သစ္ထူးလြင္ |
- ရန်ကုန်က ဈေးဝယ်စင်တာနဲ့ နေရာတချို့မှာ အသေးစားပေါက်ကွဲမှုတွေဖြစ်
- ပဲခူးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်ခတ်လို့ ၂ဦးသေဆုံး၊ ကျည်ထိမှန်ဒဏ်ရာရသူတွေရှိ
- မြန်မာအာဏာသိမ်း စစ်တပ်ကို ဆက်ဖိအားပေးသွားမယ်လို့ ဂျပန်ဝန်ကြီးချုပ်ပြော
- အလုပ်သမားဆေးရုံက CDM လှုပ်ရှားသူတွေ နေ့ချင်းပြီး အိမ်ယာကဆင်းခိုင်း
- ရေးတောင်ပိုင်းနဲ့ ဘီးလင်းမှာ ကေအန်ယူနဲ့ စစ်ကောင်စီတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်
- ကလေးမြို့ သပိတ်ခံတပ် စစ်တပ်အကြမ်းဖက်ဖြိုခွဲ အနည်းဆုံး ၁၁ ဦး သေဆုံး
- စစ်ရေးတင်းမာနေတဲ့ သီပေါမန်လီရွာဘက်နေအိမ်တွေ မီးထပ်လောင်
- အတာသင်္ကြန်ပွဲတော်အား ပါဝင်ဆင်နွှဲခြင်းမပြုကြရန် မြဝတီမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့မှ တိုက်တွန်းထား
- စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခံရမှုအပြီး အထက်တန်းကျောင်းတစ်လုံးပါဝင်၍ ထိခိုက်ပျက်စီးခဲ့
- အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုနဲ့ကေအဲန်ယူ တပ်မဟာ ၄ ကြားပစ်ခတ်မှုဖြစ်ပွား
- ကလေးမြို့ပင်မသပိတ်စခန်းမှာမပါ၀င်ပဲပစ်ခတ်ခံရပြီးသေဆုံးသူ ၃ ဦးရှိ
- ကလေးမြို့သပိတ်စခန်းဖြိုခွင်းမူစစ်ဆင်ရေးကြောင့် ၁၁ ဦးသေဆုံးခဲ့
- ကျိုင်းတုံ လူငယ် (၂) ဦး ကို စစ်ကောင်စီ မှ အကြောင်းမဲ့ ဖမ်းဆီး
- ၁၀ရက်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီးလူငယ် ကျဆုံး
- ဖားကန့် ညသပိတ် လူခြောက်ဦးထက်မနည်း အဖမ်းခံရ
- ပြင်ဦးလွင်မြို့ရှိအာရှအလင်းရောင်ကျောင်းတိုက်ကို ရဲနှင့်စစ်တပ်မှဝင်ရောက်ရှာဖွေ
- ကလေးမြို့ပင်မသပိတ်စခန်းဖြိုခွင်းခံရခြင်းကြောင့် လူ ၃ ဦးသေ၊ဒဏ်ရာရသူအများအပြားရှိ
- ကလေးမြို့ တာဟန်း ပင်မခံတပ်အနီး နေထိုင်သူတွေ ပြောင်းရွှေ့တိမ်းရှောင်နေ
- လူထုနဲ့အတူ ဆက်လက်ရပ်တည်မယ်လို့ အနုပညာရှင်တွေ ပြောကြား
- အကြမ်းဖက်နှိမ်နင်းမှုကို ထိပ်တိုက်ရင်ဆိုင်နေတဲ့ နိုင်ငံတဝန်း ညသပိတ်များ
- တရုတ်ပစ္စည်းတွေ သပိတ်မှောက်ဖို့ ဆန္ဒပြသူတွေ တောင်းဆို
- မြန်မာစစ်တပ်နဲ့ဆက်နွှယ်တဲ့ စီးပွားရေးတွေကို အီးယူထပ်ပိတ်ဆို့မယ်
- မြန်မာမှာ သဘာဝဓာတ်ငွေ့ တူးဖော်မှု ရပ်လိုက်လို့ PTT ထိုင်းကုမ္ပဏီ တင်ဒါခေါ်
- ၂ဝ၂ဝ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးရွားခဲ့ကြောင်း AI ဖော်ပြ
