Wednesday, March 31, 2021

သစ်ထူးလွင်

သစ်ထူးလွင်


KNU နဲ့ KIA နယ်မြေတွေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်

Posted: 31 Mar 2021 08:10 AM PDT

ကရင်အမျိုးသားအစည်းအရုံး KUN တပ်မဟာ ၅ နဲ့ တပ်မဟာ ၃ နယ်မြေထဲက ကျေးရွာတွေကို အာဏာသိမ်း စစ်ကောင်စီက တိုက်လေယာဉ်တွေသုံးပြီး ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ကလေးငယ်တွေ အပါအဝင် ဒေသခံရွာသား ဆယ်ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရကြပါတယ်။စစ်ဘေးကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးခိုလှုံတဲ့ သူတွေကိုလည်း ထိုင်းစစ်တပ်အာဏာပိုင်တွေက ပြန်နှင်ထုတ်တာတွေ ကြုံနေရပါတယ်။ အလားတူပဲ ကချင်လွတ်မြောက်ရေးတပ်မတော်

တစ်လ အပစ်ရပ်မယ်လို့ စစ်တပ်ကြေညာ

Posted: 31 Mar 2021 08:08 AM PDT

မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေး ကိစ္စရပ်များအပြင် အစိုးရရဲ့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ယန္တရားတွေ နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဧပြီ ၁ ရက်မှ ၃၀ ရက် အထိ ရပ်ဆိုင်းမယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒီကနေ့ မတ်လ ၃၁ ရက် ရက်စွဲနဲ့ ကြေညာပါတယ်။ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြုလုပ်နိုင်ဖို့နဲ့ သင်္ကြန်ပွဲတော်ကျင်းပနိုင်ဖို့အတွက် ဒီ

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်တွေမှာ ဖမ်းဆီးမိခဲ့သူတွေကို စစ်ခုံရုံးဖွဲ့ စစ်ဆေးနေ

Posted: 31 Mar 2021 08:05 AM PDT

 စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ လှိုင်သာယာမြို့နယ် အပါအဝင် မြို့နယ် ၆ ခုမှာ ဖမ်းဆီးခံရသူ အရေအတွက် ပိုများလာနေတယ်လို့ AAPP ပြောရန်ကုန်တိုင်းအတွင်းက မာရှယ်လော ထုတ်ပြန်ထားတဲ့ မြို့နယ်တွေမှာ ဖမ်းဆီးမိခဲ့သူတွေကို အခုအခါ စစ်ခုံရုံးဖွဲ့ စစ်ဆေးနေပါတယ်။မတ်လဆန်းက မာရှယ်လော ထုတ်ပြန်ပြီး စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ရန်ကုန်တိုင်းက လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ အပါအဝင် မြို့နယ် ၆ မြို့နယ်မှာ ဖမ်းဆီးမိခဲ့သူတွေ

ကလေးမြို့ပင်မသပိတ်စခန်းကို ဖြတ်ကျော်ရန်ကြိုးပမ်းသည့် ရဲတပ်ဖွဲ့ (၄)ဦးအား ပြည်သူများမှ ဖမ်းဆီးထား

Posted: 31 Mar 2021 07:49 AM PDT

Photo By  Citizen Journalistစစ်ကိုင်းတိုင်း ကလေးမြို့ တာဟန်းရပ်ကွက်ရှိ ပင်မသပိတ်စခန်းကိုဖြတ်ကျော်ရန်ကြိုးပမ်းသည့်အရပ်ဝတ် ရဲတပ်ဖွဲ့ဝင် (၄)ဦးအား ပြည်သူများမှယနေ့နေ့လည် ၂ နာရီခန့်တွင်ဖမ်းဆီးထားသည်။ဘီယာဆိုင်လိုက်ရှာနေရင်းတာဟန်းသပိတ်စခန်းနားရောက်ရှိလာခြင်းဖြစ်သည်ဟုဖြေကြားခဲ့သည့် ဖမ်းဆီးရမိသည့် ရဲတပ်ဖွဲ့ဝင်များမှာ ကလေးမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က ဒုရဲအုပ် ကိုမင်း၊ တပ်ကြပ်ကြီး သိန်းနိုင်ဦး ဒုတပ်ကြပ် နန္

