုင်ငံတကာရောက်မြန်မာများရဲ့ဆန္ဒပြပွဲ Posted: 21 Mar 2021 08:36 AM PDT တောင်ကိုရီးယားနိုင်ငံ မြန်မာစစ်သံရုံးရှေ့ ဆန္ဒပြပွဲ၊ (ဓာတ်ပုံ-ဝတ်ရည်/မတ် ၂၁၊ ၂၀၂၁)မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ပြည်သူတွေအပေါ် အကြမ်းဖက်နှိမ်နှင်းနေတာကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံစုံမှာ ဆက်ပြီး ပြုလုပ်နေကြပါတယ်။ တောင်ကိုရီးယားနိုင်ငံ Seoul မြို့တော်အပြင် ဘူဆန်မြို့ နဲ့ဒေဂျွန်မြို့တွေမှာလည်း မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး တောင်းဆိုဆန္ဒပြပွဲတွေ ဒီနေ့လုပ်ခဲ့ကြပါတယ်။တောင်ကိုရီး |
ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်မှုတွေရပ်ဖို့ ပြည်ပရောက် မြန်မာတွေတောင်းဆို Posted: 21 Mar 2021 08:35 AM PDT DC ဆန္ဒပြပွဲ ( ဓါတ်ပုံ - ဦးခင်မောင်စိုးမင်း VOA )မြန်မာနိုင်ငံတွင်း ဆန္ဒပြနေသူတွေနဲ့ အရပ်သားပြည်သူတွေကို စစ်တပ်နဲ့ရဲက အခုရက်ပိုင်းအတွင်း အကြမ်းဖက်နှိမ်နင်းမှုတွေ များလာတာကြောင့် ဒီလုပ်ရပ်တွေကို အမြန်ဆုံးရပ်တန့်စေဖို့နဲ့ တာဝန်ရှိသူတွေကို နိုင်ငံတကာက ထိရောက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ဖို့ အမေရိကန် ကနေဒါနဲ့ ဂျပန်နိုင်ငံတွေမှာ ပုံသဏ္ဍာန်မျိုးစုံနဲ့ ဆန္ဒပြ တိုက်တွန်းကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က |
Posted: 21 Mar 2021 08:26 AM PDT ရန်ကုန်မြို့၊မဂ်လာတောင်ညွန့် ၉၁ လမ်းမှာရှိတဲ့ we love yangon ပရဟိတအဖွဲ့ကို ဒီကနေ့ နေ့လည်ခင်း ၁၁ နာရီခွဲလောက်က ရဲနဲ့စစ်တပ်အင်အား အများအပြားဝင်ရောက်စီးနင်းပြီးတော့ we love yangon ရဲ့ရုံးတံခါးတွေဖျက်ဆီးပြီးရုံးခန်းထဲဝင်ရောက်ပြီး ပြည်သူတွေကလှူဒါန်းထားတဲ့ပစ္စည်းတွေကို ယူဆောင်သွားတဲ့အပြင် စတင်စီးနင်းဝင်ရောက်စဥ်မှာပဲ သေနတ်တွေပစ်ဖောက်ခြောက်လှန့်ခဲ့တဲ့အတွက် we love yangon ရုံးခန်းရှိတဲ့ တိုက်အပေါ်ထပ်ငါး |
ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံး ထုတ်ပြန်ချက် Posted: 21 Mar 2021 08:14 AM PDT Mutraw District statementThoolei News - KNU -Department Of Informationhttps://www.facebook.com/KNUDOIHQ/ |
Posted: 21 Mar 2021 08:06 AM PDT မတ်၊၂၁မြစ်ကြီးနားမြို့တွင် စစ်ကောင်စီ၏ ညွှန်ကြားချက်များကို လိုက်နာနေသည့် ပညာရေးဝန်ထမ်းများအား လူမှုရေးပြစ်ဒဏ်ပေးခြင်း စာရွက်များကို ကပ်နှံထားသည်ကိုတွေ့ရသည်။အဆိုပါစာရွက်များတွင် အာဏာသိမ်းစစ်ကောင်စီ၏ညွှန်ကြားချက်များကိုလိုက်နာပြီး ရုံးတက်နေသည့်ဝန်ထမ်းများနှင့် CDM လုပ်ဆောင်နေသည့်ပညာရေးဝန်ထမ်းများအားဖိအားပေးခြိမ်းခြောက်နေသည့် ပညာရေးဝန်ထမ်းများ၏အမည်များအား ဖော်ပြထားသည်။အထက်ပါ စာရွက်များအား အထက (၁)၊ |
