Friday, April 23, 2021

သစ်ထူးလွင်

သစ်ထူးလွင်


မြန်မာ့အရေး အာဆီယံအစည်းအဝေး အထူးစောင့်ကြည့်နေကြ

Posted: 23 Apr 2021 07:55 AM PDT

မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေ အဆုံးသတ်အောင် နည်းလမ်းရှာရေး အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ မနက်ဖြန် ကျင်းပမယ့် အာဆီယံ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ အစည်းဝေးနဲ့ ပတ်သက်ပြီး ဒေသတွင်းအဖွဲ့အစည်းအပေါ် အရင်က မကြုံခဲ့ဘူးတဲ့ အကဲစမ်းမှုတွေနဲ့ စောင့်ကြည့်မှုတွေ ရှိနေရတယ်လို့ လေ့လာ သုံးသပ်သူတွေ ပြောဆိုပါတယ်။ မဖြစ်မနေ ဆောင်ရွက်မယ်ဆိုတဲ့ ကတိကဝတ်တွေနဲ့ ဆုံးဖြတ်ချက်တွေ ကျလာဖို့မှာ အဟန့်အတားတွေလည်း ရှိနေတယ်လို့

မြန်မာ့ဒီမိုကရေစီရေး နိုင်ငံတကာကူညီဖို့ ဦးကျော်မိုးထွန်းပန်ကြား

Posted: 23 Apr 2021 07:53 AM PDT

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းမြန်မာနိုင်ငံမှာ စစ်အာဏာရှင်ပြုတ်ကျရေးနဲ့ ဒီမိုကရေစီပြန်လည်ထွန်းကားရေး နိုင်ငံတကာ အသိုင်းအဝိုင်းက ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ အားပေးကူညီကြဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကြာသပတေးနေ့မှာ မေတ္တာရပ်ခံခဲ့ပါတယ်။ဧပြီလ ၂၂ ရက်နေ့က ကျရောက်တဲ့ မြေကမ္ဘာနေ့ အထိမ်းအမှတ် "Saving Myanmar is saving the Planet" ဆိုတဲ့ခေါင်းစဉ်နဲ့ အွန်

ရန်ကုန်မြို့လယ်မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေ ပြန်ရှိလာ

Posted: 23 Apr 2021 07:47 AM PDT

ရန်ကုန်မြို့လယ်ခေါင်ဆူးလေစေတီတဝိုက်မှာ ဒီနေ့ ဧပြီ ၂၃ ရက်မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့တာတွေ့ရပါတယ်။လူစုခွဲ ပစ်ခတ်နှိမ်နင်းခဲ့ပြီး လူစုလို့မရအောင် လုံခြုံရေးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့လယ်ခေါင်မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေ မရှိတော့တာ ရက်အတော်ကြာခဲ့ပါပြီ။မြန်မာ့အရေးဆွေးနွေးကြမယ့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် တစ်ရက်အလို ဒီနေ့မှာ ခုလို လူငယ်တွေဦးဆောင်တဲ့ စစ်အာဏာသိမ်းဆန့်ကျင်

သတ္တိခဲပေါက်စီ

Posted: 23 Apr 2021 07:44 AM PDT

အမှတ် ၆ ခံတပ်မှာလူစုပြီးမှ လုပ်ငန်းတာဝန်ခွဲဝေပေးလိုက်ကြတယ်"ကျွန်တော်တို့က မန္တလေးက လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ သူနဲ့အတူတူ အလုပ်လုပ်တာဗျ။ သူကစားပွဲထိုးပေါ့။ သူမြင်းခြံက တက်လာပြီး အလုပ်ဝင်ကာစမှာ ဝက်သားပေါက်စီနဲ့ ကြက်သားပေါက်စီကို မခွဲတတ်ဘူး။ ခဏခဏ မှားချတယ်။ အဲဒါနဲ့ ကျွန်တော်တို့က သူ့ကို ပေါက်စီလို့ခေါ်ကြတယ်။ အလုပ်ဝင်ကာစမှာ သူ့နာမည်လည်း ကျွန်တော်တို့က မမှတ်မိတော့ ပေါက်စီလို့ နာမည်ပြောင်ပေးလိုက်တာပေါ့

