Friday, April 30, 2021

သစ်ထူးလွင်

သစ်ထူးလွင်


ထားဝယ်မြို့နယ် အတွင်းက ရပ်ကျေး အုပ်ချုပ်ရေးမှူးဟောင်း၂၀ ကျော် ထိန်းသိမ်းခံရ

Posted: 30 Apr 2021 07:38 AM PDT

ထားဝယ်၊ ဧပြီ ၃၀၊ ၂၀၂၁တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ထဲက ရပ်ကျေး အုပ်ချုပ်ရေးမှူးဟောင်း၂၀ ကျော် ဧပြီ ၂၉ ရက်နေ့ ည‌နေပိုင်းက စတင်ပြီး မြို့မရဲစခန်း ဓမ္မာရုံကို တဦးချင်း ခေါ်ယူ ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေဆီက စုံစမ်း သိရှိရပါတယ်။ဒေသခံ ၁ ဦးက"ထားဝယ်မှာ ဆန္ဒပြပွဲတွေလည်း ဆက်ရှိနေတုန်းပဲ။ ရပ်ကျေး အုပ်ချုပ်ရေးမှူးဟောင်း တချို့ကတော့ ကြို တိမ်းရှောင်နေကြလို့ မပါဘူး။ ကျန်တဲ့လ ူ၂၀ ကျော်ကို ထားဝယ် မြို့မ

ရွှေဘိုမှာ သတင်းပေး ဆိုသူတွေကို ဓားနဲ့ခုတ်လို့ ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရမှု ဖြစ်ပွား

Posted: 30 Apr 2021 07:37 AM PDT

ေရႊဘို၊ ဧၿပီ ၃၀၊ ၂၀၂၁စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် သီးလုံးကျေးရွာမှာ သတင်းပေး ဆိုသူများကို ရွာသားတချို့က ဓားနဲ့ခုတ်ရာ ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိတယ်လို့ ဒေသခံတွေ ဆီက သတင်းရပါတယ်။သီးလုံးကျေးရွာ နေသူတစ်ဦးက"ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ရာကနေ စဖြစ်တာပါ၊ စစ်တပ်က ခန့်တဲ့ အုပ်ချုပ်ရေးမှူး ကို လက်မခံတာ၊ ဒါကို ကြံ့ခိုင်ရေး ပါတီနဲ့ တပ်ထောက်ခံသူတွေက စစ်တပ်ကို ဖုန်းဆက်ခေါ်တယ်၊ ရွာသား

ဘုရားသုံးဆူမြို့ သပိတ်စစ်ကြောင်းတွင် ပါဝင်သောလူငယ်များနေအိမ် စစ်ဆေးမှုများရှိနေ

Posted: 30 Apr 2021 07:32 AM PDT

ဧပြီ ၃၀ ရက်၊ ၂၀၂၁ ခုနှစ်။ သူးလေသတင်းစဥ်​ကေအဲန်ယူ- ဒူးပလာယာခရိုင် (ကရင်ပြည်နယ် ဘုရားသုံးဆူမြို့)တွင် ဧပြီ (၂၄) ရက်နေ့ သပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီး ဆန္ဒပြမှုများရပ်တန့်ချိန်တွင် မြို့တွင်းအာဏာသိမ်းစစ်အုပ်စုမှ ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူး များမှ ဆန္နပြပြည်သူများအား ဝရမ်းများ ထုတ်ခဲ့ကြောင်း သိရှိရသည်။  သပိတ်စစ်ကြောင်းတွင်ပါဝင်သော Generation Z နေအိမ်များတွင်း အာဏာသိမ်းစစ်အုပ်စု တပ်ဖွဲ့များမှ

အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ တပ်ရင်း ခလရ(၆၀)လက်အောက်ခံ တပ်ခွဲ(ကျောက်စရစ်စခန်း)မှ ခြုံငုံတိုက်ခိုက်ရန်လှုပ်ရှားမှုများကြောင့် KNLA နှင့် ထိပ်တိုက် တွေ့ဆုံပြီး ပစ်ခတ်မှုဖြစ်ပွား

