သစ္ထူးလြင္ |
- ATM ကနေ ငွေကျပ် ၅ သိန်းထုတ်ယူခွင့်မပြောင်းလဲသေးကြောင်း ဗဟိုဘဏ်ပြော
- ATM ဘဏ်ကတ်တွေ တစ်ရက် ၂ သိန်းပဲ ထုတ်ခွင့်ပြု
- သေနတ်နဲ့ပစ်သတ်ခံရသူကို ဆိုင်ကယ်ပေါ်က ပြုတ်ကျသေဆုံးကြောင်း ဆေးစာထုတ်
- စစ်တပ်နဲ့ ရဲဖက်က အရပ်ဝတ်နဲ့ သေနတ်ကိုင် ပစ်ခတ်တဲ့အပြင် မီးရှို့သတ်ဖြတ်တဲ့အထိ ဖြစ်ပေါ်နေ
- CRPH ကြေညာချက် အမှတ် ( ၁၈/၂၀၂၁ )
- ညီနောင်မဟာမိတ် (၃) ဖွဲ့ ဖြစ်သော ကိုးကန့် (MNTJP/MNDAA)၊ တအောင်း (PSLF/TNLA) နှင့် ရခိုင် (ULA/AA) တို့က ၂၀၂၁ ခုနှစ် မတ်လ (၃၀) ရက်စွဲဖြင့် ထုတ်ပြန်ကြေညာချက်နှင့် အတူလက်တွဲ ကြိုးပမ်းဆောင်ရွက်သွားရန် ဖိတ်ခေါ်ပါကြောင်း
- စစ်တပ်မဟုတ် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့သာဖြစ်သည်
- ကော့သောင်းတွင် ယနေ့ ကျဆုံးသူ ၃ ဦးရှိနေပြီ
- အမေရိကန် စီးပွားရေးဒဏ်ခတ်မှု စစ်ကောင်စီအပေါ် ဘယ်လောက်ထိရောက်မလဲ (ဆက်သွယ်မေးမြန်းချက်)
- မြန်မာစစ်တပ် ဆင်ခြင်တုံတရားကင်းမဲ့စွာ လူသတ်မှုတွေ ကျူးလွန်နေတယ် (ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး)
- မူဆယ်မြို့တွင် ဆန္ဒပြ အမျိုးသား တဦး ခေါင်းကျည်ထိ ကျဆုံး
- မြန်မာဒုက္ခသည်တွေကို ပြန်နှင်လွှတ်မယ့်အမိန့် မဏိပူရပြည်နယ်အစိုးရ ပြန်ရုပ်သိမ်း
- ရွေးကောက်ခံအစိုးရမတက်သရွေ့ မြန်မာနဲ့ကုန်သွယ်ရေးဆိုင်ရာတွေကို အမေရိကန် ဆိုင်းငံ့မယ်
- KNU တပ်မဟာ ၅ နယ်မြေကို ဒီညနေ စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲ
- ပြည်သူတစ်ရပ်လုံးအတွက် လူသားချင်းစာနာမှု အကူအညီတွေ ရအောင်လုပ်မယ်လို့ CRPH ပြော
- နမ္မတူမြို့နယ် ပန်သပြေကျေးရွာ စစ်ရှောင် (၄၀၀)ကျော်အတွက် စားနိပ်ရိက္ခာ အရေးပေါ်လိုအပ်နေ
- အောင်ပန်း ညအချိန်မတော် အလောင်း (၇)လောင်း ထက်မနည်း မီးသဂြိုဟ်၊ တောင်ကြီး ဆန္ဒပြ ဖမ်းဆီးခံရသူများဖြစ်နိုင်
- မြန်မာ-တရုတ်နယ်စပ်မူဆယ် မန့်ဝိန်းဂိတ် နှင့် တရုတ်ပြည် ရွှေလီ-ဂျယ်ဂေါင်တံတားပိတ်ထား
- အကြမ်းဖက်စစ်အုပ်စုမှ ကေအဲန်ယူ ထိန်းချုပ်နယ်မြေကို လေယာဥ်ဖြင့် လာရောက်ဗုံးကြဲပစ်ခတ်သဖြင့် ပြည်သူ ၆ ဦးသေဆုံး
- မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်က နေအိမ်တစ်လုံးကို စစ်ကောင်စီက မီးရှို့
- မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် သပိတ်စခန်း ဖြိုခွင်းရာတွင် (၂)ဦးကျည်ထိ (၁)ဦးကျဆုံး
- တောင်ဒဂုံမှာ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေကြောင်း ဒေသခံတွေပြော