မုံရွာ ယနေ့ပစ်ခတ်မှု ၁ ဦးသေ၊၅ ဦးကျည်ထိ၊ ဗိုက်မှန်သောလူငယ် အသက်လုနေရ Posted: 21 Mar 2021 08:03 AM PDT ဓာတ်ပုံ-နန္ဒဝန်ရပ်ကွက်မှ ဦးခေါင်းထိမှန်ကျဆုံးသူအား အရေးပေါ်ခေါ်ဆောင်လာစဉ် မုံရွာ၊မတ်-၂၁စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ရဲနှင့်စစ်တပ်မှ တရစပ်ပစ်ခတ်ရာ ၁ ဦးသေဆုံးပြီး ၅ ဦးကျည်မှန် ဒဏ်ရရထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။နံနက်၁၀နာရီကျော်က ရဲနှင့်စစ်တပ်မှ နန္ဒဝန်ရပ် ဗိုလ်တေဇ လမ်းအားရှင်း၍ ဝင်ရောက်ရာ ပြည်သူများနှင့် ထိပ်တိုက်တွေ့ကာ ပစ်ခတ်မှုဖြစ်ပြီး ကိုမင်းမင်းဇော် (၂၇)နှစ် ဦးခေါင်းကျည်ထိမှန် |
မြန်မာစစ်တပ်အရာရှိနှစ်ဦးအခြားအဆင့်နှစ်ဦးသတ်ခံရမှု ရွာသားလေးဦးဖမ်းဆီး Posted: 21 Mar 2021 07:37 AM PDT ချောက်အတွင်းပျက်ကျနေသောတပ်မတော်ကား။ ဓါတ်ပုံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရှမ်းပြည်နယ်(တောင်ပိုင်း) နယ်မြေခံတပ်ရင်းက အရာရှိ ၂ ဦး၊ အခြားအဆင့် ၂ ဦး ပေါင်း (၄) ဦးတို့ကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖယ်ခုံမြို့နယ်ကရွာသား (၄) ဦးကို အရေးယူထားတဲ့အကြောင်း ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။အုပ်ချုပ်မှုကိစ္စဆောင်ရွက်ဖို့ မော်တော်ယာဉ်နဲ့လာတဲ့မြန်မာစစ်တပ်အရာရှိ (၂) ဦးအပါဝင် (၄)ဦး |
မြန်မာစစ်တပ်ကို ဆန်ရိက္ခာထောက်ပံ့ခြင်းမရှိလို့ ထိုင်းဗိုလ်ချုပ်ငြင်းဆို Posted: 21 Mar 2021 07:35 AM PDT မြန်မာနဲ့နယ်စပ်ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်မှာ ထိုင်းလုံခြုံရေးတပ်ဖွဲ့ကင်းလှည့်နေစဉ်။ (မတ်၊ ၁၈၊၂၁။)မြန်မာစစ်တပ်ကို ထိုင်းက ဆန်ရိက္ခာထောက်ပံ့နေတယ်ဆိုတာ မဟုတ်ဘူးလို့ ထိုင်းစစ်တပ်က ငြင်းဆန်လိုက်ပါတယ်။ ထိုင်းမြန်မာနယ်စပ်က မြန်မာတပ်ဖွဲ့တွေအတွက် ထိုင်းစစ်တပ်က ဆန်အိတ် ၇၀၀ ကို ထိုင်းအစိုးရအမိန့်အရ ပေးခဲ့တယ်လို့ အမည်မဖော်တဲ့ လုံခြုံရေးအရာရှိတယောက်အပြောကို ကိုးကားပြီး ထိုင်းသတင်းမီဒီယာတွေမှာ ထုတ်ပြန်ခဲ့ |
CDM ဝန်ထမ်းတွေကို နေအိမ် ကနေ မတ် ၂၅ ရက်နေ့ နောက်ဆုံးထားဖယ်ခိုင်း Posted: 21 Mar 2021 07:33 AM PDT MPACopyright: MPAမန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ဘူတာကြီးမီးရထားတိုက်ခန်းနေသူ မြန်မာ့မီးရထားဝန်ထမ်းများကို မတ် ၂၂ ရက်နေ့တွင် အလုပ်ခွင်သို့ ပြန်လည်ဝင်ရောက်လုပ်ကိုင်ဖို့ အာဏာသိမ်းစစ်ကောင်စီက အကြောင်းကြားစာထုတ် သတိပေးခဲ့တယ်လို့ သိရပါတယ်။လုပ်ငန်းခွင်ကို ဝင်ရောက်ခြင်းမရှိတဲ့ CDM မှာပါဝင်တဲ့ဝန်ထမ်းတွေကို နေအိမ်လိုင်းခန်းကနေ မတ် ၂၅ ရက်နေ့ နောက်ဆုံးထားပြောင်းဖို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်သတိပေးခဲ့ |
