သစ္ထူးလြင္ |
- လက်ရှိ ဘဏ်စနစ်အကျပ်အတည်းမှာ ဘဏ်တချို့ မရိုးသားဘူးလို့ ဗဟိုဘဏ်ပြော
- မင်းတပ်မြို့မှာ စစ်ကား ၆ စီးကို အရပ်သား ကာကွယ်ရေး တပ်ဖွဲ့တွေက စီးနင်းသိမ်းပိုက်၊ မြို့တွင်းမှာတိုက်ပွဲဆက်လက်ဖြစ်ပွား
- PR ကိစ္စအပါ ရွေးကောက်ပွဲဥပဒေတွေ ပြင်ဖို့ ပါတီတွေနဲ့ ဆွေးနွေးမည် - UEC
- နယ်စပ်တင်းကျပ်မှုကြားက နိုင်ငံခြားသား ၃,၀၀၀ ကျော်ဝင်ရောက်ခဲ့ - ထိုင်းထုတ်ပြန်
- AAC အဖွဲ့က ဦးရဲမင်းကို NUGအစိုးရက ထိုင်းနိုင်ငံဆိုင်ရာ ဆက်သွယ်ညှိနှိုင်းရေး တာဝန်ခံခန့်အပ်
- အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ KIA ကြား တစ်ကျော့ပြန် တိုက်ပွဲပေါင်း ၁၄၀ ခန့်ဖြစ်
- မိုးမောက်မှာ တိုက်ပွဲ ဆက်ဖြစ်
- ကျောင်းတွေကို လုံခြုံရေးပေးပြီး ပြန်ဖွင့်မယ်လို့ စစ်ကောင်စီပြော
- ချောက်ရေနံမြေ CDM အလုပ်သမား ၆၀၀ ကျော် အလုပ်ရပ်နားခံရ
- စစ်ကောင်စီတပ်မှ မင်းတပ်မြို့ကို သိမ်းယူ
- မြစ်ကြီးနား KBZ ဘဏ် (၁)ရှေ့ပေါက်ကွဲမှုကို ဗီဒီယိုရိုက်ကူးသူ ဖမ်းဆီးခံရ
- သီပေါ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းကံညွန့် သတ်ခံရ
- နောင်ချိုမြို့ CDM ပညာရေးဝန်းထမ်းများကို နည်းမျိုးစုံ ခြိမ်းခြောက်
- စစ်ကောင်စီက ကားတားပြီး သေနတ်ထောက်ကာ ပိုက်ဆံလု
- လူမှုရေးလုပ်ငန်းတွေလုပ်ဆောင်သူ၊ ကဗျာဆရာ ဦးစိန်ဝင်း မီးရှို့ခံရပြီး ကွယ်လွန်
- မင်းတပ်မှာ စစ်ကောင်စီဘက်က အင်အားထပ်ဖြည့်ပြီး လက်နက်ကြီးနဲ့ပါ ပစ်ခတ်နေ
- စစ်ကောင်စီတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့်မင်းတပ်ဒေသခံ လူငယ် ၄ ဦးကျဆုံးဟုဆို
- လက်ရှိအခြေအနေတွင် ဝန်ကြီးဌာနတိုင်းနီးပါး၌ မူဝါဒနှင့် နည်းဗျူဟာများ ချမှတ်ပြီးစီးပြီဖြစ်ကြောင်း ဒုသမ္မတက ပြောကြား
- CDM ဝင်တဲ့ အခြေခံပညာ ဆရာ၊ ဆရာမတွေကို စစ်ကောင်စီက ယာယီရပ်ဆိုင်းစာထုတ်
- မြန်မာနိုင်ငံအခြေအနေအပေါ် ကမ္ဘာ့ဘဏ်သုံးသပ်နေဆဲ
- ဦးဝင်းထိန်ရုံးထုတ်မှာ ရှေ့နေနဲ့ ပထမဆုံးအကြိမ် လူချင်းတွေ့ခွင့်ရ
- မြန်မာ့ဒီမိုကရေစီအရေးရန်ပုံငွေ တောင်ကိုရီးယားမှာ မာရသွန်ပြေးပွဲကျင်းပမယ်
- မြန်မာအတွက် အရေးပေါ်စားနပ်ရိက္ခာအကူအညီ ဒေါ်လာ ၄ သန်းဖိုး WFP ကတဆင့် ဂျပန်ပေးအပ်
- ဆန္ဒပြပွဲတွေဆက်ရှိ၊ တွံတေးမှာပေါက်ကွဲမှုဖြစ်ပြီး ၁၁ ယောက် ဖမ်းဆီးခံရ
- မင်းတပ်မှာ တိုက်ပွဲပြင်းထန်၊ မိုးမောက်အုပ်ချုပ်ရေးရုံး ဗုံးပေါက်ကွဲ
