Sunday, April 25, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ပဲခူးက CDM ကျောင်းဆရာမ တစ်ဦး ဖမ်းဆီးခံရ

Posted: 25 Apr 2021 08:25 AM PDT

ပဲခူးက CDM ကျောင်းဆရာမ တစ်ဦး ဖမ်းဆီးခံရ ပဲခူးမြို့ အနောက်ပိုင်း အ.ထ.က(၇)ကျောင်းက အထက်တန်းပြ ဆရာမ ဒေါ်အေးအေးသက် ကို တွေ့ရစဉ် / Photo: CJပဲခူးမြို့ အနောက်ပိုင်း အ.ထ.က(၇)ကျောင်းက အထက်တန်းပြ ဆရာမ ဒေါ်အေးအေးသက်ကို စစ်ကောင်စီ တပ်တွေက ဧပြီ ၂၅ ရက် ဒီကနေ့မနက် ၁၁ နာရီခွဲလောက်မှာ နေအိမ်ကနေ လာရောက်ဖမ်းဆီးသွားကြောင်း "မြေလတ်အသံ" သတင်းမှာ ဖော်ပြထားပါတယ်။ဆရာမ ဒေါ်အေးအေးသက်ကို ပဲခူးအနောက် သပြေကုန်း ဘိုးဘွား

နေပြည်တော်မှာ လက်လုပ်မိုင်းတွေ့ပြီး မန္တလေး နဲ့ ပဲခူးတို့မှာ လက်လုပ်မိုင်းနဲ့ပစ်တာခံရကြောင်းစစ်ကောင်စီထုတ်ပြန်

Posted: 25 Apr 2021 08:24 AM PDT

 အာဏာသိမ်းပြီးဖေဖော်ဝါရီလဆန်းက နေပြည်တော်တွင်လုံခြုံရေးယူထားသောတပ်များဧပြီလ ၂၅ ရက်နေ့ မနက်ပိုင်းက နေပြည်တော် ဥတ္တရသီရီ နယ်မြေက တံတားတစ်စင်းအောက်မှာလက်လုပ်မိုင်းတွေ့ ခဲ့ပြီးမန္တလေး အောင်မြေသာဇံမြို့နယ်က ဘဏ်၁ နဲ့ နန်းရှေ့ အနှိပ်တော်ရပ်ကွက်မျာ ဆိုင်ကယ်နဲ့ ကင်းလှည့်နေသူတွေလက်လုပ်မိုင်းနဲ့တိုက်ခိုက်ခံခဲ့ရတယ်လို့ လည်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့ရုပ်မြင်သံကြားက ထုတ်ပြန်သွားခဲ့ပါတယ်၊နေပြည်တော်မှာ

နိုင်ငံအနှံ့ ဆန္ဒပြသပိတ်တွေ ပြန်အားကောင်းလာ

Posted: 25 Apr 2021 08:22 AM PDT

အင်အားသုံး ပစ်ခတ်ဖြိုခွင်းမှုကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းကလျော့နည်းလာနေတဲ့ လမ်းပေါ်က အာဏာသိမ်းစစ်ကောင်စီ ဆန့်ကျင်ရေးဆန္ဒပြသပိတ်စစ်ကြောင်းတွေဟာ ဒီကနေ့ ဧပြီ ၂၅ ရက်နေ့မှာလည်း နိုင်ငံအဝှမ်း ဆန္ဒပြ သပိတ်တွေ အများအပြားရှိခဲ့ပြီး ဖြိုခွဲဖမ်းဆီးတာတွေကလည်းရှိခဲ့ပါတယ်။ဧပြီ ၂၄ ရက်မှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေး အာဆီယံထိပ်သီးဆွေးနွေးပွဲအတွက်ရည်ရွယ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြန်လည်ထွက်ပေါ်လာခဲ့တာလည်းဖြစ်

မိုးမောက်မြို့နယ်၊ မြို့သစ်နှင့်ဆီဟတ်ကျေးရွာတစ်ဝိုက်တွင် စစ်ကောင်စီမှ လေယာဉ်ဖြင့် ဆက်လက် ပစ်ခတ်မှုများရှိနေဟုဆို

