သစ္ထူးလြင္ |
- သုံးခွရဲစခန်းမှာ ဒုရဲအုပ်က တပ်ကြပ်ကို သေနတ်နဲ့ ပစ်လို့ သေဆုံး
- ကနီမှာ စစ်ကောင်စီတပ် ပစ်ခတ်လို့ ခြောက်ယောက်ထက်မနည်း သေဆုံး
- အမျိုးသားညီညွတ်ရေးအစိုးရကို တအာန်းအဖွဲ့ TNLA ကြိုဆို
- ဂျပန်ရောက်မြန်မာတွေ အမျိုးသားညီညွတ်ရေးအစိုးရကို ကြိုဆို၊ လှုပ်ရှားမှုတွေ ဆက်တိုက်လုပ်
- အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အစိုးရအဖြစ် SAC-M ကြိုဆို
- CRPH နဲ့ အမေရိကန်နိုင်ငံခြားရေးဌာနက တာဝန်ရှိသူတွေ ဆက်သွယ်ဆွေးနွေး
- တောင်ကိုရီးယား ပေါ်စကိုကုမ္ပဏီ ဦးပိုင်နဲ့ ပူးပေါင်းမှုရပ်မယ်
- မီးရထား CDM ဝန်ထမ်းတွေရဲ့ အခက်အခဲ
- ကယားက CDM ရဲဝန်ထမ်းတွေ နောက်ကြောင်းပြန်မလှည့်ဘူးလို့ ပြော
- စစ်ကောင်စီတပ် ပစ်ခတ်လို့ ၂၄ နာရီအတွင်း လူရှစ်ဦးထက်မနည်း သေဆုံး
- ရန်ကုန်ကျန်းမာရေး ပုံမှန်ပြန်ဖြစ်ဖို့ အခက်ကြုံ
သုံးခွရဲစခန်းမှာ ဒုရဲအုပ်က တပ်ကြပ်ကို သေနတ်နဲ့ ပစ်လို့ သေဆုံး Posted: 16 Apr 2021 08:16 AM PDT ဓါတ်ပုံ-ကောင်သန့်ရန်ကုန် ဧပြီ ၁၆-၂၀၂၁MHS(VOM)ရန်ကုန်တိုင်း၊ သုံးခွရဲစခန်းမှာ မနေ့ည ၈နာရီကျော် အချိန်လောက်မှာ ဒုရဲအုပ်အောင်ဘိုဘိုနဲ့ တပ်ကြပ်ဖြစ်သူဇော်ဝင်းမောင်တို့ဟာ အရက်သောက်စကားများရန်ဖြစ်ခဲ့ပြီးနောက် ဒုရဲအုပ်အောင်ဘိုဘိုက သေနတ်ထုတ်ပြီး ပစ်ခတ်လိုက်လို့ ခေါင်းထိသေဆုံးသွားတာလို့ နီးစပ်သူတွေက ဆိုပါတယ်။"ရဲစခန်းထဲ သေနတ်သံကြားပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတာတော့ သိတယ်။နောက်မှ ရဲအချင်းချင်းပစ်ကြတာလို့ သိရ |
ကနီမှာ စစ်ကောင်စီတပ် ပစ်ခတ်လို့ ခြောက်ယောက်ထက်မနည်း သေဆုံး Posted: 16 Apr 2021 08:12 AM PDT ကနီမှာ စစ်ကောင်စီတပ် ပစ်ခတ်လို့ ခြောက်ယောက်ထက်မနည်း သေဆုံး စစ်ကိုင်းတိုင်း ကနီမြို့နယ်က ပြည်သူတွေ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ၂၀၂၁၊ မတ် ၂၇ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ် / Photo: Citizen Journalistစစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အနီး မိုင်တိုင် ၁၂ မှာ ကျေးရွာလုံခြုံရေးဆောင်ရွက်နေတဲ့ ဒေသခံပြည်သူတွေကို မနေ့က ဧပြီလ ၁၅ ရက်နေ့ ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီက အင်အား ၂၀၀ ကျော်နဲ့ လာရောက် ဖြိုခွင်းခဲ့တဲ့အတွက် |
အမျိုးသားညီညွတ်ရေးအစိုးရကို တအာန်းအဖွဲ့ TNLA ကြိုဆို Posted: 16 Apr 2021 08:10 AM PDT မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေထဲ CDM ကို ထောက်ခံကြောင်း TNLA ကအစောဆုံးထုတ်ဖော်ပြသခဲ့တာပါ။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ကြိုဆိုကြောင်းနဲ့ လိုအပ်တဲ့ အခန်းကဏ္ဍတွေမှာ လိုအပ်သလိုပူးပေါင်းဆောင်ရွက်ဖို့ ပြင်ဆင်ကြိုးစားမယ်လို့ တအာန်းအဖွဲ့ TNLA က ဗိုလ်မှူးချုပ် တာဘုန်းကျော်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ဒီနေ့ ထုတ်ပြန်လိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို ဘယ်လိုစဉ်းစားချက်အခြေခံနဲ့ စုဖွဲ့ |