ရခိုင်မှာဆန္ဒပြလို့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ကျောင်းသားတွေရုံးချိန်း မစစ်ဘဲထပ်မံရွှေ့ဆိုင်း

Posted: 23 Apr 2021 07:40 AM PDT

ရခိုင်မှာဆန္ဒပြလို့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ကျောင်းသားတွေရုံးချိန်း မစစ်ဘဲထပ်မံရွှေ့ဆိုင်း ရခိုင်ပြည်နယ်မှာ အင်တာနက်ပြန်ဖွင့်ပေးဖို့ ၂၀၂၀ စက်တင်ဘာ ၉ ရက်နေ့က ရခိုင်ပြည်နယ် အစိုးရရုံးရှေ့မှာ ဆန္ဒပြနေတဲ့ ကျောင်းသား သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့စဉ် / ဓာတ်ပုံ - နီမင်းထွန်း/ RFAရခိုင်ပြည်နယ်မှာ မြန်နှုန်းမြင့်အင်တာနက် 4G ဖွင့်ပေးဖို့နဲ့ အစိုးရနဲ့ စစ်တပ်ကို ဝေဖန်ထောက်ပြတဲ့ ဆိုင်းဘုတ်တွေ ကိုင်ပြီးဆန္ဒ

အတားအဆီးတွေကြားက ဆန္ဒပြပွဲတွေနဲ့ ရန်ကုန်က သွေးမအေးသပိတ်

Posted: 23 Apr 2021 07:37 AM PDT

ဆန္ဒပြပွဲတွေ လုံးဝလုပ်လို့မရအောင် နေရာစုံ စစ်ကောင်စီတပ်တွေက တားဆီးပိတ်ဆို့ထားတဲ့ ရန်ကုန်မြို့ရဲ့ မြို့လယ်ခေါင်မှာတော့ ဧပြီလ ၂၃ ရက် ဒီနေ့မှာ သွေးမအေးတဲ့ ရန်ကုန်သပိတ်စစ်ကြောင်းအဖြစ် လူငယ်တွေ ရာဂဏန်းလောက်ပါဝင်ပြီး ပြန်လည်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။အခုမြင်တွေ့ရတဲ့ ဗီဒီယိုဖိုင်ကတော့ ရန်ကုန်မြို့ရဲ့ မြို့လယ်ခေါင် ပန်းဘဲတန်းမြို့နယ် ၂၉ လမ်းထိပ်နားမှာပါ။ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းမှာလည်း ဘာတွေလဲ

မြန်မာစစ်ခေါင်းဆောင်ကို လူသတ်မှုအတွက် စစ်ဆေးရန် AI အဖွဲ့တောင်းဆို

Posted: 23 Apr 2021 07:25 AM PDT

(၂၃-၄-၂၀၂၁)ဂျာကာတာ အာဆီယံ အထူးအစည်းဝေးကို ရောက်လာမယ့် မြန်မာနိုင်ငံက အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လူသားဖြစ်မှုကိုဆန့်ကျင်တဲ့ ရာဇဝတ်မှုကျုးလွန်ခြင်းအပါဝင် လူသတ်-အကြမ်းဖက်မှုတွေအတွက် အာဆီယံက စုံစမ်းစစ်ဆေးပေးရန် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ဒီနေ့တောင်းဆိုလိုက်ပါတယ်။"အင်ဒိုနီးရှားဟာ ညှင်းပန်းနှိပ်စက်မှုဆန့်ကျင်ရေးဆိုင်ရာ ကုလသမဂ္ဂစာချုပ်ကို လက်မှတ်ရေးထိုး

မိုးညှင်းမြန်မာ့မီးရထားစက်မှုနှင့် အင်ဂျင်နီယာဌာနမှ CDMဝန်ထမ်း (၄၉)ဦးအား တာဝန်မှ ယာယီရပ်စဲ