Posted: 25 Apr 2021 08:16 AM PDT

ဧပြီ၊၂၅ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ရှိ မြို့သစ်၊ ဆီဟတ်စသည့် ကျေးရွာ အနီးတစ်ဝိုက်တွင် အာဏာသိမ်းကောင်စီမှ ယနေ့ထိ လေယာဉ်ဖြင့် ပစ်ခတ်မှုများ ရှိနေသေးကြောင်း သိရသည်။ စစ်ကောင်စီမှ ယမန်နေ့က လေယာဉ်ဖြင့် စတင်ပစ်ခတ်နေသည်မှာ လက်ရှိချိန်ထိ အပစ်မရပ်သေးသောကြောင့် ရွာသားများ ဘေးလွတ်ရာကို ထွက်ပြေးနေရပြီး နေအိမ်များ ထိခိုက် ပျက်စီးမှုရှိ‌နေကြောင်း မြို့သစ်ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်

သတင်းပေးကြောင့် တာမွေမှာ ကိုးတန်းကျောင်းသားလေးယောက် ဖမ်းခံရ

Posted: 25 Apr 2021 08:10 AM PDT

ရန်ကုန်၊ဧပြီ ၂၅၊၂၀၂၁ဒလန်တစ်ဦး သတင်းပေးမှုကြောင့် ဒီနေ့ ဧပြီ ၂၅ ရက် နေ့လယ်က တာမွေမြို့နယ် ကျားကွက်သစ်လမ်းမှာ အသက်မပြည့်သေးတဲ့ ၉ တန်းကျောင်းသား ၄ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။"ဒလန်က အဲ့တိုက်ဆိုပြီး ထိုးပြတယ် စစ်သားတွေက တက်ဖမ်းတယ် ဆန္ဒပြတဲ့အထဲမှာလည်း မပါဘူးကလေးတွေပဲရှိသေးတယ် ကောင်မလေးဆို ရိုက်နှက်ပြီးခေါ်သွားတာ"လို့ ကျားကွက်သစ်လမ်းမှာ နေထိုင်သူတစ်ဦးက VOMကို ပြောပါတယ်။လက်ရှိအခြေအနေထိ  တာမွေ

မိခင်ဆေးကုဖို့သီချင်းဆို အလှူခံတဲ့ လူငယ် အဖမ်းခံရ

Posted: 25 Apr 2021 08:08 AM PDT

ရန်ကုန် ၊ ဧပြီ ၂၅-၂၀၂၁မိခင်ဖြစ်သူ အရိုးတီဘီရောဂါခံစားနေရလို့ ဆေးကုသဖို့လိုတဲ့အတွက် ဂီတာတီးသီချင်းဆိုပြီး အလှူခံနေတဲ့ လူငယ်တစ်ဦးကို သင်္ဃန်းကျွန်းမြို့နယ် ဆ/ကရပ်ကွက် သမာဓိ ၁လမ်းမှာ ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့ရှိသူက ပြောပါတယ်။" သီချင်းဆိုနေတုန်းမှာပဲ ရဲတွေရောက်လာပြီး ဖမ်းသွားတာပါ။ သူဂီတာတွေကို အဲဒီနားကဆိုင်မှာ ထားသွားတယ်"လို့ အထပ်မြင့်က မြင်လိုက်သူတစ်ဦးက ဆိုပါတယ်။အဲဒီလူငယ်ရဲ့အမည်ကတော့

ကော့ကရိတ်မြို့တွင် ရဲ နှင့် စစ်သား ပစ်ခတ်မှုဖြစ်ပွား၍ (၁) ဦးသေ၊ (၁)ဦး ပြင်းထန်ဒဏ်ရာရ