- ဆန္ဒပြသူတွေကို ကျည်အစစ်နဲ့ မပစ်ခဲ့ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်ပြော
ရန်ကုန်က ဈေးဝယ်စင်တာနဲ့ နေရာတချို့မှာ အသေးစားပေါက်ကွဲမှုတွေဖြစ် Posted: 07 Apr 2021 07:44 AM PDT ရန်ကုန်မြို့ မြန်မာပလာဇာပထမထပ်မှာ ပေါက်ကွဲမှု အသေးစား ဖြစ်ပေါ်တယ်လို့ အဲဒီမှာဈေးဆိုင် ဖွင့်လှစ်ထားသူတွေကအတည်ပြုပြောကြားပါတယ်။ပေါက်ကွဲမှုဆိုပေမယ့် အသံသာကျယ်လောင်ပြီးလူထိခိုက်မှုမရှိဘူးလို့ဆိုပါတယ်။ ပေါက်ကွဲသံကတော့ အသံဗုံးလို မျိုး ပေါက်ကွဲသံဖြစ် တယ်လို့ မြန်မာပလာဇာမှာ မိုဘိုင်းဖုန်းရောင်းဝယ်ရေးဆိုင်ဖွင့်လှစ်ထားသူတစ်ဦးကပြောပါတယ်။အလားတူ ရန်ကုန်မြို့ မြေနီကုန်းတံတားအောက် အပန်းဖြေ နေရာမှာလည်း ဒီနေ့ |
ပဲခူးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်ခတ်လို့ ၂ဦးသေဆုံး၊ ကျည်ထိမှန်ဒဏ်ရာရသူတွေရှိ Posted: 07 Apr 2021 07:41 AM PDT ဒီကနေ့ ဧပြီ၇ရက်နေ့မနက်ပိုင်းက ပဲခူးမြို့ ကျောက်ကြီးစုရပ်ကွက်မှာ လမ်းအတားအဆီးတွေကို စစ်တပ်က ဝင်ရောက်ဖယ်ရှားခိုင်းရာက ပစ်ခတ်တာတွေလုပ်ခဲ့တာကြောင့်ကျည်ထိမှန်ဒဏ်ရာရသူတွေရှိခဲ့ပြီး ၂ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။"သေတာကတော့ စီမံကိန်း၂လမ်းကတစ်ဦး တိုးချဲ့သစ်ဘက်က ၁ဦး။ အမျိုးသားတွေချည်းပဲ။ တယောက်ရဲ့အလောင်းကိုတော့ လမ်းထဲကသူတွေကဆွဲလိုက်နိုင်တယ်။ တယောက်ကတော့ တပ်ကယူသွား |
မြန်မာအာဏာသိမ်း စစ်တပ်ကို ဆက်ဖိအားပေးသွားမယ်လို့ ဂျပန်ဝန်ကြီးချုပ်ပြော Posted: 07 Apr 2021 07:38 AM PDT လာအိုဝန်ကြီးချုပ်နဲ့ ဖုန်းပြောစဉ်မှာ မြန်မာနိုင်ငံအရေးကို ဝန်ကြီးချုပ် ဆူဂါ ထည့်သွင်းပြောခဲာမြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အကြီးအကျယ် စိုးရိမ်မိတယ်လို့ ဂျပန်ဝန်ကြီးချုပ် ယိုရှိဟီဒေး ဆူဂါက လာအို ဝန်ကြီးချုပ် ဖန်ခမ်း ဗီဖာဗန်းနဲ့ ဒီကနေ့ ဖုန်းပြောစဉ် ထုတ်ဖော် ပြောခဲ့ပါတယ်။အရပ်သားပြည်သူတွေကို အင်အားသုံး ပစ်ခတ်နေတာတွေ အမြန်ဆုံး ရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား |
အလုပ်သမားဆေးရုံက CDM လှုပ်ရှားသူတွေ နေ့ချင်းပြီး အိမ်ယာကဆင်းခိုင်း Posted: 07 Apr 2021 07:35 AM PDT CDM လုပ်ဆောင်ဖို့ ဆန္ဒပြကြတဲ့မြင်ကွင်းရန်ကုန်မြို့မှာ CDM လှုပ်ရှားမှုပါဝင်တဲ့ အစိုးရဝန်ထမ်းတွေကို ဒီကနေ့ နေ့ချင်းပြီး အိမ်ပေါ်က ဆင်းခိုင်းခဲ့ပါတယ်။ နေရာတချို့မှာလည်း အခြေအနေအတိအကျ မသိရတဲ့ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။ ဒီကြားထဲမှာပဲ ဆန္ဒပြပွဲတွေကတော့ ဆက်ရှိနေဆဲပါ။ ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံကို မဆုမွန်က ပြောပြထားပါတယ်။ဖေဖော်ဝါရီလ ၁ ရက်နေ့စပြီးတော့ အရပ်သားအစိုးရ ခေါင်းဆောင်တွေကိုဖယ်ရှား၊ စစ်တပ်က |
