သစ္ထူးလြင္ |
- တာမွေ မအူကုန်းရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံး မီးလောင်
- မြန်မာ့အရေး ဂျပန်အစိုးရ ပိုလုပ်ပေးဖို့ ဂျပန်ရောက် မြန်မာတွေ ကြိုးပမ်း
- အာဏာသိမ်းစစ်ကောင်စီလက်ထက် မျှတမှုမရှိတဲ့ တရားစီရင်ရေးပုံစံများ
- စစ်အာဏာရှင်အောက်က အတာသင်္ကြန် နိုင်ငံအနှံ့ ခြောက်သွေ့ တိတ်ဆိတ်နေ
- ကချင် မိုးမောက်မြို့နယ်မှာ စစ်ပွဲကြောင့် ဒေသခံထောင်ချီ ထွက်ပြေးရ
- သမိုင်း မုဒိတာအိမ်ရာမှာ ဧည့်စာရင်းဝင်စစ်ချိန် လူဆယ်ချီ အဖမ်းခံရ
- မန္တလေး မြတောင်သပိတ်လူငယ်တွေရဲ့ တရော်ကင်ပွန်းသပိတ်
- သြစတြေးလျလွှတ်တော်အတွင်း မြန်မာ့အရေး ကြားနာပွဲပြုလုပ်
- မြန်မာစစ်တပ်နဲ့ စီးပွားလုပ်တဲ့ အိန္ဒိယက Adani ဆိပ်ကမ်းကုမ္ပဏီကို ကန် အစုရှယ်ယာစျေးက ထုတ်တော့မည်
- မိုးမောက်မှာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အဘွားအိုတစ်ဦး သေဆုံး
- ရန်ကုန်၊ ဦးချစ်မောင်လမ်း ပစ်ခတ်မှု စည်ပင်ဝန်ထမ်းတစ်ဦး သေဆုံး
- ရေပိုင်နက်ထဲက ချက်ခြင်းထွက်ခွါပေးဖို့ တရုတ်ကို ဖိလစ်ပိုင်တောင်းဆို
- မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ ၃ လမ်း၊ ၇၃လမ်းနှင့် ၇၄ လမ်းကြား၊ အကွက်အမှတ် ၃၄၊ မြောက်နွားခြံကုန်းတွင် ယနေ့ ဧပြီလ ၁၃ ရက် နံနက် ၃နာရီခွဲကျော်တွင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး လူနေအိမ်ခြေ ၃၀နီးပါး မီးလောင်
- ဖားကန့်မြို့ကနေ သပိတ်စစ်ကြောင်းရှိရာဘက်သို့ ဦးတည်ဘာတဲ့ စစ်ကောင်စီ စစ်တပ်နဲ့ရဲ ယာဉ်တန်း လမ်းမှာ မိုင်းခွဲခံရ
- ဖားကန့်အေးမြသာယာ သပိတ်စစ်ကြောင်း ရက်မပြတ် ဆန္ဒထုတ်ဖော်
- မိုးမောက်မြို့နယ်အတွင်းရှိ ရွာအချို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်နေခြင်းကြောင့် ဒေသခံများ ထိတ်လန့်နေ
- တီးတိန်မြို့ လွယ်ဘွယ်ရပ်ကွက်တွင်နေထိုင်သည့် NLD ပါတီမှ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဟန်ခန့်လျန်းနေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ရှာဖွေ
- တမူးမြို့ပါဟဲတံတားအနီးမှာ ဒီမနက် နွားနို့ပို့တဲ့ဂေါ်ရခါးလင်မယား ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့၀င်တွေက ပစ်သတ်လိုက်တယ်လို့ ဒေသခံတချို့ကအတည်ပြု
- မုံရွာတွင် ညပိုင်း ပေါက်ကွဲမှုများဖြစ်
- မုံရွာသံလမ်းစျေးအမှိုက်ကန်တွင် အလောင်းတွေ့
- အင်းစိန်က ညကင်းစောင့်သူတဦး နှိပ်စက်ဒဏ်ရာများနဲ့ သေဆုံး
