Thursday, April 22, 2021

သစ်ထူးလွင်

သစ်ထူးလွင်


စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဆီးပေးရန် အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ (INTERPOL) အထွေထွေအတွင်းရေးမှူးထံသို့ NUG ကအကြောင်းကြားစာပေးပို့

Posted: 22 Apr 2021 07:50 AM PDT

၂၂ ဧပြီလ ၂၀၂၁စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ICJ နှင့် ICC တရားရုံးများသို့ တရားစွဲတင်ပို့နိုင်ရေးအတွက် ဧပြီလ ၂၄ ရက်နေ့တွင် ကျင်းပမည့် မြန်မာနိုင်ငံအရေး အာဆီယံ ထိပ်သီးအစည်းအဝေးသို့ လာရောက်ချိန်တွင် ဖမ်းဆီးပေးရန် အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ (INTERPOL) အထွေထွေအတွင်းရေးမှူးထံသို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး

သတင်းထောက်နှစ်ဦးအာမခံပယ်ချခံရပြန်

Posted: 22 Apr 2021 07:37 AM PDT

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံရတဲ့ သတင်းထောက်တွေဖြစ်တဲ့ မကေဇွန်နွေးနဲ့ ကိုစိုးရာဇာထွန်းတို့ရဲ့ အာမခံလျှောက်ထားမှု ဒီနေ့ဧပြီ ၂၂ ရက်ရုံးချိန်းမှာ ပယ်ချခံရပါတယ်။ နောက်တစ်ချိန်ရုံးချိန်းကိုတော့ မေ ၆ ရက်ကို ချိန်းဆိုထားပါတယ်။Myanmar Now သတင်းထောက် မကေဇွန်နွေးဟာ အင်းစိန်ထောင်တွင်း အချုပ်ကျနေချိန် ကျန်းမာရေးမကောင်းတာအပါအဝင် အမျိုးသမီးဖြစ်တာကြောင့် အာမခံပေးဖို့ လျှောက်ထားခဲ့တယ်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေပါဝါကို တရားရုံးလက်ခံ၊ အင်တာနက်မရှိလို့ ဒေါ်အောင်ဆန်းစုကြည်ကိုရုံးမထုတ်ဖြစ်

Posted: 22 Apr 2021 07:36 AM PDT

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ စွဲဆိုထားတဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေပုပုဒ်မ ၃ (ဂ) မှာ အမှုလိုက်ပါဆောင်ရွက်ခွင့်ရဖို့ ရှေ့နေပါဝါကို တရားရုံးက ဒီနေ့ ဧပြီ ၂၂ ရက်ရုံးချိန်းမှာလက်ခံလိုက်တယ်လို့ သူ့ရှေ့နေ ဒေါ်စန်းမာလာညွန့်ကပြောပါတယ်။အမှုသည်နဲ့ လူချင်းတွေ့ဆုံခွင့်ပြုဖို့လည်း တရားရုံးကိုတောင်းဆိုထားတယ်လို့ သူက ဆက်ပြောပါတယ်။ရှေ့နေပါဝါတင်

အာဆီယံအစည်းအဝေး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လူကိုယ်တိုင်တက်မယ်

Posted: 22 Apr 2021 07:33 AM PDT

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ Min Aung Hlaingအင်ဒိုနီးရှားနိုင်ငံ ဂျကာကာမြို့မှာ လာမယ့် ဧပြီလ ၂၄ ရက်၊ စနေနေ့မှာကျင်းပမယ့် မြန်မာ့အရေး အရေးပေါ် အာဆီယံ ထိပ်သီးအစည်းအဝေးကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လူကိုယ်တိုင် တက်ရောက်မှာဖြစ်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက VOA ကို အတည်ပြုပါတယ်။အာဆီယံထိပ်သီး အစည်းအဝေးတက်ရောက်မယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဂျကာတာမြို့ကို

