Sunday, April 4, 2021

သစ်ထူးလွင်

သစ်ထူးလွင်


တောင်ကိုရီးယား ဂွမ်မြောင်မြို့တော်ဝန်နဲ့ မြို့သူမြို့သားများ မြန်မာ့အရေး ရန်ပုံငွေထည့်ဝင်

Posted: 03 Apr 2021 08:45 AM PDT

တောင်ကိုရီးယားနိုင်ငံ ဂွမ်မြောင်မြို့တော်ဝန်က မြန်မာ့ဒီမိုကရေစီရေးအတွက် ရန်ပုံငွေလှူဒါန်းပြီး ထောက်ခံကြောင်း ပြသတဲ့မြင်ကွင်း။တောင်ကိုရီးယားနိုင်ငံ၊ ဂွမ်မြောင်မြို့တော်ဝန် ဦးဆောင်တဲ့ မြို့သူမြို့သားတွေနဲ့ ကျောင်းသားတွေဟာ မြန်မာ့ဒီမိုကရေစီရေး ထောက်ခံအားပေးတဲ့အနေနဲ့ ကိုရီးယားရောက် မြန်မာ့အရေး လှုပ်ရှားသူတွေကို ဖိတ်ခေါ်ပြီး တော်လှန်ရေးရန်ပုံငွေ လှူဒါန်းခဲ့ပါတယ်။ အပြည့်အစုံကို မခွါညို တင်ပြပေးထားပါတယ်

ယုဇနပလာဇာဆိုင်ခန်းတွေက ပစ္စည်းတွေ သိမ်းဆည်းရွှေ့ပြောင်း

Posted: 03 Apr 2021 08:32 AM PDT

တာမွေမြို့နယ်၊ ဧပြီ ၃ ရက် မြင်ကွင်းဧပြီ ၁ ရက်က စစ်တပ်ပိုင် ရူဘီမတ်နဲ့ ဂန္ဓမာကုန်တိုက်တို့ မီးလောင်အပြီးမှာတော့ ရန်ကုန်မြို့ရဲ့ နာမည်ကြီး ပလာဇာတစ်ခုဖြစ်တဲ့ ယုဇနပလာဇာက ဆိုင်ရှင်တွေက သူတို့ပစ္စည်းတွေကို ပြန်ရွှေ့ပြောင်းခဲ့ကြပါတယ်။မနေ့ကနဲ့ ဒီကနေ့ ၂ ရက်အတွင်း ပစ္စည်းရွှေ့ပြောင်းမှုတွေကြောင့် ယုဇနပလာဇာက ဆိုင်ခန်းတွေမှာ ပစ္စည်းတွေကုန်သလောက်ဖြစ်သွားပြီလို့ ဆိုင်ရှင်တွေကပြောပါတယ်။BBC Burmesehttps://

မိုးညှင်းက ဘုရားကျောင်းနှစ်ကျောင်းကို ဝင်ရောက်ရှာဖွေ

Posted: 03 Apr 2021 08:30 AM PDT

ကချင်ပြည်နယ် မိုးညှင်းမြို့ အောင်သပြေရပ်ကွက်(၂) မျက်နာချင်းဆိုင်မှာရှိတဲ့ ကချင်နှစ်ခြင်းသင်းတော်နဲ့ RC (ရိုမန်ကက်သစ်လစ် ) ဘုရားကျောင်း နှစ်ကျောင်းကို ဒီကနေ့ နေ့လယ် ၁နာရီက စစ်နဲ့ရဲတပ်ဖွဲ့တွေက ဝင်ရောက်ရှာဖွေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ရှာဖွေတဲ့အကြောင်းအရင်းကို မေးလို့မရဘဲ စစ်သားတချို့ကတော့ အုတ်တံတိုင်းကျော်ပြီး ဝင်တာတွေလည်း ရှိတယ်လို့ ပြောပါတယ်။အသင်းတော်တွေရဲ့ရုံး၊ ဆရာတွေရဲ့ အိမ်၊ အမှိုက်ပုံးတွေ

