Monday, March 29, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ကချင် ဒေသခံသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရ

Posted: 29 Mar 2021 08:02 AM PDT

ကချင် ဒေသခံသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရ ကိုလရော်၊ မချန်ဘူ / Photo-CJကချင်ပြည်နယ်အခြေစိုက် 74 media နဲ့ kachinwaves သတင်းဌာနက သတင်းထောက်နှစ်ဦး ဒီကနေ့ မြစ်ကြီးနားမြို့မှာ ဆန္ဒပြပွဲ သတင်းယူနေရင်း ဖမ်းဆီးခံလိုက်ရတယ်လို့ သတင်းဌာန တာဝန်ရှိသူတွေက RFA ကိုပြောပါတယ်။74 media က သတင်းထောက် မချန်ဘူ၊ Kachinwaves သတင်းဌာနက သတင်းထောက် ကိုလရော်တို့ နှစ်ဦးဟာ မြစ်ကြီးနားမြို့ အေးစေတီကြက်ခြေနီရုံးအနီးမှာ ဒီနေ့ မနက်

တောင်ဒဂုံမှာ ပစ်ခတ်နေတာကြောင့် နှစ်ရက်အတွင်း လူလေးဦးထက် မနည်းသေဆုံး

Posted: 29 Mar 2021 08:01 AM PDT

တောင်ဒဂုံမှာ ပစ်ခတ်နေတာကြောင့် နှစ်ရက်အတွင်း လူလေးဦးထက် မနည်းသေဆုံး စစ်တပ်နဲ့ရဲတွေရဲ့ ပစ်ခတ်မှုကြောင့် တောင်ဒဂုံမြို့နယ်က ဒဏ်ရာရသူ တစ်ဦးကိ ၂၀၂၁ မတ် ၂၉ ရက်နေ့က တွေ့ရစဉ် / Photo: CJစစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ တောင်ဒဂုံမြို့နယ်မှာ ဒီနေ့ သေနတ်၊ လက်ပစ်ဗုံးတွေအပြင် လက်နက်ကြီးတွေပါ သုံးစွဲပစ်ခတ်နေပြီး ပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရသူတွေ အများအပြားရှိနေပါတယ်။မနေ့က မတ် ၂၈ ရက်နေ့ညက စစ်တပ်နဲ့ရဲတွေဟာ လမ်း

မြန်မာနိုင်ငံ ကုန်သွယ်ရေးသဘောတူညီချက်များ ကန် ယာယီရပ်ဆိုင်း

Posted: 29 Mar 2021 07:59 AM PDT

အမေရိကန်ပြည်ထောင်စုရဲ့ ကုန်သွယ်ရေးဆိုင်ရာအထူးသံတမန် Katherine Tai။၂၀၁၃ ခုနှစ် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဘောင်သဘောတူညီချက် TIFA အရ မြန်မာနိုင်ငံနဲ့ ရှိထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်အားလုံးကို အမေရိကန်ပြည်ထောင်စုက ယာယီဆိုင်းငံ့ထားလိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီနည်းကျအစိုးရတရပ် မတက်လာမချင်း ဒီ ဆိုင်းငံ့မိန့်ကို တည်ရှိနေမှာဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့

မြန်မာ့အသံ ရန်ကုန်ရုံးက CDM ဝန်ထမ်း ၁၂၀ နီးပါး ရာထူးထုတ်ပယ်ခံရ

Posted: 29 Mar 2021 07:57 AM PDT

ပြန်ကြားရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ မြန်မာ့အသံရန်ကုန်ရုံးက CDM မှာပါဝင်နေတဲ့ ဝန်ထမ်း ၁၂၀ နီးပါး ကို ရာထူးကနေ ထုတ်ပယ်လိုက်တယ်ဆိုတဲ့ စာကို မနေ့ကမတ်လ ၂၈ မှာ လက်ခံရရှိခဲ့ပြီး အထုတ်ခံလိုက်ရတယ်လို့ အဲဒီထဲက CDM ဝန်ထမ်းတစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။ရုပ်မြင်၊ အသံလွှင့်၊ ဂီတ စတဲ့ဌာနခွဲတွေက ဦးစီးအရာရှိရာထူးကစလို့ ရုပ်သံကျွမ်းကျင်၊ အသံလွှင့်ကျွမ်းကျင်၊ အငယ်တန်း အင်ဂျင်နီယာ၊ စက်မှုကျွမ်းကျင် စတဲ့ရာထူးတွေအပြင်