ဂျပန်ရောက်မြန်မာတွေ အမျိုးသားညီညွတ်ရေးအစိုးရကို ကြိုဆို၊ လှုပ်ရှားမှုတွေ ဆက်တိုက်လုပ် Posted: 16 Apr 2021 08:07 AM PDT ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက အမျိုးသား ညီညွတ်ရေး အစိုးရ ဖွဲ့စည်းခြင်းနဲ့ ပတ်သက်လို့ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေကလည်း ကြိုဆိုလိုက်ပါတယ်။အဲဒီလို ဖွဲ့စည်းတာနဲ့ ပတ်သက်ပြီး ဧပြီ ၁၉ ရက် တနင်္လာနေ့ မွန်းလွဲ ၃ နာရီ ကနေ ၄ နာရီ နိုင်ငံခြားရေးရုံးရှေ့ NUG အမျိုးသားညီညွတ်ရေး အစိုးရကို ထောက်ခံကြောင်း နှင့် NUG ကို အသိအမှတ်ပြုရန် ဂျပန်အစိုးရကို တောင်းဆိုဆန္ဒထုတ်ဖော်ပွဲ ကျင်းပဖို့အတွက် စီစဥ်နေတယ် |
အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အစိုးရအဖြစ် SAC-M ကြိုဆို Posted: 16 Apr 2021 08:06 AM PDT မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့ဝင်များမြန်မာနိုင်ငံမှာ သမိုင်းဝင်ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်ပြီး ဒီလိုဖွဲ့စည်းတာကို ကြိုဆိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ကပြောပါတယ်။"မြန်မာလူထုအားလုံး ငြိမ်းချမ်းစွာနဲ့ စစ်တပ်ရဲ့ ဖိနှိပ်မှုအောက်က လွတ်မြောက်ပြီး လူထုရဲ့ အကောင်းဆုံးအကျိုးစီးပွားကို ထိပ်တန်း |
CRPH နဲ့ အမေရိကန်နိုင်ငံခြားရေးဌာနက တာဝန်ရှိသူတွေ ဆက်သွယ်ဆွေးနွေး Posted: 16 Apr 2021 08:04 AM PDT အမေရိကန်နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ၊ အကြီးတန်း ဒု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Atul Keshap ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာဗျူရိုက ယာယီ အကြီးတန်း ဒု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Scott Busby။မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်ထူထောင်ဖို့ အရေးကြီးတယ်ဆိုတာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမေရိကန်နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ် |
တောင်ကိုရီးယား ပေါ်စကိုကုမ္ပဏီ ဦးပိုင်နဲ့ ပူးပေါင်းမှုရပ်မယ် Posted: 16 Apr 2021 08:02 AM PDT တောင်ကိုရီးယား ပေါ်စကိုကုမ္ပဏီ ဦးပိုင်နဲ့ ပူးပေါင်းမှုရပ်မယ်တောင်ကိုရီးယားက Posco C&Cကုမ္ပဏီက မြန်မာစစ်တပ်ရဲ့ စီးပွားရေး လုပ်ငန်းတခု ဖြစ်တဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီ လီမိတက် (MEHL)နဲ့ စီးပွားရေး ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေ ရပ်ဆိုင်းတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ လက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြသူတွေကို စစ်တပ်က အကြမ်းဖက် ဖြိုခွဲနှိမ်နင်းမှုတွေကြောင့် စစ်တပ် |