ဆန္ဒပြမှုများ အကြမ်းဖက်ခံရမှု နိုင်ငံတဝန်း ၅ ဦးထက်မနည်း သေဆုံး

Posted: 03 Apr 2021 08:24 AM PDT

မန္တလေးမှာ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းမှုကြောင့် အကာအကွယ်ယူနေရတဲ့ ဆန္ဒပြသူများ။ (ဧပြီ ၃၊ ၂၀၂၁)နိုင်ငံတဝန်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက ဒီနေ့မှာ အကြမ်းဖက် ဖြိုခွဲခဲ့တာကြောင့် ဆန္ဒပြပြည်သူ ၅ ဦးထက်မနည်း သေဆုံးသွားခဲ့ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ကိုရန်နိုင်က ပြောပြသွားမှာဖြစ်ပါတယ်။စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့

မြန်မာ့အရေး လုံခြုံရေးကောင်စီ ခုထက်ပိုဆောင်ရွက်လာဖို့ လှုပ်ရှားသူတွေ တောင်းဆို

Posted: 03 Apr 2021 08:22 AM PDT

မှတ်တမ်းဓါတ်ပုံ - ၂၀၁၈ မေလတုန်းက မြန်မာ့အရေး လုံခြုံရေးကောင်စီ ဆွေးနွေးပွဲတခုမြန်မာနိုင်ငံရဲ့ အခြေနေသိပ်ဆိုးဝါးလာနေတာအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အထူးစိုးရိမ်ကြောင်းနဲ့ စစ်တပ်ဘက်က အဆုံးစွန်းထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ ကြေညာချက်ထုတ်ပြန်ပြောဆိုမှုဟာ သေရေးရှင်ရေးဖြစ်နေတဲ့ မြန်မာနိုင်ငံအတွက် လုံလောက်မှုမရှိတာကြောင့် ပိုထိရောက်အောင် လုပ်ဆောင်ပေးဖို့ မြန်မာ့အရေးလှုပ်ရှားနေသူတွေက တောင်းဆိုလိုက်ပါ

အရိုးရောဂါ ပညာဌာန ပါမောက္ခ တစ်ဦးဖမ်းဆီးခံရ

Posted: 03 Apr 2021 08:20 AM PDT

CDM ဆရာဝန်တွေကို ကြောက်ရွံ့ထိတ်လန့်သွားအောင်လုပ်ပြီး ဖမ်းဆီးနေတယ်လို့ပြောဒေါက်တာကျော်မင်းစိုးရန်ကုန်၊ ဆေးတက္ကသိုလ် (၁) အရိုးရောဂါ ပညာဌာန ပါမောက္ခလည်းဖြစ်၊ အရိုးအထူးကုဆရာဝန်လည်းဖြစ်တဲ့ ဒေါက်တာကျော်မင်းစိုးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အားအများအပြားနဲ့ ဧပြီလ ၃ ရက်နေ့ မနက် အစောပိုင်းအချိန်က အိမ်ကိုလာရောက်ကာ ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ သူ့ရဲ့ အစ်ကိုက ဘီဘီစီကို ပြောပါတယ်။မရမ်းကုန်းမြို့နယ်တွင်းမှာ

ကုလလုံခြုံရေးကောင်စီရဲ့ လုပ်ဆောင်ချက် မြန်မာဆိုင်ရာကုလကိုယ်စားလှယ် တွမ်အင်ဒရူး စိတ်ပျက်တယ်လို့ဆို

Posted: 03 Apr 2021 08:17 AM PDT

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာ့အရေးပြင်းထန်တဲ့ ဆုံးဖြတ်ချက်မချနိုင်တာ အင်မတန် စိတ်ပျက်စရာကောင်းတယ်လို့ မြန်မာဆိုင်ရာကုလအထူးကိုယ်စားလှယ် တွမ်အင်ဒရူးက တွစ်တာမှာ ပြောပါတယ်။BBC Burmesehttps://www.bbc.com/burmese/live/burma-56582387