CRPHရဲ့လူကယ်ပြန်ဝန်ကြီးဌာနက မန္တလေးက မီးဘေးသင့်သူတွေကို ကူညီ

Posted: 29 Mar 2021 07:56 AM PDT

မန္တလေးက မီးဘေးသင့်ပြည်သူတွေကို ငွေကျပ်သိန်း ၇၀ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ရဲ့ လူကယ်ပြန်ဝန်ကြီးဌာနက ဒီနေ့မတ်လ ၂၉ ရက်မှာ ကြေညာပါတယ်။အခုအလှူကို ပြည်သူတွေကနေတစ်ဆင့် လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။မန္တလေး ပြည်ကြီးတံခွန်မြို့နယ်ထဲက (၅၇x ၅၆)၊ (၁၁၇x၁၁၆)လမ်းကြားမှာ မတ်လ ၂၇ ရက်ညက မီးလောင်ခဲ့လို့ အိမ်ခြေ ၇၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၂၆၀ နီးပါးမီးဘေးသင့်ခဲ့

“မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ အကောင်းမမြင်” စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး

Posted: 29 Mar 2021 07:50 AM PDT

စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan။ (ဒီဇင်ဘာ ၁၆၊ ၂၀၁၉)မြန်မာနိုင်ငံတွင်း လတ်တလောဖြစ်ပွားနေတဲ့ ဝမ်းနည်းကြေကွဲစရာ အခြေအနေတွေကို ကျော်လွှားနိုင်ဖို့ အချိန်ကြာနိုင်ပြီး အာဆီယံအနေနဲ့ ဒီပြဿနာကို ဘယ်လို တုံ့ပြန်မလဲဆိုတာ အရေးတကြီးဖြစ်နေတယ်လို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ပြောလိုက်ပါတယ်။"ဒီဖြစ်ရပ်တွေကို ဖြေရှင်းဖို့ အချိန်အတော်ကြာနိုင်ပါတယ်။ ကျနော့်အနေနဲ့ သိပ်ပြီး

မြန်မာ့အရေး ဂျပန်နဲ့ အင်ဒိုနီးရှားအကြား အနီးကပ်တိုင်ပင်ဆွေးနွေးနေ

Posted: 29 Mar 2021 07:48 AM PDT

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi (ဝဲ) နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi (ယာ) တို့ ဂျပန်နိုင်ငံ Tokyo မြို့မှာ တွေ့ဆုံတဲ့ မြင်ကွင်း။ (မတ် ၂၉၊ ၂၀၂၁)မြန်မာနိုင်ငံတွင်းက အခြေအနေနဲ့ ပတ်သက်လို့ အင်ဒိုနီးရှားနဲ့ ဂျပန်နိုင်ငံကြား အနီးကပ်ဆွေးနွေးနေတယ်လို့ ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကပြောပါတယ်။မြန်မာနိုင်ငံတွင်းက လက်ရှိ

မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေ လုံခြုံမှု မရှိတော့ဘူးလို့ Save The Children ပြော

Posted: 29 Mar 2021 07:46 AM PDT

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒပြပွဲတွေနဲ့ဆက်နွယ်ပြီး စစ်တပ်နဲ့ ရဲက သေနတ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းလို့ သေဆုံးရတဲ့ အသက် ၁၈ နှစ်အောက်ကလေး ၃၈ ယောက် ရှိနေပြီလို့ AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက မနေ့က ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ကလေးတွေ ဟာ လုံခြုံမှုမရှိတော့ဘူးလို့ Save The Children အဖွဲ့နဲ့ ထိခိုက်မှုစာရင်းတွေပြုစုနေတဲ့ နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောက်ရေး