- အကြမ်းဖက်ပစ်ခတ်ခံရမှု ရန်ကုန်ဆန္ဒပြသူ တချို့သေဆုံး၊ ဒဏ်ရာရ
- မြန်မာ့အရေး ကုလ လုံခြုံရေးကောင်စီအရေးပေါ် အစည်းအဝေး ထပ်မံခေါ်ယူမည်
- ထိုင်းဘက်ခြမ်းသို့ တိမ်းရှောင်သွားသည့် အီတူးထာ စစ်ရှောင် ၂၀၀၀ကျော်အား နေရပ်ပြန်ပို့
ATM ကနေ ငွေကျပ် ၅ သိန်းထုတ်ယူခွင့်မပြောင်းလဲသေးကြောင်း ဗဟိုဘဏ်ပြော Posted: 30 Mar 2021 06:33 AM PDT ATM စက်တွေကနေ အကောင့်တစ်ခုကို ငွေကျပ် ၅ သိန်းထုတ်ယူခွင့်မပြောင်းလဲသေးကြောင်း နစကကောင်စီရဲ့ ဗဟိုဘဏ်အဖွဲ့ဝင်သစ် ဦးအောင်ကျော်သန်းက ဘီဘီစီကိုပြောပါတယ်။ကန့်သတ်ထုတ်ယူခွင့်ကြေငြာခဲ့တဲ့ဘဏ်ကို တောင်းပန်စာထုတ်ခိုင်းထားတယ်လို့ သူကပြောပါတယ်။ဒီနေ့မနက်ပိုင်း က ကမ္ဘောဇဘဏ်က ATM ကဒ်တွေကို ဗဟိုဘဏ် ညွှန်ကြားချက်အရ တစ်ရက် နှစ်သိန်းပဲထုတ်ခွင့်ပြုတယ်လို့ ထုတ်ပြန်ခဲ့ပြီးတော့ အဲဒီလို မှားယွင်းထုတ်ပြန်ခဲ့မှုအပေါ် ဘဏ်ဘက် |
ATM ဘဏ်ကတ်တွေ တစ်ရက် ၂ သိန်းပဲ ထုတ်ခွင့်ပြု Posted: 30 Mar 2021 06:32 AM PDT ဗဟိုဘဏ်သတ်မှတ်ချက်အရ ATM ဘဏ်ကတ်တွေဟာ တစ်ရက်၂ သိန်းသာ ထုတ်ယူခွင့်ပြုရန် ကန့်သတ်လိုက်တယ်လို့ ကမ္ဘောဇဘဏ်ရဲ့ မတ်လ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရသိရပါတယ်။ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကစပြီးတော့ စစ်ကောင်စီ ဗဟိုဘဏ်က အမိန့်အရ ATM ဘဏ်ကတ်တွေကို တစ်ရက် ငွေကျပ် ၅ သိန်း ထုတ်ယူနိုင်ခဲ့ရာကနေ ထပ်မံလျှော့ချပြီး ကန့်သတ်လိုက်တာလည်းဖြစ်ပါတယ်။အခြားပုဂ္ဂလိက ဘဏ်တွေလည်းလျှော့ချဖို့ရှိတယ်လို့လည်း ဘဏ်လုပ်ငန်း အသိုင်းအဝိုင်းက |
သေနတ်နဲ့ပစ်သတ်ခံရသူကို ဆိုင်ကယ်ပေါ်က ပြုတ်ကျသေဆုံးကြောင်း ဆေးစာထုတ် Posted: 30 Mar 2021 06:32 AM PDT သေနတ်နဲ့ပစ်သတ်ခံရသူကို ဆိုင်ကယ်ပေါ်က ပြုတ်ကျသေဆုံးကြောင်း ဆေးစာထုတ် ကိုကျော်မင်းလတ်ရဲ့ သေဆုံးကြောင်း ဆေးစာကို ၂၀၂၁ မတ်လ ၃၀ရက်နေ့က တွေ့ရစဉ်တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ မတ်လ ၂၇ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့တွေရဲ့ သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒီကနေ့ မတ်လ ၃၀ ရက်နေ့မှာ သေဆုံးသွားတဲ့ ကိုကျော်မင်းလတ် ကို စစ်ဆေးရုံက ဆိုင်ကယ်ပေါ်က ပြုတ်ကျ သေဆုံးကြောင်း ဆေးစာမှာ လိမ်လည်ဖေါ်ပြထားပါတယ်။အွန်လိုင်းကနေတဆင့် RFA က ရရှိ |