Posted: 23 Apr 2021 07:20 AM PDT

ဧပြီ၊၂၄ မိုးညှင်းမြန်မာ့မီးရထားစက်မှုနှင့် အင်ဂျင်နီယာဌာနမှ CDM ဝန်ထမ်း(၄၉)ဦးကို တာဝန်မှယာယီရပ်ဆိုင်းကြောင်း ကြေညာချက်ကို ဧပြီ(၂၂)ရက်နေ့က စက်မှုနှင့်သွားလာရေး တိုင်းအမှတ်(၁)ဒုတိယမန်နေဂျာဦးအောင်ကျော်နိုင်မှ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီထံတွင် တာဝန်မထမ်းဆောင်လိုခြင်းကြောင့် ကချင်ပြည်နယ်မိုးညှင်းမြို့က မီးရထားဝန်ထမ်းများသည် မိုးညှင်းမြို့တွင် ပြုလုပ်သည့် စစ်အာဏာရှင်တော်လှန်ရေး

CDM ပညာရေးဝန်ထမ်းများအပေါ် ခြိမ်းခြောက်ပြောဆိုမှုများနှင့်ပတ်သက်ပြီ ကဝမြို့နယ် အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂမှသဘောထား‌ ကြေငြာချက်

Posted: 23 Apr 2021 07:19 AM PDT

CDM ပညာရေးဝန်ထမ်းများအပေါ်  ခြိမ်းခြောက်ပြောဆိုမှုများနှင့်ပတ်သက်ပြီ ကဝမြို့နယ်  အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂမှသဘောထား‌ ကြေငြာချက်ထုတ်ပြန်သည်။Bago Weekly Journal Online Pagehttps://www.facebook.com/bagoweeklyjournal1212

NUG ထောက်ခံပွဲ စစ်တပ်မှလာရောက်နှောက်ယှက်ဟုဆိုကာ KNU/KNLA တပ်မဟာ ၁ နှင့် စစ်တပ်တို့ တစ်ရက်အတွင်း ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွား

Posted: 23 Apr 2021 07:17 AM PDT

သထုံ ဧပြီ ၂၃ ။ယနေ့ နံနက် ၇ နာရီခန့်က အချိန်သထုံခရိုင်အတွင်းရှိ ကျိုက်ထို နှင့် ဘီးလင်းမှ ပြည်သူလူထုများသည် အစိုးရသစ် NUG ( National Unity Goverment ) ကို ထောက်ခံသော ဆန္ဒဖော်ထုတ်မှု တစ်ရပ်ကိုပြုလုပ်ခဲ့ရာ စစ်တပ်မှ လာရောက် နှောက်ယှက်ဟန့်တားမှုမပြုနိုင်ရန်အတွက် ကေအဲန်ယူ - တပ်မဟာ ၁ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ စစ်သည်များသည် ဆန္ဒဖော်ထုတ်သော ပြည်သူလူထုများကို ဝန်းရံ၍ လုံခြုံရေးယူပေးနေစဉ်စစ်တပ်မှ

မြစ်ကြီးနားစည်ပင်မှ CDM ၀န်ထမ်းများအား ၀န်ထမ်းအိမ်ရာမှ ပြောင်းရွှေ့ခိုင်းခြင်းကြောင့် အချို့မှာ အခက်အခဲဖြစ်နေ

Posted: 23 Apr 2021 07:12 AM PDT

ဧပြီ၊၂၃ မြစ်ကြီးနာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ CDMဝန်ထမ်း(၄၈)ဦးကို ဝန်ထမ်းအိမ်ရာမှ ယခုလ (၃၀)ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ရန် ‌အကြောင်းကြားလာသောကြောင့် အချို့မှာ နေရာထိုင်ခင်းအတွက် အခက်အခဲ ဖြစ်နေကြောင်း သိရသည်။ ယင်းသို့ တာ၀န်မှရပ်ဆိုင်းခြင်းခံရသည့် ၀န်ထမ်း (၄၈) ဦးအနက် (၁၀) ဦးခန့်မှာ နေရာထိုင်ခင်းအတွက် အခက်အခဲရှိနေခြင်းသည်။ မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသူများအနက်