ဒဏ်ရာရသူတွေကို ငွေလှူဖို့ ကြိုးစားသူတစ်ဦး ဖမ်းဆီးတရားစွဲခံရ

Posted: 29 Mar 2021 07:44 AM PDT

ဒဏ်ရာရသူတွေကို ငွေလှူဖို့ ကြိုးစားသူတစ်ဦး ဖမ်းဆီးတရားစွဲခံရ တနင်္သာရီတိုင်း၊ မြိတ်မြို့ က မမို့မို့အောင် ခေါ် မအိအိစိုး ကို တွေ့ရစဉ်တနင်္သာရီတိုင်း၊ မြိတ်မြို့ Market Garden စျေးဝယ်စင်တာအနီးမှာ နေထိုင်သူ မမို့မို့အောင် ခေါ် မအိအိစိုး ဟာ မတ် ၂၆ ရက်နေ့က မြိတ်မြို့ဆန္ဒပြပွဲအတွင်း ထိခိုက်ဒဏ်ရာရသူတွေကို ကူညီဖို့ ကြိုးစားတာကြောင့် အဲဒီညပိုင်းမှာပဲ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အဖမ်းခံရပြီး ပုဒ်မ ၅၀၅ (က) နဲ့

မြစ်ကြီးနား ရမ်ပူရပ်ကွက်ပစ်ခတ်မှု ကလေးတစ်ဦး အပါအဝင် ထိခိုက်သူတွေရှိ

Posted: 29 Mar 2021 07:41 AM PDT

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် နယ်မြေ(၁၄) (က) မှာ မတ်လ ၂၉ ရက် မနက်ပိုင်းက ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။အရပ်ကား ကားအဖြူ တစ်စီး အပါအဝင် စစ်ကားတွေက ဝင်လာပြီး အကြောင်းတစ်စုံတစ်ရာမရှိဘဲ ပစ်ခတ်ခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။ရဲဝတ်စုံ၊ စစ်ဝတ်စုံ အပြည့်နဲ့ တပ်သားတချို့ ကားပေါ် ပါလာတယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုမှာ ရာဘာကျည်တွေပါသလို ကျည်အစစ်တွေလည်းပါတယ်လို့ အခင်းဖြစ်ပွားရာမှာ ရှိနေသူ

မတ်လ ၂၉ ရက်နေ့ ပစ်ခတ်မှုကြောင့် ရန်ကုန်မှာ ၅ ဦးထက်မနည်းသေဆုံး

Posted: 29 Mar 2021 07:40 AM PDT

မတ်လ ၂၉ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်တွေ ပစ်ခတ်မှုကြောင့် ရန်ကုန်မှာ အနည်းဆုံး ၅ဦးထက်မနည်း အသက်ဆုံးရှုံး တယ်လို့ဒေသခံတွေက တစ်ဆင့် သိရပါတယ်။ ‌သာကေတ၊ဒဂုံတောင်အပါအဝင်မြို့နယ်အချို့မှာ ပြည်သူတွေကာရံထားတဲ့ လုံခြုံရေးအတားအဆီး တွေကို ဖယ်ရှားပြီး သပိတ်တွေကို ဖြိုခွင်းချိန်မှာ ပစ်ခတ်မှုတွေကြောင့် အသက်ဆုံးရှုံးမှုတွေရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့ပါတယ်။ဒဂုံတောင်၊ ပုဂံလမ်းနဲ့ လှော်ကား

မြင်းခြံမှာ ခရီးသည်တင်ကား ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး

Posted: 29 Mar 2021 07:35 AM PDT

(၂၉/၃/၂၀၂၁)မြင်းခြံမြို့၊ လမ်းသစ်တွင် ခရီးသည်တင်ကားတစ်စီးကို အာဏာသိမ်းစစ်တပ်က ပစ်ခတ်လို့  ခရီးသည် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။မန္တလေးမြို့မှ ပခုက္ကူမြို့နယ်ကို ထွက်ခွာလာသော ခရီးသည်တင် Hijet ကား အပစ်ခံရခြင်း ဖြစ်ပြီး ရှေ့ခန်းတွင်လိုက်ပါလာသူသေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတွေကပြောသည်။အဆိုပါယာဉ်တွင် ခရီးသည် ၁၀ ဦးခန့် လိုက်ပါလာပြီး ယာဉ်မောင်းဖြစ်သူမှာလည်း လက်မောင်း ကျည်ထိဒဏ်ရာရရှိခဲ့သည်။ စစ်တပ်မှ

တောင်ဒဂုံကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေ

Posted: 29 Mar 2021 07:32 AM PDT

(၂၉/၃/၂၀၂၁)တောင်ဒဂုံကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေသည်။ ရန်ကုန်ရှိ လူထုများလာရောက်၀န်းရံပေးကြဖို့ တောင်ဒဂုံပြည်သူတွေက အကူအညီတောင်းခံနေသည်။Burma News Networkhttps://www.facebook.com/burmanewsnetwork