Posted: 30 Apr 2021 07:30 AM PDT

၂၀၂၁ ခုနှစ်၊ ဧပြီလ (၃၀)ရက်။ သူးလေသတင်းစဉ်။ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ကျောက်စရစ်ကျေးရွာအုပ်စု၊ အင်တိုင်းကုန်းကျေးရွာတွင် ကျောက်ကြီးမြို့နယ် အမှတ်(၂)နယ်မြေမှူး စောဝါးမူဇက်နှင့် အဖွဲ့သားများက အင်တိုင်းကုန်းကျေးရွာသူ/ရွာသားများနှင့် အစည်းအဝေးပြုလုပ်ရန် သွားရောက်ခဲ့သည်။ ထိုသို့သွားရောက်ရာတွင် အာဏာသိမ်းစစ်အုပ်စု တပ်ရင်း ခလရ (၆၀) လက်အောက်ခံ တပ်ခွဲ(ကျောက်စရစ်စခန်း)မှ သိရှိသောကြောင့်

ဖားကန့်တွင် စစ်ကောင်စီမှ ဆန်နှင့်ဆီ တင်သွင်းမှုပိတ် ကုန်ဈေးနှုန်းစတင်မြင့်တက်လာ

Posted: 30 Apr 2021 07:28 AM PDT

ဧပြီ ၃၀ရက် ၂၀၂၁ကချင်ပြည် ဖားကန့်မြို့တွင်း အကြမ်းဖက် စစ်ကောင်စီမှ ဆန် နှင့် စက်သုံးဆီများ တင်သွင်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်ဈေးနှုန်းများလည်း မြင့်တက်လာကြောင်း သတင်းရရှိသည်။ယခုရက်ပိုင်း ဖားကန့်မြို့တွင် ဆန် နှင့် ဆီများကို အလုအယက်ဝယ်ယူ သိုလှောင်မှုကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာကြောင်း ဖားကန့်ဒေသတွင် အလုပ်လုပ်နေသည့် သျှမ်းအသိုင်းအဝန်းများက သျှမ်းသံတော်ဆင့်ကို ပြောသည်။"စစ်ကောင်စီဘက်က စက်သုံး

တာချီလိတ်မြို့ ကုန်ပစ္စည်းများ အလုယက်ဝယ်ယူ၊ ကုန်ဈေးနှုန်းမြင့်တက်

Posted: 30 Apr 2021 07:26 AM PDT

ဧပြီ ၃၀ရက် ၂၀၂၁မြန်မာ-ထိုင်း နယ်စပ် သျှမ်းရှေ့ တာချီလိတ်မြို့တွင်  ကုန်ပစ္စည်းကို အလုယက် ဝယ်ယူနေသဖြင့် ကုန်ဈေးနှုန်း မြင့်တက်နေကြောင်း စုံစမ်းသိရှိရသည်။ အကြမ်းဖက် စစ်ကောင်စီမှ မေလ ၁ ရက်နေ့မှ စတင်ပြီး ထိုင်းကုန်ပစ္စည်း ၅ မျိုးကို တင်းသွင်းခွင့် ပိတ်ထားလိုက်မည်ဟု ကြေညာပြီးနောက် ကုန်ပစ္စည်းများ ပြတ်လပ်မည်ကို စိုးရိမ်သဖြင့် အလုအယက်ဝယ်ယူကြသဖြင့် ကုန်ပစ္စည်းဈေးနှုန်းများ တက်လာနေကြောင်းသိရသည်။ "ထိုင်း

CDM ဝန်ထမ်းများကိုရှိရင်းစွဲ လစာ အတိုင်း​ပေးရန် NUG ဦးစား​ပေး ပြင်ဆင်​နေ

Posted: 30 Apr 2021 07:24 AM PDT

April 30 - Kachinwavesစစ်ကောင်စီလက်နက်ကိုင်များ လက်အောက်တွင် အလုပ်မလုပ်လို၍ CDM ပြုလုပ်ကာ အာဏာရှင်ဆန့်ကျင်ရေးတွင် ပါ၀င်လာကြသည့် ၀န်ထမ်းများကို အမျိုးသားညီညွတ်ရေးအစိုးရက ရှိရင်းစွဲလစာပေးရန် ဦးစားပေးပြင်ဆင်နေကြောင်း ဝန်ကြီး ဒေါက်တာ တူးခေါင်က ပြောသည်။CDM များအတွက် စား၀တ်နေရေးနှင့် လုံခြုံရေးများ ထောက်ပံ့ရန် အမျိုးသားညီညွှတ်ရေး အစိုးရ NUG က ပြင်ဆင်နေကြောင်းလည်း ဆိုသည်။ "CDM တွေက အခုအချိန်မှာ