မန္တလေး အောင်ပင်လယ် ပစ်ခတ်မှု တစ်ဦးသေ Posted: 21 Mar 2021 07:31 AM PDT မန္တလေးမြို့၊အောင်ပင်လယ်ရပ်ကွက်မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေ ပစ်ခတ်မှုကြောင့် ၁ ဦး သေဆုံးပြီး အနည်းဆုံး ၆ ဦးခန်ဒဏ်ရာ ရရှိခဲ့တယ်လို့ဒေသခံတွေနဲ့ မန္တလေးအခြေစိုက်သတင်းဌာန အချို့က အတည်ပြုကြပါတယ်။လမ်းပေါ်ကလုံခြုံရေးအရ ပြည်သူတွေလုပ်ထားကြတဲ့ အကာ အကွယ်တွေကို စစ်တပ်နဲ့ရဲတို့က ရွှေ့ခိုင်းရာကစပြီး အချေအတင်ဖြစ်ခဲ့ရာကနေ အောင်ပင်လယ်ရပ်ကို ပိတ်ဆို့ပြီး ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦး ဘီဘီစီကိုပြောပါတယ်။သေဆုံးသူ |
သုခကာရီအသင်းက မရွှေမှုန်နဲ့ အသင်းသား နှစ်ယောက် အဖမ်းခံလိုက်ရ Posted: 21 Mar 2021 07:30 AM PDT သုခကာရီအသင်းက မရွှေမှုန်နဲ့ အသင်းသား နှစ်ယောက် အဖမ်းခံလိုက်ရ သုခကာရီ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ မရွှေမှုန် ကို တွေ့ရစဉ် / Photo: Shwe Hmone - FBတောင်ဥက္ကလာပမြို့နယ်က သုခကာရီ လူမှုကူညီရေးအသင်းက ဥက္ကဋ္ဌ မရွှေမှုန်နဲ့ အသင်းသား နှစ်ယောက်ဟာ ဒီနေ့မနက်ပိုင်းက အဖမ်းခံလိုက်ရပါတယ်။လှိုင်သာယာမှာ စားဝတ်နေရေးခက်ခဲနေတဲ့ ကျုးကျော်ရပ်ကွက်နေသူတချို့အတွက် အလှူလုပ်ဖို့သွားရင်း လှိုင်သာယာ ပန်းလှိုင်တံတားအနီးမှာ သုခကာ |
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်မှု မုံရွာမှာ တစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ Posted: 21 Mar 2021 07:29 AM PDT ဒီမနက် စစ်ကိုင်းတိုင်း မုံရွာမြို့ အာဇာနည်လမ်းနဲ့ ဗိုလ်တေဇလမ်းထောင့်က အိမ်တစ်အိမ်ကို ဝင်ရောက်ဖမ်း ဆီးချိန် ရပ်ကွက်ဒေသခံတွေက ကန့်ကွက်တားမြစ်ခဲ့တဲ့အတွက် ထိပ်တိုက်ဖြစ်ရာက စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသား တစ်ဦး ခေါင်းကို ကျည်ထိမှန် သေဆုံးပြီး၊ နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက RFA ကို အတည်ပြုပြောဆိုပါတယ်။မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီရဲ့ ပြုစုထားတဲ့စာရင်းတွေအရ စစ်အာဏာသိမ်း |
