Saturday, April 24, 2021

သစ်ထူးလွင်

သစ်ထူးလွင်


မြန်မာ့အရေး အာဆီယံဖြေရှင်းနိုင်မယ့် အလားအလာနည်းပါး

Posted: 23 Apr 2021 05:34 PM PDT

အာရှတိုက်ရဲ့ ဆီးရီးယားဖြစ်လာနိုင်တယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ သံတမန်တွေရဲ့ သတိပေးသံတွေ ထွက်ပေါ်လာနေတဲ့ မြန်မာနိုင်ငံပြဿနာကို အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံက စတင် ဖြေရှင်းဖို့ ကြိုးပမ်းလာတာ တွေ့ရပါတယ်။ ဒါပေမဲ့လည်း ပွဲဦးထွက်ကျင်းပတဲ့ မြန်မာ့အရေး အရေးပေါ် အစည်းအဝေးမှာ တင်ပဲ အဓိကကျတဲ့ အဖွဲ့အားလုံး မပါဝင်တဲ့အပေါ် ဝေဖန်သံတွေ ထွက်ပေါ်ခဲ့တာပါ။အာဏာသိမ်းစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်း

အမျိုးသားညီညွတ်ရေးအစိုးရကို နိုင်ငံတကာအသိအမှတ်ပြုမှု အခြေအနေ

Posted: 23 Apr 2021 05:32 PM PDT

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ မြန်မာ့အရေး အာဆီယံညီလာခံ ကျင်းပတဲ့နေရာမှာ ကန့်ကွက်မှုတွေ ရှိတဲ့ကြားက အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပေမယ့်၊ ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ အမတ်တွေအများစု ပါဝင်ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အဖွဲ့ဝင်တွေကိုတော့ ဖိတ်ကြားခဲ့ခြင်း မရှိပါဘူး။မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အရှေ့တောင်အာရှ နိုင်ငံတွေအကြား

အမေရိကန် ဆန်ဖရန်စစ္စကိုမှာ မြန်မာ့အရေး Milk Tea Alliance နဲ့ ပထမဆုံးအကြိမ် ပူးပေါင်းဆန္ဒပြမယ်

Posted: 23 Apr 2021 05:11 PM PDT

ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာ့အရေး ဆန္ဒပြမှုအမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်က ဆန်ဖရန်စစ္စကို မြို့မှာ စနေနေ့ ဧပြီ ၂၄ ရက်မှာ မြန်မာ့အရေးအတွက် ချီတက် ဆန္ဒပြကြဖို့ စီစဥ်ထားကြပါတယ်။နေ့လယ် ၁ နာရီကနေ ၃ နာရီအထိ အမေရိကန်ရောက် မြန်မာတွေထဲက တိုင်းရင်းသား လူမျိုး ပေါင်းစု ပါဝင်ချီတက်ကြမှာ ဖြစ်ပါတယ်။ မြန်မာပြည်ဖွား တိုင်းရင်းသားပေါင်းစုံ ချစ်ခင်စည်းလုံးညီညွတ်ကြတယ်ဆိုတာ ပြသမှာမို့ တိုင်းရင်းသား

မြန်မာမှာ လာမယ့် ၆ လအတွင်း လူပေါင်း ၃ ဒသမ ၄ သန်းခန့် ရိက္ခာပြတ်လပ်မှုနဲ့ ကြုံတွေ့ရနိုင်လို့ WFP ဆို