ထိုင်းနယ်စပ်ရှိ RCSS/SSA တပ်စခန်းများအားလုံးကို တိုက်ခိုက်မည်ဟု စစ်ကောင်စီ ပြော

Posted: 31 Mar 2021 07:47 AM PDT

သျှမ်းသံတော်ဆင့် ၊မတ် ၃၁ရက်မြန်မာ-ထိုင်းနယ်စပ် တွင် စခန်းချထားသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်စခန်းများအားလုံးကို တိုက်ခိုက်မည်ဟု  စစ်ကောင်စီ မှ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ခြားကော်မတီထံ အသိပေးထားသည်သူ သိရသည်။ထိုစာကို စစ်ကောင်စီ ၏ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မတ် ၂၉ ရက်တွင် ကျိုင်းတုံ မှ ပြန်လည်ထွက်ခွာပြီး ယခုကဲ့သို့သတင်းထွက်ပေါ်လာခြင်း

ဗန်း​မော်မြို့ သပိတ်တွင် ဆီးခုံကျည်ထိမှန်ခဲ့သည့် လူငယ်ကွယ်လွန်

Posted: 31 Mar 2021 07:43 AM PDT

31 March 2021 - Manmawဗန်း​မော်မြို့သပိတ်တွင် ပါ၀င်ဆန္ဒပြ​နေချိန် ဆီးခုံကျည်ထိမှန်ခဲ့သည့် လူငယ်​လေး ကိုမျိုးသန့်ကျော် ကွယ်လွန်သွားပြီး ဖြစ်​ကြောင်း သတင်းရရှိသည်။ မတ်လ(၂၇)၊ ၂၀၂၁ ခုနှစ်နေ့၌ ကချင်ပြည်နယ်၊ ဗန်းမော်မြို့က နွေဦးတော်လှန်ရေးလှုပ်ရှားမှုကို စစ်​ကောင်စီတပ်များမှ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ကျည်ထိဒဏ်ရာရရှိထားသူဖြစ်ပါသည်။ မတ် ၂၇ ရက်​နေ့တွင် စစ်​ကောင်စီ၏ လုံခြုံ​ရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှု​ကြော

လေယာဥ်ဆီသယ်သည့် ကား တစ်စီးပစ်ခံရ / ကျန်ဆီများ စစ်​ကောင်စီတပ်မှ လာသယ်သွား

Posted: 31 Mar 2021 07:39 AM PDT

Photo. ပုံ​ဟောင်းလေယာဥ် ဆီသယ်လာသည့် ကား  ယ​​နေ့ ည​နေ ၂ နာရီ ​ကျော်ခန့်က မြစ်ကြီးနားမြို့နယ် လွယ်​ခေါ ​ကျေးရွာ လမ်းမ​ပေါ်မှာ ပစ်ခံရ​ကြောင်း ​ဒေသခံတစ်ဦးကဆိုသည်။ " အရပ်ဝတ်နဲ့ လူ ၇ ​ယောက်က ကားကိုတားပြီး ကားမှာပါတဲ့ သူတွေကို အရင် ဆင်းခိုင်းပြီး ပစ်တာတဲ့။ ဆီက ​လေယာဥ်ဆီတဲ့။ ​သေနတ် ၁၁ ချက်ထိတယ်။ ​ပေါက်​တော့ မ​ပေါက်ကွဲဘူး။ ဆီက တော့ တဝက်​လောက်ယိုသွားတယ်တဲ့" သူကိုယ်တိုင် သွားကြည့်ခဲ့သူ ​ဒေသခံတစ်ဦးကဆိုသည်။