စစ်တပ်နဲ့ ရဲဖက်က အရပ်ဝတ်နဲ့ သေနတ်ကိုင် ပစ်ခတ်တဲ့အပြင် မီးရှို့သတ်ဖြတ်တဲ့အထိ ဖြစ်ပေါ်နေ Posted: 30 Mar 2021 06:26 AM PDT စစ်တပ်နဲ့ ရဲက ပစ်ခတ်နှိမ်နှင်းနေရာမှာ မတ်လ ၂၉ ရက် မနေ့ ညဦးပိုင်းကနေ ဒီကနေ့ ညနေအထိ ၂၄ နာရီ အတွင်း တစ်ပြည်လုံးမှာ သေဆုံးတဲ့သူ အယောက် ၂၀ ထက် မနည်းရှိခဲ့ပါတယ်။ အဲဒီထဲမှာ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်မှာဆိုရင် အနည်းဆုံး ၁၄ ဦး သေဆုံးခဲ့တယ်လို့ AAPP နဲ့ RFA က စုံစမ်းရရှိထားတဲ့ စာရင်းတွေအရ သိရပါတယ်။အခုလို သတ်ဖြတ်ခံရတဲ့ သူတွေထဲမှာ တောင်ဒဂုံမှာ တစ်ယောက် မန္တလေးမှာ တစ်ယောက် ဖြစ်ပါတယ်။ သူတို့ကို လမ်းမပေါ် |
CRPH ကြေညာချက် အမှတ် ( ၁၈/၂၀၂၁ ) Posted: 30 Mar 2021 06:18 AM PDT ကြေညာချက် အမှတ် ( ၁၈/၂၀၂၁ )၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက်မတ်လ (၃၀)ရက်၊ ၂၀၂၁ခုနှစ်။==============၁။ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်သိမ်းယူခဲ့သော စစ်ကောင်စီနှင့် ၎င်း၏ လက်ပါးစေ အကြမ်းဖက်သောင်းကျန်းသူများသည် နိုင်ငံအဝှမ်းရှိ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး ၏ အသက်အိုးအိမ်စည်းစိမ်များကို နေ့စဉ်နှင့်အမျှ ဖျက်ဆီးနှောင့်ယှက်လျက်ရှိသည်။ အကြမ်းဖက် စစ်ကောင်စီ၏ လူမဆန် |
Posted: 30 Mar 2021 06:17 AM PDT ကြေညာချက် အမှတ် ( ၁၇/၂၀၂၁ )၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက်မတ်လ (၃၀)ရက်၊ ၂၀၂၁ခုနှစ်။================၁။ တိုင်းရင်းသားပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို အကြမ်းဖက်တိုက်ခိုက်လျက်ရှိသည့် အာဏာ သိမ်းစစ်ကောင်စီ နှင့် ၎င်းတို့၏ လက်ပါးစေ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ၏ ရက်စက်မှုများ ကြောင့် နိုင်ငံတစ်ဝှမ်း၌ ပြည်သူအများ နေ့စဉ်နှင့်အမျှ အတိဒုက္ခရောက်နေကြရသည်။၂။ အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက် |
စစ်တပ်မဟုတ် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့သာဖြစ်သည် Posted: 30 Mar 2021 06:12 AM PDT (၃၀/၃/၂၀၂၁)တောင်ဒဂုံမှာ အကြမ်းဖက်ဖက်ဆစ်တပ်က စစ်မြေပြင်သုံး လက်နက်ကြီးများအသုံးပြု တိုက်ခိုက်ခဲ့သလို လူမဆန်စွာ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့ကြောင်း ရန်ကုန်အခြေစိုက် နိုင်ငံတကာသံတမန်တွေက တရားဝင်ပြောဆိုထားပါတယ်။မြန်မာစစ်တပ်ဟာ လက်နက်မဲ့ပြည်သူတွေကို အနိုင်ကျင့်ဖို့ ဖွဲ့ထားတဲ့ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းသာဖြစ်တယ်လို့လည်း ကုလသမဂ္ဂကျွမ်းကျင်သူတွေက ပြောထားပါတယ်။ မနက်ဖန်အရေးပေါ်ပြုလုပ်မဲ့ လုံခြုံရေး |
