Tuesday, May 11, 2021

သစ်ထူးလွင်

သစ်ထူးလွင်


KNU ဥက္ကဋ္ဌရဲ့ တွေ့ဆုံဆွေးနွေးရေးဆက်လုပ်မယ့်သဘောထားအပေါ် တုံ့ပြန်ချက်များ

Posted: 11 May 2021 07:30 AM PDT

တွေ့ဆုံဆွေးနွေးရေးနဲ့ NCA မူဘောင်တွေကိုလိုက်နာကျင့်သုံးဖို့ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးရဲ့ ထုတ်ပြန်ချက်အပေါ် သဘောထားကွဲလွဲမှုတွေရှိနေတာဖြစ်ပါတယ်။KNU ကရင် အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက မြန်မာ နိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေး အပြောင်းအလဲ အခြေအနေကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းတာသာ အကောင်းဆုံးဖြစ်လို့ နိုင်ငံရေးနည်းအရသာ ဖြေရှင်းဖို့ တိုက်တွန်းလိုက်ပါတယ်။မေလ ၁၀ ရက်နေ့ ရက်စွဲ

လက်ရှိမြန့်မာ့ ဘဏ်လုပ်ငန်းအခြေအနေနဲ့ပတ်သက်ပြီး ဗဟိုဘဏ်ဒုဥက္ကဋ္ဌဦးဝင်းသော်နဲ့ တွေ့ဆုံမေးမြန်းချက်

Posted: 11 May 2021 07:20 AM PDT

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်တွေကနေ‌ငွေထုတ်ယူတာတွေ ကန့်သတ်လိုက်လို့ လူတွေဟာ ATM စက်တွေ ဘဏ်တွေရှေ့မှာ နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းပြီး အကန့်အသတ်နဲ့ထုတ်နေရပါတယ်။ ဒီကိစ္စနဲ့ဆက်စပ်ပြီး ရွှေစျေး ဒေါ်လာစျေးတွေပါ ရိုတ်ခက်မှုတွေရှိနေပါတယ်။ အခုလိုရင်ဆိုင်နေရတာနဲ့ ပတ်သက်လို့ ဘဏ်တွေမှာ ငွေထုတ်ရတာ ဘယ်တော့ အဆင်ပြေမှာပါလဲ၊ ဘဏ်စနစ်ကို ပုံမှန်ပြန်ရအောင် ဘယ်လိုလုပ်ဖို့ရှိပါသလဲ ဆိုတာတွေ

အလယ်အလတ်နဲ့ အခြေခံလူတန်းစား စားဝတ်နေရေး ခက်ခဲလာ

Posted: 11 May 2021 07:15 AM PDT

ရန်ကုန်မြို့ရှိ ဘဏ်ခွဲတခုတွင် ငွေထုတ်ဖို့ စောင့်နေကြသူများ။ (ဧပြီ ၁၂၊ ၂၀၂၁)အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးအခြေအနေ အပြောင်းအလဲတွေကြား လူတန်းစားအလွှာစုံအသီးသီး အခက်ကြုံနေရချိန်မှာ အာဏာသိမ်းကာလ ရက်ပေါင်း ၁၀၀ ရှိလာချိန်မှာတော့ အလယ်လတ်တန်းစားနဲ့ အခြေခံလူတန်းစားတွေမှာ ပိုပြီးအထိနာလာပါတယ်။ အလုပ်အကိုင်နဲ့ ငွေကြေးအခက်အခဲတွေကြောင့် စားသောက်နေထိုင်ရေး အခက်တွေ့နေကြရတဲ့ ရန်ကုန်လာတဲ့ ဒီသတင်းကို မဆုမွန် တင်ဆက်

စစ်အာဏာသိမ်းရက် ၁၀ဝ ပြည့် ဆန္ဒပြမှုကန့်ကွက်မှုများ

Posted: 11 May 2021 07:13 AM PDT

ကလေးမြို့ရှိ ရပ်ကွက်တခုမှာ တွေ့ရတဲ့ အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်း မြင်ကွင်း။ (မေ ၁၁၊ ၂၀၂၁)စစ်တပ်က အာဏာသိမ်းထားတာ ရက်ပေါင်း ၁၀၀ ပြည့်တဲ့ဒီနေ့မှာ နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေ အရင်ရက်တွေကထက် ပိုတိုးလာပါတယ်။ ရန်ကုန်မြို့က ဆန္ဒပြပွဲမှာ ပါဝင်သူတွေ အရင်ရက်တွေကနည်း ပိုများခဲ့ပေမဲ့ အဖမ်းအဆီး မရှိခဲ့ပါဘူး။ ထားဝယ်မြို့မှာတော့ ဆန္ဒပြမယ့်လူငယ် ၁၄ ဦး အဖမ်းခံရပါတယ်။ ရက် ၁၀၀ အတင်းတပ်တွေ ပစ်ခတ်လို့ သေဆုံးခဲ့