ကလေးမြို့ သိမ့်ခန်းမအနီး ပစ်ခံရသူ ကိုမင်းညို သေဆုံး

Posted: 29 Mar 2021 07:01 AM PDT

ကလေးမြို့ မင်္ဂလာဥယျာဉ်ရပ်ကွက် သိမ့်ခန်းမအနီး ၈း ၂၀ ၀န်းကျင်တွင် စစ်တပ်က လှမ်းပစ်မှုကြောင့် ရင်ဘတ်ထိမှန်သွားသည့် အသက် ၃၀ အရွယ် ကိုမင်းညိုမှာ ယခုည ၉ နာရီ ၅၅ မိနစ်၀န်းကျင်တွင် အသက်ဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်း သူ၏ ဆွေမျိုးများက အတည်ပြုသည်။ ကိုမင်းညိုသည် သာစည်ရွာကဟုသိရပြီး ရွှေနှင့်ငွေစတိုး၏ တူအရင်းဖြစ်သည်ဟု သိရသည်။ကလေးမြို့တွင်မနေ့ကစစ်ကောင်စီတပ်ဖွဲ့၀င်များပစ်ခတ်မူ့ကြောင့် လူ ၅ ဦးထက်မနည်းသေဆုံး​

စစ်တပ်အကြမ်းဖက်မှု ကူညီတားဆီးဖို့ နိုင်ငံတကာကို ပြောကြားသွားတဲ့ မြန်မာအလှမယ်

Posted: 28 Mar 2021 04:34 PM PDT

အလှမယ် ဟန်လေး ( Miss Grand International 2020 ပြိုင်ပွဲဝင် ) (photo - Miss Grand International )မြန်မာနိုင်ငံက လတ်တလောဖြစ်ရပ်တွေကို ကမ္ဘာကြီးက စောင့်ကြည့်နေချိန်မှာပဲ မတ်လ(၂၇)ရက်နေ့ ညက ထိုင်းနိုင်ငံမှာ ကျင်းပသွားတဲ့ 'Miss Grand International 2020' ပြိုင်ပွဲအတွင်း မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်တဲ့ အလှမယ် 'ဟန်လေး' က မြန်မာနိုင်ငံတွင်း လူရာကျော်သေဆုံးခဲ့တဲ့ စစ်တပ်ရဲ့ အကြမ်းဖက် လုပ်ရပ်

လူအများအပြားသေဆုံးရတဲ့ ပစ်ခတ်မှု သမ္မတ Biden ပြင်းပြင်းထန်ထန် ရှုတ်ချ

Posted: 28 Mar 2021 04:32 PM PDT

သမ္မတ ဂျိုးဘိုင်ဒန်မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ ရဲက အကြမ်းဖက်ပစ်ခတ်ဖြိုခွဲခဲ့တဲ့အတွက် သေဆုံးခဲ့သူတွေရဲ့ စျာပနာအခမ်းအနားကို တနင်္ဂနွေနေ့က ပဲခူးမြို့မှာ ပြုလုပ်နေစဉ် အာဏာပိုင်တွေဘက်က အဲဒီအခမ်းကို ဝင်ရောက်ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်လို့ သမ္မတ ဂျိုးဘိုင်ဒန်က မနေ့က ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပါတယ်။"အင်မတန်ဆိုးရွားပါတယ်၊ ရက်စက်ကြမ်းကြုတ်မှုဖြစ်ပါတယ်၊ လူတွေဒီလောက်အများကြီးသေဆုံးရတာဟာ လုံးဝမလိုလားအပ်တဲ့ကိစ္စပါ။

ပဲခူးက စစ်ကောင်စီပစ်လို့သေဆုံးသူ နာရေး ပစ်ခတ်ဖြိုခွဲခံရ

Posted: 28 Mar 2021 04:31 PM PDT

မတ်လ ၂၇ ရက်နေ့က ပဲခူးမြို့မှာ အာဏာသိမ်း စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ကျည်ထိမှန်လို့ သေဆုံးခဲ့ပြီး ဘုရားကြီးမြို့မှာ မတ်လ ၂၈ ရက်နေ့က နာရေးပြန်လုပ်ခဲ့တဲ့ ဗကသ ကျောင်းသား အစ္စလာမ်ဘာသာဝင် ကိုသဲမောင်မောင်ရဲ့နာရေးမှာ သင်္ချိုင်းထဲ အထိ ဝင်ရောက် ပစ်ခတ်တာတွေရှိခဲ့တယ်လို့ ဘုရားကြီးမြို့ခံတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။နာရေး အခမ်းအနားမှာ ကမ္ဘာမကြေဘူး သီချင်း သီဆိုနေစဥ် စစ်ကားနှစ်စီးရောက်လာတာဖြစ်ပြီးတဲ့နောက်မှာ