- ခဝဲခြံ မျက်မမြင်ကျောင်းဝင်းထဲ လက်နက်ကိုင်စစ်သားတွေ ဝင်တပ်စွဲ
- ယူကေဆိုင်ရာ မြန်မာသံအမတ်ဟောင်းကို အိမ်ပေါ်က ဆင်းပေးဖို့ စာပို့
- သင်္ကြန်ပွဲတော် ပုံမှန်ကျင်းပနိုင်ဖွယ် မရှိ
- တနိုင်ငံလုံး တော်လှန်သြင်္ကန် ဆင်နွဲကြဖို့ စစ်အာဏာသိမ်းဆန့်ကျင်ရေးအဖွဲ့တွေဆော်သြ
တာမွေ မအူကုန်းရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံး မီးလောင် Posted: 13 Apr 2021 07:51 AM PDT ရန်ကုန်မြို့၊ တာမွေမြို့နယ်ထဲမှာရှိတဲ့ မအူကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဒီနေ့ ဧပြီလ ၁၃ ရက် မနက် ၅ နာရီကျော်လောက်က မီးလောင်မှုဖြစ်ခဲ့လို့ ရုံးတစ်ခုလုံးပျက်စီးသွားခဲ့တယ်လို့ အနီးနားနေထိုင် ထိုင်သူတွေက ဘီဘီစီကိုပြောပါတယ်။အဲဒီအုပ်ချုပ်ရေးမှူးရုံးဟာ လမ်းကျယ်နဲ့ ၁၃၅ လမ်း လမ်းထိပ်မှာရှိပြီး အုတ်ကာ၊ သွပ်မိုး တထပ်အဆောက်အအုံဖြစ်ပါတယ်။မီးသတ်ကားနဲ့ မီးငြိမ်းနိုင်ခဲ့လို့ မနက် ၆ နာရီဝန်းကျင်မှာ |
မြန်မာ့အရေး ဂျပန်အစိုးရ ပိုလုပ်ပေးဖို့ ဂျပန်ရောက် မြန်မာတွေ ကြိုးပမ်း Posted: 13 Apr 2021 07:49 AM PDT ဂျပန်ရောက် မြန်မာ့အရေးလှုပ်ရှားသူများ။အာဏာသိမ်း အုပ်ချုပ်နေတဲ့ မြန်မာစစ်တပ်နဲ့ ဂျပန်လုပ်ငန်းတွေ စီးပွားရေးလုပ်နေတာ ရပ်ထားဖို့ အပါအဝင် မြန်မာ့အရေးကို ဂျပန်အစိုးရက တိုက်တိုက်တွန်းတွန်းလုပ်ဖို့ ဂျပန်ရောက် မြန်မာ့အရေးလှုပ်ရှားသူတွေ ကြိုးစားနေကြပါတယ်။ ဂျပန်ပြည်သူတွေက မြန်မာ့နိုင်ငံက အခြေအနေကို စိတ်ဝင်စားပေမဲ့ အစိုးရနဲ့ စီးပွားရေးလုပ်ငန်းတွေဘက်က မြန်မာ့အရေးအတွက် ပိုပြီး လုပ်ဖို့လိုတယ်လို့ သူတို့ကပြောပါ |
အာဏာသိမ်းစစ်ကောင်စီလက်ထက် မျှတမှုမရှိတဲ့ တရားစီရင်ရေးပုံစံများ Posted: 13 Apr 2021 07:47 AM PDT ရန်ကုန်ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံရသူတဦး။ (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁)ရန်ကုန်တိုင်းဒေသကြီးအတွင်း စစ်အုပ်ချုပ်ရေး ကြေငြာထားတဲ့မြို့နယ်တွေမှာ စစ်ခုံရုံးတင် တရားစွဲခံရသူတွေကို ဖိအားပေး ဝန်ခံခိုင်းတာတွေ ရှိနေသလို ဥပဒေကြောင်းအရ ခုခံချေပခွင့်မရတာတွေမျိုးတွေ ဖြစ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြောကြားလိုက်ပါတယ်။ မ ျှမ ျှတတ မဖြစ်တဲ့ စီရင်မှုတွေ အပေါ် တရားလွှတ်တော် ရှေ့နေတွေကလည်း ဝေဖန် |