လက်ရှိ ဘဏ်စနစ်အကျပ်အတည်းမှာ ဘဏ်တချို့ မရိုးသားဘူးလို့ ဗဟိုဘဏ်ပြော Posted: 15 May 2021 08:21 AM PDT လက်ရှိ ဘဏ်စနစ်အကျပ်အတည်းမှာ ဘဏ်တချို့ မရိုးသားဘူးလို့ ဗဟိုဘဏ်ပြောမြန်မာနိုင်ငံအတွင်းမှာ လက်ရှိဖြစ်နေတဲ့ ဘဏ်စနစ် ဝန်ဆောင်မှုသုံးသူတွေ ကြုံနေရတဲ့အကျပ်အတည်းအတွင်း ဘဏ်တချို့နဲ့ ဘဏ်ဝန်ထမ်းတွေ မရိုးသား တာကိုတွေ့မြင်ရတယ်လို့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြောလာပါတယ်။နေပြည်တော်မှာ ဒီနေ့ မေလ ၁၅ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဝင်းသော်က အခုလိုပြောသွားတာပါ။''ဇွန်လမှာ ဘဏ်စနစ်ပုံမှန်ဖြစ်ပြီး |
Posted: 15 May 2021 08:19 AM PDT စစ်ကား ၆ စီးနဲ့ လက်နက်တချို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိမင်းတပ်မြို့မှာ စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဒေသခံ တော်တော်များများ မြို့ပြင်ထွက်ပြေးတိမ်းရှောင်ကြပြီး တချို့က ထွက်မပြေးနိုင်ဘဲ မြို့ထဲမှာ ပိတ်မိနေကြပါတယ်။ မြို့ထဲမှာ လူစုလူဝေးရှိမယ်ထင်တဲ့နေရာတွေကို စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်နေကြတာကြောင့် လူအများအပြားဟာ ပုန်းအောင်းနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။မင်းတပ်မြို့အရှေ့ပိုင်း |
PR ကိစ္စအပါ ရွေးကောက်ပွဲဥပဒေတွေ ပြင်ဖို့ ပါတီတွေနဲ့ ဆွေးနွေးမည် - UEC Posted: 15 May 2021 08:16 AM PDT နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံးချုပ်။ (အောက်တိုဘာ ၂၇၊ ၂၀၁၅)စစ်အုပ်ချုပ်ရေးကောင်စီက အာဏာသိမ်းအပြီး ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ရွေးကောက်ပွဲကော်မရှင်က တည်ဆဲ ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်ဖို့နဲ့ ရွေးကောက်ပွဲမှာ PR အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ရန်ကုန်ကပေးပို့တဲ့သတင်းကို မခွါညို တင်ပြပေးထားပါတယ်။ရွေးကောက်ပွဲ |
နယ်စပ်တင်းကျပ်မှုကြားက နိုင်ငံခြားသား ၃,၀၀၀ ကျော်ဝင်ရောက်ခဲ့ - ထိုင်းထုတ်ပြန် Posted: 15 May 2021 08:13 AM PDT ကန်ချနဘူရီပြည်နယ်ထဲကို ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသားများ။ (မေ ၁၃၊ ၂၀၂၁)ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီပြည်နယ်အတွင်းမှာ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေ တင်းကျပ်စွာ ချထားတဲ့ကြားကပဲ မြန်မာနိုင်ငံသား အများစုပါတဲ့ တရားမဝင် နိုင်ငံခြားသားတွေ ဝင်ရောက်လာတာ မတ်လကနေ မေလအထိဆိုရင် လူဦးရေ ၃,၀၀၀ ကျော်ရှိကြောင်း ထိုင်းအာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုပါတယ်။ အပြည့်အစုံကို မအေးအေးမာ တင်ပြပေးထားပါတယ်။ထိုင်း-မြန်မာနယ်စပ် ကန် |