ကော့သောင်းတွင် ယနေ့ ကျဆုံးသူ ၃ ဦးရှိနေပြီ Posted: 30 Mar 2021 06:07 AM PDT (၃၀-၃-၂၀၂၁)ကော့သောင်းမြို့က ဆန္ဒပြပွဲဖြိုခွင်းခံရတဲ့အတွက် ဒီနေ့ တရက်တည်း သေဆုံးသူ ၃ ဦးအထိရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် ရေခဲစက်အနီးမှာ ဒီနေ့လည်ပိုင်းကျဆုံးသူအမည်က အသက် ၂၁ ဝန်းကျင် ကိုသန့်ဇင်ဦးဖြစ်ပါတယ်။မနက်ပိုင်းတုန်းကလည်း အသက် ၂၂ ဝန်းကျင်နှင့် အသက် ၄၄ နှစ်အရွယ် အမျိုးသားနှစ်ဦးကျဆုံးခဲ့ပြီးဖြစ်ပါတယ်။အခုချိန်အထိ ကော့သောင်း ရွှေပြည်သာရပ်ကွက်အတွင်း ပစ်ခတ် |
အမေရိကန် စီးပွားရေးဒဏ်ခတ်မှု စစ်ကောင်စီအပေါ် ဘယ်လောက်ထိရောက်မလဲ (ဆက်သွယ်မေးမြန်းချက်) Posted: 30 Mar 2021 05:50 AM PDT မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေကို အမေရိကန်က တနင်္လာနေ့က ယာယီရပ်ဆိုင်းလိုက်တဲ့အထဲမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု နှစ်ခုစလုံးကို တပြိုင်တည်း ပိတ်ပင်လိုက်တဲ့အတွက် စစ်ကောင်စီရဲ့ ယန္တရားလည်ပတ်မှုကို အတော်လေးထိခိုက်စေမှာဖြစ်တယ်လို့ မြန်မာ့စီးပွားရေးပညာရှင် ဦးစိန်ဌေးက ပြောပါတယ်။မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျအစိုးရတရပ် မတက်လာမချင်း အမေရိကန်ဘက်က ဆိုင်းငံ့ထားမယ့် ကုန်သွယ်ရေးပိတ်ဆို့ |
မြန်မာစစ်တပ် ဆင်ခြင်တုံတရားကင်းမဲ့စွာ လူသတ်မှုတွေ ကျူးလွန်နေတယ် (ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး) Posted: 30 Mar 2021 05:48 AM PDT ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drianမြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်နဲ့ ရဲတွေက အရပ်သား ပြည်သူတွေ အပေါ် မျက်ကန်းလို ရမ်းပြီး သတ်ဖြတ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။မြန်မာစစ်တပ်က စနေနေ့မှာ အသက်သိပ်ငယ်တဲ့ ကလေးငယ်တွေ အပါအဝင် လူပေါင်း ၁၀၀ ကျော် ကို သတ်ဖြတ်ခဲ့တာ ဖြစ်ပြီး ဒါဟာ ကိုယ့် |
မူဆယ်မြို့တွင် ဆန္ဒပြ အမျိုးသား တဦး ခေါင်းကျည်ထိ ကျဆုံး Posted: 30 Mar 2021 05:46 AM PDT သျှမ်းသံတော်ဆင့်၊ မတ် ၃၀ရက် သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ယနေ့ (မတ် ၃၀)ရက်တွင် အကြမ်းဖက်စစ်ကောင်စီ မှ sinper(စနှိုက်ဘာ) သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဆန္ဒပြနေသည့် လူတစ်ဦး ခေါင်းကျည်ထိမှန် သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (မတ် ၃၀)ရက် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ရှိ အမှတ် (၂) အထက်တန်းကျောင်း အနီးတွင် စစ်အာဏာရှင် အလိုမရှိ ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် လူထုသပိတ်ကို အကြမ်းဖက် |