KNU နယ်မြေမှာ စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲမှု ဗိုလ်ချုပ်ကြီးယွက်စစ် ကန့်ကွက်ရှုတ်ချ

Posted: 03 Apr 2021 08:15 AM PDT

KNU နယ်မြေမှာ စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲမှု ဗိုလ်ချုပ်ကြီးယွက်စစ် ကန့်ကွက်ရှုတ်ချ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်ကို ၂၀၂၁၊ ဧပြီ ၃ ရက်နေ့က တွေ့ရစဉ် / Photo: NCA-S EAOKNU ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံတွေ သေဆုံးတာ၊ ထွက်ပြေးနေရတာတွေကြောင့် ကန့်ကွက်ရှုတ်ချကြောင်း ဒီနေ့ PPST အစည်းအဝေးမှာ ဗိုလ်ချုပ်

ဆန္ဒပြပွဲတွေပစ်ခတ်ဖြိုခွင်းခံရမှု အနည်းဆုံး လေးဦးသေဆုံး

Posted: 03 Apr 2021 08:11 AM PDT

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဒီမနက် ၈ နာရီလောက်က နန္ဒဝန်ရပ်ကွက်ကိုပိတ်ဆို့ပြီး အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းမှုကြောင့် သုံးဦး သေဆုံးပြီး၊ သုံးဦး ဒဏ်ရာရခဲ့တယ်လို့ အကူအညီပေး နေသူတွေက ပြောပါတယ်။သေဆုံးသူ သုံးဦးထဲက နှစ်ဦးရဲ့ရုပ်အလောင်းကို စစ်ကားပေါ်တင်သွားတာ မြင်ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကူညီကယ်ဆယ်ရေး လုပ်သားတစ်ဦးက ပြောပါတယ်။"သုံးယောက်ကျသွားပြီလို့တော့ သိရတယ်ဗျ။

ရန်ကုန် မြို့လယ် ၆ မြို့နယ်က ဆန္ဒပြပွဲဦးဆောင်သူတွေကို စစ်တပ်နဲ့ရဲက ရှာဖွေဖမ်းဆီး

Posted: 03 Apr 2021 08:00 AM PDT

ရန်ကုန်၊ ဧပြီ ၃-၂၀၂၁ရန်ကုန် မြို့လယ် ၆မြို့နယ်က အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ ဦးဆောင်သူတွေကို ဒီနေ့ ဧပြီ ၃ရက် နေ့လယ်ပိုင်းမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။မျက်မြင်တွေ့ရှိသူတစ်ဦးက "၃၈လမ်းထဲကပဲ ၇ ဦးလောက်ပါသွားတယ်။ အကုန်နာမည်စာရင်းနဲ့ကို လာဖမ်းတာ" လို့ VOM ကို ပြောပါတယ်။မြို့လယ် ၆ မြို့နယ်ကသပိတ်ခေါင်းဆောင်၊ တက်ကြွအလှူရှင်၊ Defence Team ဦးဆောင်သူတွေကို

ဖားကန့်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျောက်မျက်ကုမ္ပဏီဧရိယာမှာ အလံဖြူ​ထောင်ထား

Posted: 03 Apr 2021 07:58 AM PDT

ဖားကန့်၊ ဧပြီ ၃-၂၀၂၁ဖားကန့်မှာ ပြီးခဲ့တဲ့ မတ်လ ၂၈ရက်​နေ့ မနက်ပိုင်းအချိန်က စစ်တပ်နဲ့ ကချင်လွတ်​​​မြောက်​ရေးတပ်မတော်(KIA)တို့ တိုက်ပွဲဖြစ်​ပွားခဲ့ရာ ကျောက်မျက်ကုမ္ပဏီ​နေရာကို ဒီနေ့ ဧပြီလ ၃ ရက်​နေ့ကစပြီး အလံဖြူအမှတ်အသားထောင်ထားတာကို တွေ့ရပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့ရာ ကျောက်မျက်ကုမ္ပဏီဟာ ဆန်ခါ​ကျေးရွာနဲ့ မဇွတ်ယန်​ကျေးရွာ အကြား မြဥယျာဥ်​ကျောက်မျက်ကုမ္ပဏီဖြစ်ပြီး အဲ့ဒီနေ့က တိုက်ပွဲဖြစ်ပွားမှု​​ကြောင့်