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းကြောင်းကြေညာ

Posted: 22 Apr 2021 07:31 AM PDT

ချင်းပြည်နယ် မတူပီ မြို့နယ်က ပညာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြည်သူတွေရဲ့ စစ်အာဏာသိမ်းဆန့်ကျင် ဆန္ဒပြပွဲ မြင်ကွင်း။ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နဲ့ ချင်းပြည်နယ်ပြင်ပ ကလေးကဘော်ဒေသ ချင်းလူငယ်တွေနဲ့ နိုင်ငံတကာရောက် ချင်းလူမျိုးတွေက ချင်းအမျိုးသားအဖွဲ့ချုပ်ကိုဖွဲ့စည်းပြီး ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ကိုလည်း ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ သူတို့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့

ကလေးမြို့မှာ CDM ပါဝင်တဲ့ အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦး ဖမ်းဆီးခံရ

Posted: 22 Apr 2021 07:29 AM PDT

ကလေးမြို့မှာ CDM ပါဝင်တဲ့ အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦး ဖမ်းဆီးခံရ CDM ပါဝင်တဲ့ စစ်ကိုင်းတိုင်း ကလေးမြို့က အုပ်ချုပ်ရေးမှူးဟောင်း ဦးဇာတုလျန် ခေါ် ပါတူး ကို အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်တွေ ဖမ်းဆီးခေါ်ဆောင်သွားစဉ် / Photo: Citizen Journalistဧပြီ ၂၂ ရက်၊ မနေ့က စစ်ကိုင်းတိုင်း ကလေးမြို့မှာ CDM ပါဝင်တဲ့ အုပ်ချုပ်ရေးမှူးဟောင်း ဦးဇာတုလျန် ခေါ် ပါတူး ကို စစ်တပ်နဲ့ ရဲတွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့

စစ်ကောင်စီရဲ့ ရန်ပုံငွေရင်းမြစ်နှစ်ခုကို အမေရိကန် ပိတ်ဆို့အရေးယူ

Posted: 22 Apr 2021 07:27 AM PDT

စစ်ကောင်စီရဲ့ ရန်ပုံငွေရင်းမြစ်နှစ်ခုကို အမေရိကန် ပိတ်ဆို့အရေးယူ ၂ဝ၂၁ မတ်လက နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ ကျောက်မျက်ရတနာပြပွဲကို တက်ရောက်လာသော အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ Photo: Justice For Myanmarအာဏာသိမ်းစစ်ကောင်စီရဲ့ မြန်မာ့သစ်လုပ်ငန်း (Myanma Timber Enterprise) နဲ့ မြန်မာ့ပုလဲ ထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်း (Myanmar Pearl Enterprise) တို့ကို အမေရိကန်

မြန်မာ့အရေး အင်ဒိုနဲ့ထိုင်းခေါင်းဆောင်နှစ်ဦး ဆွေးနွေး

Posted: 22 Apr 2021 07:25 AM PDT

အင်ဒိုနီးရှားသမ္မတ (ဝဲ) နဲ့ ထိုင်းဝန်ကြီးချုပ် (ယာ)အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာတို့ ဧပြီလ ၂၄ ရက်နေ့မှာ ကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့ပတ်သက်လို့ ကြာသပတေးနေ့မနက်ပိုင်းမှာ ဖုန်းဆက်ဆွေးနွေးခဲ့ပါတယ်။မြန်မာပြည်တွင်းအခြေအနေဟာ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် စိန်ခေါ်ချက်တရပ်ဖြစ်နေတယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့တဲ့အကြောင်း

အာဆီယံထိပ်သီးဆွေးနွေးပွဲ ဘယ်သူတွေ တက်မလဲ

Posted: 22 Apr 2021 07:23 AM PDT

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၂၀၁၉ ခုနှစ်က ပြုလုပ်တဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းမှုနောက်ဆက်တွဲအခြေအနေတွေကို အဖြေရှာဖို့အတွက် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ စနေနေ့မှာ ကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲကို ဖိလစ်ပိုင်သမ္မတ ရိုဒရီကို ဒူတာတေးတက်ရောက်မှာ မဟုတ်ဘဲ နိုင်ငံခြားရေးဝန်ကြီးကိုသာ စေလွှတ်မယ်လို့ ပြောခွင့်ရပုဂ္ဂိုလ်က အတည်ပြုပါတယ်။မျက်နှာချင်းဆိုင်တွေ့ဆုံ