မြန်မာဒုက္ခသည်တွေကို ပြန်နှင်လွှတ်မယ့်အမိန့် မဏိပူရပြည်နယ်အစိုးရ ပြန်ရုပ်သိမ်း Posted: 30 Mar 2021 05:46 AM PDT အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ထဲ မြန်မာနိုင်ငံကနေ ထွက်ပြေးလာမယ့် ဒုက္ခသည်တွေကို ယဉ်ယဉ်ကျေးကျေး ပြန်နှင်လွှတ်ဖို့ အာဏာပိုင်တွေကို ညွှန်ကြားထားတဲ့ အမိန့်တစ်ရပ်ကို ပြည်နယ်အစိုးရက ပြန်ရုပ်သိမ်းလိုက်ပါတယ်။မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းကပ်နေတဲ့ မဏိပူရပြည်နယ်မှာ ဒေသန္တရ အာဏာပိုင်တွေ ဒါမှမဟုတ် အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ ယာယီနေထိုင်စရာ တွေ ထောက်ပံ့ဖို့ စခန်းတွေ မဖွင့်ရဘူး ဆို |
ရွေးကောက်ခံအစိုးရမတက်သရွေ့ မြန်မာနဲ့ကုန်သွယ်ရေးဆိုင်ရာတွေကို အမေရိကန် ဆိုင်းငံ့မယ် Posted: 30 Mar 2021 05:44 AM PDT မြန်မာနိုင်ငံမှာ ရွေးကောက်ခံအရပ်သားအစိုးရ မတက်သေးသရွေ့ ၂၀၁၃ ခုနှစ် ကုန်သွယ် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်အောက်မှာ လုပ်နေတဲ့ ကုန်သွယ်ရေးဆိုင်ရာအားလုံးကို ချက်ချင်း ဆိုင်းငံ့မယ့်အကြောင်း အမေရိကန် ကုန်သွယ်ရေး၀န်ကြီး ကတ်သရင်းတိုင်က ပြောလာပါတယ်။ မြန်မာ့လုံခြုံရေးတပ်ဖွဲ့၀င်တွေဟာ ငြိမ်းချမ်းစွာဆန္ဒပြသူတွေ၊ ကျောင်းသားတွေ၊ လုပ်သားတွေနဲ့ အလုပ်သမားခေါင်းဆောင်တွေ၊ ကလေးတွေကို သတ်ဖြတ်နေတာဟာ နိုင်ငံတကာ |
KNU တပ်မဟာ ၅ နယ်မြေကို ဒီညနေ စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲ Posted: 30 Mar 2021 05:42 AM PDT KNU တပ်မဟာ ၅ နယ်မြေကို ဒီညနေ စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲ တောထဲမှာပုန်းနေရတဲ့ ကရင်ရွာသားတွေကို ၂၀၂၁ မတ် ၂၉ ရက်နေ့က တွေ့ရစဉ်Photo: Friends Without Borders Foundationကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ မဲပန်ဝနဲ့ မဲဝိုင်ရွာတွေပေါ်ကို မတ် လ ၃၀ ရက် ဒီနေ့ ညနေ ၃ နာရီလောက်မှာ အာဏာသိမ်းစစ်ကောင်စီက လေယာဉ်တွေနဲ့ ဗုံးကြဲ သွားတယ်လို့ မဲဝိုင်ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။စစ်ကောင်စီရဲ့ |