မီးရထား CDM ဝန်ထမ်းတွေရဲ့ အခက်အခဲ Posted: 16 Apr 2021 08:02 AM PDT ငွေကြေးအခက်အခဲကြောင့် ရက်ပိုင်းအတွင်း CDM ပယ်ဖျက်သွားသူ ရာချီရှိနေပြီလို့ဆိုစစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်မှု CDM လုပ်နေကြတဲ့ မြန်မာ့မီးရထားဝန်ထမ်းတွေဟာ အချိန်ကြာလာတာနဲ့အမျှ ငွေရေးကြေးရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။အလှူရှင်တချို့ကြောင့် ဆန်၊ဆီနဲ့ ရိက္ခာတချို့ မရှားဘူးဆိုပေမယ့် လစာမရတဲ့အတွက် ငွေရေးကြေးရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မီးရထားဝန်ထမ်းတွေက |
ကယားက CDM ရဲဝန်ထမ်းတွေ နောက်ကြောင်းပြန်မလှည့်ဘူးလို့ ပြော Posted: 16 Apr 2021 08:01 AM PDT ကယားပြည်နယ်က အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်တဲ့ ရဲဝန်ထမ်းတွေကို ပြန်လည်တာဝန်ထမ်း ဆောင်ဖို့ အထက်အရာရှိတွေက ပြန်ခေါ်တာတွေရှိပေမယ့် သူတို့အနေနဲ့ နောက်ကြောင်းပြန်မလှည့်တော့ဘဲ အဆုံးထိ ပါဝင်သွားမယ်လို့ ပြောပါတယ်။ဖရူးဆို မြို့မရဲစခန်းမှာ ငါးနှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး အခု CDM လှုပ်ရှားမှုမှာ ပါဝင်သူ၊ အမည်မဖော် လိုတဲ့ ရဲဝန်ထမ်းတစ်ဦးက သူတို့ဟာ ဒီမိုကရေစီစနစ်အောက်မှာပဲ အလုပ်လုပ်သွားချင်တယ်လို့ |
စစ်ကောင်စီတပ် ပစ်ခတ်လို့ ၂၄ နာရီအတွင်း လူရှစ်ဦးထက်မနည်း သေဆုံး Posted: 16 Apr 2021 07:54 AM PDT မြန်မာတွေရဲ့ ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲဟာ ဒီနေ့နောက်ဆုံးဖြစ်ပြီး သင်္ကြန်အတက်နေ့လည်း ဖြစ် ပါတယ်။အာဏာသိမ်း စစ်ကောင်စီရဲ့ လက်အောက်မှာ သင်္ကြန်ပွဲ ဆင်နွှဲခြင်းမလုပ်လိုတဲ့ ပြည်သူတွေအားလုံးကတော့ တော်လှန်သင်္ကြန် အဖြစ်ပြောင်းလဲပြီး သပိတ်မှောက်ထားဆဲဖြစ်တာကြောင့် မြို့နယ်တိုင်းဟာ တိတ်ဆိတ် ခြောက်ကပ်စွာနဲ့ ဒီနေ့မှာလည်း အသံတိတ်သပိတ်အဖြစ်နဲ့ပဲ ဖြတ်သန်းခဲ့ကြပါတယ်။စစ်ကိုင်းတိုင်း၊ ကနီမြို့မှာတော့ မနေ့ည |
ရန်ကုန်ကျန်းမာရေး ပုံမှန်ပြန်ဖြစ်ဖို့ အခက်ကြုံ Posted: 16 Apr 2021 07:52 AM PDT ရန်ကုန်ပြည်သူ့ဆေးရုံကြီးစစ်အာဏာသိမ်းအပြီး ကျန်းမာရေးဝန်ထမ်းတွေအလုပ်မဆင်း သပိတ်မှောက်ခဲ့တာကြောင့် ပိတ်ခဲ့ရတဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို၊ မြန်မာစစ်ကောင်စီက၊ အင်္ဂါနေ့ကစပြီး ပြန်ဖွင့်ဖို့ကြိုးစားစီစဉ်ခဲ့ပေမဲ့၊ အရင်လို ပုံမှန် မလည်ပတ်နိုင်ဘူးလို့၊ ကျန်းမာရေးဝန်ထမ်းတွေက ဆိုပါတယ်။အများစု ဆရာဝန်၊ သူနာပြုနဲ့ အောက်ခြေဝန်ထမ်းတွေက၊ CDM အလုပ်မဆင်းလူပ်ရှားမူမှာပါဝင်နေတာအပြင်၊ ဆေးဝန်ထမ်းတချို့ကို ဝရမ်းထုတ် |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.