စစ်အာဏာရှင်အောက်က အတာသင်္ကြန် နိုင်ငံအနှံ့ ခြောက်သွေ့ တိတ်ဆိတ်နေ Posted: 13 Apr 2021 07:45 AM PDT မြန်မာတွေရဲ့ ၁၃၈၃ ခုနှစ်မြောက် နှစ်သစ်ကူး အတာသင်္ကြန်ပွဲဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်အောက် မှာ လူပေါင်း ခုနှစ်ရာကျော်အသတ်ထားတဲ့ ကာလဖြစ်တဲ့အတွက် ပြည်သူတွေက ပုံမှန်မင်္ဂလာယူတဲ့ သင်္ကြန်ပွဲ အစား၊ တော်လှန်သင်္ကြန် အဖြစ် ပြောင်းလဲလိုက်တဲ့အတွက် တစ်နိုင်ငံလုံး ခြောက်ကပ်တိတ်ဆိတ်သွား ပါတယ်။ဒီကြားထဲမှာပဲ ဆန္ဒပြပွဲတွေ ကြိုကြားကြိုကြားဆက်ရှိနေပြီး၊ မနေ့ နေ့လယ်ပိုင်းကနေ ဒီနေ့နေ့လယ်ထိ ၂၄ နာရီလောက်အတွင်း |
ကချင် မိုးမောက်မြို့နယ်မှာ စစ်ပွဲကြောင့် ဒေသခံထောင်ချီ ထွက်ပြေးရ Posted: 13 Apr 2021 07:44 AM PDT မိုးမောက်မြို့နယ်ထဲမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီသြဇာခံတပ်တွေကြား ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး၊ တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် ဒေသခံ တစ်ထောင်ကျော်လောက် နေရပ်စွန့်ခွာ ထွက် ပြေးရတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင်းမှာ တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ ဧပြီလ ၁၀ ရက်နေ့ကနေ ဒီနေ့အထိ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ တိုက်ပွဲ |
သမိုင်း မုဒိတာအိမ်ရာမှာ ဧည့်စာရင်းဝင်စစ်ချိန် လူဆယ်ချီ အဖမ်းခံရ Posted: 13 Apr 2021 07:27 AM PDT ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ သမိုင်းမုဒိတာအိမ်ရာမှာ စစ်ကောင်စီတပ်တွေက မနေ့ည ဧပြီလ ၁၂ ရက်မှာ ဧည့်စာရင်းဝင်စစ်ချိန် ဖမ်းဆီးခံရသူအယောက် ၃၀ နီးပါးရှိတယ်လို့ အိမ်ရာမှာ နေထိုင်သူတစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။''ဧည့်စာရင်းတိုင်ထားတဲ့အခန်းတွေကို ဝင်စစ်တာ၊ တံခါးတွေဘာတွေ ဖျက်ဝင်တာမျိုးလည်းရှိတယ်'' လို့ မနေ့ည ၁၁ နာရီကျော်ကျော်က အခြေအနေကို အိမ်ရာမှာနေသူတစ်ဦးက ပြောပြပါတယ်။ဧည့်စာရင်းစစ်ချိန်ဖမ်းထား |
မန္တလေး မြတောင်သပိတ်လူငယ်တွေရဲ့ တရော်ကင်ပွန်းသပိတ် Posted: 13 Apr 2021 07:26 AM PDT မန္တလေး မြတောင်သပိတ်လူငယ်တွေရဲ့ တရော်ကင်ပွန်းသပိတ်မန္တလေးမြို့ မြတောင်သပိတ်စစ်ကြောင်းက အမျိုးသမီးလူငယ်တွေဟာ ဒီနေ့ ဧပြီလ ၁၃ ရက်မှာ လူမဲ့တရော်ကင်ပွန်းသပိတ် ပြုလုပ်ခဲ့သလို စစ်အာဏာရှင်ဆန့်ကျင်ရေးအပြင် လူထုအချင်းချင်းအားပေးစကားပါတဲ့စာတွေကိုလည်း တရော်ကင်ပွန်းခေါင်းလျှော်ရည်ထုတ်နဲ့အတူ မျှဝေတာတွေပြုလုပ်ခဲ့ပါတယ်။မြန်မာနှစ်သစ်ကူးမှာ အညံ့တွေပျောက်ဖို့ ဒီနေ့ သင်္ကြန်အကြိုနေ့မှာ တရော်ကင်ပွန်းနဲ့ခေါင်းလျှော်ကြ |