ရေးတောင်ပိုင်းနဲ့ ဘီးလင်းမှာ ကေအန်ယူနဲ့ စစ်ကောင်စီတပ်ဖွဲ့ကြား တိုက်ပွဲဖြစ် Posted: 07 Apr 2021 07:32 AM PDT ကရင်ပြည်နယ် ဒူးပလာယာခရိုင် က ကေအင်ယူတပ်ဖွဲ့များကရင်ပြည်နယ်တွင်းမှာ စစ်အုပ်ချုပ်ရေးကောင်စီတပ်တွေနဲ့ ကေအန်ယူတပ်ဖွဲ့တွေကြား ကေအန်ယူ တပ်မဟာ ၆ နယ်မြေ ရေးတောင်ပိုင်း ဝင်းရေးမြို့နယ်ထဲမှာ မနေ့ညပိုင်းက တိုက်ပွဲတွေဖြစ်ပွားခဲ့သလို တပ်မဟာ ၁ နယ်မြေ သထုံခရိုင် ဘီးလင်းမြိုနယ်ထဲမှာလည်း တနင်္လာနေ့က တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။စစ်အုပ်ချုပ်ရေးကောင်စီက အေ |
ကလေးမြို့ သပိတ်ခံတပ် စစ်တပ်အကြမ်းဖက်ဖြိုခွဲ အနည်းဆုံး ၁၁ ဦး သေဆုံး Posted: 07 Apr 2021 07:24 AM PDT အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အကြမ်းဖက်ပစ်ခတ်တဲ့အတွက် ဧပြီလ ၆ ရက် မနေ့ညနေကနေ ဧပြီလ ၇ ရက် ဒီနေ့ညနေထိ ၂၄ နာရီအတွင်း RFA က အတည်ပြုလို့ရသမျှ တစ်နိုင်ငံလုံးမှာ သေနတ်ကျည်ထိမှန် သေဆုံးသူ ၁၀ ယောက်ခန့်ရှိပြီး ဒဏ်ရာရတဲ့လူလည်း အနည်းဆုံး ၁၀ ယောက်ကျော် ရှိခဲ့ပါတယ်။စစ်ကိုင်းတိုင်း၊ ကလေးမြို့ရဲ့ အာဏာသိမ်းစစ်ကောင်စီဆန့်ကျင်ရေး ပင်မခံတပ်ဖြစ်တဲ့ တာဟန်းခံတပ်ကို စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲအင်အား |
စစ်ရေးတင်းမာနေတဲ့ သီပေါမန်လီရွာဘက်နေအိမ်တွေ မီးထပ်လောင် Posted: 07 Apr 2021 07:21 AM PDT ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာအုပ်စု လွယ်ပေါင်းကျေးရွာအနီးမှာ စစ်ကောင် စီတပ်တွေနဲ့ TNLA တပ်တွေ ဒီကနေ့ နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ခဲ့တယ်လို့ မိုင်းယုလေးကျေးရွာသား ကိုရီ တောင်က ပြောပါတယ်။ စစ်ကောင် စီတပ်တွေဟာ မိုင်းယုလေးကျေးရွာဘက်ကို စစ်ကြောင်းနဲ့ မနေ့က ရောက်လာပြီး ဒီကနေ့မှာ လွယ်ပေါင်းကျေးရွာဘက်ကို တက်သွားတဲ့အချိန် ဆယ့်ငါးမိနစ်လောက် တိုက်ပွဲ ဖြစ်ခဲ့တာလို့ ပြောပါတယ်။ |