စစ်ကောင်စီ ထိန်းချုပ်မရခဲ့တဲ့ အာဏာသိမ်း ရက် ၁ဝဝ

Posted: 11 May 2021 07:11 AM PDT

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ဒီကနေ့ မေလ ၁၁ ရက်နေ့ ဆိုရင် ရက်ပေါင်း ၁၀၀ တိတိရှိသွားပါပြီ။ဒါပေမယ့် နိုင်ငံတဝန်းမှာ ဆန္ဒပြပွဲတွေဆက်ရှိနေပြီး အစိုးရဝန်ထမ်းတော်တော်များများလည်း အမိန့် မနာခံရေး CDM မှာပါဝင်နေတာကြောင့် စစ်ကောင်စီရဲ့ ယန္တရားတော်တော်များများ မလည် မပတ်နိုင်ဖြစ်နေတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။ရန်ကုန်မြို့က သတင်းစာဆရာ ဦးစည်သူအောင်မြင့်က စစ်အာဏာသိမ်းမှု အခုထိ

မြင်းခြံ တလုတ်မြို့ရွာမှာ စစ်ကောင်စီတပ်နဲ့ ရွာသားတွေ ပစ်ခတ်မှုဖြစ်

Posted: 11 May 2021 07:09 AM PDT

မြင်းခြံ တလုတ်မြို့ရွာမှာ စစ်ကောင်စီတပ်နဲ့ ရွာသားတွေ ပစ်ခတ်မှုဖြစ် တလုပ်မြို့ရွာက ထွက်ပြေးရတဲ့ ပြည်သူတွေကို ၂၀၂၁ မေလ ၁၁ ရက်နေ့က တွေ့ရစဉ် / Photo CJမန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မြောက်ဘက် ၇ မိုင်အကွာက တလုတ်မြို့ကျေးရွာမှာ မေလ ၁၁ ရက် ဒီနေ့ နေ့ လယ် ၁ နာရီလောက်ကစပြီး ရွာထဲဝင်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကျေးရွာပြည်သူ့လုံခြုံရေးအဖွဲ့တွေ ပစ်ခတ်မှုဖြစ်နေတယ်လို့ တလုတ်မြို့ကျေးရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။

အလော့ဘွမ်တောင်ခြေ ဒေါ့ဖုန်းယန်မြို့အနီးတွင် အာဏာသိမ်းစစ်တပ်နှင့် KIA တိုက်ပွဲဖြစ်ပွားခဲ့

Posted: 11 May 2021 07:04 AM PDT

May 11, 2021/ Kachin News Groupအလောဘွမ့်တောင်ခြေ ဒေါ့ဖုန်းယန်မြို့အနီးတွင် အာဏာသိမ်းစစ်တပ် ယာဉ်တန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မေလ ၁၀ ရက် မွန်းလွဲပိုင်းတွင် မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ဒေါ့ဖုန်းယန်နှင့် နွမ်လန့်ကြားရှိ လွယ်ဂျော်ဘွမ့်တွင် အာဏာသိမ်းစစ်တပ်၏ စစ်အင်အားသယ်ဆောင်လာသည့် တရုတ် ဆယ့်နှစ်ဘီးကားကြီးတစ်ခု KIA က ၃ကြိမ်ထက်မနည်း မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ထိခိုက်

နမ္မတီးတွင် အကြမ်းဖက်စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေ၊ ၃ ဦးထိခိုက်ဒဏ်ရာရ

Posted: 11 May 2021 07:02 AM PDT

May 11, 2021/ Kachin News Groupနမ္မတီးမြို့တွင် အကြမ်းဖက်စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မူကြောင့်သေဆုံးခဲ့ရသော ပြည်သူတစ်ဦးမှာ မြစ်ကြီးနား ကြာရာပတီး ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။အသက်(၂၂)အရွယ် လဂျူ ဂျာဂွန်းတန် ဆိုသောလူငယ်ဖြစ်ကာ နမ္မတီးတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး မေလ ၁၀ ရက်ည ၉နာရီဝန်းကျင်တွင် ပစ်သတ်ခံရခြင်းဖြစ်သည်။"သေတဲ့သူရဲ့အလောင်းက မြစ်ကြီးနားကဆိုတော့ မြစ်ကြီးနားက သူတို့မိဘတွေကို အလောင်းလာ