မုံရွာ အေးရိပ်သာလမ်း ပစ်ခတ်မှု ၃ဦးထက်မနည်း ကျဆုံး

Posted: 03 Apr 2021 07:54 AM PDT

မုံရွာ၊ဧပြီ-၃မုံရွာမြို့ နန္ဒဝန်ရပ်ကွက် အေးရိပ်သာလမ်းပေါ်တွင် ယနေ့နံနက် ၈နာရီကျော်က ရဲနှင့်စစ်တပ်မှ ဝင်ရောက်ပစ်ခတ်ရာ လူငယ် ၃ဦးထက်မနည်း ကျဆုံးသည်။မုံရွာလူထုပင်မသပိတ် ချီတက်ရာလမ်းများရှိ ခံတပ်အတားအဆီးများကို ရဲနှင့်စစ်တပ်က ရှင်းလင်း၍ ခုခံသူများနှင့် လမ်းရှိနေအိမ်များကို ပစ်ခတ်နှိမ်နင်းသည်ဟု ရပ်ကွက်နေသူများက ပြောသည်။ပင်မသပိတ်မှာမူ အခြားနေရာတွင်စုဝေး၍ ၅၅ရက်မြောက်အဖြစ်ချီတက် ဆန္ဒပြခဲ့ကြောင်းသိရသည်။

ယနေ့ (ဧပြီ ၃) နံနက်က မွန်ပြည်နယ် သထုံမြို့ သပိတ်စစ်ကြောင်း ‌​ေသနတ်ဖြင့် ပစ်ခတ်အကြမ်းဖက်ဖြိုခွင်းခံရပြီး၂ ဦးကျဆုံးသွားကာ လူငယ် ၂၀ ဦးထက် မနည်း ဖမ်းဆီးခံရ

Posted: 03 Apr 2021 07:51 AM PDT

ယနေ့ (ဧပြီ ၃) နံနက်က မွန်ပြည်နယ် သထုံမြို့ သပိတ်စစ်ကြောင်း ‌​ေသနတ်ဖြင့် ပစ်ခတ်အကြမ်းဖက်ဖြိုခွင်းခံရပြီး၂ ဦးကျဆုံးသွားကာ လူငယ် ၂၀ ဦးထက် မနည်း ဖမ်းဆီးခံရသည်ဟု ဒေသခံထံမှ သိရသည်။ (Photo_CJ)Karen Information Center -KIChttps://www.facebook.com/KICNewsPage

သထုံခရိုင် ထိန်းချုပ်နယ်မြေအတွင်း အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံ (စကခ-၈) ရှေ့တန်းတပ်မဌာနချုပ်မှ လူနေထိုင်ရာဒေသများသို့ လက်နက်ကြီး (၁၂၀ မမ) (၅)လုံးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံရွာသူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်၊ ကျေးလက်ဆေးပေးခန်းများ ပျက်စီးဆုံးရှုံး

Posted: 03 Apr 2021 07:51 AM PDT

၃၊ ဧပြီ၊ ၂၀၂၁။ သူးလေသတင်းစဉ်ဧပြီလ(၂)ရက်နေ့ ည(၈)နာရီ အချိန်တွင် ကေအဲန်ယူ- သထုံခရိုင်၊ သထုံမြို့နယ် ပိန်းနဲတော ကျေးရွာအတွင်း ရွာလယ်ဘုန်းကြီးကျောင်းနှင့် စာသင်တန်းအနီးတွင် တပ်စွဲထားသော အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံ (စကခ-၈) ရှေ့တန်းတပ်မဌာနချုပ်မှ လက်နက်ကြီး (၁၂၀ မမ) (၅)လုံးဖြင့် လူနေထိုင်ရာ ဒေသများသို့ ရမ်းသမ်းပစ်ခတ်ခဲ့သည်။အဆိုပါ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကေအဲန်ယူ သထုံမြို့နယ် မတ်ချကျေးနယ်အုပ်စု၊ ဖာ