အလုပ်နေရာနှင့်နစ်နာမှုများအတွက် အာမခံချက်ပေးမည်ဖြစ်ကြောင်း ကြေညာခြင်း Posted: 21 Mar 2021 07:26 AM PDT ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအလုပ်သမားဝန်ကြီးဌာနအမိန့်ကြေညာစာအမှတ် (၁/၂၀၂၁)၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက်(၂၀၂၁ ခုနှစ်၊ မတ်လ ၂၁ ရက်)-----------------------------အလုပ်နေရာနှင့်နစ်နာမှုများအတွက် အာမခံချက်ပေးမည်ဖြစ်ကြောင်း ကြေညာခြင်း================၁။ အာဏာသိမ်းအကြမ်းဖက်အုပ်စု၏ လက်ပါးစေများက (၂၂-၃-၂၀၂၁) ရက်နေ့တွင် ရုံးများ၊ ကျောင်းများ ပြန်တက်ကြရန် အမိန့်ပေး ညွှန်ကြားချက်များထုတ်ပြန်ပြီး မ |
အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်မှု နှင့် ပတ်သက်၍ အသိပေးကြေညာခြင်း Posted: 21 Mar 2021 07:24 AM PDT ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသမ္မတရုံးဝန်ကြီးဌာနအမိန့်ကြေညာစာအမှတ် (၄/၂၀၂၁)၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက်(၂၀၂၁ ခုနှစ်၊ မတ်လ ၂၁ ရက်)---------------------------------အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်မှု နှင့် ပတ်သက်၍ အသိပေးကြေညာခြင်း==============၁။ လက်ရှိအချိန်တွင် တိုင်းပြည်အာဏာကို လူတစ်စုက လက်နက်အားကိုးဖြင့် ပုန်ကန်သိမ်းပိုက်ထားခြင်းကို နိုင်ငံ့ဝန်ထမ်းများသည် အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်မှု |
မြန်မာပြည်က လူသတ်ပွဲကို ဥပေက္ခာပြုတဲ့ ကနေဒါ ပါမောက္ခ ရာထူးက ဖယ်ရှားခံရ Posted: 20 Mar 2021 10:06 AM PDT (၂၀/၃/၂၀၂၁)ကနေဒါနိုင်ငံ York University က သင်ချာ ပါမောက္ခ Emanoil Theodorescu ကို တာဝန်ကနေဖယ်ရှားလိုက်တာပါ။ မြန်မာနိုင်ငံထဲမှာ ပိတ်မိနေတဲ့ ကျောင်းသားတဦးက အင်တာနက်အခက်အခဲအရရော ရန်ကုန်မှာ အကြမ်းဖက်စစ်တပ်က သတ်ဖြတ်နေတာတွေကြောင့် စာမေးပွဲနောက်ဆုတ်ပေးဖို့ အကူအညီတောင်းရာမှာ ရွှေ့မပေးနိုင်ကြောင်းနဲ့ အလကားပစ်သတ်တာမဟုတ် -အကြောင်းရှိလို့သတ်တာပေါ့ဆိုတာမျိုးအကြောင်းပြန်ခဲ့တာပါ။ အဲဒီလို အသွားအပြန်ရေးထားတဲ့ |
Posted: 20 Mar 2021 10:01 AM PDT ထိုင်းနိုင်ငံ မယ်စရိမ်မြို့ မဲ့ဆာမလဲ့ (ခေါ်) သောလယ်ထ နယ်စပ်တွင် ထိုင်းလုံခြုံရေးစစ်တပ် မှ မြန်မာစစ်တပ်ကို ထောက်ပံ့ရန် ဆန်အိတ် (၇၀၀) နှင့် တခြားရိက္ခာများ ထိုင်းနိုင်ငံ သံလွင်မြစ်ဘေးတွင် စောင့်ဆိုင်းနေကြောင်းသိရသည်။ထိုင်းနိုင်ငံ လုံခြုံရေးစစ်တပ်မှ မြန်မာစစ်ကောင်စီ တပ်မတော်အတွက် ရိက္ခာတင်ပို့သည့် လမ်းကြောင်းကို ကရင်အမျိုးသားတပ်မတော် (KNU )က ဖြတ်တောက်ထားသဖြင့် သံလွင်မြစ်မှ တဆင့် ပို့ဆောင်ရန် စီစဉ်နေ |