Posted: 23 Apr 2021 05:08 PM PDT

နေပြည်တော်၊ ဧပြီ ၂၃၊ ၂၀၂၁မြန်မာနိုင်ငံမှာ နိုင်ငံရေး အကြပ်အတည်းနဲ့ ဆက်စပ်ပြီး စားနပ်ရိက္ခာ မဖူလုံမှုနဲ့ ရင်ဆိုင်နေရတဲ့ လူ ၂ သန်းခန့်ဟာ အကူ အညီတွေ ရရှိလာနိုင်ပေမယ့် လာမယ့် ၆ လအတွင်း အထူးသဖြင့် မြို့ပြဒေသတွေက လူပေါင်း ၃ ဒသမ ၄ သန်းခန့် ကတော့ ရိက္ခာပြတ်လပ်နိုင်တယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) က ဧပြီ ၂၂ ရက်မှာ သတိပေးလိုက်ပါတယ်။ဒါဟာ စားနပ်ရိက္ခာ ဖူလုံမှုမရှိနိုင်ဘူးလို့ WFP က ယူဆထားတဲ့လူ ဦးရေ

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး၀န်ကြီးနဲ့အင်တာဗျူး

Posted: 23 Apr 2021 05:00 PM PDT

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ခေါ်မောင်တင်သစ်၂၀၂၀ ရွေးကောက်ခံကိုယ်စားလှယ်တွေက ဖွဲ့စည်းလိုက်တဲ့အမျိုးသားညီညွတ်ရေးအစိုးရမှာ ဦးရည်မွန်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်ထားလိုက်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းဖို့၊ ဖက်ဒရယ်မဟာမိတ် Federal Alliance ဖက်ဒရယ်တပ်မတော် ဆက်လက်တည်ထောင်ဖို့ဆိုတဲ့ လုပ်ငန်းစဥ်တွေကိုလည်း ကြေညာထားပါတယ်။ လက်နက်မရှိတဲ့ တပ်ဖွဲ့မရှိတဲ့ သုညအနေအထားကနေ

အာဆီယံ မြန်မာ့အရေး ထိပ်သီးစည်းဝေးပွဲ - "အာဆီယံ ကိုယ်တိုင်က ပြဿနာ ကိုယ်စီနဲ့ တိုင်းပြည်တွေ ချည်းပဲ

Posted: 23 Apr 2021 04:55 PM PDT

အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ဘာတွေ မျှော်လင့်နိုင်လဲအင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာ ဧပြီ ၂၄ ရက် ဆိုရင် မြန်မာ့ အရေး အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပတော့မှာပါ။ ဒါဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် ပထမဆုံး အကြိမ် ခေါင်းဆောင်တွေ ဆွေးနွေးမှာ ဖြစ်သလို ကိုဗစ်ကပ် ဖြစ်ပြီးကတည်းက ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးမှာ လည်း ဖြစ်ပါတယ်။ဒီအစည်းအဝေးကို အာဏာသိမ်း စစ်

ဂျာကာတာက သံခင်းတမန်ခင်း

Posted: 23 Apr 2021 04:52 PM PDT

(၂၃/၄/၂၀၂၁)UN အထူးကိုယ်စားလှယ်နဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးတို့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ဒီကနေ့တွေ့ဆုံဆွေးနွေးသည်။ မနက်ဖန်ကျင်းပမဲ့ မြန်မာ့အရေး အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်ခင် တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်သည်။ ဘာတွေဆွေးနွေးတယ်ဆိုတာတော့ အသေးစိတ်ထုတ်ဖေါ်ပြောဆိုတာမရှိပါ။ ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံတွေကတော့ မြန်မာစစ်ခေါင်းဆောင်ကို တရားဝင်ခေါင်းဆောင်အဖြစ် အသိအမှတ်မပြုဖို့ အာဆီယံကို ဖိအားပေး

မြန်မာ့အရေး အဖြေမရှာနိုင်ရင် အာဆီယံပါ ထိခိုက်မည် (သံအမတ်ကြီး ဦးကျော်မိုးထွန်း)