အကြမ်းဖက် မြန်မာစစ်တပ်မှ ကရင်ပြည်သူလူထုအ ပေါ်ဆိုးရွားစွာ သေစေနိုင်သော လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ မူတြော်ခရိုင်/တပ်မဟာ ၅ ၏ ထုတ်ပြန်ကြေငြာချက်

Posted: 31 Mar 2021 07:37 AM PDT

အကြမ်းဖက် မြန်မာစစ်တပ်မှ ကရင်ပြည်သူလူထုအ ပေါ်ဆိုးရွားစွာ သေစေနိုင်သော လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ မူတြော်ခရိုင်/တပ်မဟာ ၅ ၏ ထုတ်ပြန်ကြေငြာချက်Thoolei News - KNU -Department Of Informationhttps://www.facebook.com/KNUDOIHQ/

မိုးညှင်းအခြေစိုက်ကျောင်းသားသမဂ္ဂအဖွဲ့က ပြည်သူများထံ အသိပေးစာတစ်စောင်ထုတ်ပြန်

Posted: 31 Mar 2021 07:33 AM PDT

မိုးညှင်းအခြေစိုက်ကျောင်းသားသမဂ္ဂအဖွဲ့မှ မိုးညှင်းမြို့ရှိမိဘပြည်သူများထံ အသိပေးစာတစ်စောင်ကို မတ်၃၁ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည်။ယင်းထုတ်ပြန်ချက်တွင် ဖေဖော်ဝါရီ၁ရက်နေ့မှစတင်ကာ ယခု ၂လပြည့်မြောက်ခဲ့ပြီဖြစ်ကာ အာဏာလုအကြမ်းဖက်စစ်အုပ်စု မှ  ပြည်သူတစ်ရပ်လုံးအပေါ် လက်နက်အားကိုးဖြင့် နည်းလမ်းမျိုးစုံသုံးကာ ဆောင်ရွက်နေသည့်အပေါ် မိုးညှင်းအခြေစိုက် ကျောင်းသားသမဂ္ဂအဖွဲ့မှ ဧပြီလ ၁ရက်နေ့မှစတင်ကာ အာဏာရှင်စနစ်ပြုတ်

CDM ဆောင်ရွက်ချက်နှင့် စပ်လျဉ်း၍ အသိပေးကြေညာခြင်း။

Posted: 31 Mar 2021 07:29 AM PDT

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသမ္မတရုံးဝန်ကြီးဌာနအမိန့်ကြေညာစာအမှတ် (၅/၂၀၂၁)၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက်(၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်)=================CDM ဆောင်ရွက်ချက်နှင့် စပ်လျဉ်း၍ အသိပေးကြေညာခြင်း။(၁) CDM (Civil Disobedience Movement) သည် စစ်အာဏာရှင်ဖြုတ်ချရေးတွင် အထူးပင်ထိရောက် သော လက်နက်တစ်ခုအဖြစ် အောင်မြင်လျက်ရှိပါသည်။(၂) ယနေ့ မတ်လ (၃၁) ရက် ည (၁၂) နာရီ အချိန်သည် CDM ပြုလုပ်

ဆိုးရွားလာနေသောလုံခြုံရေးအခြေအနေကြောင့် အရေးပေါ်တာဝန်ထမ်းဆောင်ရန်မလိုအပ်သည့် အမေရိကန်သံရုံးဝန်ထမ်းများနှင့်၎င်းတို့၏မိသားစုဝင်များကို မြန်မာနိုင်ငံမှထွက်ခွာရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြား

Posted: 31 Mar 2021 07:28 AM PDT

ဆိုးရွားလာနေသောလုံခြုံရေးအခြေအနေကြောင့် အရေးပေါ်တာဝန်ထမ်းဆောင်ရန်မလိုအပ်သည့် အမေရိကန်သံရုံးဝန်ထမ်းများနှင့်၎င်းတို့၏မိသားစုဝင်များကို မြန်မာနိုင်ငံမှထွက်ခွာရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားထားပါသည်။ အမေရိကန်သံရုံးဆက်လက်ဖွင့်ထားပါသည်။ မြန်မာပြည်သူလူထုအပေါ်ထားရှိသည့် မိမိတို့၏ ကတိကဝတ်မှာလည်း မပြောင်းလဲဘဲရှိနေပါသည်။ မြန်မာနိုင်ငံအတွက် ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခုတည်ဆောက်ရန်ကြိုးပမ်း