မိုးမောက်မြို့နယ် သျှမ်းတောင်သူများ လယ်ယာရိတ်သိမ်းမှု မပြုရန် စစ်ကောင်စီမှ ခြိမ်းခြောက်

Posted: 11 May 2021 06:48 AM PDT

မေ (၁၀)ရက် ၂၀၂၁ကချင်ပြည် မိုးမောက်မြိုု့နယ် အတွင်း နေထိုင်သည့် သျှမ်းတောင်သူများ လယ်ယာ လုပ်ငန်းများသွားရောက် မလုပ်ကိုင်ရန် ခြိမ်းခြောက်နေကြောင်း  စုံစမ်းသိရသည်။လက်ရှိ အချိန်ကာလသည် ကချင်ပြည်နေ သျှမ်းတောင်သူများသည် မြေပဲ၊ ပြောင်းဖူးများ ရိတ်သိမ်းချိန်ကာလဖြစ်ကြောင်း၊ တောင်သူများကို သွားရောက် ရိတ်သိမ်းမည်ဆိုပါက စစ်ကောင်စီ မှ သေနတ်ဖြင့် ပစ်သတ်မည် ဟု ခြိမ်းခြောက်နေ သဖြင့် ပြည်သူများ အခက်အခဲဖြစ်နေ

သေနတ်ပစ်ဖောက်သံကြောင့် သွေးလန့်ပြီး သေဆုံးသွားသည့်မဇာခြည်ဦးကိုယနေ့သဂြိုလ်

Posted: 11 May 2021 06:45 AM PDT

မနေ့ည မေလ ၁၀ ရက်နေ့ညပိုင်း ကလေးမြို့ရပ်ကွက်အတွင်းစစ်ကောင်စီတပ်ဖွဲ့၀င်များ၏သေနတ်ပစ်ဖောက်သံများကြောင့် နှလုံးရောဂါအခံရှိသူ မီးဖွားပြီးခါစမဇာခြည်ဦး အသက်(အသက် ၄၁)နှစ်သည်သွေးလန့်ပြီး ကွယ်လွန်သွားကြောင်းသိရသည်။ကွယ်လွန်သူမဇာခြည်ဦးတွင်သားယောကျားလေး တစ်လ နှင့် ၈ရက်သားနှင့် ခင်ပွန်း ကျန်ရစ်ခဲ့ ပါသည်။ ယနေ့11.5.2021 နေ့ လည်၂နာရီ ပြင်သာ သုသာန် သို့ ပို့ဆောင်သဂြိုလ်ခဲ့​ကြောင်းသိရသည်။Chin World https://

ဟားခါးတွင်ဖမ်းဆီးနှိပ်စက်ခံရပြီးသေဆုံးသူကိုမနက်ဖြန်သဂြိုလ်မယ်

Posted: 11 May 2021 06:40 AM PDT

ဟားခါးမြို့အနောက်ဘက် Nawi ချောင်းနားက တောင်ယာသမား Pu Tler Ling အသက် ၅၆ နှစ် ကို  စစ်ကောင်စီတပ်က မေလ ၉ ရက်နေ့က  ဖမ်းဆီးသွားပြီးနှိပ်စက်လို့ဒီနေ့သေဆုံးသွားပြီး၊မနက်ဖြန်သဂြိုလ်ရန်စီစဥ်နေကြောင်းသူနဲ့နီးစပ်တဲ့မိသားစု၀င်ဆီကသိရပါတယ်။ "သူကနဂိုကျန်းမာရေးကောင်းပြီးသားပါ၊နှိပ်စက်လို့သေတာပဲဖြစ်မယ်၊ကလေးမြို့ကိုဆေးကုဖို့ပို့ရင်းသေတာဆိုတော့အလောင်းပြန်ရဖို့လုပ်နေတုန်း လို့ ၄င်းကဆိုပါတယ်။မေလ ၉ ရက်နေ့က ဖမ်းဆီးခံရ

မံစီမြို့နယ်က စစ်​ကောင်စီ တပ်စခန်းနှစ်ခု ​ကေအိုင်​အေ တိုက်ခိုက်၊ လက်ရှိချိန်ထိ တိုက်ပွဲပြင်းထန်နေ