Posted: 23 Apr 2021 04:49 PM PDT

ASEAN အဖွဲ့ဝင် အလံများမြန်မာနိုင်ငံ လက်ရှိ ရင်ဆိုင်နေရတဲ့ အကျပ်ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာမှာ မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒကို ထည့်သွင်းစဉ်းစား အဖြေရှာတာမျိုး မလုပ်နိုင်ဘူးဆိုရင် အာဆီယံအဖွဲ့ကြီးရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက် လာစေမှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေး ပြောကြားလိုက်ပါတယ်။မြန်မာ့အရေး အာဆီယံအရေးပေါ်စည်းဝေးပွဲကို စနေ ဒီကနေ့ ကျင်းပဖို့ ရှိနေချိန်မှာသူက

မြန်မာကျန်းမာရေး လုပ်ငန်းတွေ တိုက်ခိုက်ခံရမှု ကုလထပ်မံသတိပေး

Posted: 23 Apr 2021 04:47 PM PDT

ဖေဖော်ဝါရီ ၃ ရက်နေ့က CDM လုပ်ကြတဲ့ ကျန်းမာရေးဝန်ထမ်းများစစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့ ဆေးရုံဆေးခန်းတွေ၊ ဆရာဝန်၊ သူနာပြုတွေ အပါအဝင် ကျန်းမာရေးလုပ်သားတွေကို အကာကွယ်ပေးဖို့ ကုလသမဂ္ဂက ဧပြီလ ၂၃ ရက် သောကြာနေ့မှာ ထပ်မံတောင်းဆိုလိုက်ပါတယ်။"ဆေးရုံဆေးခန်းတွေနဲ့ ကျန်းမာရေးလုပ်သားတွေကို အကာကွယ်ပေးဖို့ မြန်မာနိုင်ငံထဲမှာရှိတဲ့ ကုလသမဂ္ဂအဖွဲ့က ဒီကနေ့ ထပ်ပြီး တောင်းဆိုလိုက်

ပညာရေးဝန်ထမ်းတွေ စစ်ကောင်စီကို ဆက်လက်ဖီဆန်မည်

Posted: 23 Apr 2021 04:45 PM PDT

အာဏာသိမ်း စစ်ကောင်စီ က လာမယ့် မေလ ၅ ရက်နေ့မှာ တက္ကသိုလ်နောက်ဆုံးနှစ်နဲ့ မဟာတန်းတွေကို ပြန်ဖွင့်ဖို့ ကြိုးစားနေပါတယ်။ ဒါဟာ သူတို့ကို နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိရေး လုပ်ဆောင်မှုတွေထဲက တခုပဲလို့ ဝေဖန်သူတွေကပြောပါတယ်။ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းဟန်ထက် က ဆရာဆရာမတွေအနေနဲ့ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။"ကျနော်တို့ တက္ကသိုလ်ကျောင်းသူ တော်တော်

စစ်ဆေးမှုတွေကြားကပြုလုပ်ခဲ့တဲ့စစ်ကိုင်းသပိတ်

Posted: 23 Apr 2021 08:47 AM PDT

စစ်ကိုင်းမြို့မှာတော့ အစစ်အဆေးတွေကြားကပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး ပင်မသပိတ်စစ်ကြောင်းကို လူထုက ဒီနေ့ ဧပြီလ ၂၃ ရက်မှာ ဆိုင်ကယ်သပိတ် အနေနဲ့ ဆန္ဒထွက်ပြခဲ့ကြပါတယ်။မြို့တွင်းက ငါးထပ်ကြီး၊ ကောင်းမှုတော် တဝိုက်နဲ့ မြို့အဝင် အဝိုင်းပတ်မှာ စစ်ကောင်စီဘက်က စောင့်ကြည့်တာတွေရှိသလို စစ်ကိုင်းတံတားအဝင်မှာလည်း ယာဉ်တွေရပ်ခိုင်းပြီး စစ်ဆေးတာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ဧပြီလ ၂၁ ရက်တုန်းကတော့ စစ်ကိုင်းပင်မ သပိတ်