တောင်ဒဂုံမှာ ဧရာဘဏ်ဝန်ထမ်း အမျိုးသမီးတစ်ဦး စစ်ကောင်စီ ပစ်ခတ်မှုကြောင့်သေဆုံး

Posted: 28 Mar 2021 04:16 PM PDT

ရန်ကုန်မြို့အ‌ရှေ့ပိုင်းက တောင်ဒဂုံ မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေပစ်ခတ်မှုကြောင့် မတ်လ ၂၈ ရက်နေ့ကအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေ အများအပြားရှိတယ်လို့ တောင်ဒဂုံမြို့နယ်က ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။သေဆုံးခဲ့သူဟာ ဧရာဝတီဘဏ်ဝန်ထမ်းတစ်ဦးဖြစ်တဲ့ မခိုင်ဇာသွယ်ဖြစ်ပြီး စစ်ကောင်စီတပ်တွေပစ်ခတ်မှုကြောင့် မျက်လုံးကိုကျည်ထိမှန်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့လည်း ရန်ကုန်က ဧရာဝတီဘဏ် ဝန်ထမ်းတွေက

ကလေးတွင်သပိတ်စစ်ကြောင်း ပစ်ခတ်မှု ၂ဦးကျဆုံး

Posted: 28 Mar 2021 03:18 PM PDT

မုံရွာ၊မတ်-၂၈စစ်ကိုင်းတိုင်း ကလေးမြို့၊တာဟန်းရပ်တွင် သပိတ်စစ်ကြောင်းကို ယနေ့နေလည် နှစ်နာရီခန့်က ပစ်ခတ်ရာ အမျိုးသမီး တစ်ဦးနှင့် လူငယ်တစ်ဦးကျဆုံးသည်။ကလေးမြို့အခြေစိုက် Women for Justice (WJ) အဖွဲ့ဒါရိုက်တာ မအားခူ(၃၇နှစ်)သည် ရင်ဘတ်ကျည်ထိမှန်ပြီး ညနေ လေးနာရီခန့်က ကျဆုံးခဲ့သည်။ချင်းအမျိုးသား လူငယ် ဆန်းသဲရာ( ၂၀နှစ်)သည် ရင်ဘတ်ကျည်ထိမှန်ပြီး ညနေ ၅နာရီခွဲခန့်က  ကျဆုံးခဲ့သည်။" တာဟန်းကနေ ချင်းပြည်နယ်ကိုတက်

မုံရွာ ရဲတိုက်တန်းမှ ဝက်အူချောင်းဆိုင်ရှင်လင်မယား ၅၀၅ က ဖြင့်အမှုဖွင့်ထား

Posted: 28 Mar 2021 03:16 PM PDT

မုံရွာ၊မတ်-၂၈စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ဘူတာလမ်း မြို့မရဲစခန်းရဲတိုက်တန်းတွင် ဖွင့်ထားသော ရေဦးဝက်အူချောင်းဆိုင်ပိုင်ရှင် လင်မယားကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့်အမှုဖွင့်ထားကြောင်း ကာယကံရှင်က ပြောသည်။ရဲစခန်းတိုက်တန်းတွင် ဖွင့်ထားသော၎င်းဆိုင်သည် ရွေးကောက်ပွဲကာလက NLD အလံများတစ်​ဆိုင်လုံးချိတ်ထားပြီး လက်ရှိတွင်လည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်လုံးပေါ်ပုံကိုဆိုင်ရှေ့တွင် ထောင်ထားသည်။မတ်လ-၂၇ရက် နံနက်က

မြန်မာလူထုကို နိုင်ငံတကာ အကာအကွယ်ပေးဖို့ ကုလအရာရှိကြီး ၂ ဦး တိုက်တွန်း

Posted: 28 Mar 2021 03:04 PM PDT

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet. (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၀)မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ကန့်ကွက် ဆန္ဒပြသူတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက အကြမ်းဖက် ဖြိုခွဲမှုတွေ မတ်လ ၂၇ ရက်နေ့က အဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ အရှိန်မြင့် ဖြစ်ပေါ်လာနိုင်ကြောင်း ကုလသမဂ္ဂ လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်ဟန့်တားရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Alice Wairimu