ညသပိတ်မှာ ပေါင်ရင်းကျည်မှန်တဲ့အမျိုးသမီးကို ဖမ်းခေါ်သွားပြီးနောက် မနက်ပိုင်းမှာသေဆုံး Posted: 20 Mar 2021 09:54 AM PDT မတ် ၂၀-၂၀၂၁မနေ့ မတ် ၁၉ ရက် ည ၉ နာရီက မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ်၁ရပ်ကွက် ည သပိတ်ကို လုံခြုံရေး တပ်ဖွဲ့က ပစ်ခတ်ဖြိုခွဲခဲ့တဲ့အတွက် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသား ၇ဦး ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ သေဆုံးသူဟာ ပခုက္ကူမြို့၊ အမှတ် ၁ရပ်ကွက်၊ မဟာဝိသုတာရာမ လမ်းနေသူ အသက်၃၈နှစ်ရှိ ဒေါ်မာလာဝင်းဖြစ်ပြီး ညာဘက်ပေါင်ရင်းကျည်ဆံထိမှန်ကာ သေဆုံးခဲ့တာလို့ သိရပါတယ်။အဲ့ဒီ အမျိုးသမီးကို အခြားအမျိုးသား ၇ဦး |
ပဲခူး ပစ်ခတ်မှု ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရ Posted: 20 Mar 2021 09:50 AM PDT မတ်၂၀-၂၀၂၁ပဲခူးမြို့နယ်မှာ ဒီနေ့ မတ် ၂၀ရက် ညနေ ၄ နာရီလောက်က စတင်ပြီး စစ်တပ်နဲ့ရဲက ဆံတော်တွင်း ရပ်ကွက်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် အမျိုးသား ၂ဦး သေဆုံးပြီး ၄ ဦးလောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။"နှစ်ဦးသေနတ်ထိမှန်ကျဆုံးတယ်။အဓိက ပစ်ခတ်မှုက ဆံတော်တွင်းရပ်ကွက်မှာပါ ။ ထိခိုက်ဒဏ်ရာရသူ လေးဦး ဆိုပေမယ့် များနိုင်တယ် "လို့ ပဲခူးမြို့ခံပရဟိတအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦး က ပြောပါတယ် |
လှိုင်သာယာမှာ ပိုင်ရှင်မဲ့အလောင်း ရှစ်လောင်း သင်္ဂြိုဟ်ခဲ့ရ Posted: 20 Mar 2021 09:47 AM PDT လှိုင်သာယာမှာ ပိုင်ရှင်မဲ့အလောင်း ရှစ်လောင်း သင်္ဂြိုဟ်ခဲ့ရ လှိုင်သာယာမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ဖြိုခွင်းစဉ်လှိုင်သာယာမြို့နယ်ထဲမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူတွေထဲက ပိုင်ရှင်မဲ့အလောင်း ရှစ်လောင်းကို မနေ့က သင်္ဂြိုဟ်ခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။သေဆုံးသူတွေဟာ ဘယ်သူ ဘယ်ဝါဆိုတာ မသိရသလို မိသားစုတွေနဲ့လည်း |
လုံခြုံရေးကောင်စီကို အာခံနေတဲ့ မြန်မာစစ်တပ်ကို အရေးယူဖို့ ကုလအတွင်းရေးမှူးချုပ် ဆော်ဩ Posted: 20 Mar 2021 08:45 AM PDT ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်ထော်ညူ ဂူထားရက်ရှ်ကလည်း မြန်မာပြည် စစ်အာဏာ သိမ်းခံထားရတဲ့ ဖြစ်ရပ်အပေါ် တစုတစည်းတည်း၊ ခိုင်ခိုင်မာမာနဲ့ တုံ့ပြန်ကြဖို့ ကမ္ဘာ့ နိုင်ငံတွေကို ထပ်မံ နှိုးဆော် ပါတယ်။နေ့စဥ် သတင်းစာ ရှင်းလင်းပွဲမှာ ပြောခွင့်ရ စတယ်ဖန် ဒူဂျာရစ်က အတွင်းရေးမှူးချုပ်ရဲ့ ထုတ်ပြန်ချက်ကို ဖတ်ပြပါတယ်။"မြန်မာပြည်မှာ စစ်တပ်က ကြမ်းကြုတ်ရက်စက်တာတွေ ဆက်ပြီးကျူးလွန်နေတဲ့အပေါ် အတွင်းရေးမှူးချုပ်က |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.