AAC အဖွဲ့က ဦးရဲမင်းကို NUGအစိုးရက ထိုင်းနိုင်ငံဆိုင်ရာ ဆက်သွယ်ညှိနှိုင်းရေး တာဝန်ခံခန့်အပ် Posted: 15 May 2021 08:11 AM PDT AAC အဖွဲ့က ဦးရဲမင်းကို NUGအစိုးရက ထိုင်းနိုင်ငံဆိုင်ရာ ဆက်သွယ်ညှိနှိုင်းရေး တာဝန်ခံခန့်အပ် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ AAC မဟာမိတ်အဖွဲ့က အထွေထွေတာဝန်ခံ ဦးရဲမင်း။ Photo: Citizen Journalistထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ AAC မဟာမိတ်အဖွဲ့က အထွေထွေတာဝန်ခံ ဦးရဲမင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေး |
အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ KIA ကြား တစ်ကျော့ပြန် တိုက်ပွဲပေါင်း ၁၄၀ ခန့်ဖြစ် Posted: 15 May 2021 08:11 AM PDT စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလ (၁၅) ရက်နေ့ကနေ စတင်ပြီး ကချင်ပြည်နယ်တွင်း မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ကြား တစ်ကျော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တာ ရက်ပေါင်း (၉၀) အတွင်းမှာ တိုက်ပွဲပေါင်း (၁၄၀) ခန့်ဖြစ်ခဲ့တယ်လို့ ကချင်စစ်ရေး လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။စစ်ကောင်စီဘက်က လေကြောင်းနဲ့ ထိုးစစ်ဆင်ခဲ့တဲ့ တိုက်ပွဲပေါင်းဟာ (၅၀) ထက်မနည်း ရှိတယ်လို့ ပြောပါတယ်။အဓိကအားဖြင့် |
Posted: 15 May 2021 08:07 AM PDT မိုးမောက်မှာ တိုက်ပွဲ ဆက်ဖြစ်မိုးမောက်မြို့နယ် ကုန်းလောမြို့သစ်တွေဘက်မှာ ဒီကနေ့ စစ်အင်အားများနေပြီး ပစ်ခတ်သံတွေကိုပါ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။မေ၁၄ရက်နေ့လက်နက်သံတွေကြောင့် ဗန်းမော်ကို တိမ်ရှောင်လာတဲ့ မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာဒေသခံက ရွာရဲ့အခြေအနေကို ပြောပြတာ ဖြစ်ပါတယ်။ဗန်းမော်ကို ထွက်ခွာလာစဥ်လမ်းမှာ ဒီကနေ့ နေ့လယ်ပိုင်းက ပစ်ခတ်သံတွေ ကြားရတာဖြစ်တယ်လို့ သူက ပြောပါတယ်။အခုရက်ပိုင်း |