သုံးရက်နေ့နောက်ဆုံး CDM ထွက်ဖို့ ဝန်ထမ်းတွေကို ဖိအားပေးခံရ

Posted: 30 Apr 2021 07:12 AM PDT

CDM ပြုလုပ်နေတဲ့ ပညာရေးဝန်ထမ်းတွေ အခုလ၃ရက်နေ့နောက်ဆုံးထားပြီး အလုပ်ပြန်ဆင်းဖို့ ဖိအားပေးခံရတယ်လို့ သိရပါတယ်။ " CDM ထွက်ရင် ပုံမှန်အတိုင်းလစာပြန်ပေးမယ်ပေါ့။ မထွက်ရင် ဝရမ်းထုတ်မယ်လို့ ပြောတယ်။ " လို့ CDM ပြုလုပ်နေတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ကျောင်းတွေကို ဇွန်လ ၁ရက်နေ့မှာ ပြန်ဖွင့်မယ်လို့ သိရပါတယ်။လက်ရှိCDM လုပ်နေတဲ့ ပညာရေးဝန်ထမ်းတွေက လစာ မယူတဲ့အတွက် မိသားစုတွေကလည်း စားဝတ်နေရေးတွေမှာ အခက်အခဲကြုံနေရ

ဖားကန့်တွင် စက်သုံးဆီများ တစ်ဂါလံ ၉၀၀၀ကျပ်ဖြင့်ရောင်းချနေ။

Posted: 29 Apr 2021 12:05 PM PDT

Photo-Kotarဧပြီလ ၂၈ရက်နေ့မှစကာအကြမ်းဖက်စစ်ကောင်စီမှ ဖားကန့်သို့ စက်သုံးဆီအဝင်ရပ်တန့်လိုက်သည့်အတွက် ဆီအရောင်းဆိုင်များမှ လက်ကျန်ဆီများကို တစ်ဂါလံ ၉၀၀၀ ကျပ်နှုန်းဖြင့် ဈေးတင်ရောင်းချနေကြပြီး လူထုမှ တန်းစီဝယ်ယူနေကြရသည်။ယခင်က ဖားကန့်၌ 92 ဓါတ်ဆီ တစ်ဂါလံလျှင် ၄၅၀၀ ကျပ်နှုန်းရှိသည်။လက်ရှိ‌ ဆီဈေးမြှင့်တက်နေသည့် အခြေအနေကြားမှ အချို့စက်သုံးဆီဆိုင်များ၌ ရောင်းချစရာ ဆီလက်ကျန်ပင်မရှိတော့ကြောင်း သိရသည်။

မြန်မာစစ်ခေါင်းဆောင်တွအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ နောက်ထပ် တစ်နှစ်အထိ အီးယူ သက်တမ်းတိုး

Posted: 29 Apr 2021 12:03 PM PDT

 စစ်ကောင်စီအဖွဲ့၀င် အရပ်သားတွေကိုပါ အီးယူပစ်မှတ်ထားမြန်မာနိုင်ငံထဲက လက်ရှိ အခြေအနေတွေကြောင့် ချမှတ်ထားလက်စ ကန့်သတ်ချက်တွေကို ၃၀ရက် ဧပြီ ၂၀၂၂ အထိ တစ်နှစ်တာ တိုးမြှင့် ချမှတ်လိုက်တယ်လို့ ဥရောပကောင်စီက ကြာသပတေးနေ့ (၂၉ ဧပြီ ၂၀၂၁) ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ဥရောပကောငျစီ ဆိုတာ ဥရောပသမဂ်ဂ အီးယူအဖှဲ့ရဲ့ မူဝါဒပိုငျးဆိုငျရာတှကေို တာဝနျယူ ခမြှတျရတဲ့ အဖှဲ့အစညျး ဖွစျပါတယျ။မြန်မာပြည် စစ်အာဏာသိမ်းမှုမှာ