မြန်မာ့အရေး အာဆီယံအစည်းအဝေး ဖိလစ်ပိုင်သမ္မတ တက်မှာမဟုတ်

Posted: 22 Apr 2021 07:21 AM PDT

မြန်မာ့အရေး အာဆီယံအစည်းအဝေး ဖိလစ်ပိုင်သမ္မတ တက်မှာမဟုတ်အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ လာမယ့် ဧပြီလ ၂၄ ရက်နေ့ ကျင်းပဖို့ရှိတဲ့ မြန်မာ့အရေး အာဆီယံ အရေးပေါ် စည်းဝေးပွဲကို ဖိလစ်ပိုင်သမ္မတ Rodrigo Duterte တက်မှာမဟုတ်ဘူးလို့ သမ္မတရဲ့ပြောခွင့်ရက ဒီကနေ့ ပြောကြားလိုက်ပါတယ်။စနေနေ့မှာ ကျင်းပဖို့စီစဉ်ထားတဲ့ ဒီစည်းဝေးပွဲမှာ အာဆီယံခေါင်းဆောင်တွေ မျက်နှာချင်းဆိုင် ဆွေးနွေးကြမှာဖြစ်တဲ့အတွက် သမ္မတ Duterte

မြန်မာအာဏာသိမ်းမှု ရှုတ်ချတဲ့ ဗြိတိန်ဥပဒေမူကြမ်း ဗြိတိန်အမတ်တွေထောက်ခံ

Posted: 22 Apr 2021 07:19 AM PDT

ဗြိတိန်နိုင်ငံ အာရှဒေသဆိုင်ရာဝန်ကြီး Nigel Adamsမြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ပြစ်တင်ရှုတ်ချကြောင်း အဆိုပြုထားတဲ့ လွှတ်တော်ဥပဒေမူကြမ်းကို ဗြိတိန် နိုင်ငံရေးပါတီ ၉ ပါတီက လွှတ်တော်အမတ် ၁၀၀ က ထောက်ခံကြောင်း ပြောကြားလိုက်ကြပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံကို စစ်လက်နက် ရောင်းချမှုပိတ်ပင်မယ့် နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းရေးနဲ့ ရိုဟင်ဂျာတွေ လူမျိုးတုံး သတ်ဖြတ်ခံရမှုကိစ္စနဲ့ပတ်သက်လို့ ICJ

ဂျပန်သတင်းထောက် လွတ်မြောက်ရေး ကြိုးစားသွားမယ်လို့ ဂျပန်သံရုံးပြော

Posted: 22 Apr 2021 07:18 AM PDT

ဂျပန်သတင်းထောက် လွတ်မြောက်ရေး ကြိုးစားသွားမယ်လို့ ဂျပန်သံရုံးပြော ဂျပန်အလွတ်သတင်းထောက် Yuki Kitazumi ပုံ / PHOTO: REUTERSဧပြီလ ၁၉ ရက်နေ့က ရန်ကုန်မှာ အဖမ်းခံလိုက်ရတဲ့ ဂျပန်သတင်းထောက် ယူကီ ကီတာဇူမီ Yuki Kitazumi လွတ်မြောက်ရေးအတွက် ကြိုးစားသွားမယ်လို့ ရန်ကုန်မြို့၊ ဂျပန်သံရုံးရှိ အမည်မဖေါ်လိုတဲ့ သံရုံးအရာရှိတစ်ဦး က ဧပြီလ ၂၁ ရက်နေ့က ပြောပါတယ်။လွတ်လပ်စွာ သတင်းရယူနေတဲ့ သတင်းထောက် မစ္စတာ ကီတာဇူမီ ကို