ကျောင်းတွေကို လုံခြုံရေးပေးပြီး ပြန်ဖွင့်မယ်လို့ စစ်ကောင်စီပြော Posted: 15 May 2021 08:04 AM PDT မနေ့က ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ အထက ၅ ဗိုလ်တထောင်စာသင်ကျောင်းတွေ အပါအဝင် နေရာအနှံ့အပြား နေ့စဥ်နီးပါး ပေါက်ကွဲမှုတွေ ရှိနေတဲ့ကြားမှာ ဇွန်လ ၁ ရက်မှာ လုံခြုံရေးပေးပြီး ကျောင်းတွေ ပြန်ဖွင့်မယ်လို့ စစ်ကောင်စီက ဒီကနေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ဖောက်ခွဲ ဖျက်ဆီးမှုတွေဟာ မတရားအသင်း ကြေညာထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည့်သူ့ကာကွယ်ရေးတပ် PDF တို့ရဲ့လက်ချက်တွေလို့ စစ်ကောင်စီဘက်က |
ချောက်ရေနံမြေ CDM အလုပ်သမား ၆၀၀ ကျော် အလုပ်ရပ်နားခံရ Posted: 15 May 2021 08:03 AM PDT ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်ဖို့ တောင်းဆိုတဲ့ ရန်ကုန်မြို့က ဆန္ဒပြမြင်ကွင်း။ (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၁)နိုင်ငံအနှံ့က အကြမ်းမဖက် အာဏာဖီဆန်နေကြတဲ့ အစိုးရဝန်ထမ်းတွေကို သက်ဆိုင်ရာ မြို့နယ်အလိုက် အာဏာပိုင်တွေရဲ့လက်မှတ်နဲ့ အလုပ်က ယာယီရပ်ဆိုင်းမှုတွေ ထုတ်ပြန်နေရာမှာ ချောက်ရေနံမြေ အလုပ်သမား ၆၀၀ ကျော်လည်း ရာထူးက ရပ်နားခံရပါတယ်။ ဒီလို ရာထူးက ရပ်ဆိုင်းခံရတဲ့အတွက် သူတို့တွေရဲ့ စားဝတ်နေရေး အခက်အခဲ အခြေအနေ |
စစ်ကောင်စီတပ်မှ မင်းတပ်မြို့ကို သိမ်းယူ Posted: 15 May 2021 08:00 AM PDT စစ်ကောင်စီ လုံခြုံရေးတပ်တွေကို အပြင်းအထန် ခုခံနေတဲ့ ချင်းပြည်နယ် မင်းတပ်မြို့မှာတော့ ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က မြို့တွင်းဝင်ရောက်သိမ်းယူထားပြီလို့ သိရပါတယ်။ ဒီမတိုင်ခင်မှာ စစ်တပ်က အင်အားတွေဖြည့်တင်းပြီး မြို့တွင်းကို လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားတဲ့ မင်းတပ်မြို့နယ်မှာ စစ်တပ်ကို လက်နက်ကိုင်ခုခံ |
မြစ်ကြီးနား KBZ ဘဏ် (၁)ရှေ့ပေါက်ကွဲမှုကို ဗီဒီယိုရိုက်ကူးသူ ဖမ်းဆီးခံရ Posted: 15 May 2021 07:49 AM PDT May 15, 2021မြစ်ကြီးနား ကမ္ဘောဇဘဏ် (၁) ရှေ့ ဗုံးပေါက်ကွဲမှုဖြစ်စဥ်အပြီး ဗီဒီယိုရိုက်ကူးခဲ့သည့်အကြောင်းအရာနှင့် ဆက်စပ်ပြီး လူငယ် ၂ဦးကို အကြမ်းဖက်စစ်ကောင်ဆီက ဖမ်းဆီးထားကြောင်း သိရသည်။ဗုံးပေါက်ကွဲမှုသည် မေလ ၁၄ ရက် နံနက် ၆ နာရီခန့်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နံနက် ၈နာရီခွဲတွင် အဆိုပါလူငယ် ၂ ဦး ဖမ်းဆီးခံလိုက်ရသည်။"သူတို့ ၂ယောက်က ဘဏ်ရှေ့က တိုက်ခန်းမှာ ဌားနေတာဟုတ်တယ်။ အဲ့မှာ ရှေ့မှာတင် ပေါက်ကွဲမှု |