အင်တာနက် ငွေကြေးဆိုင်ရာလွှဲပြောင်းမှုတွေ ပြန်ရပြီလို့ စစ်ကောင်စီပြော

Posted: 29 Apr 2021 12:02 PM PDT

 အင်တာနက် ငွေကြေးဆိုင်ရာလွှဲပြောင်းမှုတွေ ပြန်ရပြီလို့ စစ်ကောင်စီပြောမိုဘိုင်း အင်တာနက်ကနေ ငွေကြေးဆိုင်ရာလွှဲပြောင်းမှုတွေကို ဘဏ်တချို့မှာ ပြန်လည်အသုံးပြုလို့ရနေပြီလို့ စစ်ကောင်စီက ဒီနေ့ည မြန့်မာရုပ်မြင်သံကြားကနေ ထုတ်ပြန်သွားပါတယ်။ဧပြီ ၂၈ ကနေစပြီး AYA၊ KBZ၊ CB၊ အင်းဝ၊တောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ်စတဲ့ဘဏ်တွေမှာ စတင်သုံးလို့ရနေပြီလို့လည်း ထုတ်ပြန်သွားပါတယ်။အခြားဘဏ်တွေရဲ့ ငွေကြေးဆိုင်ရာလွှဲပြောင်းမှု

မင်းတပ်မှာ နှစ်ဘက်ဆွေးနွေးမှု အဖြေမရသေး

Posted: 29 Apr 2021 12:00 PM PDT

ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့၏ အမှတ်တံဆိပ်။ (ဓာတ်ပုံ - Facebook)ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်တပ် ဝင်ရောက် တပ်စွဲမထားရေးပါဝင်တဲ့ ဒေသခံတွေရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်လို့ စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဒီနေ့ ထပ်ဆွေးနွေးခဲ့ကြပေမဲ့ တစုံတရာ ရလဒ်မရခဲ့ပါဘူး။ အပြန်အလှန်ပစ်ခတ်မှုတွေ ရပ်သွားတဲ့ မင်းတပ်အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ဒီနေ့ သတင်းစာရှင်းပွဲလည်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒေသအသီးသီးမှာ ပုံစံအမျိုးမျိုးနဲ့ ဆန္ဒပြတာတွေဆက်ရှိနေ

Posted: 29 Apr 2021 11:58 AM PDT

ထားဝယ် ဆန္ဒပြသပိတ်စစ်ကြောင်း မြင်ကွင်း။ (ဓာတ်ပုံ - AFP PHOTO / DAWEI WATCH - ဧပြီ ၂၉၊ ၂၀၂၁)မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို တနေ့နဲ့တနေ့ အသွင်မတူအောင် လုပ်နေကြတာမှာ ဒီနေ့တော့ ရန်ကုန်မြို့မှာ YBS ဘတ်စ်ကားတွေပေါ်နဲ့ လူအသွားအလာများတဲ့ ဓါတ်တိုင်တွေမှာ စာတွေကပ်ပြီး လှုပ်ရှားခဲ့ကြပါတယ်။ မန္တလေးမြို့နဲ့ တခြားမြို့တွေမှာလည်း သပိတ်စစ်ကြောင်းတွေ လမ်းပေါ်ထွက်ချီတက်ကြပါတယ်။

မန္တလေးတိုင်း NLD ပါတီဝင် နှစ်ဦး ဖမ်းဆီးခံရ

Posted: 29 Apr 2021 11:55 AM PDT

မန္တလေးတိုင်း NLD ပါတီဝင် နှစ်ဦး ဖမ်းဆီးခံရ မိတ္ထီလာမြို့က ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလွင်မောင်မောင် (ဝဲဘက်)နဲ့ မိုးကုတ်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုဦး တို့ကို တွေ့ရစဉ်မန္တလေးတိုင်း မိုးကုတ်နဲ့ မိတ္ထီလာမြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ တာဝန်ရှိသူတွေကို စစ်ကောင်စီ တပ်တွေက ဧပြီလ ၂၈ ရက် မနေ့ညပိုင်းက လာရောက်ဖမ်းဆီးသွားတယ်လို့