မိုးမောက် စစ်ဘေးရှောင် ပြည်သူအချို့ နေရာထိုင်ခင်း အခက်အခဲဖြစ်နေ

Posted: 23 Apr 2021 07:11 AM PDT

ဓာတ်ပုံ- စစ်ဘေးတိမ်းရှောင်လာခဲ့သည့် ပြည်သူအချို့ဧပြီ-၂၂ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ IDPs စခန်းတွင် စစ်ဘေးတိမ်းရှောင်လာသူအချို့ နေရာထိုင်ခင်း အခက်အခဲဖြစ် နေကြောင်း သိရသည်။ စစ်ဘေးတိမ်းရှောင်လာသူ များပြားလာသောကြောင့် နေရာထိုင်ခင်းမလုံလောက်သဖြင့် လူဦးရေ (၂၀၀)ဦးခန့်သည် သမံတလင်းတွင်သာ သုံးထပ်သားခင်းပြီးအိပ်စက်နေရကြောင်း စစ်ရှောင်စခန်းမှ  တာဝန်ရှိသူတစ်ဦးက ပြောသည်။ "အိပ်ဖို့နေရာမရှိဘူး။ သူတို့ကို

သပိတ်ဖြိုခွင်းရာတွင် ဘီလူးချောင်းအတွင်းခုန်ချထွက်ပြေးသူတစ်ဦးကို ရှာဖွေနေဆဲ

Posted: 23 Apr 2021 07:06 AM PDT

ဧပြီ ၂၂ရက်နေ့ လွိုင်ကော် မှာ ပြုလုပ်ခဲ့တဲ့ အာရုဏ်ဦးသပိတ်ကို ရဲနဲ့စစ်တပ်က လာရောက်ဖြိုခွင်းခဲ့ရာမှ အမျိုးသားတစ်ဦးက အနီးရှိ ဘီလူးချောင်းအတွင်းခုန်ချထွက်ပြေးခဲ့ပါတယ်။ ၎င်းအမျိုးသားကို ရှာဖွေရာမှာ လက်ရှိအချိန်ထိ မတွေ့ရှိသေးဘူးလို့ သိရပါတယ်။အာရုဏ်ဦးသပိတ်ကို နံနက် လေးနာရီကျော်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး အမျိုးသမီး သုံးဦးလည်း ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။Kantarawaddy Timeshttps://www.facebook.com/

နယ်ခြားစောင့် ထိုင်းရဲများပါဝင်သည့် စက်လှေ စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်

Posted: 23 Apr 2021 07:01 AM PDT

ဧပြီ ၂၃ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီထိုင်း-မြန်မာနယ်ခြားမြစ်ဖြစ်သော သံလွင်မြစ်အတွင်း ဖြတ်သန်းမောင်းသွားသည့် နယ်ခြားစောင့် ထိုင်းရဲများ တင်ဆောင်လာသည့် စက်လှေတစ်စီးကို မြန်မာဘက်ခြမ်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ယမန်နေ့(ဧပြီ ၂၂) သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံ သတင်းအရင်းအမြစ်များထံမှ သိရသည်။ထိုင်းဘက်ခြမ်းရှိ မယ်ဟောင်ဆောင်ခရိုင်၊ Baan Tha Ta Fangကျေးရွာအနီး မြန်မာဘက်ခြမ်းတွင် မယ်ခါထာခေါ်