ပြည်သူများ မြို့​လမ်းမပေါ်ဆန္ဒတက်ပြပါက ပစ်မည်ဟု ဘုရားသုံးဆူမြို့ တပ်ရင်းမှူး ပြော

Posted: 03 Apr 2021 07:49 AM PDT

၃၊ ဧပြီ၊ ၂၀၂၁။ ဒူးပလာယာခရိုင် ကေအဲန်ယူ၊ ဝင်းရေးမြို့နယ် ဘုရားသုံးမြို့တွင် ပြည်သူများ လမ်းမပေါ်ဆန္ဒတက်ပြပါက ပစ်မည်ဟု ဘုရားသုံးဆူမြို့ အာဏာသိမ်းစစ်အုပ်စုတပ် (ရတခ ၃၁) တပ်ရင်းမှူး ထူးလင်းမြတ် ကိုယ်တိုင် လာရောက်ပြောခဲ့တယ်လို့ ဘုရားသုံးဆူမြို့နေပြည်သူတစ်ဦးက ပြောသည်။သို့အတွက်ကြောင့် ပြည်သူများသည် မြို့လမ်းမ​ပေါ် ဆန္ဒမပြရဲတော့ပဲ မက္ကသချောင်းတွင်သာ စစ်အာဏာရှင်ဆန်ကျင်ရေး သပိတ် ပြုလုပ်ခဲ့သည်ဟု သိရှိရ

CDM လှုပ်ရှားမှုကို အနှောင့်အယှက်ပြုသူမည်သူမဆို ထိရောက်စွာအရေးယူမည်ဟု KNU ဒူးပလာယာခရိုင်ပြော

Posted: 03 Apr 2021 07:41 AM PDT

ဧပြီ ၃ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ၎င်းတို့နယ်မြေအတွင်း အာဏာဖီဆန်မှု (Civil Disobedience Movement -CDM)လှုပ်ရှားမှုကို အနှောင့်အယှက်ပြုသည့် မည်သည့် ပုဂ္ဂိုလ်မဆို ထိရောက်စွာ အရေးယူသွားမည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ၏ ဒူးပလာယာခရိုင်(တပ်မဟာ ၆) က ယနေ့(ဧပြီ ၃ရက်) ကြေညာချက်ထုတ်ကာ ပြောဆိုလိုက်သည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အာဏာဖီဆန်မှု( CDM)လှုပ်ရှားမှုကို ရပ်တန့်သွားအောင် စစ်ကောင်စီအဖွဲ့ဝင်

စစ်ရှောင်ကရင်ပြည်သူများအတွက် ကူညီထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ခွင့်မရသေး

Posted: 03 Apr 2021 07:39 AM PDT

ဧပြီ ၃ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီမူတြော်ခရိုင်မှ စစ်ရှောင်ပြည်သူများအတွက် ပို့ဆောင်မည့် ထောက်ပံ့ကူညီမှုပစ္စည်းများ ယနေ့ ဧပြီ ၃ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မဲ့စရင်းယန်းမြို့နယ် မဲ့စလက်(သောလယ်ထာ)တွင် ရောက်ရှိလာ သော်လည်း ထိုင်းအာဏာပိုင်များဘက်က နယ်စပ်ဖြတ်ကျော် သယ်ဆောင်ခွင့်မပြုသေးကြောင်း သိရှိရ သည်။ထိုင်းကရင်အဖွဲ့ (KTG) နှင့် အစိုးရမဟုတ်သော အဲန်ဂျီအို အဖွဲ့အစည်းတစ်ဖွဲ့တို့က ကားအစီးရေ ၂၀ကျော်ဖြင့်