Posted: 07 Apr 2021 07:10 AM PDT ဧပြီလ ၇ ရက် ၂၀၂၁ခုနှစ်။ ကေအိုင်စီလာမည့် ဧပြီလ ဒုတိယအပတ်တွင် ကျရောက်မည့် မြန်မာနှစ်ကူးအတာသင်္ကြန်ပွဲတော်အား ပါဝင်ဆင်နွှဲခြင်းမပြုကြရန် မြဝတီမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးပြည်သူများက လူမှုကွန်ရက်စာမျက်နှာများမှတဆင့် တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။အဆိုပါ တိုက်တွန်းနှိုးဆော်စာတွင် မြဝတီမြို့နယ်အတွင်းနေထိုင်ကြသည့် တော်လှန်သော မိဘပြည်သူညီအစ်ကို မောင် နှမအပေါင်းတို့ခင်ဗျား ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁ |
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခံရမှုအပြီး အထက်တန်းကျောင်းတစ်လုံးပါဝင်၍ ထိခိုက်ပျက်စီးခဲ့ Posted: 07 Apr 2021 07:06 AM PDT ဧပြီလ ၇ ရက်၊ ၂၀၂၁ ခုနှစ်။ စအိုင်ဆူးပြီးခဲ့သည့် မတ်လကုန်ပိုင်းမှစ၍ ဧပြီလဆန်းပိုင်းအထိ စစ်ကောင်စီ၏ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မ ဟာ(၅)အပေါ် လေကြောင်းတိုက်ခိုက်မှုတွင် လူနေအိမ်များအပြင် အထက်တန်းကျောင်းတစ်လုံးပါဝင်ထိခိုက် ပျက်စီးသွားသည့် ပုံရိပ်များ ယမန်နေ့ ဧပြီလ ၆ ရက်နေ့က လူမှုကွန်ရက် သတင်းစာမျက်နှာပေါ်တွင် ပျံ့နှံ့ပေါ် ထွက်လာခဲ့သည်။KNU တပ်မဟာ(၅)၏ ခရိုင်ဌာနချုပ်ဖြစ်သည့် ဒေပူးနို ကျေးရွာအတွင်း |
အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုနဲ့ကေအဲန်ယူ တပ်မဟာ ၄ ကြားပစ်ခတ်မှုဖြစ်ပွား Posted: 07 Apr 2021 07:02 AM PDT ဧပြီလ ၇ ရက်၂၀၂၁ ခုနှစ်(ခလရ-၁၀၃) တပ်ရင်းမှူး သိန်းဘိုဘို၊ ဒုရင်းမှူး ကျော်ထွန်းသူ ဦးဆောင်သည့်အဖွဲ့ အင်အား(၃၇)ဦး တို့သည် မဲဒိုင် စခန်းသို့ ရိက္ခာနှင့် လစာသွားရောက်ပို့ဆောင်ပေးရန် အကြောင်းပြခဲ့သော်လည်း ၎င်းတို့အဖွဲ့သည် မိမိတို့ KNLA တပ်မဟာ(၄)ဘက်မှ လုံခြုံရေးအရ ကန့်သတ်ထားသည့် နယ်မြေကို ကျော်လွန်ပြီး လှုပ်ရှားမှုပြုလုပ်လာသဖြင့် (06/04/2021) ရက်နေ့ ညနေ (13:30)အချိန်တွင် မိမိတို့ KNLA တပ်မဟာ(၄)အဖွဲနှင့် |
ကလေးမြို့ပင်မသပိတ်စခန်းမှာမပါ၀င်ပဲပစ်ခတ်ခံရပြီးသေဆုံးသူ ၃ ဦးရှိ Posted: 07 Apr 2021 06:55 AM PDT ကလေးမြို့ တာဟန်းခံတပ်အနီး ဘရာဏီအလှပြင်ဆိုင်နဲ့ Salem နှစ်ခြင်းအသင်းတော်ဘုရားကျောင်းကြားက လမ်းဘေးမှာ ဒီမနက် စစ်တပ်က ကလေးမြို့နယ်ဟားခါးလေးကျေးရွာသား သမီး ၂ ယောက်ဖခင် ဦးဗန်ထာထန်ကို ပစ်ခတ်မူ့ကြောင့်သေဆုံးပြီးအလောင်းကို မနက် ၁၀ နာရီဝန်းကျင်မှာ စစ်တပ်က သယ်ဆောင်သွားကြပါတယ်။ ကလေးမြို့က ပုဂလိကဆေးရုံတခုက၀န်ထမ်း၁ ဦး ဖြစ်တဲ့ ကိုရှားမာဟာ ဒီမနက် ဆေးရုံမှအပြန် စစ်သားတွေ ပစ်ခတ်မူကြောင့်သေဆုံးသွားပါတယ်။ကိုရှား |
