သစ္ထူးလြင္ |
- ပတ်စ်ပို့စ်ရုံးပြန်စဖွင့်တဲ့နေ့ လာလျှောက်သူ ရာချီရှိ
- မန္တလေးဖမ်းဆီးမှုတွေကြားမှာ သပိတ်တွေ ဆက်ထွက်
- KNU တပ်မဟာ ၆ နယ်မြေ ဥက္ကဋ္ဌကလည်း ဆွေးနွေးအဖြေရှာကြပါလို့ ဆို
- ပြည်တွင်းရွှေစျေး ကျပ် ၁၀၀,၀၀၀ နီးပါးပြန်ကျ
- ရန်ကုန်ဆန္ဒပြပွဲ ကျဲ၊ နယ်ဆန္ဒပြပွဲများ အားကောင်းဆဲ
- မန္တလေးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အာမခံအမှု မေလ ၃၁ ရက်နေ့ အမိန့်ချမည်
- တောင်ကုတ် NLD အမတ်ဟောင်း ဒေါ်နီနီမေမြင့်နဲ့ ဒေါ်ချစ်ချစ်ချောတို့ ဖမ်းဆီးခံရ
- NUG နဲ့ သြစတြေးလျ အရာရှိတွေ ဆက်သွယ်မှုတွေ ရှိ
- အမေရိကန် အရာရှိတွေ NUG နဲ့ ဆွေးနွေးခဲ့တယ်လို့ပြော
- မြန်မာဘဏ်လုပ်ငန်းကဏ္ဍ ပျက်သုဉ်းလုနီးဖြစ်နေပြီ (ဘဏ်လုပ်ငန်းရှင်များ)
- ကနီမြို့နယ် ရွာတွေမှာ တိမ်းရှောင်နေသူတွေကို လိုက်လံဖမ်းဆီး
- တလုပ်မြို့မှာ အဖမ်းခံရတဲ့ ဗကသကျောင်းသား ကိုဇင်ကိုထွန်း သေဆုံး
- မင်းတပ်မှာ နှစ်ဖက်တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က တစ်ဦးကျဆုံး၊ ခုနစ် ဦးဒဏ်ရာရ
- မူဆယ် လူငယ် (၂)ဦး ကို လက်နက်နှင့် အတူဖမ်းဆီးရမိ စစ်ကောင်စီ လုပ်ကြံသတင်းလွှင့်
- ပင်လုံမြို့ စစ်ကောင်စီ အုပ်စု မှ လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး ငွေကျပ် ၃သိန်း တောင်း
- စင်းခန်းကျေးတွင် တာဝန်ကျသည့် စစစ(စုံစမ်းစစ်ဆေးရေး) တစ်ဦး အသတ်ခံရ
- ဗဟိုဘဏ်က အမေရိကန် ဒေါ်လာကို ငွေလဲ ကောင်တာတွေက တဆင့် ရောင်းချပေးမယ်
- မြန်မာ့ တပ်မတော်နဲ့ ဆက်နွယ်နေတဲ့ Kirin ဘီယာ လုပ်ငန်းဝင်ငွေ ၄၆ ရာခိုင်နှုန်းကျော် ကျဆင်းလို့ ဆို
- တောင်ကြီးမြို့ အမျိုးသမီးတစ်ဦး ကို စစ်ကောင်စီမှ ဖမ်းဆီးသွား
- တောင်ကြီးမြို့ စစ်ကောင်စီမှ ဈေးဆိုင်ခန်းဌားရမ်းခ သွင်းရန် အကြောင်းကြား
ပတ်စ်ပို့စ်ရုံးပြန်စဖွင့်တဲ့နေ့ လာလျှောက်သူ ရာချီရှိ Posted: 13 May 2021 07:13 AM PDT စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ပိတ်ထားတဲ့ ရန်ကုန်မြို့ က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို ဒီကနေ့ မေလ ၁၃ ရက်မှာပြန်ဖွင့်လှစ်လိုက်ရာမှာ လာလျှောက်သူ ရာနဲ့ချီရှိတယ်လို့ သွားရောက်လျှောက်ထားသူတွေက ပြောပါတယ်။ လာလျှောက်သူတွေများလွန်းလို့ ရုံးဖွင့်ချိန်မနက် ၉ နာရီ မှရောက်လာတဲ့ သူတွေတောင် ရုံးထဲဝင်ခွင့်မရဘဲ ပြန်လာခဲ့ကြရပါတယ်။ "လျှောက်ပြီးပြန်ထွက်လာတဲ့သူတွေက အထဲမှာလည်းလူတွေ ကျပ်ညပ်နေတာပဲလို့ပြော |