သီပေါ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းကံညွန့် သတ်ခံရ Posted: 15 May 2021 07:41 AM PDT သီပေါမြို့နယ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းကံညွန့် တန့်ယန်းမြို့နယ် ခိုယောင်းကျေးရွာ၌ ယနေ့ (မေ ၁၅)ရက် နေ့လည် (၁၂)နာရီ ဝန်းကျင် တွင် တုတ်၊ ဓါးဒဏ်ရာများဖြင့် သေဆုံးလျက်ရှိကြောင်းသိရှိသည်။သေဆုံးသွားသည့် စိုင်းကံညွန့် ၏ Dead Body ကိုတန့်ယန်းဆေးရုံကြီး တွင် ထားကြောင်းသိရသည်။SHAN News (Burmese Version) https://www.facebook.com/shannewsburmese |
နောင်ချိုမြို့ CDM ပညာရေးဝန်းထမ်းများကို နည်းမျိုးစုံ ခြိမ်းခြောက် Posted: 15 May 2021 07:40 AM PDT မေ ၁၅ရက် ၂၀၂၁သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့၊ အာဏာဖီဆန် ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် ပညာရေးဝန်းထမ်းများကို မြို့နယ်ပညာရေးမှူး ရုံးက နည်းမျိုးစုံသုံးကာ ခြိမ်းခြောက်နေကြောင်း သတင်းရရှိသည်။CDM လုပ်ဆောင်နေသည့် ပညာရေး ဝန်ထမ်းများကို မေ ၁၅ ရက်တွင် ကျောင်းသို့ လာပြီး ညှိနှိုင်းဆွေးနွေးရန် အတွက်ဆင့်ခေါ်စာများ နေအိမ်ထိ စာပို့ခဲ့ကြောင်း သိရသည်။ " ကျနော်က ကြားကနေ အဆင်ပြေအောင် ဆောင်ရွက်ပေး |
စစ်ကောင်စီက ကားတားပြီး သေနတ်ထောက်ကာ ပိုက်ဆံလု Posted: 15 May 2021 07:38 AM PDT May 15 - Kachinwavesယမန်နေ့ည ၇နာရီကျော်တွင် မြစ်ကြီးနားမြို့စီတာပူရပ်ကွက် တက္ကသိုလ်ကျောင်း အနောက်ဖက်လမ်းရှိ ရက္ကန်းသင်တန်းကျောင်းအကျော်လမ်းဆုံတွင် စစ်ကောင်စီလက်နက်ကိုင်စစ်သားသုံးဦးသည် ဝတ်စုံအပြည့်ဖြင့် သေနတ်များကိုင်ကာ လမ်းသွားလမ်းလာသူများကို သေနတ်ထောက်ပြီး ပိုက်ဆံများတောင်းကြောင်း သတင်းရရှိသည်။"လည်ပင်းကို သေနတ်ထောက်ပြီး ဓားပြတိုက်တာပါ။ အရပ်ဝတ်နဲ့မဟုတ်ဘူး စစ်ဝတ်စုံ ဝတ်ထားပြီး သေနတ်ပါကိုင်ထား |
လူမှုရေးလုပ်ငန်းတွေလုပ်ဆောင်သူ၊ ကဗျာဆရာ ဦးစိန်ဝင်း မီးရှို့ခံရပြီး ကွယ်လွန် Posted: 15 May 2021 07:35 AM PDT စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စစ်အာဏာရှင်စနစ်ကို တော်လှန်နေသူလည်းဖြစ်သလို ဖန်မီးအိမ်ဆိုတဲ့ နာမည်နဲ့ လူမှုရေးလုပ်ငန်း လုပ်ဆောင်နေသူ ဦးစိန်ဝင်း အသက်(၆၀) မနေ့က မေလ ၁၄ ရက်နေ့မနက်က မီးရှို့ခံခဲ့ရပြီး အဲဒီဒဏ်ရာနဲ့ မုံရွာဆေးရုံကြီးမှာ သေဆုံးခဲ့တယ်လို့ မိသားစုအသိုင်းအဝန်းက ပြောပါတယ်။မုံရွာမြို့၊ စက်မှုဇုန်က မိတ်ဆွေတစ်ဦးရဲ့ ခေါက်ဆွဲစက်ရုံမှာ ရောက်ရှိနေခိုက် စက်ရုံလုပ်သားတစ်ယောက်က အဲဒီလိုလုပ်ဆောင်ပြီး |