စစ်ကောင်စီကျဆုံးရေး ပုဂံလူထုရဲ့ဆန္ဒပြပွဲ

Posted: 23 Apr 2021 08:46 AM PDT

ဝန်းရံသူတွေနဲ့ ပုဂံလူထုရဲ့စစ်ကောင်စီကျဆုံးရေးဆန္ဒဖော်ထုတ်ပွဲအမျိုးသားညီညွတ်ရေးအစိုးရကိုထောက်ခံကြောင်းလည်း ပြသခဲ့ကြရှေးဟောင်းမြို့တော် ပုဂံမှာတော့ အာဏာသိမ်းစစ်ကောင်စီကျဆုံးရေးကို ဒေသခံပြည်သူ ၁၀၀ ကျော်စုပေါင်းပြီး ဒီကနေ့ ဧပြီလ ၂၃ ရက် မနက်ပိုင်းမှာ ပြုလုပ်သွားပါတယ်။ဖမ်းဆီးခံထားရတဲ့သူတွေ ပြန်လွှတ်ပေးရေး၊ ဒီမိုကရေစီရရှိရေးနဲ့ အကြမ်းဖက်စစ်ကောင်စီ ကျဆုံးရေး စတဲ့ ကြွေးကြော်သံတွေနဲ့အတူ မြို့တွင်းလှည့်လည်

စစ်အာဏာရှင်ကို မကာကွယ်ဖို့ အာဆီယံခေါင်းဆောင်တွေကို လူငယ်တွေတောင်းဆို

Posted: 23 Apr 2021 08:44 AM PDT

စစ်အာဏာရှင်ကို မကာကွယ်ဖို့ အာဆီယံခေါင်းဆောင်တွေကို လူငယ်တွေတောင်းဆို ဆန္ဒပြမြန်မာ့အရေး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့အစည်းအဝေးပွဲမှာ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ကို အကာအကွယ်မပေးဖို့ အာဆီယံခေါင်းဆောင်တွေကို လူငယ်တွေက ဒီနေ့ ဧပြီလ ၂၃ ရက်မှာ ရန်ကုန်မြို့လယ်မှာ ဆန္ဒပြတောင်းဆိုသွားပါတယ်။အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ မနက်ဖြန် ဧပြီလ ၂၄ ရက်မှာ ကျင်းပဖို့ရှိတဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို စစ်ကောင်စီ

မြန်မာ အကြမ်းဖက်မှုရပ်ပြီး အကူအညီပေးခွင့်ပြုဖို့ အာဆီယံတိုက်တွန်းဖွယ်ရှိ

Posted: 23 Apr 2021 08:42 AM PDT

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေရပ်တန့်ဖို့နဲ့ စာနာထောက်ထားမှု အကူအညီတွေ ဝင်ရောက်ပေးအပ်ခွင့်ပြုဖို့ မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံခေါင်းဆောင်တွေ မနက်ဖြန်ကျင်းပမယ့် ညီလာခံမှာ တိုက်တွန်းကြလိမ့်မယ်လို့ သံတမန်တွေကိုးကားပြီး ရိုက်တာသတင်းမှာ ရေးထားပါတယ်။ဒီညီလာခံဟာ မြန်မာ့အကြပ်အတည်းကို နိုင်ငံတကာက ဝိုင်းဝန်းဖြေရှင်းဖို့ ပထမဆုံးအခိုင်အမာကြိုးပမ်းတဲ့လုပ်ရပ်လည်းဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောဆို

မြင်းခြံအနီး စစ်တပ်ပစ်ခတ်မှု ၅ ဦး ဒဏ်ရာရ

Posted: 23 Apr 2021 08:40 AM PDT

စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၈ ရက်နေ့က မြင်းခြံမြို့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြသည့်မြင်ကွင်းမြင်းခြံမြို့အနီးက သပြေအေးရွာမှာ စစ်တပ်က ဒီကနေ့ ပစ်ခတ်တာကြောင့် ၅ ဦးကျည်ဆံထိမှန်ပြီး ၁ ဦးက စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေပါတယ်။ စစ်ကိုင်းတိုင်း ယင်းမာပင်ဘက်က ကျေးရွာတွေမှာလည်း စစ်တပ်က ရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်နေပါတယ်။ မန္တလေးမြို့မှာဆိုရင် ဘုန်းကြီးကျောင်းတွေမှာ ဝင်ရောက်ရှာဖွေတာတွေ လုပ်နေပါ