ကိုဗစ်ကာကွယ်ဆေး တစ်သန်းကျော်ကျန်နေသေးလို့ ဆေးလာထိုးကြဖို့ ကြေညာ

Posted: 22 Apr 2021 10:05 AM PDT

နေပြည်တော်မှာ ကျန်းမာရေးဝန်ကြီးအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ်ကာကွယ်ဆေးထိုးစဥ် လာရောက်ကြည့်ရှုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကမ္ဘာတစ်လွှားမှာ ကိုဗစ် ၁၉ ကာကွယ်ဆေးအထိုးခံချင်လို့ စောင့်စားနေသူ သန်းပေါင်းများစွာရှိပါတယ်။ဒါပေမဲ့ မြန်မာပြည်မှာ အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့အနေနဲ့ ဆရာဝန်တွေနဲ့ ပြည်သူတချို့ကတော့ ကာကွယ်ဆေးသွားမထိုးကြတော့ဘူးလို့ ဆိုပါတယ်။စစ်ကောင်စီ -နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ- နစက အစိုးရ

အာဆီယံအနေနဲ့ NUG ကိုသာ အသိအမှတ်ပြုဖို့ ဝန်ကြီးတစ်ဦးတိုက်တွန်း

Posted: 22 Apr 2021 10:00 AM PDT

NUG ဝန်ကြီး နော်ဆူဇန်နာလှလှစိုး (ဓါတ်ပုံ း Naw Susanna Hla Hla Soe -Facebook)အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အနေနဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းယူထားတဲ့ စစ်တပ်ကို အသိအမှတ်မပြုဖို့နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဦးဆောင်ပြီး မကြာခင်က ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုသာ အသိအမှတ်ပြုဖို့ NUG ဝန်ကြီး နော်ဆူဇန်နာလှလှစိုးက ဒီကနေ့ တိုက်တွန်း ပြောဆိုပါတယ်။"အာဆီယံ

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လုံးဝရပ်သလောက်ဖြစ်နေ

Posted: 22 Apr 2021 09:58 AM PDT

တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဂိတ်တခုမြင်ကွင်း။ ဇန်နဝါရီ ၁၂၊ ၂၀၀၉။တရုတ်နိုင်ငံထဲဝင်မယ့် မြန်မာကုန်ကားတစီးကို COVID ရောဂါစစ်ဆေးမှုအတွက် တရုတ်ယွမ်ငွေ ၂,၀၀၀ ကျော် တိုးမြှင့်ပေးဆောင်ရမယ်လို့ ယူနန်ပြည်နယ်၊ ကျန်းမာရေးတာဝန်ရှိသူတွေက ဧပြီလ ၂၁ ရက်မှာ သတ်မှတ်ခဲ့ပါတယ်။ တရုတ် မြန်မာ နယ်စပ်ကုန်သွယ်ရေး အဓိကကျတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲမှာ COVID ကာကွယ်ရေး ကန့်သတ်ချက်တွေ ပိုများလာတာကြောင့် နှစ်နိုင်ငံ

နယ်စပ်ကုန်သွယ်ရေးတွေရပ်နေလို့ တောင်သူတွေ အခက်ကြုံ

Posted: 22 Apr 2021 09:56 AM PDT

ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်ကစပြီး တရုတ်ပြည်ဘက်က မာဝုန်းဒေါက်ဂိတ်ကို ပိတ်လိုက်တာကြောင့် မြန်မာ နိုင်ငံကနေ တရုတ်ပြည်ဘက်ကို ပို့နေကျဆန်တွေကို ဆက်ပို့လို့မရတော့ဘဲ ဆန်အိတ်ရေ ၁ သိန်း ၆ သောင်းလောက်ဟာ မူဆယ်မြို့က ဂိုထောင်တွေမှာပိတ်မိနေတယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။တရုတ်နိုင်ငံ ရွှေလီကျယ်ခေါင်မှာ မြန်မာနိုင်ငံသားနဲ့ တရုတ်နိုင်ငံသား အယောက် ၃၀ လောက်မှာ ကိုဗစ် ကူးစက် ရောဂါပိုးတွေ့တာကြောင့် ကုန်သွယ်ရေးဂိတ်ကို