မိုးညှင်းအရှေ့စု ၂လမ်း နေအိမ်အတွင်းမှ လူ(၅)ဦးအား ဖမ်းဆီးခေါ်ဆောင်သွားဟုဆို

Posted: 03 Apr 2021 07:36 AM PDT

မိုးညှင်း ၊ဧပြီ- ၃ကချင်ပြည်နယ်မိုးညှင်းအရှေ့စု (၂)လမ်းရှိ နေအိမ်တစ်အိမ်တွင် ယနေ့ ဧပြီ (၃)ရက် နေ့လယ်ပိုင်းက စစ်ကောင်စီအဖွဲ့မှ နေအိမ်အတွင်း အတူရှိနေသူ (၅)ဦးအား ကိုဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။"ရပ်ကွက်ထဲ ရဲကားစစ်ကားအရပ်ဝတ်တွေနဲ့ အဲ့ဒီအိမ်ထဲဝင်ရှာနေတာမြင်ရတယ်။ပေါ်ပေါ်ထင်ထင်လည်း မကြည့်ရဲဘူး။ ဘာရှာတွေ့လို့ဖမ်းတယ်တော့ ဂဃနဏ မသိဘူး။ အဲ့ဒီအိမ်က အရက်ရောင်းတယ်။ သူ့အမေနဲ့သူ့သား ရယ် အိမ်ထဲမှာရောက်နေတဲ့ လူငယ် (

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ကြေညာချက်အမှတ် ၁/၀၄/၂၀၂၁

Posted: 03 Apr 2021 07:33 AM PDT

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ကြေညာချက်အမှတ် ၁/၀၄/၂၀၂၁National League for Democracyhttps://www.facebook.com/nldparty

ထိန်းသိမ်းထားတဲ့ NLD ခေါင်းဆောင်တွေကို ရုံးထုတ်

Posted: 02 Apr 2021 02:55 PM PDT

ထိန်းသိမ်းထားတဲ့ NLD ခေါင်းဆောင်တွေကို ရုံးထုတ် ရန်ကုန်တိုင်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦး။Photo: RFANLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်၊ ဦးသိန်းဦးနဲ့ ရန်ကုန်တိုင်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦးတို့ကို အင်းစိန်ထောင်မှာ ဧပြီ ၂ ရက်နေ့က ရုံးထုတ်ခဲ့ပါတယ်။အင်းစိန်ထောင်မှာပဲ မြို့နယ်တရားရုံးခန်းတွေ ဖွဲ့ထားပြီး ဦးဟံသာမြင့်နဲ့ ဦးသိန်းဦးတို့ကို ဗဟန်းမြို့နယ် တရားရုံးနဲ့

စစ်အာဏာဆန့်ကျင်တဲ့ အနုပညာရှင်တွေကို ၅၀၅ (က) နဲ့ အမှုဖွ

Posted: 02 Apr 2021 02:53 PM PDT

စစ်အာဏာဆန့်ကျင်တဲ့ အနုပညာရှင်တွေကို ၅၀၅ (က) နဲ့ အမှုဖွင့် ၂၀၂၁ ဖေဖော်ဝါရီလ ၈ ရက်နေ့က ရန်ကုန်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် တွေ့ရသည့် သရုပ်ဆောင် ခင်ဝင့်ဝါ /Photo: RFAစစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေကြတဲ့ အနုပညာရှင်တချို့ အပါအဝင် ၂ဝ ဦး ကို ပုဒ်မ ၅ဝ၅ (က) နဲ့ အရေးယူသွားမယ်လို့ စစ်ကောင်စီပိုင် မြဝတီသတင်းက ကြေညာပါတယ်။သရုပ်ဆောင် မင်းမော်ကွန်း၊ အိန္ဒြာကျော်ဇင်၊