မန္တလေးဖမ်းဆီးမှုတွေကြားမှာ သပိတ်တွေ ဆက်ထွက် Posted: 13 May 2021 07:11 AM PDT မန္တလေးမြို့မှာစစ်အာဏာသိမ်းဆန့်ကျင် ဆန္ဒပြရင်း မနေ့က လူ ၃၀ ကျော် ရိုက်နှက်အဖမ်းခံရပေမယ့် ဒီနေ့မှာ သပိတ်စစ်ကြောင်းတွေ ထပ်မံထွက်ပေါ်ခဲ့ပါတယ်။ မနက်၊ နေ့ခင်း အချိန်တွေမှာ မြို့နယ်အလိုက် သပိတ်တွေ ပြုလုပ်ကြတာဖြစ်ပါတယ်။မန္တလေးသံဃသမဂ္ဂ သံဃာတော်တွေက ပြည်သူပြည်သားအပေါင်း ဆင်းရဲဒုက္ခအပေါင်းမှ အမြန်လွတ်မြောက်ဖို့ ပရိတ်ရွတ်ဖတ် မေတ္တာပွါးဆုတောင်းတာတွေပါ ပြုလုပ်ကြပါတယ်။မန္တလေးမြို့က နေရာတချို့မှာ စစ်ကောင်စီ |
KNU တပ်မဟာ ၆ နယ်မြေ ဥက္ကဋ္ဌကလည်း ဆွေးနွေးအဖြေရှာကြပါလို့ ဆို Posted: 13 May 2021 07:08 AM PDT KNU နယ်မြေအတွင်း စစ်ရေး လေ့ကျင့်မှုတွေကရင်အမျိုးသားအစည်းအရုံး KNU တဒူးပလာယာခရိုင် (တပ်မဟာ ၆) အုပ်ချုပ်ရေးဆိုင်ရာ ဥက္ကဋ္ဌ ပဒို စောရွှေမောင်းက ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ညှိနှိုင်းဆွေးနွေးအဖြေရှာကြခြင်းကသာ နိုင်ငံသားတွေ အတွက်ကောင်းကျိုးဖြစ်ပြီး ငြိမ်းချမ်းသာယာသော ပြည်ထောင်စုကိုဖြစ်တည်စေမယ်လို့ ဆိုကာ သဘောထားထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ခဲ့တဲ့ KNUဥက္ကဌ စောမူတူးစေးဖိုးရဲ့ သဘောထား |
ပြည်တွင်းရွှေစျေး ကျပ် ၁၀၀,၀၀၀ နီးပါးပြန်ကျ Posted: 13 May 2021 07:06 AM PDT ရန်ကုန်မြို့ရှိ ရွှေဆိုင်တခုမှာ ရွှေရောင်းပေးနေတဲ့ ဝန်ထမ်းတဦး။ (ဧပြီ ၂၃၊ ၂၀၁၃)မြန်မာနိုင်ငံမှာ တပတ်အတွင်း ကျပ် ၂၀၀,၀၀၀ ကျော်အထိ တက်ခဲ့တဲ့ ပြည်တွင်းရွှေစျေးဟာ ဒီကနေ့မှာ ကျပ် ၁၀၀,၀၀၀ နီးပါး စျေးကျသွားပါတယ်။ ဒီနေ့ အခေါက်ရွှေ ၁ ကျပ်သားကို ၁,၆၃၀,၀၀၀ စျေးပေါက်ပါတယ်။ ဗဟိုဘဏ်က ဒေါ်လာငွေတွေ ထုတ်ရောင်းနေချိန်မှာ ခုလို ရွှေစျေးတွေ ကျသွားတာဖြစ်ပါတယ်။ ရန်ကုန်ကလာတဲ့ ရွှေစျေးကွက်သတင်း အပြည့်အစုံကို မခင်ဖြူထွေးက |
ရန်ကုန်ဆန္ဒပြပွဲ ကျဲ၊ နယ်ဆန္ဒပြပွဲများ အားကောင်းဆဲ Posted: 13 May 2021 07:03 AM PDT စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ရန်ကုန်မြို့မှာ ဒီနေ့ မြို့နယ် နှစ်ခုလောက်မှာသာ လုပ်နိုင်ခဲ့ကြပါတယ်။ ပြည်သူတွေဘက်က ပူးပေါင်းပါဝင်မှု နည်းလာတဲ့အတွက် အရင်လို သပိတ်စစ်ကြောင်းတွေထွက်ဖို့ အခက်အခဲဖြစ်လာတယ်လို့ ဆန္ဒပြကြသူတွေက ပြောပါတယ်။ ထားဝယ်မြို့မှာတော့ လုံခြုံရေးတင်းကြပ်တဲ့ကြားက ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြသူ လေးဦး ဖမ်းဆီးခံရပါတယ်။ ခုလို ဆန္ဒပြအခြေအနေနဲ့ လုံခြံုရေးအခြေအနေတွေအကြောင်း ရန်ကုန်ကလာ |