နေပြည်တော်က NLD အမတ် နှစ်ဦးအမှု လိုပြသက်သေကို စတင်စစ်ဆေး

Posted: 22 Apr 2021 07:16 AM PDT

ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့် ဖမ်းဆီးခံထားရတဲ့ နေပြည်တော်က NLD အမတ်နှစ်ဦးဖြစ်တဲ့ ဦးကျော်မင်းလှိုင်နဲ့ ဦးသန့်ဇင်ထွန်း တို့အမှုကို ဒီနေ့ စတင်စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေတစ်ဦးစီကို စတင်စစ်ဆေးခဲ့တယ်လို့ သူတို့ရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ဆိုပါတယ်။ဧပြီလ ၈ ရက် ရုံးချိန်းမှာ မှုခင်းစီမံခန့်ခွဲမှု CMP စနစ် ပြုလုပ်ခဲ့ပြီး ခြောက်လအတွင်းအမှုကို ပြီးပြတ်အောင် စစ်ဆေးဖို့ တရားရုံးက ဆုံးဖြတ်ခဲ့

တောင်သမာန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး မီးလောင်မှုဖြစ်ပွားခဲ့

Posted: 22 Apr 2021 07:07 AM PDT

ဧပြီ ၂၂ -၂၀၂၁မန္တလေးမြို့၊ အမရပူရမြို့နယ်၊ တောင်သမာန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး မနေ့ ဧပြီ၂၁ရက်နေ့ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။လက်ရှိအချိန်ထိ မီးလောင်မှုအကြောင်းအရင်းကို စုံစမ်းနေပြီး အုပ်ချုပ်ရေးမှူးရုံးရဲ့ တံခါးရွက်တွေနဲ့ မျက်နှာကျက်တွေ မီးလောင်ပျက်စီးကာ ဆုံးရှုံးမှုတန်ဖိုး ၂သိန်း ရှိတယ်လို့ မီးသတ်တပ်ဖွဲ့ကနေ တွက်ချက်ထားပါတယ်။ပြီးခဲ့တဲ့

မှော်ဘီနည်းပညာတက္ကသိုလ် ကျောင်းသူတစ်ဦးအပါအဝင် ၃ဦးကို ထောင် ၃နှစ်စီ အမိန့်ချ

Posted: 22 Apr 2021 07:05 AM PDT

ရန်ကုန်၊ဧပြီ ၂၂-၂၀၂၁ပုဒ်မ ၅၀၅(က)နဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ မှော်ဘီနည်းပညာတက္ကသိုလ်ကျောင်းသူ မရွှန်းလဲ့မြရွှေပါ သုံးဦးကို ဒီနေ့ ဧပြီ ၂၂ရက်နေ့မှာ အင်းစိန်ထောင်တွင်းဖွင့်ထားတဲ့ ယာယီတရားရုံးက ထောင်ဒဏ်သုံးနှစ်စီ အမိန့်ချမှတ်ခဲ့တယ်လို့ မှော်ဘီနည်းပညာကျောင်းသားတွေဆီက သိရပါတယ်။မရွန်းလဲ့မြရွှေအပါအဝင် အဲ့ဒီ ၃ ဦးဟာ ဧပြီလ ၆ရက်နေ့က မြောက်ဒဂုံ ၄၁ရပ်ကွက်မှာ ပြုလုပ်တဲ့ သပိတ်စစ်ကြောင်းအတွင်း ဖမ်းဆီးခံရပြီးနောက်