ကလေးမြို့သပိတ်စခန်းဖြိုခွင်းမူစစ်ဆင်ရေးကြောင့် ၁၁ ဦးသေဆုံးခဲ့ Posted: 07 Apr 2021 06:52 AM PDT ကလေးမြို့ပင်မသပိတ်ကိုစစ်တပ်၊ရဲအင်အား ၂၀၀ ၀န်းကျင်နဲ့ လက်နက်ကြီးများဖြင့်ပစ်ခတ်ဖြိုခွင်းချေမှုန်းမူဖြစ်စဥ်ကြောင့် လူ ၁၁ ဦးသေဆုံးတယ်လို့ဒေသခံလူမူရေးအဖွဲ့အစည်းခေါင်းဆောင်တချို့ကဆိုပါတယ်။ကလေးမြို့စစ်ဆေးရုံမှာ သပိတ်စခန်းမှာမပါပဲအိမ်ပြန်တုန်းပစ်သတ်ခံရတဲ့ ပုဂလိကဆေးရုံ၀န်ထမ်းအလောင်းအပါအ၀င် ၃ လောင်းရှိတယ်လို့သိရပြီး လူမူအဖွဲ့အစည်းတွေကောက်ယူလို့ရခဲ့တဲ့အလောင်း ၈ လောင်းအပါအ၀င် သေဆုံးသူ ၁၁ ဦးရှိခဲ့တာဖြစ်ပါ |
ကျိုင်းတုံ လူငယ် (၂) ဦး ကို စစ်ကောင်စီ မှ အကြောင်းမဲ့ ဖမ်းဆီး Posted: 07 Apr 2021 06:49 AM PDT သျှမ်းသံတော်ဆင့်၊ ဧပြီ (၇)ရက်သျှမ်းရှေ့ ကျိုင်းတုံမြို့ တွင် ယမန်နေ့ (ဧပြီ ၆)ရက် ၌ အကြမ်းဖက် စစ်ကောင်စီ အုပ်စုမှ လူငယ်(၂)ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ယမန်နေ့ (ဧပြီ ၆)ရက်တွင် ဖမ်းဆီးခံရသည့် လူငယ် (၂)ဦးမှာ ကိုဖြိုဝေစိုး နှင့် ကိုစောကျော်သူရတို့ဖြစ်ကြပြီး မည်သည့် ကိစ္စကြောင့် ဖမ်းဆီးသွားသည် ကို လက်ရှိ အချိန်ထိ မသိရှိသေးကြောင်း ကျိုင်းတုံမြို့ အမည်မဖော်လိုသူ တဦးက သျှမ်း |
၁၀ရက်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီးလူငယ် ကျဆုံး Posted: 07 Apr 2021 06:47 AM PDT သျှမ်းသံတော်ဆင့်၊ ဧပြီ ၇ ရက် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရာ ပျောက်ဆုံးသွားသည့် လူငယ်တဦး ကို (၁၀)ရက်ကြာပျောက်ဆုံးကာ ကျဆုံးသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။တောင်ကြီးမြို့တွင် မတ်လ၂၈ ရက်နေ့က စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရာတွင် ပျောက်ဆုံးသွားသည့် အသက် (၂၅)နှစ် အရွယ်ရှိ မောင်တည်မြဲလွန်း ကို ယနေ့ ဧပြီ ( ၇ )ရက် ထိ မတွေ့ရှိရသဖြင့် ကျဆုံးသွားပြီဖြစ်ကြောင်း |
ဖားကန့် ညသပိတ် လူခြောက်ဦးထက်မနည်း အဖမ်းခံရ Posted: 07 Apr 2021 06:42 AM PDT ဖားကန့်၊ဧပြီ၇-၂၀၂၁ဖားကန့်မြို့၊မော်ဝမ်းရပ်ကွက်မှာ ညဆီမီးသပိတ်ပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ အမျိုးသားငါးဦး၊အမျိုးသမီးတစ်ဦး အဖမ်းဆီးခံရကြောင်းကနဦး သိရပါတယ်။"ညနေပိုင်းက အဖမ်းခံရတာပါ၊အခု အာမခံရဖို့လုပ်နေပါတယ်။ဖားကန့်ရဲစခန်းမှာပါ" လို့မော်ဝမ်းရပ်ကွက်ဒေသခံတစ်ဦးကပြောပါတယ်။မော်ဝမ်းရပ်ကွက် သပိတ်စစ်ကြောင်းဟာ နေ့စဥ်ဆန္ဓဖော်ထုတ်နေပြီး၊ညပိုင်းမှာ ဆီးမီးသပိတ်ပြုလုပ်ပြီး ဆန္ဒဖော်ထုတ်နေတာဖြစ်ပါတယ်။နောင်ရိုးVoice |