မြန်မာကိုကူညီမှု ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ကိုရီးယားရောက် မြန်မာတွေသွေးလှူမယ်

Posted: 23 Apr 2021 08:38 AM PDT

တောင်ကိုရီးယားက မြန်မာသံရုံးရှေ့မှာ မြန်မာတွေနဲ့အတူ လာရောက် ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကိုရီးယားဘုန်းတော်ကြီးတွေတောင်ကိုရီးယားရောက် မြန်မာကျောင်းသားများအဖွဲ့ကဦးဆောင်ပြီး ဂယောင်းဂီ ပြည်နယ်လွှတ်တော်ရဲ့ ပူးပေါင်းမှုနဲ့ စုပေါင်းသွေးလှူဒါန်းပွဲကို ဧပြီလ ၂၅ ရက်နေ့မှာ နေရာ ၆ နေရာခွဲပြီး လှူဒါန်းသွားကြမှာ ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး နောက်ပိုင်း တောင်ကိုရီးယား အစိုးရနဲ့ ပြည်သူတွေက မြန်မာပြည်သူ

ပြင်သစ်ရောက်မြန်မာများ NUG ထောက်ခံပွဲနဲ့ စစ်အာရှင်ကျရှုံးရေး ဆန္ဒပြမယ်

Posted: 23 Apr 2021 08:37 AM PDT

ပြင်သစ်ရောက်မြန်မာများအသင်း CBF မှ NUG အစိုးရသစ်ထောက်ခံကြိုဆိုပွဲ၊ မြန်မာပြည် ဒီမိုကရေစီ ပြန်လည်ရှင်သန်ရေး၊ မတရားဖမ်းဆီးခံထားရသူများအားလုံးလွတ်ပေးရေးနှင့် စစ်အာဏာရှင်ကျရှုံး ရေး တွက် မနက်ဖြန် ဧပြီလ ၂၄ ရက်နေ့မှာ ပါရီမြို့က Place de la République တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြဖို့ ရှိပါတယ်။အဲဒီ ဆန္ဒပြပွဲမှာ ပြင်သစ်ရောက် မြန်မာတွေအပြင် EELV ပါတီကိုယ်စားလှယ်၊ Le Comité international de

စစ်ရေးတင်းမာနေတဲ့ နမ္မတူ မန်ဆာရွာမှာ ထွက်ပြေးရသူ နှစ်ထောင်ကျော်ရှိ

Posted: 23 Apr 2021 08:35 AM PDT

နေအိမ် ဆယ်လုံးကျော် မီးလောင်ခဲ့တဲ့ မန်ဆာကျေးရွာဟာ နမ္မတူ-သီပေါလမ်းပိုင်းမှာ ရှိတာဖြစ်ပါတယ်။ မနေ့က ညပိုင်းမှာ နေအိမ်တွေ မီးလောင်တယ်ဆိုလို့ ဒီမနက်မှာ ရွာသားတွေက သွားရောက်ကြည့်ရှု့ကြချိန် တိုက်အိမ်တွေ၊ နှစ်ထပ်ပျဉ်ထောင်အိမ်တွေအပါအဝင် နေအိမ် ဆယ့်နှစ်လုံးအထိ မီးလောင်နေတာကို တွေ့ခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန်ဆာကျေးရွာသားတစ်ဦးက RFA ကို ပြောပါတယ်။မနေ့က မီးလောင်ခဲ့တဲ့ မန်ဆာကျေးရွာက ရွာသားတွေ