Posted: 25 Apr 2021 08:04 AM PDT

ဧပြီ ၂၅ ရက်၊၂၀၂၁ ခုနှစ်။ကေအိုင်စီကရင်ပြည်နယ် ကော့ကရိတ်မြို့ ဇိနသုခဘုရားပရဝဏ်အတွင်း စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ အချင်းများပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ  ရဲတပ်သား (၁)ဦးသေဆုံးပြီး စစ်သား (၁) ဦး စိုးရိမ်ရအခြေအနေဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ယနေ့ ဧပြီလ ၂၅ ရက်နေ့၊ ညနေ ၃နာရီခွဲ အချိန်ခန့်က ကော့ကရိတ်မြို့၊အမှတ်(၆)ရပ်ကွက် ဇိနသုခဘုရားပရဝဏ်အတွင်း စခန်းချ တပ်စွဲထားသော  စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့

အာဆီယံခေါင်းဆောင်များ အစည်းအဝေး အလှည့်ကျဥက္ကဋ္ဌ ထုတ်ပြန်ချက်

Posted: 24 Apr 2021 08:24 AM PDT

မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ဖို့ ဂျကာတာကို ရောက်ရှိလာတဲ့ ဘရူနိုင်းဘုရင် (လယ်)။ (ဧပြီ ၂၄၊ ၂၀၂၁)မြန်မာလူထုရဲ့ အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့အဖြေတခု ရရှိရေး အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအကြား အချက် ၅ ချက်ပါ သဘောတူညီချက်တခု ရခဲ့တယ်လို့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။အဲဒီအချက်တွေကတော့ အကြမ်းဖက်လုပ်ရပ်တွေအားလုံး ချက်ချင်းရပ်တန့်

အာဆီယံခေါင်းဆောင်များ ဆုံးဖြတ်ချက် အားတက်ရတယ်လို့ NUG ဝန်ကြီး ဒေါက်တာဆာဆာ ထုတ်ပြန်

Posted: 24 Apr 2021 08:23 AM PDT

ေဒါက္တာဆာဆာ။မြန်မာနိုင်ငံမှာ စစ်တပ်က အကြမ်းဖက် နှိမ်နင်းနေတာ ရပ်တန့်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ အာဆီယံခေါင်းဆောင်တွေ အားလုံး သဘောတူညီခဲ့ကြတယ်ဆိုတဲ့ သတင်းအပေါ် အားတက်ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဆာဆာက ဒီကနေ့ ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။ဒါဟာ အမျိုးသားညီညွတ်ရေးအစိုးရက

မြဝတီမြို့တွင် CDM လှုပ်ရှားမှု၌ ပါဝင်သည့် ကျောင်းအုပ်ဆရာမတစ်ဦး အဖမ်းခံရ

Posted: 24 Apr 2021 08:21 AM PDT

ဧပြီလ ၂၄ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီငြိမ်းချမ်းစွာ အာဏာဖီဆန်မှု -CDM လှုပ်ရှားမှုတွင်ပါဝင်သည့် ကရင် ပြည်နယ် မြဝတီမြို့နယ်မှ အလယ်တန်းကျောင်းအုပ် ဆရာမကြီး တစ်ဦးအား စစ်ကောင်စီအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း  သိရသည်။ယမန်နေ့ (ဧပြီလ ၂၃ ရက်) ၊ ညနေ ၃ နာရီအချိန်ခန့်က မြဝတီမြို့နယ် အ.လ.က ထီးကော်ထော် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးဝင်းထိုက်သည် အမှတ် ၄ ရပ်ကွက် ကံ့ကော်တစ်ထောင်ဘုရား အနီး ဘုန်းကြီးကျောင်း တစ်

မြန်မာအာဏာပိုင်တွေက အကြမ်းဖက်မှုရပ်ဖို့ သဘောတူတယ်လို့ မလေးရှားဝန်ကြီးချုပ်ပြော

Posted: 24 Apr 2021 08:20 AM PDT

 မြန်မာအာဏာပိုင်တွေက အကြမ်းဖက်မှုရပ်ဖို့ သဘောတူတယ်လို့ မလေးရှားဝန်ကြီးချုပ်ပြောမြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ပေးဖို့ အာဆီယံခေါင်းဆောင်တွေရဲ့ အဆိုပြုချက်ကို မြန်မာဘက်က လက်ခံခဲ့တယ်လို့ မလေးရှားဝန်ကြီးချုပ် မူယစ်ဒင်း ယက်ဆင်က ပြောကြားလိုက်ပါတယ်။အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျာကာတာမှာ ကျင်းပတဲ့ မြန်မာ့အရေး အာဆီယံအထူးအစည်းအဝေး အပြီးမှာ မလေးရှားဝန်ကြီးချုပ်က အခုလို ပြောကြား