သြစတြေးလျလွှတ်တော်အတွင်း မြန်မာ့အရေး ကြားနာပွဲပြုလုပ် Posted: 13 Apr 2021 07:23 AM PDT သြစတြေးလျလွှတ်တော်တွင်း မြန်မာ့အရေး ကြားနာပွဲ တက်ရောက်သူတချို့။ (ဧပြီ ၁၃၊ ၂၀၂၁)မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းအုပ်ချုပ်ပြီး ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်နှိမ်နင်းနေတာကြောင့် နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေ မြင့်တက်လာချိန်မှာ သြစတြေးလျလွွှတ်တော်မှာလည်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ ကြားနာပွဲ တရပ်ကျင်းပခဲ့ပါတယ်။ သြစတြေးလျနိုင်ငံရဲ့နိုင်ငံခြားရေး၊ ကာကွယ်ရေးနဲ့ ကုန်သွယ်ရေး ပူးတွဲအမြဲတမ်းကော်မတီက ဦးစီး |
မြန်မာစစ်တပ်နဲ့ စီးပွားလုပ်တဲ့ အိန္ဒိယက Adani ဆိပ်ကမ်းကုမ္ပဏီကို ကန် အစုရှယ်ယာစျေးက ထုတ်တော့မည် Posted: 13 Apr 2021 07:21 AM PDT အိန္ဒိယအခြေစိုက် Adani ဆိပ်ကမ်းများနဲ့ အထူးစီးပွားရေးဇုန်လီမိတက်က အလုပ်သမားတချို့ကို အိန္ဒိယနိုင်ငံ Mundra ဆိပ်ကမ်းမှာတွေ့ရ။ (ဧပြီ ၀၂၊ ၂၀၁၄)လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ထားတဲ့ မြန်မာစစ်တပ်နဲ့ စီးပွားရေး တွဲလုပ်နေတဲ့ အိန္ဒိယအခြေစိုက် Adani ဆိပ်ကမ်းများနဲ့ အထူးစီးပွားရေးဇုန်လီမိတက်ကို S&P အစုရှယ်ယာ အညွှန်းကိန်းစာရင်းထဲကနေ ထုတ်ပစ်တော့မယ်လို့ S&P Dow Jones Indices ကုမ္ပဏီက ဒီကနေ့ ကြေညာပါတယ် |
မိုးမောက်မှာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အဘွားအိုတစ်ဦး သေဆုံး Posted: 13 Apr 2021 07:19 AM PDT မိုးမောက်မှာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အဘွားအိုတစ်ဦး သေဆုံး မိုးမောက်မြို့နယ်ကို ကျရောက်ပြီး မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တစ်ခုကို တွေ့ရစဉ် / Photo: Kachin Waveကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှာ ဧပြီလ ၁၂ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA တို့ တိုက်ပွဲဖြစ်ရာမှာ၊ စစ်တပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၈၃ နှစ်အရွယ် အဘွားအိုတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသအခြေစိုက် |