Posted: 11 May 2021 06:27 AM PDT

May 11 - Kachinwavesဗန်းမော်ခရိုင် မံစီမြို့မှ ငါးမိုင်ခန့် ဝေးသော မဒမ်ယန်ကျေးရွာတွင်ရှိသည့် စစ်ကောင်စီလက်နက်ကိုင်တပ်၏ စခန်းနှစ်ခုကို ကေအိုင်အေမှ သွား​ရောက်တိုက်ခိုက်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေ​သေးကြောင်း သတင်းရရှိသည်။နံနက် ၇ခန့်မှ စတင်ပြီး ကေအိုင်​အေ တပ်မဟာ ၃၊ တပ်ရင်း ၂၇နှင့် စစ်ကောင်စီလက်နက်ကိုင်များ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။မံစီတွင်စခန်းထိုင်သည့် ခမရ ၃၁၉ နှင့် ခလရ ၆၀၁ တပ်

စစ်ကောင်စီလက်နက်ကိုင်များ စီးနှင်းလိုက်ပါလာသည့် သင်္ဘောပစ်ခံရ

Posted: 11 May 2021 06:25 AM PDT

May 11 - Kachinwavesစစ်ကောင်စီလက်နက်ကိုင်တပ်များ စီးနှင်းလိုက်ပါပြီး ရိက္ခာပို့လာသော ပေါက်တန်း အမည်ရှိ နှစ်ထပ်သင်္ဘောကို ကေအိုင်အေမှ ယနေ့နံနက်ငါးနာရီဝန်းကျင်တွင် ရွှေကူမြို့ ငါဘတ်ဝအနီး၌ ပစ်ခတ်ခံရကြောင်း သတင်းရရှိသည်။မေ ၇ရက်နေ့ကလည်း ရွှေကူဘက်ကိုဆန်လာသည့် သင်္ဘောနှစ်စီး ပစ်ခံရပြီး​နောက် ထွက်​​ပြေးသွားသ​ည့်သင်္ဘော​မောင်းသူအရပ်သားများကို ပြန်လည်ဖမ်းဆီးပြီး ​မောင်းခိုင်းခဲ့ပြီး ယ​နေ့နံနက်ပြန်လည်

မြင်းခြံ တလုပ်မြို့ကျေးရွာ တဝိုက်မှာ တိုက်ပွဲတွေဖြစ်

Posted: 11 May 2021 06:22 AM PDT

တိုက်ပွဲကြောင့်ရွာသားတွေ တိမ်းရှောင်နေရမြင်းခြံမြို့မြောက်ဘက် တလုပ်မြို့ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက ဒီနေ့မွန်းလွဲပိုင်းမှာ ကား ၁၂ စီးနဲ့ လာရောက်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ကား ၁၀ စီးနဲ့ တလုပ်မြို့ကျေးရွာကို ပတ်ပတ်လည်ဝိုင်းထားပြီး ရွာတောင်ဘက် တံခါးပေါက်မှာ ကား ၂ စီးနေရာယူထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ရွာပတ်ပတ်လည်ကနေ စက်သေနတ်နဲ့ ပစ်ခတ်ရာမှာ ရွာသား

စစ်ကိုင်း ရွာထောင် ဒီဇယ်စက်ခေါင်းစက်ရုံက ဝန်ထမ်း ၃၀၀ ကို တာဝန်က ယာယီရပ်နား

Posted: 11 May 2021 06:20 AM PDT

 စစ်ကိုင်း ရွာထောင် ဒီဇယ်စက်ခေါင်းစက်ရုံက ဝန်ထမ်း ၃၀၀ ကို တာဝန်က ယာယီရပ်နားစစ်ကိုင်းမြို့ ဒီဇယ်စက်ခေါင်းစက်ရုံ(ရွာထောင်)က CDM ဝန်ထမ်း ၃၀၃ ဦး ကို တာဝန်က ယာယီရပ်နားလိုက်တယ်လို့ စက်ရုံ‌အထွေထွေ မန်နေဂျာက ထုတ်ပြန်လိုက်ပါတယ်။ဝန်ထမ်း ၅၀၀ ဝန်းကျင်ရှိတဲ့ အဲဒီစက်ရုံက ဝန်ထမ်းတွေ အများစု CDM လုပ်နေတာကြောင့် လုပ်ငန်းလည်ပတ်ဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။ရပ်နားခံရတဲ့ ဝန်ထမ်းတွေထဲမှာ ဒီဇယ်လျှပ်စစ်ပစ္စည်းထိန်း၊