CNF ဌာနချုပ်ရှိရာ ထန်တလန်မြို့နယ်က ရွာ ငါးရွာကို စစ်တပ်က သွားလာခွင့်ကန့်သတ်

Posted: 22 Apr 2021 09:54 AM PDT

ချင်းပြည်နယ် ထန်တလန်မြို့ကနေ ဟားခါးမြို့ကို သွားတဲ့လမ်းကို မြင်တွေ့ရစဉ် / Photo: RFAချင်းပြည်နယ် ထန်တလန်မြို့နယ်မှာရှိတဲ့ ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုဌာနချုပ် ဝိတိုရိယစခန်းကို သွားရာလမ်းမှာရှိတဲ့ ကျေးရွာ ငါးရွာကို ဧပြီလ ၂၁ ရက် မနေ့ကနေစပြီး တပ်မတော်က မြို့ပေါ်ကို သွားလာခွင့် ကန့်သတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုဌာနချုပ် ဝိတိုရိယစခန်း အနီးမှာရှိတဲ့ ဗန်ဇမ်၊ ဖာရွန်၊

ဗြိတိန်တလွှားက လွှတ်တော်အမတ် ၁၀၀ က မြန်မာစစ်ကောင်စီကို ပိုပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဖို့ အဆိုတင်

Posted: 22 Apr 2021 09:53 AM PDT

စစ်ကောင်စီက အာဏာသိမ်းမှုကို နိုင်ငံတကာရောက်မြန်မာတွေကလည်း ဆန့်ကျင်ကြမြန်မာပြည်ကို နိုင်ငံတကာကနေ လက်နက်တင်သွင်းမှုကို ပိတ်ပင်ဖို့၊ နိုင်ငံတကာတရားရုံး (ICJ)၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) စတဲ့ တရားရုံးတွေမှာ မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူဆောင်ရွက်နိုင်ရေးအတွက် တခြားနိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ စတာတွေအပါအဝင် မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပိုပြီး ပြင်းထန်တဲ့

သရုပ်ဆောင်ဇဏ်ခီမိသားစုကို နေအိမ်မှာဆက်လက်ထားရှိတယ်လို့ဆို

Posted: 22 Apr 2021 09:50 AM PDT

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ခေါ်ယူစစ်ဆေးခံခဲ့ရတဲ့ သရုပ်ဆောင် ဇဏ်ခီမိသားစုကို ဆက်လက်စစ်ဆေးစရာရှိတာကြောင့် နေအိမ်မှာ ဆက်လက်ထားရှိထားတယ်လို့ မြန်မာအသံက ကြေညာပါတယ်။သရုပ်ဆောင် ဇဏ်ခီ၊ ဇနီးခရစ်စတီးနားခီ အပါအဝင် အသက်မပြည့်သေးတဲ့ သားဖြစ်သူနဲ့ အိမ်အကူအမျိုးသမီးတို့ရဲ့ ရုပ်ပုံတွေကို ရုပ်မြင်သံကြားကနေတဆင့် ပြသခဲ့ပြီး လိုအပ်သလို ဆက်လက်စိစစ်နိုင်ဖို့အတွက် ရန်ကုန်မြို့ တောင်ဥက္က

ယင်းမာပင်နဲ့ ကနီမြို့ကြား ကျေးရွာတွေ ရွာလုံးကျွတ် ထွက်ပြေးနေရ

Posted: 22 Apr 2021 09:49 AM PDT

ကလေးမြို့ က စစ်အာဏာသိမ်း ကန့်ကွက်ဆန္ဒပြ လမ်းခံတပ်စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နဲ့ ကနီမြို့ကြားမှာရှိတဲ့ ရွာတွေက ရွာသားတွေကို စစ်တပ်က လိုက်လံဖမ်းဆီးနေတဲ့အတွက် ရွာလုံးကျွတ်ထွက်ပြေးနေကြရပါတယ်။ မြင်းခြံနဲ့ မိုးကုတ်မြို့တွေမှာလည်း စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်တာမှာ ပါဝင်သူတွေကို ဖမ်းဆီးနေပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်က လာတဲ့ သတင်းကို ကိုကျော်ကျော်သိန်းက ပြောပြထားပါတယ်။ကနီမြို့နားနဲ့ပိုနီး