တမူးမှာ ကူကီးတပ်ဘက်ကပါဝင် တိုက်ခိုက်တဲ့ CDM ရဲတပ်သား သေဆုံး

Posted: 02 Apr 2021 02:30 PM PDT

စစ်ကိုင်းတိုင်း တမူးမြို့နယ် နန်းဖာလုံက မီးသတ်စခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ ဒေသခံ ကူကီးအမျိုးသားတပ်တို့အကြား သောကြာနေ့ မနက် ၂ နာရီကနေ ၄ နာရီ အတွင်း တိုက်ခိုက်မှုတွေ ဖြစ်ခဲ့လို့ ဒေသခံတွေဘက်ကတိုက်ခိုက်တဲ့ CDM လုပ်နေတဲ့ ရဲတပ်သား ကိုထောင်ဟောင်ဂင် သေဆုံးသွားတယ်လို့ တမူး မြို့ခံ အမျိုးသမီးက ဘီဘီစီကို ပြောပါတယ်။ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၆ ယောက် သေဆုံးတယ်လို့ ယူဆနိုင်စရာတွေကို တွေ့

CNN သတင်းထောက်နဲ့ စကားပြောခဲ့တဲ့ ကျောင်းသူတစ်ဦး ဖမ်းဆီးစစ်ဆေးခံနေရ

Posted: 02 Apr 2021 02:27 PM PDT

CNN သတင်းထောက်နဲ့ စကားပြောခဲ့တဲ့ ကျောင်းသူတစ်ဦး ဖမ်းဆီးစစ်ဆေးခံနေရ မယဉ်သက်တင်Photo-CJရန်ကုန်မြို့မှာရောက်နေတဲ့ CNN သတင်းထောက်နဲ့ တွေ့ဆုံစကားပြောခဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ မင်္ဂလာဒုံမြို့နယ်က မယဉ်သက်တင်ကို ရန်ကုန် ရွှေပြည်သာ စစ်ကြောရေးစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မိသားစုဝင်တွေက RFA ကို အတည်ပြုပြောပါတယ်။ဒီကနေ့မနက်ပိုင်းက ရန်ကုန် ၁၀ မိုင်ကုန်းဈေးကို မုန့်ဝယ်ဖို့သွားဝယ်ရင်း CNN သတင်းထောက်

ဖမ်းဆီးထားသူအားလုံး ချက်ချင်းပြန်လွှတ်ဖို့ လုံခြုံရေးကောင်စီ ထပ်မံတိုက်တွန်း

Posted: 02 Apr 2021 02:26 PM PDT

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မတ်လ ၃၁ ရက်နေ့က ကျင်းပခဲ့တဲ့ မြန်မာ့အရေး တံခါးပိတ်စည်းဝေးပွဲမှာ မြန်မာနိုင်ငံရဲ့ မြန်မြန် ဆန်ဆန် ယိုယွင်းပျက်ပြားလာနေတဲ့ အခြေအနေတွေအပေါ် လုံခြုံရေးကောင်စီက အလွန်တရာ စိုးရိမ်နေပြီး၊ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်တာ၊ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် ရာနဲ့ချီတဲ့ အရပ်သားတွေ သေဆုံးရတာတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်စက်မှုဇုံထဲက စက်ရုံတွေ ပြန်ဖွင့်နေ

Posted: 02 Apr 2021 02:24 PM PDT

မှတ်တမ်းဓါတ်ပုံ-၂၀၂၀ မေလ ၈ ရက်နေ့တုန်းက တွေ့ရတဲ့ အထည်ချုပ်စက်ရုံအလုပ်သမားများစစ်အာဏာသိမ်းခဲ့ပြီးတဲ့နောက် ခေတ္တပိတ်ခဲ့တဲ့ ရန်ကုန်တိုင်းစက်မှုဇုံထဲက စက်ရုံတော်တော်များများ အခုပြန်ဖွင့်နေကြပါပြီ။ ဆန္ဒပြပွဲတွေကြောင့် ကိုယ့်နေရပ်ပြန်သွားကြတဲ့ စက်ရုံအလုပ်သမားတွေအနေနဲ့ အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှာ စိုးရိမ်နေကြတဲ့အကြောင်း ရန်ကုန်က လာတဲ့သတင်းကို ကိုရန်နိုင် ကတင်ပြပါမယ်။စစ်အာဏာသိမ်းခဲ့ပြီးနောက်

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.