ပြင်ဦးလွင်မြို့ရှိအာရှအလင်းရောင်ကျောင်းတိုက်ကို ရဲနှင့်စစ်တပ်မှဝင်ရောက်ရှာဖွေ Posted: 07 Apr 2021 06:40 AM PDT ပြင်ဦးလွင် ဧပြီ ၇မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့၊ဝါးပိုးရေကျေးရွာရှိ"အာရှအလင်းရောင်ဘုန်ကြီးကျောင်းတိုက်"အားယနေ့နေ့လယ်၁၂:၀၀နာရီအချိန်ကရဲနှင့်စစ်တပ်အင်အား(၁၀၀)ခန့်ကဝင်ရောက်စီးနင်းရှာဖွေခံခဲ့ရပါတယ်။ "သူတို့ကလှန်ပြ၊ဖွင့်ပြလို့ပြောလို့အကုန်လုန်ပြ၊ဖွင့်ပြခဲ့ရတယ်၊တစ်ကျောင်းမကျန်နေရာအနှံ့အားလုံးစစ်ဆေးပြီးရန်ကုန်ကဆရာဝန်တစ်ဦးနှင့်ပြင်ဦးလွင်မြို့သထုံကျောင်းကသန္တိသုခအခမဲ့နာရေးကူညီမှုအသင်းကယာဉ်မောင်းနဲ့ |
ကလေးမြို့ပင်မသပိတ်စခန်းဖြိုခွင်းခံရခြင်းကြောင့် လူ ၃ ဦးသေ၊ဒဏ်ရာရသူအများအပြားရှိ Posted: 06 Apr 2021 08:36 PM PDT ကလေးမြို့ပင်မသပိတ်စခန်းဖြစ်သည့်တာဟန်းသပိတ်ခံတပ်ကို စစ်တပ်က ယနေ့နံနက်ပိုင်း ၅ နာရီကစ၍ ၇ နာရီခွဲချိန်ထိ ပစ်ခတ်ဖြိုခွင်းခဲ့ပြီး သေနတ်၊ ဗုံး၊စက်သေနတ်များဖြင့်တရစပ်ဖြိုခွင်းခဲ့ပြီးသပိတ်စခန်းမှ လူ ၃ ဦးသေဆုံးပြီးဒဏ်ရာရသူအများအပြားရှိဟုသိရသည်။ယခုအချိန်တွ် တာဟန်းရပ်ကွက်နှင့်မွန်းလိုင်ရပ်ကွက်ထဲတွင်စစ်သားများကင်းပုန်းစောင့်နေကြောင်းရပ်ကွက်နေပြည်သူများထံမှသိရသည်။Chin Worldhttps://www.facebook.com/ |
ကလေးမြို့ တာဟန်း ပင်မခံတပ်အနီး နေထိုင်သူတွေ ပြောင်းရွှေ့တိမ်းရှောင်နေ Posted: 06 Apr 2021 08:30 PM PDT စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြတဲ့ လူငယ်တွေဟာ စစ်တပ်နဲ့ရဲက အကြမ်းဖက်ဖြိုခွင်းမှုတွေကို ခုခံကာကွယ်ဖို့ တာဟန်းပင်မခံတပ်စခန်းကို တည်ဆောက်ထားပါတယ်။ အဲဒီတာဟန်းရပ်ကွက်အတွင်းရှိ နေထိုင်သူတွေကတော့ နေအိမ်တွေကနေ ပြောင်းရွှေ့တိမ်းရှောင်နေကြပါတယ်။စစ်ကိုင်းတိုင်းကလေးမြို့က တာဟန်းရပ်ကွက်ဟာ ချင်းလူမျိုးတွေအများဆုံးနေထိုင်တဲ့ရပ်ကွက်တခုဖြစ်ပြီး ဆန္ဒပြပွဲကို အကြမ်းဖက်ဖြိုခွဲနေ |