UN ဝင်ဖို့ကလွဲရင် တခြားနည်းလမ်းမရှိတော့

Posted: 30 Mar 2021 05:01 PM PDT

(၃၀/၃/၂၀၂၁)မြန်မာအကြမ်းဖက်စစ်တပ်ရဲ့ သတ်ဖြတ်မှုတွေကနေ မြန်မာပြည်သူတွေကို ကယ်တင်နိုင်ဖို့ဆိုရင် နိုင်ငံတကာကဝင်ရောက်ထိမ်းသိမ်းကာကွယ်ပေးဖို့ကလွဲရင် တခြားနည်းလမ်းမရှိတော့ဘူးလို့ ကမ္ဘာ့ခေါင်းဆောင်ဟောင်း (၄၅) ဦးက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ကမ္ဘာ့ခေါင်းဆောင်ဟောင်းတွေနဲ့ဖွဲ့ထားတဲ့ Global Leadership Foundation (GLF) ကနေ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဆီကို တရားဝင်ပေးပို့တောင်းဆိုလိုက်တာပါ။တောင်အာဖရိကသမ္မတ

မြန်မာစစ်တပ်ကို ပြင်းထန်စွာဖိအားပေးရန် ပြန်လွတ်လာသည့် ပိုလန်သတင်းထောက် တောင်းဆို

Posted: 30 Mar 2021 04:57 PM PDT

(၃၀-၃-၂၀၂၁)နိုင်ငံတကာအသိုင်းအဝိုင်းက ထိရောက်တဲ့အရေးယူမှု အချိန်မီမလုပ်ဘူးဆိုရင် မြန်မာနိုင်ငံက အကြမ်းဖက်မှုအခြေအနေဟာ ပိုဆိုးလာလိမ့်မယ်လို့ အာဏာသိမ်းစစ်ကောင်စီလက်က ပြန်လွတ်လာတဲ့ ပိုလန်နိုင်ငံသား အလွတ်သတင်းထောက် Robert Bociaga ပြောပါတယ်။သူဟာ မြန်မာနိုင်ငံက ဆန္ဒပြပွဲကို သတင်းယူရင်း မတ်လ ၁၁ ရက်နေ့က တောင်ကြီးမြို့မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးမှာတော့ စစ်ကောင်စီက ပြည်နှင်ဒဏ်ပေးတဲ့

စစ်တပ်နဲ့ ပူးပေါင်းနေတာ ပြည်သူ့ဆန္ဒကို ဆန့်ကျင်တာလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော

Posted: 30 Mar 2021 04:20 PM PDT

စစ်တပ်နဲ့ ပူးပေါင်းနေတာ ပြည်သူ့ဆန္ဒကို ဆန့်ကျင်တာလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော ၂၀၂၀ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားကို တက်ရောက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken။ Photo: AFPမြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့တဲ့ စစ်တပ်နဲ့ စီးပွားရေး အဆက်အဆံတွေ ဖြတ်တောက်ဖို့ စစ်တပ်ကို အထောက်အပံ့ပေးနေတဲ့