စစ်အာဏာသိမ်းရက် ၁၀ဝ ပြည့် ဘဏ်အပ်ငွေထုတ်ယူမှု ပြဿနာကြီးနေ

Posted: 11 May 2021 06:19 AM PDT

ရန်ကုန်ရှိ KBZ ATM ငွေထုတ်စက် တခုမှာ ငွေထုတ်ဖို့ တန်းစီနေကြသူများ။ (ဧပြီ ၀၇၊ ၂၀၂၁)စစ်တပ်က အာဏာသိမ်းယူခဲ့တာ ရက် ၁၀၀ ပြည့်လာချိန်မှာတော့ ရန်ကုန်မြို့က ATM ငွေထုတ်စက်တွေရှေ့မှာ ငွေထုတ်ယူဖို့ တန်းစီစောင့်နေကြတဲ့ လူတန်းရှည်ကြီးတွေဟာ နေ့စဉ် မြင်တွေ့နေကျ မြင်ကွင်းတခုဖြစ်လာနေပါတယ်။ရန်ကုန်က ဘဏ်တခုရှေ့မှာ စောင့်နေကြသူတချို့က ရှေ့ဆုံးမှာ နေရာရဖို့အတွက် ညမထွက်ရအမိန့်ကိုတောင် မကြောက်နိုင်ဘဲ မနက်အစောကြီးကတည်းက

စစ်အာဏာသိမ်းရက် ၁၀ဝ ပြည့် ရွှေစျေး၊ စက်သုံးဆီစျေး၊ ဒေါ်လာငွေလဲနှုန်းမြင့်တက်နေ

Posted: 11 May 2021 06:16 AM PDT

ရန်ကုန်မြို့ရှိ ဘဏ်တခုမှာ မြန်မာငွေနဲ့ အမေရိကန် ဒေါ်လာငွေ လဲလှယ်နေတဲ့ မြင်ကွင်း။ (ဒီဇင်ဘာ ၁၆၊ ၂၀၂၁)မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်း အုပ်ချုပ်နေတာ ရက်ပေါင်း ၁၀၀ ပြည့်ချိန်မှာ ရွှေစျေး၊ စက်သုံးဆီစျေးနဲ့ ဒေါ်လာငွေလဲနှုန်းတွေ အဆမတန်မြင့်တက်နေပါတယ်။ ရွှေစျေးဆိုရင် အခေါက်ရွှေ ၁ ကျပ်သားကို ၁,၆၄၀,၀၀၀ ကျော်အထိ ဖြစ်နေပါပြီ။ စက်သုံးဆီစျေးကလည်း ဖေဖော်ဝါရီ ၁ ရက်မတိုင်ခင်ကထက် ၂ ဆလောက်ကို တက်နေပါတယ်။ ဒီလို

ကဗျာဆရာ ခက်သီနဲ့ အလားတူ ဖြစ်ရပ်ဆိုးတွေအတွက် တရားမျှတမှု လိုနေ

Posted: 11 May 2021 06:15 AM PDT

ကဗျာဆရာ ခက်သီနဲ့ အလားတူ ဖြစ်ရပ်ဆိုးတွေအတွက် တရားမျှတမှု လိုနေ ပုလဲမြို့က ဦးဇော်ထွန်း ခေါ် ကဗျာဆရာ ခက်သီ ရဲ့ နာရေးအခမ်းအနားကို ၂၀၂၁၊ မေ ၁၀ ရက်နေ့က ကျင်းပစဉ် /Photo: Citizen Journalistစစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးမှာ အများနည်းတူ ပါဝင်နေတဲ့ ဦးဇော်ထွန်း ခေါ် ကဗျာဆရာ ခက်သီကို မေလ ၈ ရက်နေ့ညမှာ စစ်တပ်က စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ ဖမ်းလိုက်ပြီး ကျောက်မြောင်း စစ်ကြောရေးစခန်းကို ပို့ဆောင်

သုံးလအတွင်း ကျောင်းသားနဲ့ ဆရာဆရာမ အယောက် ၇၀ အသတ်ခံခဲ့ရ

Posted: 11 May 2021 06:12 AM PDT

သုံးလအတွင်း ကျောင်းသားနဲ့ ဆရာဆရာမ အယောက် ၇၀ အသတ်ခံခဲ့ရ မုံရွာမြို့က CDM ဆရာမတွေ ၂၀၂၁ မေလ ၁၁ ရက်နေ့က ဆန္ဒပြစဉ် ။ Photo: RFAဖေဖေါ်ဝါရီ ၁ ရက်ကနေ ပြီးခဲ့တဲ့ဧပြီလကုန်ထိ သုံးလအတွင်းမှာ ပညာရေးနဲ့ သက်ဆိုင်တဲ့ ကျောင်းသူ ကျောင်းသားနဲ့ ဆရာဆရာမ စုစုပေါင်း လူ ၇၀ ခန့် အသတ်ခံခဲ့ရကြောင်း "ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဥ်ကျေးမှုအဖွဲ့" UNESCO က ဒီကနေ့ မေလ ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။UNESCO Myanmar Project

No comments:

Post a Comment

5

Note: Only a member of this blog may post a comment.