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဟောင်း ဦးညီပု ယာဥ်မောင်းဖမ်းဆီးခံရ

Posted: 29 Apr 2021 11:54 AM PDT

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဟောင်း ဦးညီပုရဲ့ယာဥ်မောင်း ဖြစ်သူ ဦးထွန်းလှိုင်ကို မနေ့ညက အရပ်၀တ်နဲ့ လူနှစ်ယောက်က ဖမ်းဆီးသွားတယ်လို့ မိသားစု၀င်က ​RFA ကို ပြောပါတယ်။စစ်တွေမြို့ မကျည်းမြိုင်ရပ်ကွက်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးကနေ စစ်ဆေးစရာရှိတယ် ဆိုပြီး ရဲကားနဲ့ လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့လည်း အမည်မဖော်လိုတဲ့ မိသားစု၀င်က ပြောပါတယ်။အခုလက်ရှိ ဦးထွန်းလှိုင်ကို စစ်တွေတပ်နယ် ဒကစ

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၀၀ကျော် ထိုင်းဘက်ခြမ်းသို့ ထပ်မံထွက်ပြေးရ

Posted: 29 Apr 2021 11:50 AM PDT

 ထိုင်းနိုင်ငံဘက်ခြမ်းသို့ သွားရောက်တိမ်းရှောင်ကြသည့် အီတူးထာ ဒေသခံများကို ပြီးခဲ့သည့် မတ်လ ၂၉ရက်နေ့တွင် ပြန်ပို့ခဲ့သည့် မြင်ကွင်း။ဧပြီ ၂၉ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီစစ်ကောင်စီ တပ်၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ် ဘက်ခြမ်းရှိ ဒေသခံအရပ်သား ၃၀၀ ကျော်သည် ယမန်နေ့(ဧပြီ ၂၈) ညက ထိုင်းဘက်ခြမ်းသို့ ထပ်မံ ထွက် ပြေးခိုလှုံနေရကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြု

မန္တလေးမှာ ဈေးထဲပစ်ခတ်မှုကြောင့် ဈေးသည်တွေ တိမ်းရှောင်နေရ- အခွန်ကောက် ပစ္စည်းလုတာတွေလုပ်နေ

Posted: 29 Apr 2021 11:48 AM PDT

မန္တလေးမြို့ မဟာမြိုင် အပိုင်း (၁)၊ ၄၂ လမ်း၊ ၆၆ နဲ့ ၆၇ လမ်းကြားက ဈေးမှာ ၂၀၂၁ ဧပြီလ ၂၈ ရက်နေ့က စျေးကောက်လာကောက်တဲ့ စည်ပင်ဝန်ထမ်းတွေကို တွေ့ရစဉ်(၂၉/၄/၂၀၂၁)မန္တလေး၊ မဟာမြိုင် အပိုင်း (၁)၊ ၄၂ လမ်း၊ ၆၆ နဲ့ ၆၇ လမ်းကြားက ဈေးမှာ အခွန်မပေးသူတွေကို ဖမ်းဆီးတာ ပစ္စည်းသိမ်းယူတာတွေလုပ်နေတယ်လို့ စျေးသည်တွေပြောပါတယ်။မနေ့ ဧပြီလ ၂၈ ရက်နေ့ကဆိုရင် ဈေးခွန်လာကောက်တဲ့ စည်ပင်ဝန်ထမ်းတွေကို ဈေးသည်တွေ အချက်နှစ်ချက် တောင်း

မိုးမောက်မြို့နယ်၊ နွမ်လန်းကျေးရွာအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာပြင်းထန်

Posted: 29 Apr 2021 11:38 AM PDT

 ဧပြီ၊၂၉ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ နွမ်လန်းကျေးရွာအတွင်း ယနေ့ ဧပြီလ (၂၉)ရက်နေ့ ညနေ(၃)နာရီခွဲ ဝန်းကျင်က စစ်‌ကောင်စီတပ်ဘက်မှ ရွာတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွာသားဦးထိခိုက် သေဆုံးပြီး တစ်ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီဘက်မှ ရွာအတွင်း လက်နက်ကြီးပစ်ခတ်ခဲ့‌   သောကြောင့် လက်နက်ကြီး ထိမှန်ပြီးအသက်(၇၂)အရွယ် ဦးဂျန်မာထွယ်ဝါ သေးဆုံးခဲ့ကာ အသက်(၂၇)နှစ်