ပြည်သူတစ်ရပ်လုံးအတွက် လူသားချင်းစာနာမှု အကူအညီတွေ ရအောင်လုပ်မယ်လို့ CRPH ပြော Posted: 30 Mar 2021 05:40 AM PDT ပြည်သူတစ်ရပ်လုံးအတွက် လူသားချင်းစာနာမှု အကူအညီတွေ ရအောင်လုပ်မယ်လို့ CRPH ပြော ကရင်ပြည်နယ် ဖာပွန်ခရိုင် ဒေပူးနိုကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဖခင်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရခဲ့တဲ့ ကလေးငယ်တစ်ဦး ဆေးကုသနေစဉ် / AFP Photoတစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးရဲ့ အသက်အိုးအိမ်၊ စည်းစိမ်တွေကို အာဏာသိမ်း စစ်ကောင်စီက လက်နက်အားကိုးနဲ့ အနိုင်ကျင့် ဖျက်ဆီးနေတာကြောင့်၊ |
နမ္မတူမြို့နယ် ပန်သပြေကျေးရွာ စစ်ရှောင် (၄၀၀)ကျော်အတွက် စားနိပ်ရိက္ခာ အရေးပေါ်လိုအပ်နေ Posted: 30 Mar 2021 05:36 AM PDT သျှမ်းသံတော်ဆင့်၊ မတ်၂၉ ရက်သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ် ပန်သပြေကျေးရွာတွင် စစ်ဘေးရှောင် (၄၀၀)ကျော်ရောက်ရှိနေပြီး၊ စစ်ရှောင်အတွက် စားနိပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရသည်။နမ္မတူမြို့နယ် ပန်လုံကျေးရွာအနီးတွင် မတ် (၂၈)ရက် ညနေ (၃)နာရီမှ စတင်ကာ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ ဖြစ်သည့် SSPP/SSA ၊ TNLA နှင့် RCSS/SSAတို့ တိုက်ပွဲဖြစ်ပွားပြီးကျေးရွာအတွင်းလက်နက်ကြီး ကျသဖြင့် ဒေသခံပြည် |
Posted: 30 Mar 2021 05:34 AM PDT သျှမ်းသံတော်ဆင့်၊ မတ် ၃၀ရက် သျှမ်းပြည်တောင်ပိုင်း အောင်ပန်း သုဿာန်တွင် ယမန်နေ့ (မတ် ၂၉ )ရက် ည ၉ နာရီခွဲ၌ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ အလောင်း (၇)လောင်းထက်မနည်း လာရောက် မီးသဂြိုဟ်ခဲ့ကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။အကြမ်းဖက် စစ်ကောင်စီမှ အောင်ပန်း သုဿန် သို့ လာရောက်သဂြိုဟ်စဉ်တွင် စစ်ကား အများအပြား နှင့် ရဲကားများဖြင့်လာကြောင်း၊ မီးသဂြိုဟ်သည့် ဝင်းတံခါးကိုလည်း ရိုက်ချိုးပြီး ဝင်ရောက်ထားကြောင်း |
မြန်မာ-တရုတ်နယ်စပ်မူဆယ် မန့်ဝိန်းဂိတ် နှင့် တရုတ်ပြည် ရွှေလီ-ဂျယ်ဂေါင်တံတားပိတ်ထား Posted: 30 Mar 2021 05:31 AM PDT မတ် ၃၀ ရက် ၂၀၂၁မြန်မာ-တရုတ် နယ်စပ် မူဆယ်နှင့် တရုတ်နိုင်ငံ ဂျယ်ဂေါယ် နယ်စပ်ဂိတ်များ ပိတ်လိုက်ကြောင်း ကနဦး သတင်းအရ သိရသည်။မတ် (၂၉) ရက်နေ့က ကျယ်ဂေါင်ဘက်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ (၈) ဦး ရှိသည်ဆိုသည့် အကြောင်းပြချက်ဖြင့် တရုတ်ပြည်ဘက်မှာ နယ်စပ်ဂိတ်များကို ပိတ်ချလိုက်ခြင်း၊ ရွှေလီ -ဂျယ်ဂေါင် တံတားပိတ်လိုက်ခြင်းတို့ပြုလုပ်ကြောင်း မူဆယ် ဒေသခံများက ပြောဆိုကြသည်။ "ပိတ်တာက ဒီနေ့မှ ပိတ်တယ်လို့ ကြားတယ်။ |