ရန်ကုန်၊ ဦးချစ်မောင်လမ်း ပစ်ခတ်မှု စည်ပင်ဝန်ထမ်းတစ်ဦး သေဆုံး Posted: 13 Apr 2021 07:16 AM PDT ရန်ကုန်၊ ဦးချစ်မောင်လမ်း ပစ်ခတ်မှု စည်ပင်ဝန်ထမ်းတစ်ဦး သေဆုံး ဧပြီလ ၁ ရက်နေ့က ဦးချစ်မောင်လမ်းပေါ်မှာ တွေ့ရတဲ့ စစ်ကောင်စီတပ်သားများ။ Photo: Citizen Journalistရန်ကုန်၊ ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်းပေါ်မှာ ဒီကနေ့ညနေပိုင်း ပစ်ခတ်မှုကြောင့် လူငယ်တစ်ဦး သေနတ်ကျည်ထိမှန်ပြီး သေဆုံးသွားတယ်လို့ မျက်မြင်တွေ့သူက RFA ကိုပြောပါတယ်။သေဆုံးသူရဲ့ ရုပ်အလောင်းကို တရွတ်တိုက်ဆွဲသွားပြီး စစ်တပ်ကသိမ်းယူသွားတယ်လို့လည်း အဲ့ |
ရေပိုင်နက်ထဲက ချက်ခြင်းထွက်ခွါပေးဖို့ တရုတ်ကို ဖိလစ်ပိုင်တောင်းဆို Posted: 13 Apr 2021 07:14 AM PDT (၁၃/၄/၂၀၂၁)ဖိလစ်ပိုင်ရေပိုင်နက်မှာ တရားမဝင်ရောက်နေတဲ့ လက်နက်ကိုင် တရုတ်ငါးဖမ်းသင်းဘောတွေ ချက်ခြင်းထွက်ခွါပေးဖို့ ဖိလစ်ပိုင်အစိုးရကတရုတ်သံအမတ်ကို ဒီကနေ့ ဆင့်ခေါ်ပြီး သတိပေးတောင်းဆိုပါသည်။မုန်တိုင်းဝင်ရှောင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဖိလစ်ပိုင်ရေပိုင်နက်ထဲရောက်နေတာ တပါတ်ရှိနေပြီဖြစ်ပါတယ်။ မုန်တိုင်းမရှိတော့တာမို့ ချက်ခြင်း ထွက်ခွါပေးဖို့ တရုတ်သံအမတ်ကို ခေါိပြီးသတိပေးရတယ်ဆိုပါတယ်။ ဖိလစ်ပိုင်ရေပြင် |
Posted: 13 Apr 2021 07:12 AM PDT မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ ၃ လမ်း၊ ၇၃လမ်းနှင့် ၇၄ လမ်းကြား၊ အကွက်အမှတ် ၃၄၊ မြောက်နွားခြံကုန်းတွင် ယနေ့ ဧပြီလ ၁၃ ရက် မဟာသင်္ကြန်အကြိုနေ့ နံနက် ၃နာရီခွဲကျော်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး လူနေအိမ်ခြေ ၃၀နီးပါး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။" မနက် ၃နာရီခွဲမှာ မီးစလောင်တာ။ ၄နာရီကျော်မှ မီးသတ်ကားလာတယ်။ သေနတ်တွေနဲ့ ပစ်တော့ မီးသတ်ကားလည်း စလောင်တဲ့ချိန် မထွက်ရဲဘူး။ အိမ်ခြေတွေ |
Posted: 13 Apr 2021 07:08 AM PDT Photo: ပုံဟောင်းဖြစ်ပါတယ်13 April 2021 - Hpakantယနေ့ နံနက် ၁၀နာရီခွဲဝန်းကျင်တွင် ဖားကန့်မြို့ကနေ သပိတ်စစ်ကြောင်းရှိရာဘက်သို့ ဦးတည်လာသော စစ်ကောင်စီတပ်နှင့်ရဲ ယာဉ်တန်းလမ်းတွင် မိုင်းခွဲခံရကြောင်း သတင်းရရှိသည်။ အေးမြသာယာနှင့် မော်တောင်းရွာကြားတွင် ခွဲခံရတာဖြစ်ပြီး ထိခိုက်မှု ရှိမရှိ မသိရှိသေးကြောင်း ဒေသခံများကဆိုသည်။ ဖြစ်ပွားခဲ့သည့်နေရာ၌ ဒေသခံများကို မလာခိုင်းဘဲ ပိတ်ချထားသည်ဟု |