မန္တလေးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အာမခံအမှု မေလ ၃၁ ရက်နေ့ အမိန့်ချမည် Posted: 13 May 2021 07:00 AM PDT မန္တလေးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အာမခံအမှု မေလ ၃၁ ရက်နေ့ အမိန့်ချမည် NLD ဒုဥက္ကဋ္ဌ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ကို ၂၀၂၀ ဒီဇင်ဘာ ၄ ရက်နေ့က တွေ့ရစဉ် / Photo: Dr Zaw Myint Maung Facebookမန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ အာမခံလျှောက်ထားမှုကို မန္တလေးခရိုင် တရားရုံးမှာ လာမယ့် မေလ၂၄ ရက်နေ့မှာ နှစ်ဖက် လျှောက်လဲချက်တင်ပြီး မေလ ၃၁ ရက်နေ့မှာ အပြီးသတ် |
တောင်ကုတ် NLD အမတ်ဟောင်း ဒေါ်နီနီမေမြင့်နဲ့ ဒေါ်ချစ်ချစ်ချောတို့ ဖမ်းဆီးခံရ Posted: 13 May 2021 06:58 AM PDT တောင်ကုတ် NLD အမတ်ဟောင်း ဒေါ်နီနီမေမြင့်နဲ့ ဒေါ်ချစ်ချစ်ချောတို့ ဖမ်းဆီးခံရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်၊ တောင်ကုတ်မြို့နယ် ပါတီလူငယ်တာဝန်ခံ ဒေါ်ချစ်ချစ်ချော တို့ကို တွေ့ရစဉ်ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD )ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်နီနီမေမြင့်နဲ့ ပါတီရဲ့ မြို့နယ်လူငယ်တာဝန်ခံ ဒေါ်ချစ်ချစ်ချောတို့ဟာ မနေ့ညက ရန်ကုန်မြို့ |
NUG နဲ့ သြစတြေးလျ အရာရှိတွေ ဆက်သွယ်မှုတွေ ရှိ Posted: 13 May 2021 06:56 AM PDT ရန်ကုန်မြို့က မေလ ၁၂ ရက် ဆန္ဒပြမှုအမျိုးသားညီညွှတ်ရေးအစိုးရ NUG နဲ့ သြစတြေးလျ နိုင်ငံက အရာရှိတွေကြား ပြီးခဲ့တဲ့လအတွင်း တရားဝင် ထိတွေ့ဆက်သွယ်မှု ရှိခဲ့တယ်လို့ သြစတြေးလျ အစိုးရ ထိပ်ပိုင်းသံတမန်တစ်ဦးက အတည်ပြုပါတယ်။ဒီအစည်းအဝေးမှာ ဘာတွေ ဆွေးနွေးခဲ့သလဲဆိုတာနဲ့ ဘာဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့သလဲဆိုတာကိုတော့ အသေးစိတ် ပြောမသွားပါဘူး။စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်း အခြေအနေ ပိုမိုဆိုးဝါးလာနေပေ |
အမေရိကန် အရာရှိတွေ NUG နဲ့ ဆွေးနွေးခဲ့တယ်လို့ပြော Posted: 13 May 2021 06:55 AM PDT အမေရိကန် အစိုးရ အရာရှိတွေနဲ့ (NUG) အစိုးရတို့ ဆွေးနွေးမှုတွေ လုပ်ခဲ့ကြတဲ့ အကြောင်း ဗုဒ္ဂဟူးနေ့က ပြောပါတယ်။အဲဒီလိုဆွေးနွေးရာမှာ (NUG) အစိုးရရဲ့ တိုင်းရင်းသား ပြည်သူ အားလုံး ပါဝင်တဲ့ ညီညွတ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ဖော်ဆောင်ရေး ကိစ္စတွေကို ဆွေးနွေး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်လာစေရေးအတွက် ငြိမ်းချမ်းစွာ ကြိုးပမ်းနေကြသူ တွေကို |