လူထုနဲ့အတူ ဆက်လက်ရပ်တည်မယ်လို့ အနုပညာရှင်တွေ ပြောကြား Posted: 06 Apr 2021 08:28 PM PDT အာဏာသိမ်းစစ်ကောင်စီက အနုပညာရှင်တွေကို ဖမ်းဝရမ်းစာရင်းထုတ်တာတွေ ဖမ်းဆီးတာတွေ ဆက်တိုက် ပြုလုပ်နေပါတယ်။ မြန်မာနိုင်ငံမှာ စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားခံရတဲ့ အနုပညာရှင် ၁ဝဝ ကျော်ရှိနေပြီဖြစ်ပြီး ဖမ်းဆီးခံရသူက ၁ဝ ဦးခန့်ရှိပြီဖြစ်ပါတယ်။ လက်ရှိဖမ်းဆီးခံနေရသူတွေထဲမှာ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ဒါရိုက်တာလူမင်း၊ စာရေးဆရာ မောင်သာချို၊ လူရွှင်တော်ဇာဂနာ၊ သရုပ်ဆောင် ရဲတိုက်၊ အဆိုတော် စောဖိုးခွားနဲ့ ဖေ့စ် |
အကြမ်းဖက်နှိမ်နင်းမှုကို ထိပ်တိုက်ရင်ဆိုင်နေတဲ့ နိုင်ငံတဝန်း ညသပိတ်များ Posted: 06 Apr 2021 08:24 PM PDT ကလေးမြို့ ညသပိတ် မြင်ကွင်း။မြန်မာနိုင်ငံတဝန်းက တချို့မြို့တွေမှာ မနေ့ညပိုင်းက ညသပိတ်တွေဆင်နွဲခဲ့ကြပြီးတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက ပစ်ခတ်တာတွေကြောင့် ၁ ယောက်ထက် မနည်း သေဆုံးပြီး၊ အတော်များများ ထိခိုက်ဒဏ်ရာ ရသွားခဲ့ပါတယ်။ ဒီအခြေအနေအပြည့်အစုံကိုတော့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။စစ်တပ်ကအာဏာသိမ်းတာကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေကို နိုင်ငံတဝန်းဆက်လက်ဆင်နွဲနေကြတာမှာ မနေ့ညပိုင်းကလည်း မြို့အတော်များ |
တရုတ်ပစ္စည်းတွေ သပိတ်မှောက်ဖို့ ဆန္ဒပြသူတွေ တောင်းဆို Posted: 06 Apr 2021 08:22 PM PDT တရုတ်နိုင်ငံရဲ့ ထုတ်ကုန်ပစ္စည်းတွေကို မသုံးစွဲဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြပွဲ မြင်ကွင်း။ (ဧပြီ ၀၆၊ ၂၀၂၁)အကြမ်းဖက် စစ်ကောင်စီကို ကာကွယ်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ ထုတ်ကုန်ပစ္စည်းတွေကို မသုံးစွဲဖို့၊ မီးရှို့ဆန္ဒပြကြဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြပွဲတွေကို မနက်ဖြန် ဧပြီလ ၇ ရက်မှာ တနိုင်ငံလုံး လုပ်သွားကြဖို့ သပိတ်မှောက် အင်အားစုတွေက တိုက်တွန်းလိုက်ပါတယ်။ ဒီအကြောင်း ရန်ကုန်က လာတဲ့သတင်းကိုတော့ ကိုခင်မောင်စိုးမင်းက |
မြန်မာစစ်တပ်နဲ့ဆက်နွှယ်တဲ့ စီးပွားရေးတွေကို အီးယူထပ်ပိတ်ဆို့မယ် Posted: 06 Apr 2021 08:20 PM PDT မြန်မာ စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဥရောပသမဂ္ဂတစ်ခုလုံးအနေနဲ့ အရေးယူပိတ်ဆို့သွားဖို့ရှိတယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ ပြောပါတယ်။မြန်မာစစ်တပ်နဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို အီးယူ ၂၇ နိုင်ငံလုံးအနေနဲ့ စီးပွားရေး အရေးယူ ပိတ်ဆို့မှုတွေ ထပ်တိုးသွားဖို့ ရှိပါတယ်။ အဲဒီလို လုပ်ဆောင်မှုကြောင့် အရေးယူမှုတွေကို မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်နိုင်မှာ ဖြစ်တယ်လို့ |