ငွေလာထုတ်သူများပြားသည်ဟုဆိုကာ သေနတ်ပစ်ဖောက်ထိန်းသိမ်း

Posted: 29 Apr 2021 11:35 AM PDT

မော်လမြိုင် ဧပြီ ၂၉ ။မော်လမြိုင်မြို့ Ocean KBZ Bank ရှိလုံခြုံရေးယူထားသည့်ရဲတစ်ဦးက ယနေ့နံနက် ၁၁နာရီချိန်ခန့်က Ocean KBZ Bank တွင် ငွေလာရောက်ထုတ်ယူရန် တန်းစီစောင့်ဆိုင်းနေသော  လူရာကျော်ခန့် ကို ထိန်းသိမ်းရာတွင် ပစ်ပေါက်ခဲ့ခြင်းဖြစ်သည်။မော်လမြိုင်မြို့တွင် KBZ Bankခွဲများစွာရှိပြီးယနေ့Ocean KBZ Bank တွင်မနက်၄နာရီချိန်မှစ၍ ငွေထုတ်ရန်သွားရောက်တန်းစီစောင့်သူများ ပို၍များလာတာကိုလဲတွေ့ရပါသည်။Bago

လက်နက်ကိုင်ခုခံစစ်နွှဲလိုကြတဲ့ GenZတွေ

Posted: 29 Apr 2021 09:24 AM PDT

ပြည်သူကို အကာအကွယ်ပေးမယ့် စစ်တပ်တစ်ခု ရှိလာဖို့ မျှော်လင့်ကြသူတွေ များလာတစ်ရာကျော်လောက် အရေအတွက်ရှိတဲ့လူငယ်လေးတွေ တီရှပ်အင်္ကျီအနက်၊ ထရပ်ဆု ဘောင်းဘီရှည်အနက်တွေဝတ်လို့ ၊ ကင်းဗတ်စ်ဖိနပ် ဒါမှမဟုတ် ဝေါ့ကင်းရှူးတွေစီးလို့ ကွင်းကျယ်တခုကို မနက်ခင်းအစောပိုင်းအချိန်မှာ ပတ်ကာ ပြေးရင်း လေ့ကျင့်ခန်း ယူနေကြ တာ၊ စစ်သင်တန်းတက်နေကြတာတွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုအတိုလေး တစ်ခု ပြီးခဲ့တဲ့ ရက်ပိုင်းက ပေါ်ထွက်လာပါတယ်

NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ ဘီဘီစီ အင်တာဗျူး

Posted: 29 Apr 2021 09:22 AM PDT

လူထုအာဏာဖီဆန်မှု CDM လှုပ်ရှားမှုကို လှုံ့ဆော်ပါဝင်ခဲ့ကြသူများလည်း NUG အစိုးရမှာ ပါဝင်အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကျန်းမာရေးနဲ့ ပညာရေးဌာနတွေဆိုင်ရာ ဝန်ကြီးဒေါက်တာ ဇော်ဝေစိုးကို ဘီဘီစီ မြန်မာပိုင်းက ကိုရင်မောင်က ဧပြီလ ၂၇ ရက်နေ့ ညပိုင်းမှာ ဆက်သွယ်မေးမြန်းချက်ကို အောက်ပါအတိုင်း ကောက်နုတ်တင်ပြထားပါတယ်။ဘီဘီစီရဲ့ မေးမြန်းမှုက ဝန်ထမ်းတွေ ရုံးမတက်၊ အလုပ်မဆင်းတဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)နဲ့