မြန်မာဘဏ်လုပ်ငန်းကဏ္ဍ ပျက်သုဉ်းလုနီးဖြစ်နေပြီ (ဘဏ်လုပ်ငန်းရှင်များ) Posted: 13 May 2021 06:52 AM PDT ရန်ကုန်၊ Myanmar Plaza ရှိ CB ဘဏ် ATM တွင် ငွေထုတ်ရန် စောင့်နေသူများ။ မေ ၁၁၊ ၂၀၂၁။စစ်အာဏာသိမ်းအပြီး ဖြစ်လာတဲ့ ဘဏ်ငွေထုတ်မူပြဿနာပိုဆိုးလာနေကာ၊ နောက်ဆက်တွဲအဖြစ် ဒေါ်လာဈေး၊ ရွေဈေးတွေပါ ကမောက်ကမ ဖြစ်လာနေပြီလို့ သုံးသပ်သူတွေ့ဆိုပါတယ်။စစ်ကောင်စီအနေနဲ့ ဒေါ်လာ ၆ သန်းရောင်းချပေးလိုက်တာက၊ ဒီ ဘဏ်ကအစ ဈေးကွက်ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာပါလား။ ဘဏ်လုပ်ငန်းသုံးသပ်သူတွေကို ကိုဝင်းမင်းက မေးထားပါတယ်။ဟုတ်ကဲ့ ဒီ |
ကနီမြို့နယ် ရွာတွေမှာ တိမ်းရှောင်နေသူတွေကို လိုက်လံဖမ်းဆီး Posted: 13 May 2021 06:50 AM PDT ပစ်ခတ် ဖမ်းဆီးမှုမှ ရှောင်တိမ်းနေသော ယင်းမာပင် ရွာသား တချို့အား တောတွင်းမှာ တွေ့ရစဉ် ။စစ်ကိုင်းတိုင်း ကနီမြို့နယ် ကလေးဝ-ယာကြီး ကားလမ်းနဘေးက အောင်မင်္ဂလာရွာနဲ့ ဇီးပင်တွင်းရွာတွေကို မေလ(၁၁)ရက်နဲ့ (၁၂)ရက်နေ့တုန်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး ဒါဇင်နဲ့ချီတဲ့ အမျိုးသားတွေကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ အဲဒီဒေသအတွက် အရေးပေါ် ဆေးဝါးပစ္စည်း ကူညီထောက်ပံ့နေတဲ့ အမျိုးသမီးတဦးက ဗွီအိုအေကို ပြောပါတယ်။" ကလေး |
တလုပ်မြို့မှာ အဖမ်းခံရတဲ့ ဗကသကျောင်းသား ကိုဇင်ကိုထွန်း သေဆုံး Posted: 13 May 2021 06:48 AM PDT တလုပ်မြို့မှာ အဖမ်းခံရတဲ့ ဗကသကျောင်းသား ကိုဇင်ကိုထွန်း သေဆုံး မြင်းခြံနည်းပညာကောလိပ် ပထမနှစ် IT ကျောင်းသား ကိုဇင်ကိုထွန်း ကို တွေ့ရစဉ် / Photo: Citizen Journalistမန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက တလုပ်မြို့ကျေးရွာမှာ မေလ ၁၂ ရက် မနေ့က စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ရင်း သေနတ်ဒဏ်ရာနဲ့ အဖမ်းခံခဲ့ရတဲ့ ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင်၊ မြင်းခြံနည်းပညာကောလိပ် ပထမနှစ် IT ကျောင်းသား ကိုဇင်ကိုထွန်း စစ်ကြောရေး |
မင်းတပ်မှာ နှစ်ဖက်တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က တစ်ဦးကျဆုံး၊ ခုနစ် ဦးဒဏ်ရာရ Posted: 13 May 2021 06:45 AM PDT မင်းတပ်မှာ နှစ်ဖက်တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က တစ်ဦးကျဆုံး၊ ခုနစ် ဦးဒဏ်ရာရ စစ်ကောင်စီတပ်နဲ့ မင်းတပ် CDF တိုက်ပွဲမှာ သေဆုံးသွားသူရဲ့နာရေးချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှာ စစ်ကောင်စီနဲ့ မင်းတပ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (CDF) တို့အကြား မနေ့က မေလ ၁၂ ရက်နေ့ ညပိုင်းကနေ ဒီနေ့မေလ ၁၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် RFA က ဆက်သွယ် မေးမြန်းချိန်အထိ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်နေပြီး CDF အဖွဲ့ဘက်က တစ် |