ဖားကန့်အေးမြသာယာ သပိတ်စစ်ကြောင်း ရက်မပြတ် ဆန္ဒထုတ်ဖော် Posted: 13 Apr 2021 07:00 AM PDT ဧပြီ၊၁၃ ဖားကန့်မြို့၊ အေးမြသာယာစုပေါင်းသပိတ်စစ်ကြောင်းအနေဖြင့် ယနေ့ဧပြီလ (၁၃)ရက်နေ့တွင် မမုံ/ဖားပြင်ကျေးရွာများ၌ စစ်အာဏာရှင်ဆန့်ကျင်ရေး စီတန်းလှည့်လည်ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။ ယနေ့မမုံကျေးတွင်း အေးမြသာယာစုပေါင်းစစ်ကြောင်းစီတန်းလှည့်လည်နေစဉ် အေးမြသာယာလမ်းဆုံမြို့ပေါ်ရပ်ကွက်အဝင်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး အပစ်အခတ်များဖြစ်ခဲ့မှုကြောင့် အခင်းဖြစ်သည့် နေရာနှင့် (၃)မိုင်ခန့်အကွာအဝေးရှိသော်လည်း သပိတ် |
Posted: 13 Apr 2021 06:56 AM PDT ဧပြီ-၁၃ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ရှိ မြို့သစ်၊ စီဟက်၊ မြင်းကြမ်း၊ မြို့ဟောင်း၊ ကုန်းလောစသည့် ရွာများတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ဒေသခံပြည်သူများ အလွန်စိုးရိမ် ထိတ်လန့် နေကြရကြောင်း သိရသည်။ ဧပြီလ (၁၁) ရက်နေ့ညနေပိုင်းတွင် စစ်ကောင်စီတပ်နှင့်ကေအိုင်အေတို့ ပြင်းထန်သည့် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ယနေ့ ဧပြီလ (၁၃) ရက်နေ့အထိ |
Posted: 13 Apr 2021 06:49 AM PDT တီးတိန်မြို့ လွယ်ဘွယ်ရပ်ကွက်တွင်နေထိုင်သည့် NLD ပါတီမှ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဟန်ခန့်လျန်းနေအိမ်ကို .ယနေ့ နေ့လည် ၁ နာရီဝန်းကျင်တွင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ရှာဖွေခဲ့ကြကြောင်း ဦးဟန်ခန့်လျန်ဟာနေအိမ်တွင် မရှိ၍ ဖမ်းဆီးမေးမြန်းခြင်းခံရခြင်း မရှိကြောင်း သိရသည်။တီးတိန်မြို့တွင်ယခုရက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့၀င်များက CDM၀င်၀န်ထမ်းတချို့ကိုနေအိမ်တွင်ဖမ်းဆီးခေါ် |
Posted: 13 Apr 2021 06:47 AM PDT တမူးမြို့ပါဟဲတံတားအနီးမှာ ဒီမနက် နွားနို့ပို့တဲ့ဂေါ်ရခါးလင်မယား ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့၀င်တွေက ပစ်သတ်လိုက်တယ်လို့ ဒေသခံတချို့ကအတည်ပြုသတင်းပေးပို့ပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဟာဒီမနက်ကတည်းကမြို့တွင်းရက်ကွက်တွေမှာလိုက်လံပစ်ခတ်နေပြီး ပါဟဲတံတားအနီးက လက်ဖက်ရည်ဆိုင်ပိုင်ရှင် ၁ ဦးကိုလည်းဖမ်းဆီးသွားတယ်လို့သိရပါတယ်။Chin Worldhttps://www.facebook.com/Chin-World-167011980026853 |