မင်းတပ်မှာ စစ်ကောင်စီဘက်က အင်အားထပ်ဖြည့်ပြီး လက်နက်ကြီးနဲ့ပါ ပစ်ခတ်နေ Posted: 15 May 2021 07:33 AM PDT စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ချင်းပြည်နယ် မင်းတပ်မြို့ထဲကို ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီဘက်ကနေ စစ်ရဟတ်ယာဉ် ခြောက်စီးနဲ့ စစ်လက်နက်အင်အား၊ တပ်သားအင်အားတွေ ဖြည့်တင်းခဲ့ပြီးနောက် မြို့ထဲကို လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတယ်လို့ ဒေသခံတွေနဲ့ ချင်းပြည်သူ့ကာကွယ်ရေး CDF အဖွဲ့ဝင်တွေက RFA ကို ပြောပါတယ်။တပ်သား အင်အားဖြည့်တင်းဖို့ ကုန်းလမ်းကလာတဲ့ စစ်ကားတွေကို မင်းတပ် CDF အဖွဲ့က မြို့ကို ဖြတ်သန်း သွားလာခွင့် |
စစ်ကောင်စီတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့်မင်းတပ်ဒေသခံ လူငယ် ၄ ဦးကျဆုံးဟုဆို Posted: 15 May 2021 07:31 AM PDT ယမန်နေ့နှင့်ယနေ့တွင် ကျောက်ထု၊မတူပီနှင့်မင်းတပ်မြို့ထဲတချို့နေရာကိုအခြေပြုပြီးစစ်ကောင်စီတပ်ဖွဲ့မှ စစ်တပ်အင်အား၁၀၀၀ ဝန်းကျင်နဲ့ နေရာ ၃ နေရာ ယူပြီး မင်းတပ်မြို့ခံပြည်သူများကို လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခတ်မှုကြောင့် မင်းတပ်ဒေသခံ လူငယ် ၄ ဦးအထိ ကျဆုံးကာ လူငယ်တချို့ထိခိုက်ဒဏ်ရာရကြောင်းဒေသခံများထံမှသိရသည်။ ယမန်နေ့နှင့်ယနေ့တွင်ကျောက်ထုမြို့မှမင်းတပ်မြို့သို့စစ်ရဟတ်ယာဥ်ဖြင့် အခေါက် ၃၀ ခန့် မင်းတပ် |
Posted: 14 May 2021 01:52 PM PDT ၁၄-၀၅-၂၀၂၁အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် ဒုသမ္မတ ဒူဝါလရှီးလမှ အဖွင့်အမှာစကားပြောကြားပြည်ထောင်စုဝန်ကြီးဌာနအသီးသီးတွင် စိန်ခေါ်မှုများစွာရှိနေသော်လည်း အမျိုးသားညီညွတ်ရေးအစိုးရတရပ်အနေဖြင့် အားကြိုးမာန်တက် ကြိုးပမ်းဆောင်ရွက်နေကြသည့်အကြောင်း၊ လက်ရှိအခြေအနေတွင် ဝန်ကြီးဌာနတိုင်းနီးပါး၌ မူဝါဒနှင့် နည်းဗျူဟာများ |