လမ်းပေါ်အထွက်နည်းပေမယ့် သပိတ်ပွဲတွေ မပျက်သေး

Posted: 22 Apr 2021 09:47 AM PDT

စစ်ကိုင်းတိုင်း၊ ကလေးမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ၊ ၂ဝ၂၁ ဧပြီ ၂၂ (ဓါတ်ပုံမှတ်တမ်း း း CJ)စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြမှုတွေ နိုင်ငံတဝန်းမှာ နည်းမျိုးစုံနဲ့ ဆက်လုပ်နေကြပါတယ်။ နေ့ရောညပါ လုံခြုံရေးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့မှာ လူအများအပြား လမ်းပေါ်ထွက် ဆန္ဒပြတာမျိုး မရှိတော့ပေမယ့် လူငယ်တွေဦးဆောင်ပြီး အွန်လိုင်းပေါ်မှာ ဆန့်ကျင်လှုပ်ရှားမှုတွေ လုပ်နေကြပါတယ်။ ရန်ကုန်မြို့နဲ့ တခြား

ရာဇဝတ်ကောင် မင်းအောင်လှိုင်ရဲ့ သမီးတော် နှင့် Mytel အကြား လျှို့ဝှက်အပေးအယူများ

Posted: 22 Apr 2021 09:34 AM PDT

ဖုံးဖိထားသော အပုပ်ထုတ်များ (၃) ရာဇဝတ်ကောင် မင်းအောင်လှိုင်ရဲ့ သမီးတော် နှင့် Mytel အကြား လျှို့ဝှက်အပေးအယူများမြန်မာ့ နံပါတ် ၁ နိုင်ငံတကာရာဇဝတ်ကောင်ရဲ့သမီး ခင်သီရိသက်မွန်ဟာ လေးနက်တဲ့ စီးပွားရေး အကျိုးစီးပွားပဋိပက္ခကို ဖြစ်စေတဲ့ စစ်တပ်ထိန်းချုပ်သော မိုဘိုင်းအော်ပရေတာ Mytel နှင့် ခြေခြေမြစ်မြစ်ရှိတဲ့ စီးပွားရေးကိစ္စများစွာ ပြုလုပ်ခဲ့တာကို DDoSecrets မှ ရရှိသော အချက်အလက်အသစ်များအရ သိရတယ်။ ဖေဖေါ်ဝါရီ

စစ်တပ်စီးပွားရေးအတွက် မင်းအောင်လှိုင်၏ သမီးထံသို့ ချေးငွေပေးမှုတစ်ရပ်အပေါ် အရေးပေါ် အရေးယူဆောင်ရွက်ရန် ရိုးမဘဏ်လီမိတက်ရှယ်ယာရှင်များဖြစ်ကြသည့် IFC၊ GIC နှင့် Norfund တို့အား Justice For Myanmar မှတောင်းဆိုလိုက်သည်

Posted: 22 Apr 2021 09:31 AM PDT

Justice For Myanmar သည် ရိုးမဘဏ်၏ စစ်ရာဇ၀တ်မှုကျူးလွန်သူ အာဏာသိမ်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သမီးပိုင်ဆိုင်သော Pinnacle Asia အား ငွေချေးနေမှုအပေါ် အပြင်းအထန်ရှုတ်ချသည်။ မြန်မာစစ်တပ်မှ ထိန်းချုပ်သော မိုဘိုင်းအော်ပရေတာ Mytel အတွက် တာဝါတိုင်များဆောက်လုပ်ရန် ၁.၈ ဘီလီယံကျပ်ရှိ ချေးငွေတစ်ရပ်အား ယခင်နှစ် ၂၀၂၀ခုနှစ် ထဲ၌ ရိုးမဘဏ်ထံမှ ရရှိခဲ့သည်။ Pinnacle Asia သည်မြန်မာစီးပွားရေး

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.