မုံရွာတွင် ညပိုင်း ပေါက်ကွဲမှုများဖြစ် Posted: 13 Apr 2021 06:43 AM PDT မုံရွာ၊ဧပြီ- ၁၃စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ယနေ့ညပိုင်း ၆နာရီ ၄၀မိနစ်က ပေါက်ကွဲမှုအသံများဖြစ်ပေါ်ကြောင်း သတင်းရင်းမြစ်များထံမှသိရသည်။မုံရွာဂေဇက်မှသွားရောက်မေးမြန်းခြင်းနှင့် သတင်း ရင်းမြစ်များအတည်ပြုချက်အရ ဗိုလ်ချုပ်လမ်း မြန်မာ့စီးပွားရေးဘဏ်အနီးတွင် တစ်ခု၊နန္ဒဝန်ရပ် အေးရိပ်သာလမ်းတွင်တစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ဗိုလ်ချုပ်လမ်း မြို့တော်ခန်းမအနီးနှင့်ကျောက္ကာလမ်း ရေကူးကန်လမ်းအနီးတို့တွင် |
မုံရွာသံလမ်းစျေးအမှိုက်ကန်တွင် အလောင်းတွေ့ Posted: 13 Apr 2021 06:41 AM PDT မုံရွာ၊ ဧပြီ-၁၃မုံရွာမြို့ ထန်းတောရပ်နှင့် အလယ်ရပ်ကွက်ကြား ပြည်ထောင်စုလမ်းဘေး သံလမ်းစျေးအနီးအမှိုက်ကန်တွင် အလောင်းတစ်လောင်း ယနေ့နံနက် ၈နာရီကတွေ့ကြောင်း စျေးသူစျေးသားများက ပြောသည်။အသက်၄၀ အရွယ် အမည်၊နေရပ် မသိရသေးသော အမျိုးသားအလောင်းတွေ့ရှိရာသို့ ရဲတပ်ဖွဲ့မှ လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။"ဘယ်သူအရင်စတွေ့မှန်းမသိဘူး။ရဲတွေလာတော့ မကြည့်ရဲကြတော့တာ "ဟု သံလမ်းစျေးအနီးနေသူက ပြောသည်။အလောင်းတွင်ပြင်ပဒဏ်ရာ |
အင်းစိန်က ညကင်းစောင့်သူတဦး နှိပ်စက်ဒဏ်ရာများနဲ့ သေဆုံး Posted: 12 Apr 2021 05:16 PM PDT ဧပြီလ ၁၂ ရက်နေ့ မနက်ပိုင်းက အင်းစိန်မြို့နယ် အောင်ဆန်းရပ်ကွက်မှာ ညကင်းစောင့်သူတဦး ကင်းချိန်အပြီး အိမ်အပြန်လမ်းမှာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ မိသားစုက လိုက်လံစုံစမ်းရမှာတော့ လှိုင်သာယာဆေးရုံမှာ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ အလောင်းကို တွေ့ခဲ့ရတယ်လို့ မိသားစုဝင်တဦးက RFA ကို ပြောပါတယ်။အင်းစိန်မြို့နယ် အောင်ဆန်းရပ်ကွက်မှာ ဧပြီလ ၁၂ ရက် တနင်္လာနေ့ မနက်ပိုင်းက ညကင်းစောင့်သူတဦး ဖြစ်တဲ့ ကို |
ခဝဲခြံ မျက်မမြင်ကျောင်းဝင်းထဲ လက်နက်ကိုင်စစ်သားတွေ ဝင်တပ်စွဲ Posted: 12 Apr 2021 04:57 PM PDT ရန်ကုန်မြို့ အနောက်ပိုင်း ခဝဲခြံရပ်ကွက်မှာ ရှိတဲ့ မျက်မမြင်စာသင်ကျောင်းအပါအဝင် မရမ်းကုန်းမြို့နယ်ထဲက ကျောင်းပုရဝုဏ် အတော်များများထဲကို စစ်တပ်က ဝင်ရောက် တပ်စွဲထားပါတယ်။"တနင်္လာနေ့ ည ၇ နာရီထိုးခါနီးလောက်မှာ စစ်သားတစ်ယောက် ဝင်းကို ကျော်ဝင်လာပြီး တံခါးဖွင့်ပေးဖို့ လာပြောတယ်။ ကျောင်းအုပ်ဆရာကြီး ဦးသိန်းလွင်နဲ့ စကားပြောပါ ဆိုတော့ အဲဒီမှာ ၂ ည ၃ ညလောက် နေဖို့ ပြောခဲ့တဲ့အတွက် ခွင့်ပြုခဲ့ရတယ်" လို့ |