CDM ဝင်တဲ့ အခြေခံပညာ ဆရာ၊ ဆရာမတွေကို စစ်ကောင်စီက ယာယီရပ်ဆိုင်းစာထုတ် Posted: 14 May 2021 01:46 PM PDT အာဏာသိမ်းစစ်ကောင်စီက တပြည်လုံးမှာရှိတဲ့ အခြေခံပညာသင် ဆရာ ဆရာမတွေထဲက CDM ဝင်နေတဲ့သူတွေကို ယာယီရပ်ဆိုင်းတဲ့ အမိန့်စာတွေ ပေးပို့နေပါတယ်။ မြန်မာတပြည်လုံးမှာ အခြေခံပညာသင် ဆရာ၊ ဆရာမ ၄ သိန်းကျော်ရှိတဲ့အနက် ၁ သိန်းကျော်ကို ယာယီရပ်ဆိုင်းတယ်လို့ စစ်ကောင်စီက စာရင်းထုတ်ပေမယ့် အဲဒီစာရင်းဟာ တိကျတဲ့စာရင်း မဟုတ်ဘူးလို့ ဆရာ ဆရာမတွေက ပြောပါတယ်။ ရန်ကုန်တိုင်း ဒလမြို့နယ် ခနောင်ချောင်းဝ အထကခွဲက အလယ်တန်းပြဆရာ ဦး |
မြန်မာနိုင်ငံအခြေအနေအပေါ် ကမ္ဘာ့ဘဏ်သုံးသပ်နေဆဲ Posted: 14 May 2021 01:43 PM PDT မြန်မာနိုင်ငံအခြေအနေအပေါ် ကမ္ဘာ့ဘဏ်သုံးသပ်နေဆဲ ရန်ကုန်မြို့လယ်က ဆူးလေရှန်ဂရီလာဟိုတယ်ကို တွေ့ရစဉ်။ File Photo/ AFPကမ္ဘာ့ဘဏ်အနေနဲ့ အဖွဲ့ရဲ့ မူဝါဒ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို သုံးသပ်နေဆဲဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်အဖွဲ့ ပြောခွင့်ရှိသူက RFA ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းအပြီး စစ်တပ်ပိုင် မြေပေါ်မှာ ဆောက်လုပ်ထားတဲ့ Shangri-La Asia ကုမ္ပဏီ |
ဦးဝင်းထိန်ရုံးထုတ်မှာ ရှေ့နေနဲ့ ပထမဆုံးအကြိမ် လူချင်းတွေ့ခွင့်ရ Posted: 14 May 2021 01:35 PM PDT နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ က နဲ့ တရားစွဲဆိုဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နာယက ဦးဝင်းထိန်ကို ဒီနေ့ နေပြည်တော် အချုပ်ထောင် သီးသန့်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး သူ့ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးနဲ့လည်း လူချင်းသီးသန့်ပထမဆုံးတွေ့ဆုံခွင့်ရခဲ့ပါတယ်။ဦးဝင်းထိန်ကို တရားရုံး တရားခွင်ထဲမှာပဲ သီးသန့်တွေ့ခွင့်ရတာ ဖြစ်ပြီး တရားသူကြီးတွေနဲ့ ဥပဒေအရာရှိတွေ သက်ဆိုင်ရာ အခန်းတွေမှာ ရှိနေ |
မြန်မာ့ဒီမိုကရေစီအရေးရန်ပုံငွေ တောင်ကိုရီးယားမှာ မာရသွန်ပြေးပွဲကျင်းပမယ် Posted: 14 May 2021 01:14 PM PDT ဧပြီလတုန်းက တောင်ကိုရီးယားနိုင်ငံမှာ မြန်မာ့အရေး ဆန္ဒပြမှုတောင်ကိုရီးယား နိုင်ငံမှာ မြန်မာ့ ဒီမိုကရေစီရေးလှုပ်ရှားမှုကို အားပေးကူညီ ထောက်ပံ့ပေးနိုင်ဖို့ အတွက်5.18 Democratization Movement Seoul Commemoration Association နဲ့ Korea Sports Exchange Associationတို့က တခြား အဖွဲ့အစည်းများစွာနဲ့ ပူးပေါင်းကာ ရန်ပုံငွေရှာ မာရသွန် အပြေး ပြိုင်ပွဲကို ကျင်းပဖို့ စီစဥ်နေပါတယ်။ဒီမာရသွန် ပြိုင်ပွဲကို Free |