မူဆယ် လူငယ် (၂)ဦး ကို လက်နက်နှင့် အတူဖမ်းဆီးရမိ စစ်ကောင်စီ လုပ်ကြံသတင်းလွှင့် Posted: 13 May 2021 06:43 AM PDT မေ ၁၃ရက် ၂၀၂၁မူဆယ်မြို့ တွင် အသက်မပြည့်သည့် ကလေးအပါအဝင် လူငယ်(၂)ဦး ကို လက်နက်နှင့် အတူဖမ်းဆီးရမိဟု စစ်ကောင်စီမှ လုပ်ကြံသတင်း ကြေညာခဲ့သည်။ထိုသတင်း ကြေညာပြီးနောက် မူဆယ်ပြည်သူအားလုံးကို တုန်လှုပ်စေခဲ့သည်။မေ ၁၁ရက် မနက် (၉ )နာရီ ဝန်းကျင်တွင် ထို လူငယ် (၂)ဦးဖြစ်သည် အသက် (၁၇)နှစ်အရွယ် မောင်ရဲသုဝေလင်း နှင့် မောင်ဟိန်းအောင်ဆက် တို့သည် ရဲစခန်းရှေ့တွင် ဖြတ်သန်းသွားသဖြင့် စစ်ကောင်စီ က ခေါ်ယူဖမ်းဆီးသွား |
ပင်လုံမြို့ စစ်ကောင်စီ အုပ်စု မှ လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး ငွေကျပ် ၃သိန်း တောင်း Posted: 13 May 2021 06:43 AM PDT မေ ၁၃ရက် ၂၀၂၁သျှမ်းပြည် တောင်ပိုင်း ပင်လုံမြို့ တွင် စစ်ကောင်စီ အုပ်စုမှ လိုင်းစင်မဲ့ မော်တော်ယာဉ်တစ်စီးလျှင် ငွေကျပ် ၃သိန်း တောင်းနေကြောင်း သတင်းရရှိသည်။ယခုရက်ပိုင်း သျှမ်းပြည်အတွင်း လိုင်းစင်မဲ့ မော်တော်ယာဉ်များကို လိုက်လံစစ်ဆေးနေပြီး၊ လိုင်စင်မရှိသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကို တစ်စီးလျှင် ကျပ်ငွေ ၃သိန်း ပေးဆောင်ခဲ့ရကြောင်း ပင်လုံမြို့ ဒေသခံ တဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။ " ဒီ |
စင်းခန်းကျေးတွင် တာဝန်ကျသည့် စစစ(စုံစမ်းစစ်ဆေးရေး) တစ်ဦး အသတ်ခံရ Posted: 13 May 2021 06:40 AM PDT May 13, 2021/ Kachin News Groupဗန်းမော်မြို့နယ်၊စင်းခန်းကျေးရွာတွင် တာဝန်ကျသည့် စစစ(စုံစမ်းစစ်ဆေးရေး)တစ်ဦး ရွှေကူမြို့ မင်းကျောင်းကုန်းကျောင်းကျေးရွာတွင် အသတ်ခံလိုက်ရကြောင်း ဒေသခံများ၏ပြောဆိုချက်မှ သိရသည်။မေလ ၁၀ရက် ည ၁၁နာရီခန့်က မင်းကျောင်းကုန်း ကျေးရွာအနောက်ဘက် သံလမ်းတွင် အလောင်းပစ်ထားသည်ဟု ဒေသခံတစ်ဦးက ယခုလိုပြောသည်။"သူက နဂိုကနေ စစ်တပ်ရဲ့ စရဖ တစ်ဦးဖြစ်တယ်။ ရွာထဲ သွားပြီး ရွာသားတွေကို |