မြန်မာနိုင်ငံက Chevron ကုမ္ပဏီရဲ့အကျိုးစီးပွားကို ကာကွယ်ပေးဖို့ အမေရိကန်အစိုးရကို တိုက်တွန်း

Posted: 23 Apr 2021 08:33 AM PDT

မြန်မာနိုင်ငံက Chevron ကုမ္ပဏီရဲ့အကျိုးစီးပွားကို ကာကွယ်ပေးဖို့ အမေရိကန်အစိုးရကို တိုက်တွန်း အမေရိကန်ပြည်ထောင်စုက Chevron ရေနံကုမ္ပဏီ။ Photo: Reutersအမေရိကန်ပြည်ထောင်စုက Chevron ရေနံကုမ္ပဏီဟာ မြန်မာနိုင်ငံမှာရှိတဲ့ သူတို့ရဲ့ အကျိုးစီးပွားတွေကို အကာအကွယ် ပေးဖို့ အမေရိကန်အစိုးရအရာရှိတွေနဲ့ လွှတ်တော်အမတ်တွေကို စည်းရုံးတိုက်တွန်းခဲ့တယ်လို့ Reuters သတင်းမှာ မနေ့ကဖော်ပြထားပါတယ်။အခုလို ကြီးမားတဲ့ရေနံ

အာဆီယံအစည်းအဝေး ရလာဒ်ကောင်းထွက်လာမယ်လို့ လေ့လာသူတွေ မျှော်လင့်မထား

Posted: 23 Apr 2021 08:31 AM PDT

asean flags (asean.org)မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို အဖြေရှာဖို့ အာဆီယံနိုင်ငံတွေကြား ဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ နက်ဖြန်ကျင်းပမှာပါ။ စည်းဝေးပွဲကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်မှာဖြစ်ပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ မပါတာကြောင့် လက်တွေ့ကျတဲ့ ရလာဒ်တွေ ထွက်လာမှာမဟုတ်ဘူးလို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။ လူ့အခွင့်အရေးဆောင်ရွက်

ကျိုက်ကော်ဆန္ဒပြသူတွေကို ဖြိုခွဲမယ့် စစ်ကောင်စီတပ် KNU တိုက်ခိုက်

Posted: 23 Apr 2021 08:30 AM PDT

ကရင်လက်နက်ကိုင် KNU တပ်ဖွဲ့မွန်ပြည်နယ် သထုံမြို့နယ်ဘက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုထောက်ခံကြောင်း ချီတက်ဆန္ဒပြကြသူတွေကို ဖြိုခွဲဖို့လာတယ်လို့ ယူဆရတဲ့ တပ်တွေနဲ့ KNU ရဲ့ သထုံခရိုင်တပ်ဖွဲ့တွေနဲ့ ဒီမနက်မှာ အပြန်အလှန်ပစ်ခတ်လို့ စစ်တပ်ဘက်က ၃ ယောက်သေဆုံးတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီတိုက်ပွဲကြောင့် ဘီးလင်းမြို့နဲ့ သထုံမြို့ကြား မော်လမြိုင်-ရန်ကုန် အဝေးပြေးလမ်းမှာ အသွားအလာ ယာယီ ရပ်သွားခဲ့ပါတယ်။ ဒီ

စစ်အာဏာသိမ်းပြီး ၈၁ ရက်မှာ သေဆုံးသူ ၇၃၉ ဦးရှိပြီလို့ AAPP ထုတ်ပြန်

Posted: 23 Apr 2021 08:27 AM PDT

စစ်အာဏာသိမ်းပြီး ၈၁ ရက်မှာ သေဆုံးသူ ၇၃၉ ဦးရှိပြီလို့ AAPP ထုတ်ပြန်စစ်အာဏာသိမ်းပြီး ၈၁ ရက်အတွင်း သေဆုံးသူ ၇၃၉ ဦးရှိပြီလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ မနေ့ ဧပြီ ၂၂ ရက်နေ့အထိ ထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။စစ်ကောင်စီဘက်ကတော့ ပစ်ခတ်မှုကြောင့်သေဆုံးသူ ၂၄၀ ဦးရှိတယ်လို့ ဧပြီ ၁၉ ရက် ည ၈ နာရီသတင်းမှာကြေညာခဲ့ပါတယ်။အဲဒီလူတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ရန်ပြုတိုက်ခိုက်ခဲ့