ခေါင်လန်ဖူးကလူငယ် ၆ ဦးကို ခေါင်လန်ဖူး ပြည့်သူ့စစ်​တွေက ဖမ်းဆီး

Posted: 22 Apr 2021 06:56 AM PDT

ခေါင်လန်ဖူးက လူငယ်(၆)ယောက်အား  ​​နောင်မွန်မြို့နယ် မဂွေဇ မှာ ဂိတ်ထိုင်သည့်  ခေါင်လန်ဖူးဌာနပြည်သူ့စစ် ​တွေက ဂိတ်မှာ ယ​နေ့ ​နေ့လည် ဖမ်းဆီးခဲ့​ကြောင်း သတင်းရရှိသည်။ အဆိုပါ လူငယ် ၆ ​ယောက်သည် ​ခေါင်လန်ဖူးမှ ဆင်းလာစဥ် ဖမ်းဆီးရတာ ဖြစ်ပြီး  ဖမ်းဆီးရသည့် အ​ကြောင်း အရင်း  မသိရှိရ​ကြောင်း ​ဒေသခံတစ်ဦးကဆိုသည်။ ဖမ်းဆီးခံထားရသည့် လူငယ်​တွေအား  နောင်မွန်မြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းထား ​ကြောင်း ဒေသခံတစ် ဦးက

ချင်းမိုင်ခရိုင် ဝိန်းဟိန်မြို့ အနီးရှိ RCSS/SSA တပ်စခန်းဆီကို စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ထပ်ပစ်

Posted: 22 Apr 2021 06:52 AM PDT

ဧပြီ ၂၂ရက် ၂၀၂၁မြန်မာ-ထိုင်း နယ်စပ် ချင်းမိုင်ခရိုင် Wiang Haeng မြို့နယ် အနီးရှိ  ရှမ်းပြည်ပြန်လည်ထူထောင်းရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ ကင်းစခန်းတခုကို အကြမ်းဖက် စစ်ကောင်စီ မှ  လက်နက်ကြီး( ၅) လုံးပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။ယမန့်နေ့ ( ဧပြီ ၂၁) ရက်  ည (၁၀) နာရီခွဲဝန်းကျင်တွင်  မြန်မာ-ထိုင်းနယ်စပ် (Wiang Haeng မြို့နယ်) မျဉ်း နှင့် ၄ မိုင် ခန့် အကွာ ပန်မိုင်ဆုန် ရွာဟောင်း တောင်ဘက်

စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦး CDM ပြုလုပ်ပြီး KNU တပ်မဟာ ၁ တွင် ဝင်ရောက်ခိုလှုံ

Posted: 22 Apr 2021 06:44 AM PDT

ဧပြီ၊ ၂၂ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီအာဏာသိမ်းစစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးသည် အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်မှုအောက်တွင် တာဝန်မထမ်းဆောင်နိုင်တော့သည့်အတွက် အာဏာဖီဆန်ရေးလှုပ်ရှားမှု -CDM တွင် ပါဝင်ပြီး KNU -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ သထုံခရိုင်(တပ်မဟာ -၁)တွင် ဝင်ရောက်ခိုလှုံခဲ့သည်ဟု သိရသည်။အဆိုပါဗိုလ်မှူးသည် အသက် ၃၆ နှစ်ရှိ ဗိုလ်မှူး ညွန့်နိုင်ဖြစ်ပြီး

ဖားအံတွင် CDM ဝင်သည့် ကျောင်းဆရာမတစ်ဦး ထပ်မံဖမ်းဆီးခံရ

Posted: 22 Apr 2021 06:36 AM PDT

ဧပြီ ၂၂ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီကရင်ပြည်နယ်၊ ဖားအံမြို့တွင်  အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်သည့် ကျောင်းဆရာမတစ်ဦး၏ သွားရောက် တိမ်းရှောင်နေသည့် ရွာတွင် စစ်ကောင်စီတပ်နှင့် ရဲများမှ ဧပြီလ ၂၁ရက်နေ့ ညတွင် ဝင်ရောက်ဖမ်းဆီးလိုက်သည်ဟု သိရသည်။အဆိုပါကျောင်းဆရာမသည် ဖားအံမြို့နယ် အ.မ.က ကော့ကျိုက်တွင် တာဝန်ကျသည့် မူလတန်းပြဆရာမ နန်းနွေးနွေးလှိုင်ဖြစ်ပြီး ဖားအံမြို့တွင် အဖမ်းအဆီးရှိသောကြောင့် နီးစပ်

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.