ဗဟိုဘဏ်က အမေရိကန် ဒေါ်လာကို ငွေလဲ ကောင်တာတွေက တဆင့် ရောင်းချပေးမယ် Posted: 13 May 2021 06:37 AM PDT ရန်ကုန်၊ မေ ၁၃၊ ၂၀၂၁ဗဟိုဘဏ်က အမေရိကန် ဒေါ်လာများကို အများပြည်သူ အတွက် ငွေလဲကောင်တာတွေက တဆင့် (Money Changer) ရောင်းချပေးမှာ ဖြစ်ကြောင်း သတင်း ရရှိပါတယ်။အမေရိကန် ဒေါ်လာ ၁ ဒသမ ၆ သန်းကို မေလ ၁၃ ရက်မှာ စတင် ရောင်းချပေးသွားမှာ ဖြစ်ပြီး ဗဟိုဘဏ်က သတ်မှတ် ပေးတဲ့ ရောင်းဈေးအတိုင်း ၁ ဒေါ်လာကို ၁၆၄၅ ကျပ်နဲ့ ၁ ဦးကို ဒေါ်လာ ၁၀၀၀ စီ စတင် ရောင်းချသွားမှာ ဖြစ်ကြောင်း သတင်း ဖော်ပြချက်တွေအရ သိရပါတယ်။ မေလ ၁၂ ရက်က |
မြန်မာ့ တပ်မတော်နဲ့ ဆက်နွယ်နေတဲ့ Kirin ဘီယာ လုပ်ငန်းဝင်ငွေ ၄၆ ရာခိုင်နှုန်းကျော် ကျဆင်းလို့ ဆို Posted: 13 May 2021 06:33 AM PDT သတင်း/ဓာတ်ပုံ - Nikkei Asiaတိုကျို၊ မေ ၁၃၊ ၂၀၂၁ဂျပန်ကုမ္ပဏီ Kirin Holdings က မြန်မာ့ တပ်မတော်နဲ့ ဆက်စပ်တဲ့ လုပ်ငန်းစုကြီးနဲ့ ဖက်စပ် လုပ်ကိုင်ခြင်းက ရပ်နားဖို့ ကြိုးစား နေချိန်မှာ လုပ်ငန်းခွဲတခုဖြစ်တဲ့ Myanmar Brewery ဟာ ၂၀၂၁ ခုနှစ် ပထမ ၃ လပတ်မှာ ဝင်ငွေ ၄၆ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ Nikkei Asia သတင်းက ဖော်ပြပါတယ်။ယခင်နှစ် အလားတူကာလက ၁၀ ဒသမ ၇ ဘီလီယံယန်း ရရှိခဲ့ရာက ဝင်ငွေဟာ ယန်း ၅ ဒသမ ၇ ဘီ |
တောင်ကြီးမြို့ အမျိုးသမီးတစ်ဦး ကို စစ်ကောင်စီမှ ဖမ်းဆီးသွား Posted: 13 May 2021 06:26 AM PDT မေ ၁၃ရက် ၂၀၂၁သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ ယနေ့ (မေ ၁၃)ရက် မနက်ပိုင်းတွင် အမျိုးသမီးတစ်ဦးကို အာဏာသိမ်းစစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။တောင်ကြီး မြေဖြူရပ်ကွက် တွင်နေထိုင်သည့် အမျိုးသမီး တဦး ကို သူမ၏ အိမ်အကူအမျိုးသမီးတဦးက စစ်ကောင်စီ ကို သတင်းပေးမှုကြောင့် ယနေ့(မေ ၁၃)ရက် မနက်ပိုင်းတွင် စစ်ကောင်စီ အုပ်စုက နေအိမ်ထိလာပြီး ဖမ်းဆီးခေါ်ဆောင် သွားကြောင်း တောင်ကြီး ဒေသခံတဦး က |
တောင်ကြီးမြို့ စစ်ကောင်စီမှ ဈေးဆိုင်ခန်းဌားရမ်းခ သွင်းရန် အကြောင်းကြား Posted: 13 May 2021 06:25 AM PDT သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကောင်စီမှ ဈေးဆိုင်ခန်းငှားရမ်းခ ကို မေ ၁၄ရက် နောက်ဆုံးပေးသွင်းရန် အကြောင်းကြားစာပို့ထားကြောင်း သိရသည်။အာဏာသိမ်းစစ်ကောင်စီမှ မေလ ၅ ရက်နေ့တွင် တောင်ကြီးမြို့ပေါ်ရှိ ဆိုင်ခန်းများကို ငှားရမ်းခ သွင်းရန် အကြောင်းကြားစာပို့ခဲ့သည်။လက်ရှိမှာ နိုင်ငံရေး အခြေအနေ ရှုပ်ထွေးမှု၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ရှာဖွေစားသောက်မှုခက်ခဲ အဆင်မပြေနေချိန် စစ်ကောင်စီ တောင်း |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.