ရန်ကင်းထွေအုပ်ရုံး ဗုံးပေါက်ကွဲမှုအပြီး အဖမ်းခံရသူကို မိသားစုအဆက်အသွယ်မရ

Posted: 23 Apr 2021 08:25 AM PDT

 ရန်ကင်းထွေအုပ်ရုံး ဗုံးပေါက်ကွဲမှုအပြီး အဖမ်းခံရသူကို မိသားစုအဆက်အသွယ်မရရန်ကုန်၊ ရန်ကင်းမြို့နယ်ထဲက နေအိမ်မှာ စစ်ကောင်စီတပ်တွေက သတင်းအရဆိုပြီး ဧပြီလ ၁၈ ရက်တုန်းက ဖမ်းဆီးခံခဲ့ရသူတွေထဲမှာပါဝင်သူ မခင်ငြိမ်းသူဟာ လက်ရှိအချိန်အထိ မိသားစုနဲ့အဆက်အသွယ် မရသေးဘူးလို့ သူ့ရဲ့မိခင်က ဘီဘီစီကို ပြောပါတယ်။မခင်ငြိမ်းသူကို ဧပြီလ ၁၈ ရက်ည ၉ နာရီကျော်လောက်မှာ ဖမ်းသွားတယ်လို့ သတင်းရတော့ နောက်နေ့မနက်မှာ ရန်ကင်းရဲစခန်း

မန္တလေး၊ မြရည်နန္ဒာအိမ်ယာနေထိုင်သူ ခြောက်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွား

Posted: 23 Apr 2021 08:23 AM PDT

မန္တလေး၊ မြရည်နန္ဒာအိမ်ယာနေထိုင်သူ ခြောက်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွား မန္တလေး၊ ချမ်းမြသာစည်မြို့နယ်က မြရည်နန္ဒာအိမ်ယာမှာ နေထိုင်သူအချို့ကို ၂၀၂၁၊ ဧပြီလ ၂၃ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီရဲ့တပ်တွေ လာရောက်ဖမ်းဆီးသွားစဥ် / Photo: Citizen Journalistမန္တလေး၊ ချမ်းမြသာစည်မြို့နယ်က မြရည်နန္ဒာအိမ်ယာကို ဧပြီလ ၂၃ ရက် ဒီကနေ့ နေ့လယ်ပိုင်း အာဏာသိမ်း စစ်ကောင်စီရဲ့တပ်တွေ ရောက်လာပြီး အမျိုးသား၊ အမျိုးသမီး

ယင်းမာပင်နဲ့ ကနီမြို့နယ်တွေမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်အကြား တိုက်ပွဲဖြစ်

Posted: 23 Apr 2021 08:21 AM PDT

စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ကနီမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွားတွေ ဖြစ်နေတဲ့အတွက် ရက် ၂၀ ကျော်အတွင်း ပြည်သူ ၂၀ ထက်မနည်း သေဆုံးပြီး၊ ရွာသူရွာသား တစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ဧပြီလ ၂ ရက်နေ့က စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် သပြေအေးရွာက "ကျေးရွာပေါင်းစုံ ဆန္ဒပြသပိတ် ဦးဆောင် ဆရာတော်" ဖြစ်တဲ့ သပြေအေးဆရာတော်ကို စစ်ကောင်စီတပ်တွေက လာ

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.