အင်ဒိုနီးရှားရေငုပ်သင်္ဘော ဘာလီကျွန်းနားမှာ မြုပ်သွားတာလို့ ရေတပ်ပြော

Posted: 24 Apr 2021 08:21 AM PDT

လေ့လာချက်အရ အပျက်အစီး အပိုင်းအစတွေဟာ တော်ပီဒို ဒါမှမဟုတ် ပြင်ပ ဖိအား မရှိပဲ ပျက်စီးသွားနိုင်တဲ့ အပိုင်းတွေ မဟုတ်ဘူးလို့လည်း အင်ဒို ကမ်းတက်တပ် အကြီးအကဲ ယူဒို မာဂိုနိုက ပြောဧပြီလ ၂၁ ရက်နေ့ကတည်းက ပျောက်ဆုံးသွားတဲ့ အင်ဒိုနီးရှားစစ်တပ်ရဲ့ ရေငုပ်သင်္ဘောဟာ ဘာလီကျွန်းနားမှာ နစ်မြုပ်သွားခဲ့တာ ဖြစ်တယ်လို့ အင်ဒိုနီးရှား ကမ်းတက်တပ်ဖွဲ့က ဧပြီလ ၂၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။အဲဒီ ရေငုပ်သင်္ဘောရဲ့ အပျက်အစီး

KIA သင်တန်းဆင်းလို့ စွပ်စွဲချက်နဲ့ ရဝမ်လူငယ် ခြောက်ဦး ဖမ်းဆီးခံရ

Posted: 24 Apr 2021 08:15 AM PDT

KIA သင်တန်းဆင်းလို့ စွပ်စွဲချက်နဲ့ ရဝမ်လူငယ် ခြောက်ဦး ဖမ်းဆီးခံရ ခေါင်လန်ဖူး(ဌာနေ) ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်  / Photo: Citizen Journalistကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထံကနေ သင်တန်းဆင်းလာတယ်လို့ စွပ်စွဲချက်နဲ့ ခေါင်လန်ဖူး ဒေသကနေ ပူတာအိုဒေသကို သွားရောက်တဲ့ ရဝမ်လူငယ် ခြောက်ဦးကို စစ်ကောင်စီလက်အောက်ခံ ခေါင်လန်ဖူး (ဌာနေ) ပြည်သူ့စစ်အဖွဲ့က ဧပြီလ ၂၂ ရက် နေ့လယ်ပိုင်းမှာ ဖမ်းဆီးထားတယ်လို့

မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ထုတ်ပြန်

Posted: 24 Apr 2021 08:14 AM PDT

မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ထုတ်ပြန် ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်တွင် ကျင်းပသည့် မြန်မာ့အရေး အာဆီယံ‌ခေါင်းဆောင်များ ဆွေး‌နွေးပွဲတွင် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို မိန့်ခွန်းပြောကြားစဉ်။အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ဧပြီ ၂၄ ရက် ဒီကနေ့ ပြုလုပ်တဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ မြန်မာ့အရေး အရေးပေါ် အစည်းအဝေးကနေ ဘုံသဘောတူညီချက် ငါး

ဘုရားသုံးဆူမြို့ ဆိုင်ကယ်သပိတ် စစ်ကောင်စီတပ်မှ ကားဖြင့်လိုက်တိုက်၍ အမျိုးသမီးတစ်ဦး ဆိုးရွားစွာ ဒဏ်ရာရရှိ