Posted: 30 Mar 2021 05:25 AM PDT ၃၀ မတ်လ ၂၀၂၁ ခုနှစ်ကေအဲန်ယူ - ညောင်လေးပင်ခရိုင် ဆောထိမြို့နယ် အတွင်းရှိ ထီးဖဒိုရွာကို အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုမှ ယနေ့ ၂၀၂၁ ခုနှစ် မတ်လ ၃၀ ရက်နေ့ ညနေ ၃း၀၀ နာရီခန့် အချိန်တွင် လေယာဥ်ဖြင့် လာရောက်ဗုံးကြဲပစ်ခတ်ခဲ့ပါသည်။ ထိုလေယာဥ်ဖြင့် လာရောက်ဗုံးကြဲပစ်မှုတွင် ထီးဖဒိုရွာမှ ပြည်သူ ၆ ဦးကိုထိမှန်သေဆုံးခဲ့ပါသည်။ထို့ပြင်ကေအဲန်ယူ - မူတြော်ခရိုင် တပ်မဟာ ၅ အတွင်းရှိ မဲဝိုင်ဒေသကိုလည်း ယနေ့ မတ်လ ၃၀ ရက်နေ့ |
မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်က နေအိမ်တစ်လုံးကို စစ်ကောင်စီက မီးရှို့ Posted: 30 Mar 2021 05:23 AM PDT မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် သပိတ်ဖြိုခွင်းပြီးနောက် နေအိမ်တစ်လုံးအား ရဲနှင့်စစ်သားများ လာရောက် မီးရှို့သွားခဲ့ကြောင်းသိရသည်။မီးရှို့ခဲ့သည့် နေအိမ်တစ်လုံးက မီးလောင်ပျက်ဆီးသွားပြီး အဆိုပါအိမ်ဘေးရှိနေအိမ်တစ်လုံး မီးကူးလောင်ကျွမ်းခဲ့သော်လည်း ရပ်ကွက်နေပြည်သူများ မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။Myitkyina News Journalhttps://www.facebook.com/myitkyinanewsjournal.mm/ |
မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် သပိတ်စခန်း ဖြိုခွင်းရာတွင် (၂)ဦးကျည်ထိ (၁)ဦးကျဆုံး Posted: 30 Mar 2021 05:22 AM PDT မတ်၊၃၀ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်ရှိ စစ်ကောင်စီမှ သပိတ်စခန်းဖြိုခွင်းရာတွင် ဆန္ဒထုတ်ဖော်သူ တစ်ဦးသေဆုံးကြောင်း သိရသည်။ " ရမ်ပူလမ်းသွယ် (၂၄)လမ်းကြားက ဘုန်းကြီးကျောင်းမှာ အလောင်းထားတာ ဟုတ်တယ်။ အဲ့ဒီမှာရဲတွေစစ်သားတွေရှိတယ်။ဆိုင်ကယ်လာရင် ဆိုင်ကယ်ကိုပစ်မယ်။ အဲ့ဒီလိုပြောလို့ သတင်းက မတက်တာဟုတ်တယ်"ဟု ဆန္ဒထုတ်ဖော်သည့်နေရာတွင် ပါဝင်သူတစ်ဦးကပြောသည်။ စစ်ကောင်စီမှ ကျည်ဖြင့်ပစ်ခတ်ခဲ့သောကြောင့် (၂)ဦးဒဏ်ရာရ |