ယူကေဆိုင်ရာ မြန်မာသံအမတ်ဟောင်းကို အိမ်ပေါ်က ဆင်းပေးဖို့ စာပို့ Posted: 12 Apr 2021 04:56 PM PDT မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ယူကေ၊ မြန်မာသံအမတ်၊ စစ်အာဏာသိမ်းတာဝန်ကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ယူကေဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးကျော်စွာမင်းကို သူနေထိုင်နေတဲ့ သံအမတ်အိမ်ကနေ ဆင်းပေးဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက စာပေးပို့ အကြောင်းကြားလိုက်ပါတယ်။ဦးကျော်စွာမင်းကို သံအမတ်ရာထူးကနေ ဧပြီလ ၇ ရက်နေ့ကတည်းက ထုတ်ပယ်ခဲ့ပြီး ဖြစ်ကြောင်းနဲ့ ဦးကျော်စွာမင်း နေနေတဲ့ အိမ်နဲ့ အိမ်ထဲမှာ ရှိတဲ့ ပစ္စည်းတွေ၊ သံအမတ် သုံး |
သင်္ကြန်ပွဲတော် ပုံမှန်ကျင်းပနိုင်ဖွယ် မရှိ Posted: 12 Apr 2021 04:52 PM PDT ဧပြီလ ၁၂ ရက် နှစ်သစ်ကူး သင်္ကြန်အခါသမယနေ့ မြင်ကွင်းတချို့စစ်အာဏာသိမ်းခံရ ကာလအတွင်း ဒီကနေ့ စတင်မယ့် နှစ်သစ်ကူး သင်္ကြန်အခါသမယကို ပုံမှန်မကျင်းပနိုင်ပါဘူး။ အာဏာသိမ်းထားတဲ့ စစ်တပ်ကလည်း နိုင်ငံတဝန်း ဆန္ဒပြပွဲတွေကို နှိမ်နင်းနေသလို တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့လည်း တိုက်ပွဲ ဖြစ်နေတာပါ။ တဖက်မှာလည်း စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြသူတွေက စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲတွေ အနေနဲ့ သင်္ကြန်အခါသမယ ကို ကျင်းပကြ |
တနိုင်ငံလုံး တော်လှန်သြင်္ကန် ဆင်နွဲကြဖို့ စစ်အာဏာသိမ်းဆန့်ကျင်ရေးအဖွဲ့တွေဆော်သြ Posted: 12 Apr 2021 04:49 PM PDT တော်လှန်သင်္ကြန် (ဓာတ်ပုံ-GSC)စစ်အုပ်ချုပ်ရေးကောင်စီက အာဏာသိမ်းထားတဲ့ကာလအတွင်း ကျရောက်မယ့် ဒီနှစ်မြန်မာ့နှစ်သစ်ကူး အတာသြင်္ကန်ပွဲတော်ကို တော်လှန်သြင်္ကန်အဖြစ်ဆင်နွှဲပြီး အာဏာရှင်စနစ်ကိုဆန့်ကျင်ဆန္ဒပြကြဖို့ တိုက်တွန်းဆော်သြနေကြပါတယ်။ တော်လှန်သြင်္ကန်ကို တနိုင်ငံလုံးအတိုင်းအတာ ဆင်နွှဲဖို့ ဆန္ဒပြသပိတ်ဦးဆောင်ပါဝင်တဲ့လူငယ်တွေ ဘယ်လိုပြင်ဆင်ဆောင်ရွက်နေကြပါသလဲ။ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို မဆုမွန်က |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.