‌ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရဖို့ သားဖြစ်သူ မေတ္တာရပ်ခံ

Posted: 28 Mar 2021 03:02 PM PDT

ကိုထိန်လင်း (ခေါ်) Kim (ဝဲ) နဲ့ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်း။ (မတ် ၂၈၊ ၂၀၂၁။ ဓာတ်ပုံ - လန်ဒန်မြို့ မြန်မာသံရုံး)မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မိခင်ဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တယ်လီဖုန်းကတဆင့် စကားပြောခွင့်ရဖို့အတွက် သားဖြစ်သူ ကိုထိန်လင်း (ခေါ်) Kim က ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာရှိတဲ့ မြန်မာ

မတ် ၂၇ ရက် ပစ်ခတ်မှုကြောင့် အများအပြား သေဆုံးခဲ့ပေမဲ့ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ဆက်ရှိ

Posted: 28 Mar 2021 02:59 PM PDT

စစ်အာဏာသိမ်းပြီးကတည်းက လူအများဆုံး သေဆုံးခဲ့ရပြီးဖြစ်တဲ့နောက်တစ်ရက် ဒီကနေ့ မတ်လ ၂၈ ရက် နေ့မှာလည်း ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ ဒီဆန္ဒပြ ပွဲတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်နှိမ်နင်းရုံတင်မက လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တာ၊ မီးရှို့သတ် ဖြတ်တာတွေပါ ရှိနေတယ်လို့ ကိုယ်တိုင်တွေ့သူတွေက ပြောပါတယ်။ရန်ကုန် အပါအဝင် မြို့ကြီးတွေမှာ စစ်အာဏာသိမ်းမှု

မတ်လ ၂၈ ပစ်ခတ်မှုကြောင့် ၁၃ ယောက်ထက်မနည်းသေဆုံး

Posted: 28 Mar 2021 02:57 PM PDT

မတ်လ ၂၈ ပစ်ခတ်မှုကြောင့် ၁၃ ယောက်ထက်မနည်းသေဆုံး ကောလင်းမြို့နယ်တွင်း ရွာတစ်ရွာက ညသပိတ် / Photo-CJမတ်လ ၂၈ ရက် ဒီကနေ့မှာ စစ်တပ်နဲ့ ရဲသတ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့လို့ သေဆုံးတဲ့သူအနည်းဆုံး (၁၃) ယောက်ရှိခဲ့တယ်လို့ မျက်မြင်သက်သေတွေ ပြောပြချက်အရ သိရပါတယ်။စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ငါးယောက်၊ ကလေးမြို့မှာ လေးယောက်၊ မန္တလေးတိုင်း မြင်းခြံမြို့မှာ နှစ်ယောက်၊ ပဲခူးနဲ့ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှာ တစ်

မတ်လ ၂၈ ရက်နေ့ ပစ်ခတ်မှုတွေကြောင့် မုံရွာ ကလေး မြင်းခြံ ရန်ကုန် ပုသိမ် တောင်ကြီးတို့မှာ ၁၅ ဦးထက်မနည်း သေဆုံး

Posted: 28 Mar 2021 02:54 PM PDT

စက်သေနတ်တွေ လက်နက်ကြီးတွေသုံးခဲ့တဲ့ ကလေးမြို့တာဟန်းရပ်ကွက် သပိတ်စခန်းမတ်လ ၂၈က စစ်ကိုင်းတိုင်းထဲက မုံရွာ နဲ့ ကလေးမြို့၊ မန္တလေးတိုင်း မြင်းခြံနဲ့ ရန်ကုန် ၊ပုသိမ်၊ တောင်ကြီးတို့မှာ အာဏာသိမ်းစစ်ကောင်စီ တပ်တွေ ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဘီဘီစီက သတင်းရရှိထားပါတယ်။မုံရွာမှာ ဒဏ်ရာရသူကို ကူနေတဲ့ သူနာပြုဆရာမတစ်ဦး အပါအဝင် ၅ ဦး၊ စစ်ကိုင်းတိုင်း ကလေးမြို့မှာ အမျိုးသမီးတစ်ဦးနဲ့

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.