တောင်ဒဂုံမှာ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေကြောင်း ဒေသခံတွေပြော Posted: 29 Mar 2021 01:06 PM PDT ရန်ကုန်၊ တောင်ဒဂုံမြို့နယ်ထဲမှာ ဒီကနေ့ စစ်တပ်နဲ့ ရဲတွေ ဝင်ရောက်ပစ်ခတ်ရာမှာ လက်နက်ကြီးတွေ အသုံးပြုပြီး ပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီတပ်ဖွဲ့က သေနတ်၊ လက်ပစ်ဗုံးတွေအပြင် လက်နက်ကြီးတွေပါ သုံးစွဲပစ်ခတ်ပြီး ရပ်ကွက်လမ်းသွယ်တွေ၊ နေအိမ်တွေထဲထိ ပစ်ခတ်နေတာလို့ ဆိုပါတယ်။လက်နက်ကြီးတွေပါ သုံးစွဲ ပစ်ခတ်တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ တုန့်ပြန်ချက်ကိုတော့ RFA က မသိရသေးပါဘူး။ စစ် |
အကြမ်းဖက်ပစ်ခတ်ခံရမှု ရန်ကုန်ဆန္ဒပြသူ တချို့သေဆုံး၊ ဒဏ်ရာရ Posted: 29 Mar 2021 01:03 PM PDT စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြသူတွေအပေါ်စစ်တပ်နဲ့ရဲဘက်က လက်နက်ကိုင်အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေကြောင့် ဒီကနေ့မှာလည်း ရန်ကုန်မြို့မှာ သေဆုံးသူတွေ ပြင်းထန်တဲ့ ဒဏ်ရာရသူတွေ ရှိပါတယ်။ အကြမ်းဖက်နှိမ်နင်းမှုတွေကြားက ရန်ကုန်မြို့ရဲ့ဆန္ဒပြသပိတ်တွေရဲ့ အခြေအနေအကြောင်း ရန်ကုန်က လာတဲ့သတင်းကို မဆုမွန်က ပြောပြသွားပါမယ်။ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ အရပ်သားအစိုးရကို ဖြုတ်ချ |
မြန်မာ့အရေး ကုလ လုံခြုံရေးကောင်စီအရေးပေါ် အစည်းအဝေး ထပ်မံခေါ်ယူမည် Posted: 29 Mar 2021 01:01 PM PDT မတ်လ ၂၇ ရက်နေ့က ရန်ကုန် သာကေတမြို့ ဆန္ဒပြပွဲအတွင်း တွေ့ရတဲ့ လက်သုံးချောင်းထောင်ဆန္ဒပြပြည်သူများ။ (မတ် ၂၇၊ ၂၀၂၁)မြန်မာနိုင်ငံအခြေအနေအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ တခါးပိတ်ခေါ်ယူ ကျင်းပဖို့ရှိတယ်လို့ သံတမန်သတင်းရပ်ကွက်တွေကို ကိုးကားပြီး AFP သတင်းဌာနက ရေးပါတယ်။ မြန်မာနိုင်ငံအခြေအနေကို အရေးပေါ်ဆွေးနွေးဖို့ ဗြိတိန်နိုင်ငံက အဆိုပြုခဲ့တာဖြစ်တယ်လို့လည်း သိရပါ |
ထိုင်းဘက်ခြမ်းသို့ တိမ်းရှောင်သွားသည့် အီတူးထာ စစ်ရှောင် ၂၀၀၀ကျော်အား နေရပ်ပြန်ပို့ Posted: 29 Mar 2021 12:47 PM PDT မတ်လ ၂၉ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီလေကြောင်းရန်ကြောင့် ယမန်နေ့( မတ်လ ၂၈ရက်) မွန်းလွဲပိုင်းက ထိုင်းနိုင်ငံဘက်ခြမ်းသို့ သွားရောက်တိမ်းရှောင်ခိုလှုံခဲ့ကြသည့် အီတူးထာဒေသခံ ၂၀၀၉ ဦးအား ယနေ့ညနေ ၅နာရီခွဲအချိန်တွင် ထိုင်းအာဏာပိုင်းများမှ နေရပ်ရင်းသို့ ပြန်လည် ပို့ဆောင်လိုက်ပြီဟု ဒေသသတင်းအရင်းအမြစ်က ကေအိုင်စီသို့ ပြောသည်။ အဆိုပါ နေရပ်ပြန်ကြသည့် အီတူးထာဒေသခံစစ်ရှောင်များသည် ၎င်းတို့နေအိမ်တွင် ပြန်နေထိုင်၍မရဲ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.