မြန်မာအတွက် အရေးပေါ်စားနပ်ရိက္ခာအကူအညီ ဒေါ်လာ ၄ သန်းဖိုး WFP ကတဆင့် ဂျပန်ပေးအပ် Posted: 14 May 2021 01:12 PM PDT မြန်မာနိုင်ငံတွင်း အရေးပေါ် စားနပ်ရိက္ခာအကူအညီ ဒေါ်လာ ၄ သန်းဖိုးကို ဂျပန်နိုင်ငံက WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကနေတဆင့် ဒီကနေ့ ပေးအပ်လိုက်ပါတယ်။ဂျပန်သတင်းထောက် Yuki Kitazumi ကို မြန်မာစစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တဲ့ တရက်ထဲမှာပဲ ဂျပန်နိုင်ငံရဲ့ ဒီအကူအညီကိစ္စ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ WFP တို့က ထုတ်ပြန်ခဲ့တာပါ။လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေအောက်မှာ ရန်ကုန်တိုင်းဒေသကြီးက ဆင်းရဲတဲ့ ပြည်သူတွေအနေနဲ့ |
ဆန္ဒပြပွဲတွေဆက်ရှိ၊ တွံတေးမှာပေါက်ကွဲမှုဖြစ်ပြီး ၁၁ ယောက် ဖမ်းဆီးခံရ Posted: 14 May 2021 01:10 PM PDT စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ရန်ကုန်မြို့မှာ မနေ့က နည်းခဲ့ပေမဲ့ ဒီနေ့တော့ ဆရာဝန်တွေ ဂျူတီကုတ်အဖြူဝတ် ဆန္ဒပြတာအပါအဝင် မြို့နယ်တချို့က ဆန္ဒပြပွဲတွေမှာ အင်အား ရာချီ ပါဝင်ခဲ့ကြပါတယ်။ ကျောက်မဲမြို့ ဆန္ဒပြပွဲကတော့ စစ်တပ်နဲ့ရဲက မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ဖြိုခွဲခံရပါတယ်။ မနေ့ညက ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ တွံတေးမြို့မှာတော့ ၁၁ ဦးအဖမ်းခံရပါတယ်။ ခုလို မြန်မာနိုင်ငံတဝန်းက အခြေအနေ ရန်ကုန်ကလာတဲ့သတင်းကို မ |
မင်းတပ်မှာ တိုက်ပွဲပြင်းထန်၊ မိုးမောက်အုပ်ချုပ်ရေးရုံး ဗုံးပေါက်ကွဲ Posted: 14 May 2021 08:16 AM PDT ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ CDF နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး မေလ ၁၄ ရက် ဒီနေ့ မနက်ပိုင်း စစ်ကောင်စီဘက်က မြို့ထဲကို လက်နက်ကြီးတွေနဲ့ပါ ပစ်နေတာကြောင့် ဝန်ထမ်းအိမ်ယာတစ်ခုပေါ် ကျရောက်ပေါက်ကွဲခဲ့ တယ်လို့ မြို့ခံတွေက ပြောပါတယ်။စံပြလိုင်းခန်း ဝန်ထမ်းအိမ်ယာပေါ် လက်နက်ကြီးကျလို့ အမိုးတွေပါပေါက်ပြီး လူတွေဒဏ်ရာရခဲ့တယ်လို့ မင်းတပ်မြို့ရဲ့ CDF အဖွဲ့ဝင် |
You are subscribed to email updates from THIT HTOO LWIN (Daily News). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google, 1600 Amphitheatre Parkway, Mountain View, CA 94043, United States |
No comments:
Post a Comment
5
Note: Only a member of this blog may post a comment.