ထိခိုက်ဒဏ်ရာရသူ ကရင်စစ်ပြေးဒုက္ခသည်များ ထိုင်းလက်ခံဆေးကုပေး

Posted: 30 Mar 2021 04:17 PM PDT

ကရင်စစ်ရှောင်ဒုက္ခသည်များကို ဆေးကုသပေးနေတဲ့ ထိုင်း ကျန်းမာရေးဝန်ထမ်းများ။ (မတ် ၃၀၊ ၂၀၂၁)ကရင်ပြည်နယ်ဘက်မှာ စစ်တပ်နဲ့ ကရင်လက်နက်ကိုင် KNU တပ်တွေ တိုက်ပွဲဖြစ်နေတာကြောင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးတဲ့ ဒုက္ခသည်တွေကို ထိုင်းဘက်က အတင်းနှင်ထုတ်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာနေချိန်မှာ စစ်ပြေးဒုက္ခသည်တွေထဲက ထိခိုက်ဒဏ်ရာရသူတချို့ကိုတော့ ထိုင်းဘက်က လက်ခံဆေးကုပေးနေပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ

ကုလသမဂ္ဂပဋိညဉ်ပါ အပိုဒ် ၉၉ အသုံးပြုဖို့ အတွင်းရေးမှူးချုပ်ကို GLF တောင်းဆို

Posted: 30 Mar 2021 04:15 PM PDT

ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုဖောင်ဒေးရှင်း GLF အဖွဲ့ ဥက္ကဋ္ဌ၊ တောင်အာဖရိက နိုင်ငံသမ္မတဟောင်း FW de Klerk။ (ဇန်နဝါရီ ၃၁၊ ၂၀၁၄)မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တော်လှန်ရေး တောင်းဆို ဆန္ဒပြသူတွေကို စစ်တပ်က အင်အားသုံး ဖြိုခွင်းနေတဲ့ အနေအထားမှာ အပိုဒ် ၉၉ ပါ အချက်အရ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တရားဝင်အရေးပေါ် အစည်းအဝေးခေါ်ယူဖို့နဲ့ R2P အကာအကွယ်ပေးရန်တာဝန်ရှိမှု လုပ်ငန်းစဉ်ကို လုံခြုံရေးကောင်စီက အကောင်အထည်ဖော်

ကရင်ဒေသ လေကြောင်ဗုံးကြဲတိုက်ခိုက်မှု နှစ် ၂ဝ အတွင်း အဆိုးဆုံးလို့ FBR ပြော

Posted: 30 Mar 2021 04:11 PM PDT

အာဏာသိမ်းစစ်ကောင်စီက KNU ကို နေ့စဉ်ဆက်တိုက် လေကြောင်းကနေ ထိုးစစ်ဆင်နေတာကြောင့် မနေ့က ညောင်လေးပင်ခရိုင်အတွင်းမှာ ဒုက္ခသည် အနည်းဆုံး ၆ ယောက်သေဆုံးပြီး၊ ၁၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ Free Burma Rangers က ပြောဆိုလိုက်ပါတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုတွေဟာ နှစ်ပေါင်း ၂ဝ ကျော်အတွင်း အဆိုးဆုံးဖြစ်ပြီး၊ ထွက်ပြေးလာကြတဲ့ ဒုက္ခသည် တစ်သောင်းနှစ်ထောင်ကျော်အတွက် အရေးပေါ် အကူအညီလိုအပ်နေတယ်လို့ Free Burma Rangers

ကလေးမြို့သပိတ်စခန်း ရန်သူစခန်းသိမ်းပိုက်သလို တိုက်ခိုက်ခံရ

Posted: 30 Mar 2021 04:09 PM PDT

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အာဏာသိမ်းကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေက ဆန္ဒပြသူတွေကို သေနတ်တွေနဲ့ပစ် ခတ်ဖြိုခွင်းရာမှာ သေဆုံးသူတွေ၊ ဒဏ်ရာရသူတွေရှိနေပေမယ့် ဒေသခံတွေရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုတွေက ဆက်ပြီးရှိနေတုန်းပါပဲ။ ဖြိုခွဲနှိမ်နင်းမှုကို ပြန်ပြီးခုခံကာကွယ်ဖို့ ကလေးမြို့ တာဟန်း ရပ်ကွက်က ဗိုလ်ချုပ်လမ်းမပေါ်မှာ ဆန္ဒပြသူတွေဘက်က ယာယီခံတပ်စခန်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။စစ်ကိုင်းတိုင်း

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.