မြန်မာမှာ သဘာဝဓာတ်ငွေ့ တူးဖော်မှု ရပ်လိုက်လို့ PTT ထိုင်းကုမ္ပဏီ တင်ဒါခေါ် Posted: 06 Apr 2021 08:17 PM PDT မြန်မာနိုင်ငံတွင်းက သဘာဝဓာတ်ငွေ့ တူးဖော် ထုတ်လုပ်ရေး လုပ်ကွက်တွေမှာ သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်နေတာတွေကို ယာယီရပ်ဆိုင်းခဲ့အပြီးမှာ PTT ထိုင်းကုမ္ပဏီက ထိုင်းနိုင်ငံတွင်း နွေရာသီကာလ သဘာဝဓာတ်ငွေ့ လိုအပ်လာမှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် သဘာဝဓာတ်ငွေ့ရည် မှာယူ တင်သွင်းနိုင်ရေး ကြိုးစားနေတယ်လို့ လုပ်ငန်းနဲ့ ပတ်သက်တဲ့ အသိုင်းအဝိုင်း ၂ ခုက အင်္ဂါနေ့က ထုတ်ဖော်ပြောပါတယ်။ထိုင်းနိုင်ငံထဲကို လာမယ့် မေလ ၇ ရက်ကနေ ၁၅ |
၂ဝ၂ဝ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးရွားခဲ့ကြောင်း AI ဖော်ပြ Posted: 06 Apr 2021 08:15 PM PDT ပြီးခဲ့တဲ့နှစ်၂ဝ၂ဝ ခုနှစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ကမ္ဘာတဝှမ်းက လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်တဲ့ နှစ်ပတ်လည် အစီရင်ခံစာတစောင်ကို Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းကပဲ ထုတ်ပြန်ခဲ့ပါတယ်။ ၁၄၉ နိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာသုံးသပ် တင်ပြထားတာဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေခဲ့တယ်လို့ ဖော်ပြထားပါ |
ဆန္ဒပြသူတွေကို ကျည်အစစ်နဲ့ မပစ်ခဲ့ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်ပြော Posted: 06 Apr 2021 08:12 PM PDT ဆန္ဒပြသူတွေကို ကျည်အစစ်နဲ့ မပစ်ခဲ့ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်ပြော ၂၀၂၁ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က စမ်းချောင်းမြို့နယ်တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲကို စစ်ကောင်စီတပ်က ဖြိုခွဲစဉ်။ Photo: RFAဆန္ဒပြဖော်ထုတ်တာတွေကို ဒီမိုကရေစီနည်းလမ်းအရသာ ဖြေရှင်းဆောင်ရွက်ခဲ့တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်ပါတယ်။စစ်ကောင်စီဝန်ကြီးတွေ၊ တိုင်းနဲ့ပြည်နယ် စစ်ကောင်စီ |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.