Posted: 24 Apr 2021 08:09 AM PDT

ပုံစာ #  ဆိုင်ကယ်သပိတ်ကို လိုက်တိုက်သည့် စစ်ကောင်စီတပ်ကားကို တွေ့မြင်ရစဉ်။ဧပြီ ၂၄ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီကရင်ပြည်နယ် ၊ ဘုရားသုံးဆူမြို့တွင် ယနေ့ (ဧပြီ ၂၄ ) ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့မှ ကားဖြင့် လိုက်တိုက်ရာ အမျိုးသမီးတစ်ဦး ဆိုးရွားစွာ ဒဏ်ရာရရှိပြီး လူငယ်အချို့ဖမ်းဆီးခံရသည်ဟု သိရသည်။ယနေ့ နေ့လည် ၁၀နာရီခွဲဝန်းကျင်တွင် ဘုရားသုံးဆူ ဆိုင်ကယ်သပိတ်

ကရင်ပြည်နယ် စစ်ဘေးဒုက္ခသည်များအား အမျိုးသားညီညွတ်ရေးအစိုးရမှ ကူညီထောက်ပံ့မှု ပြုလုပ်

Posted: 24 Apr 2021 08:07 AM PDT

Photo_NUG Facebookဧပြီ ၂၄ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီအကြမ်းဖက်စစ်ကောင်စီအဖွဲ့မှ စစ်လေယာဉ်များ အသုံးပြု၍ ရက်စက်စွာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့် ကရင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များအား သိန်း ၅၀၀ တန်ဖိုးရှိ အစား အသောက် စောင်နှင့် မိုးကာများ ကူညီပံ့ပိုးမှု ပြုလုပ်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ယနေ့ ၎င်းတို့၏ဖေ့ဘွတ် လူမှုကွန်စာမျက်နှာပေါ်တွင် ဖော်ပြထားသည်

လူသတ်မှု ဆက်မလုပ်ရန် မြန်မာစစ်ခေါင်းဆောင်အား အာဆီယံ သတိပေး

Posted: 24 Apr 2021 08:04 AM PDT

(၂၄-၄-၂၀၂၁)လူသတ်မှုတွေချက်ခြင်းရပ်ပြီး ဖမ်းဆီးထားသူတွေကို အမြန်ုဆုံးပြန်လွှတ်ပေးဖို့ အာဆီယံခေါင်းဆောင်တွေက မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား တောင်းဆိုလိုက်ပါတယ်။အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ဒီနေ့ ကျင်းပတဲ့ အာဆီယံ အရေးပေါ်အစည်းဝေးကနေ အခုလို တောင်းဆိုလိုက်တာဖြစ်တယ်လို့ အင်ဒိုနီးရှားသမ္မတ Joko Widodo ကပြောပါတယ်။"မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ လက်ရှိအခြေအနေဟာ

ကျိုင်းတုံ TYO အဖွဲ့ဝင် စိုင်းငယ် ကို စစ်ကောင်စီ အုပ်စု သေနတ်ဖြင့်ချိန်ပြီးဖမ်းခေါ်သွား

Posted: 24 Apr 2021 08:00 AM PDT

ဧပြီ ၂၃ရက် ၂၀၂၁သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့  ရှမ်းလူငယ်အဖွဲ့ဝင်တဦး ဖြစ်သည့် စိုင်းငယ်ကို အကြမ်းဖက် စစ်ကောင်စီ မှ ယနေ့ (ဧပြီ ၂၃)ရက် မနက်ပိုင်း (၁၁) နာရီခွဲဝန်းကျင်တွင် သေနတ်ဖြင့်ချိန်ပြီး ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ကျိုင်းတုံမြို့ အမှတ်(၃)ရပ်ကွက် မြို့သစ်တွင်နေထိုင်သည့် အသက် (၄၁)နှစ် အရွယ်ရှိ စိုင်းငယ် ကို  အကြမ်းဖက် စစ်ကောင်စီ အုပ်စုမှ သေနတ်ဖြင့်ချိန်ကာ အကြောင်းမဲ့  ဖမ်းဆီးခေါ်

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.