မြန်မာလူထု ၃ သန်းကျော် စားနပ်ရိက္ခာအခက်တွေ့လာနိုင်ကြောင်း WFP သတိပေး

Posted: 29 Apr 2021 09:19 AM PDT

ဧပြီလ ၁၂ ရက်နေ့က ရန်ကုန်မြို့ နေရာ တခုရှိ ဘဏ်တခုမှာ ငွေထုတ်ဖို့ စောင့်နေသူများ။ (ဧပြီ ၁၂၊ ၂၀၂၁)မြန်မာနိုင်ငံမှာ လာမယ့်လတွေအတွင်း လူ သန်းနဲ့ချီပြီးတော့ စားနပ်ရိက္ခာ အခက်တွေ့နိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က သတိပေးပါတယ်။"လာမယ့် ၆ လအတွင်း ခန့်မှန်းခြေ လူဦးရေ ၃,၄၀၀,၀၀၀ လောက်အထိဟာ အစားအသောက် မလုံလောက်တဲ့ အခြေအနေကို စိုးရိမ်ဖွယ်ရာအဆင့် ရင်ဆိုင်ရနိုင်တယ်လို့ WFP က ခန့်မှန်းထားပြီး ကျနော်တို့

မိသားစုဝင်တွေကို ဓားစာခံအဖြစ် ဖမ်းဆီးတာတွေ ရှိနေ

Posted: 29 Apr 2021 09:17 AM PDT

မတ်လ ၁၃ ရက်နေ့က ရန်ကုန်မြို့ရှိ နေရာ တခုမှာ တွေ့ရတဲ့ ရဲတပ်ဖွဲ့ဝင်တချို့။ (မတ် ၁၃၊ ၂၀၂၁)မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားနေကြသူတွေကို ဖမ်းဆီးနှိမ်နင်းနေတာမှာ လှုပ်ရှားသူကိုယ်တိုင်ကို ဖမ်းမမိရင် သူတို့ရဲ့ မိသားစုဝင်တွေကို ဓားစာခံသဘောမျိုး ဖမ်းဆီးနေတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန်က ပြောပြထားပါတယ်။စစ်အာဏာရှင် ဆန့်ကျင်ရေး၊ အကြမ်းမဖက် အမိန့်ဖီဆန်ရေး CDM စတဲ့ စစ်

စစ်ကောင်စီရဲ့ လေတပ်နဲ့ ကြည်းတပ်တချို့ တိုက်ခိုက်ခံရပြီး လူသေဆုံးထိခိုက်မှုရှိ

Posted: 29 Apr 2021 09:15 AM PDT

မန္တလေးတိုင်း မိတ္ထီလာနဲ့ မကွေးတိုင်း မကွေးမြို့က လေတပ်စခန်းနှစ်ခု ဧပြီလ ၂၉ ရက် ဒီနေ့မနက် အစော ပိုင်းတွေမှာ အချိန်အနည်းငယ်စီခြားပြီး ရှော့တိုက်ဒုံးကျည်နဲ့ ပစ်ခတ်ခံရတာကြောင့်  စစ်သားခြောက်ဦးထက် မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပဲခူးတိုင်း သာယာဝတီမြို့က ခလရ ၃၅ မှာ ဒီကနေ့ လက်နက်တိုက် မီးလောင်ပေါက်ကွဲခဲ့ပြီး၊ ရန်ကုန်တိုင်း တောင်ဒဂုံနဲ့ လှိုင်သာယာမှာလည်း ဗုံးပေါက်ကွဲမှုတွေ ရှိခဲ့တယ်လို့

မိတ္ထီလာ လေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ အပစ်ခံရ

Posted: 29 Apr 2021 09:13 AM PDT

မိတ္ထီလာ လေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ အပစ်ခံရ မန္တလေးတိုင်း၊ မိတ္ထီလာမြို့က ရှမ်းတဲ လေတပ်စခန်း ကို တွေ့ရစဉ် / Photo: Citizen Journalistမန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ဒီကနေ့ ဧပြီလ ၂၉ ရက်နေ့ မနက်က ရှမ်းတဲ လေတပ်စခန်းကို ရှော့တိုက်ဒုံး ခြောက်လုံးနဲ့ ချိန်ထားပြီး ပစ်ခတ်ဖို့ပြင်ဆင်ထားရာမှာ ငါးလုံး ပေါက်ကွဲပြီး တစ်လုံးကိုတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ရှာဖွေတွေ့ရှိခဲ့တယ်လို့ မိတ္ထီလာမြို့က မျက်မြင်တွေ့

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.